ယနေ့အခါမှာ လူသားတို့အနေနဲ့ တနေ့တာအချိန်ရှားပါးလာပြီး အစားအစာများကို လတ်လတ်ဆတ်ဆတ် ပြင်ဆင်ချက်ပြုတ်နိုင်တာ နည်းလာပါတယ်။ အသင့်စားစရာတွေ၊ ရေရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ စားစရာတွေ လူသုံးများလာပြီး တာရှည်ခံဖို့ထည့်သွင်းတဲ့ ဆေးဝါးများလည်း သုံးစွဲလာကြပါတယ်။