ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ လူသားတို့ နေ့စဉ်ဘဝမှာ ကြုံရမယ့်အရာပဲ ဖြစ်ပါတယ်။ ရောဂါဝေဒနာ ဒါမှမဟုတ် ရုန်းကန်လှုပ်ရှားမှုများလို့ ပင်ပန်းနွမ်းနယ်ရတာ ရှိသလို တခါတရံမှာ အကြောင်းအရင်းမယ်မယ်ရရ မရှိဘဲလည်း ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ များသောအားဖြင့် နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပါတယ်။
အခုဆောင်းပါးမှာ ဖော်ပြမယ့်အချက်တွေကတော့ သင့်အနေနဲ့ ဘယ်လိုကိစ္စတွေကြောင့် မောပန်းနွမ်းနယ်နေရသလဲဆိုတာနဲ့ အဆိုပါအချက်တွေကို ဘယ်လိုဖြေရှင်းနိုင်သလဲ ဆိုတာပါပဲ။