သင်သောက်သုံးတဲ့ အရည်ပမာဏထက် ကိုယ်ခန္ဓာကနေ ဆုံးရှုံးတဲ့ ပမာဏက ပိုများနေရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
သင်သောက်သုံးတဲ့ အရည်ပမာဏထက် ကိုယ်ခန္ဓာကနေ ဆုံးရှုံးတဲ့ ပမာဏက ပိုများနေရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့
သုတေသနများအရ လူသားတို့အတွက် တနေ့တာ ရေလိုအပ်ချက်ဟာ အမျိုးသမီးများအတွက် ၉၂ အောင်စ (၁၁.၅ ခွက်) ဖြစ်ပြီး အမျိုးသားများအတွက် ၁၂၄ အောင်စ (၁၅.၅ ခွက်) ဖြစ်ပါတယ်။ ဒါက တဦးချင်းပေါ်လည်း မူတည်ပါတယ်။ ဥပမာ အားကစားသမားများနဲ့ သာမန်လူနဲ့ လိုအပ်ချက်မတူပါဘူး။ အပူပိုင်းဒေသကလူတွေအနေနဲ့လည်း အအေးပိုင်းထက် ရေကို ပိုမိုလိုအပ်ပါတယ်။
ကိုယ်ခန္ဓာထဲကနေ ရေအများအပြား ဆုံးရှုံးသွားပြီးတဲ့အခါ ဆဲလ်များ၊ တစ်သျှူးများဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘဲ နောက်ဆက်တွဲပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကို အချိန်မီ မဖြည့်တင်းနိုင်ရင် သွေးလန့်ခြင်းထိ ဖြစ်နိုင်ပါတယ်။
သိပ်ပြီးမပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကိုတော့ အိမ်မှာပဲ ကုသနိုင်ပါတယ်။ ဆိုးရွားပြင်းထန်ရင်တော့ ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။
လူတချို့ဟာ သာမန်လူတွေထက် ရေဓာတ်ခမ်းခြောက်နိုင်ခြေ ပိုများပါတယ်။ သူတို့တွေကတော့
သင့်ကိုယ်ခန္ဓာကနေ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း စတာတွေကနေ ရေကို ပုံမှန် ဆုံးရှုံးနေပါတယ်။ ဆုံးရှုံးသွားတဲ့ရေကို အစားမထိုးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်း စတင်လာပြီ ဖြစ်ပါတယ်။ ရေကို ပုံမှန်ထက် ဆုံးရှုံးနေရပြီဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်စေတဲ့ အခြေအနေတွေကတော့
ချွေးထွက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ သဘာဝအလျောက် အအေးခံတဲ့စနစ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအပူချိန်တက်လာရင် ချွေးဂလင်းများကျယ်လာပြီး အရေပြားကို စိုစွတ်စေကာ အေးသွားအောင် ပြုလုပ်ပါတယ်။ ချွေးထွက်တာနဲ့အမျှ ခန္ဓာကိုယ်အပူချိန်ကျသွားနိုင်ပါတယ်။ ဒါပေမယ့် ချွေးထွက်များလွန်းရင်လည်း ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်သွားနိုင်ပါတယ်။
နေထိုင်မကောင်းဖြစ်ပြီး ဆက်တိုက်ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်ပွားနေမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်း ကြုံနိုင်ပါတယ်။ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့မှတဆင့် ရေဓာတ် အများအပြား ဆုံးရှုံးနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ အရေးပါတဲ့ ဓာတ်ဆားတွေကိုလည်း ဆုံးရှုံးနိုင်ပါတယ်။ အဆိုပါဓာတ်ဆားတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးလုပ်ငန်းစဉ်တွေကို ထိန်းချုပ်ဆောင်ရွက်ရာမှာ အဓိကကျပါတယ်။
ဖျားတဲ့အချိန်မှာ ကိုယ်ခန္ဓာအပူချိန်တက်ခြင်းကြောင့် အရေပြားမျက်နှာပြင်ပေါ်တွေကနေ ရေများဆုံးရှုံးပါတယ်။ အဖျားကြီးချိန်မှာ ရေဓာတ်ဆုံးရှုံးခြင်းကို အချိန်မီဖြည့်တင်း မပေးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်နိုင်ပါတယ်။
ဆီးသွားခြင်းဟာ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်ဓာတ်တွေကို စွန့်ထုတ်ပေးတဲ့ ပုံမှန်လုပ်ငန်းစဉ် ဖြစ်ပါတယ်။ တခါတရံမှာ ခန္ဓာကိုယ်တွင်းဓာတုပစ္စည်းများ မညီမျှခြင်း ဖြစ်ပေါ်ပြီး ဆီးသွားများလာတတ်ပါတယ်။ ဆီးသွားများခြင်းအတွက် အရည်ဓာတ် ပြန်လည်မဖြည့်တင်းပေးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်နိုင်ပါတယ်။
ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေဟာ သိပ်မပြင်းထန်တဲ့ အခြေအနေနဲ့ ပြင်းထန်တဲ့ အခြေအနေပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။
ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာတော့ အထက်ပါလက္ခဏာတွေအပြင် အောက်ပါအချက်တွေပါ တွေ့နိုင်ပါတယ်။
အဆိုပါလက္ခဏာတွေရှိနေရင်တော့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေမှာ အရေးပေါ်ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။