-နှလုံးခုန်နှုန်း မမှန်တာ
–သွေးပေါင်ကျတာ
–ပန်းနာရင်ကြပ် ထဖောက်တာ
-အဆုတ်သွေးကြောမှာ သွေးခဲပိတ်တာ
-အဆုတ်ကျုံ့တာ
–နမိုးနီးယား အဆုတ်ရောင်ရောဂါ
-စိတ်လှုပ်ရှားခြင်း
-နံရိုးကျိုးတာ
-ရုတ်တရက် သီးသွားတာ
–ဓာတ်မတည့်ဘဲ ရှော့ရတာ စတာတွေ ဖြစ်နိုင်ပါတယ်။
နာတာရှည်မောနေရင် (နာတာရှည် မောတယ်ဆိုတာ ၁လနဲ့ အထက် မောတာကို ပြောတာပါ။)
-နှလုံးပျက်စီးတာ
–နှလုံးရောင်တာ
-နှလုံးကြွက်သားတွေ မကောင်းတော့တာ
-အဆုတ်ထဲ ရေဝင်တာ
-ပန်းနာရင်ကြပ်ရောဂါကို ထိန်းမထားနိုင်တာ
-နာတာရှည် လေပြွန်ကျဉ်းပြီး ရောင်ရမ်းတာ
-အဆုတ်သွေးကြောထဲ သွေးဖိအားများနေတာ
–အဆုတ်ကင်ဆာ
-တီဘီရောဂါ
–သွေးအားနည်းတာ
-အဝလွန်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
မောတာ အပြင် တခြား ဘာလက္ခဏာတွေ ဖြစ်နိုင်သေးလဲ။
တစ်ယောက်ယောက်က အကြောင်းရင်းမရှိဘဲ မောတယ်လို့ ပြောရင် ပစ်မထားပါနဲ့။ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေပါ။ မောတာအပြင် သူ့နဂို ရောဂါအခံရဲ့ လက္ခဏာတွေပါ ရှိနေနိုင်ပါတယ်။ ဥပမာ နမိုးနီးယားဆိုရင် မောတာအပြင် ဖျားတာမျိုးပေါ့။ တခြားအရေးကြီးတဲ့ လက္ခဏာတွေ ဖြစ်တဲ့
- ခြေထောက်တွေ ဖောင်ရောင်လာတာ
- လှဲလိုက်ရင် ပိုမောလာတာ
- ချမ်းတုန်ဖျားတာ
- အသက်ရှူရင် တရွှီရွှီမြည်တာ
- အသက်ကို အားစိုက်ပြီး ရှူနေရတာ စတဲ့ လက္ခဏာတွေပါ ရှိနေရင် လုံးဝလျစ်လျူရှုလို့ မရပါဘူး။
နောက်ပြီး တစ်ခုခု မတည့်တာ စားမိတာ၊ ဆေးမတည့်တာ ဖြစ်လို့ ရုတ်တရက် မောလာရင် ဒါအရေးပေါ် အခြေအနေပါ။ ဆေးရုံဆေးခန်းကို အမြန်သာ သွားပါ။
မော တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ
မောတာကို သေချာ မကုသဘဲ သူ့ရဲ့ ရောဂါအကြောင်းရင်းကို မရှာဘဲ ထားလိုက်မယ်ဆိုရင် ဒီရောဂါကြောင့် အသက်အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ ဒါ့ပြင် မောလာရင် အသက်ရှူ မဝတော့တဲ့အတွက် သွေးထဲမှာ အောက်ဆီဂျင်နည်းလာပါတယ်။ ဒါကြောင့် သတိလစ်တာမျိုး ဖြစ်တတ်ပါတယ်။ နာတာရှည် မောတဲ့သူတွေမှာ ဦးနှောက်ကို အောက်ဆီဂျင် ကောင်းကောင်း မရောက်တဲ့အတွက် မှတ်ဉာဏ်ချို့ယွင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။