ယနေ့ခေတ်မှာ လူတိုင်းရဲ့ တစ်နေ့တာ အချိန်မှာ Screen Time က မပါမဖြစ်နော်။ အလုပ်လုပ်တာဖြစ်ဖြစ်၊ စိတ်အပန်းဖြေတဲ့ အနေနဲ့ဖြစ်ဖြစ် ဂိမ်းဆော့တာ၊ ဖေ့ဘုတ်ခ်သုံးတာတွေ လုပ်နေတာကြောင့် စခရင်မ်တွေကို ကြည့်ဖြစ်တဲ့ အချိန်က တော်တော်လေးများနေတယ် ဆိုရပါမယ်။ Screen Time ဆိုတဲ့နေရာမှာ ဒါတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Screen Time ဆိုတဲ့ထဲမှာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ ဂိမ်းဆော့တဲ့ ကိရိယာတွေ၊ iPads စတာတွေ ပါဝင်နေတာပါ။