backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မဂ္ဂနိစ်ဓာတ် (Manganese) အကြောင်း သိကောင်းစရာ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မဂ္ဂနိစ်ဓာတ် (Manganese) အကြောင်း သိကောင်းစရာ

မဂ္ဂနိစ်ဆိုတာ သဘာဝအတိုင်းတွေ့ရတဲ့ ဓာတုဒြပ်စင်တစ်မျိုးဖြစ်ပြီး periodic table မှာ အက်တမ်နံပါတ် ၂၅ သတ်မှတ်ထားပါတယ်။ မဂ္ဂနိစ် (Manganese) ကို စာလုံးပေါင်းဆင်တဲ့ မဂ္ဂနီဆီယမ် (Magnesium) နဲ့ မကြာခဏ မှားတတ်ကြပါတယ်။ မဂ္ဂနိစ်ဟာ ပမာဏများလာရင် လူကို ထိခိုက်နိုင်ပေမယ့် သင့်တော်တဲ့ပမာဏမှာဆိုရင် လူသားတို့ရဲ့ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ မဂ္ဂနိစ်ချို့ယွင်းလာရင်လည်း ကျန်းမာရေးမှာ ထိခိုက်မှု ရှိနိုင်ပါတယ်။

မဂ္ဂနိစ်ဟာ ဘာအတွက် အရေးပါသလဲ

မဂ္ဂနိစ်ဟာကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာမျိုးစုံအတွက် အရေးပါပါတယ်။ အထူးသဖြင့် အောက်ပါ ကိစ္စရပ်များ ဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်ခြင်းလုပ်ငန်းစဉ်

ကိုယ်ခန္ဓာထဲမှာ အင်ဇိုင်းလို့ခေါ်တဲ့ ပရိုတိန်းပေါင်းစုံရှိပါတယ်။ အင်ဇိုင်းများဟာ ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်များကို အရှိန်မြန်လာစေပါတယ်။ မဂ္ဂနိစ်ဟာ အရေးကြီးအင်ဇိုင်းပေါင်းစုံရဲ့ မရှိမဖြစ်ပါဝင်ပစ္စည်းဖြစ်ပြီး ကာဘိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ ကိုလက်စထရော စတာတွေကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ

ဖရီးရယ်ဒီကယ်များဟာ ဆဲလ်များကို ထိခိုက်ပျက်စီးစေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အဆိုပါဖရီးရယ်ဒီကယ်များရဲ့ အန္တရာယ်ကို လျှော့ချပေးပါတယ်။ မဂ္ဂနိစ်ပါဝင်တဲ့ အင်ဇိုင်းများဟာ ဖရီးရယ်ဒီကယ်များကို အဓိကချေဖျက်ပေးတဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။

အရိုးများ ဖွံ့ဖြိုးစေခြင်း

အရိုးနဲ့ အရိုးနုများဖြစ်ပေါ်စေရာမှာ အထောက်အကူပြုတဲ့ အင်ဇိုင်းများအတွက် မဂ္ဂနိစ်ဟာ မရှိမဖြစ် အရေးကြီးပါတယ်။

အနာကျက်မြန်ခြင်း

မဂ္ဂနိစ်ဟာ ပရိုလင်းလို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို အထောက်အကူပြုတဲ့ အင်ဇိုင်းမှာပါဝင်ပါတယ်။ ပရိုလင်းဟာ အရေပြားဆဲလ်တွေကနေ ကော်လာဂျင်ထုတ်လုပ်ခြင်းအတွက် အရေးပါပါတယ်။ အနာကျက်တဲ့ဖြစ်စဉ်မှာ ကော်လာဂျင်ဟာ အရေးကြီးပါတယ်။

မဂ္ဂနိစ်ချို့ယွင်းတဲ့ လက္ခဏာတွေက ဘာတွေလဲ

မဂ္ဂနိစ်ချို့ယွင်းတာ တွေ့ရနည်းပါတယ်။ ချို့ယွင်းခဲ့ရင်လည်း အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။

– အရိုးများဖွံ့ဖြိုးမှုနည်းခြင်း၊ အရိုးများတွင် ချို့ယွင်းခြင်း

– ခန္ဓာကိုယ်ကြီးထွားမှုနည်းခြင်း

– ကိုယ်ဝန်ရနိုင်ခြေနည်းခြင်း

– သွေးတွင်းသကြားဓာတ်ကို ကောင်းစွာမထိန်းနိုင်ခြင်း

– ကာဘိုဟိုက်ဒရိတ်နှင့် အဆီဓာတ် ဇီဝဖြစ်စဉ်တွင် ပုံမမှန်ခြင်း စတာတွေ ဖြစ်ပါတယ်။

နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ

မဂ္ဂနိစ်ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကတော့

– ကျောရိုးဆစ်ကွေးခြင်း

– ခြေ/လက် တိုပြီးကြီးခြင်း

– အရိုးအဆစ်များကြီးခြင်း စတာတွေ ဖြစ်ပါတယ်။

မဂ္ဂနိစ်ဓာတ်ရအောင် ဘာတွေ စားသောက်ရမလဲ

မဂ္ဂနိစ်ကြွယ်ဝတဲ့ အစားအစာတွေကတော့

– အခွံမာသီးများ (ဥပမာ almond)

– ပဲအမျိုးမျိုး

– ကောက်နှံစားစရာများ (ဥပမာ Oatmeal)

ပေါင်မုန့်ကြမ်း

– ဆန်လုံးညို

– အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ (ဥပမာ ဟင်းနုနွယ်)

– အသီးများ (ဥပမာ နာနတ်သီး)

အနက်ရောင် ချောကလက် စတာတွေ ဖြစ်ပါတယ်။

အဆိုပါ အစားအစာတွေ စားသုံးခြင်းအားဖြင့် မဂ္ဂနိစ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလက္ခဏာတွေနဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement