backup og meta

ချွေးထွက်ခြင်း ၏ အကျိုးကျေးဇူးများ

ချွေးထွက်ခြင်း ၏ အကျိုးကျေးဇူးများ

ချွေးထွက်ခြင်း ဆိုတာ သဘာဝအလျောက် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်မှာ ချွေးထွက်တတ်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်လာတဲ့အခါ အရေပြားကတဆင့် အငွေ့ပျံသွားပြီး ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်။ ချွေးမှာ အဓိကအားဖြင့် ရေပါဝင်ပြီး အမိုးနီးယား၊ ယူရီးယား၊ ဆား၊ သကြား စတဲ့ ဓာတ်ပစ္စည်းတွေ အနည်းငယ်စီ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွင်းပိုင်း အပူချိန်တက်လာတဲ့အခါ ချွေးဂလင်းများဟာ အရေပြားရဲ့ အပေါ်ကို ရေတွေ ထုတ်လွှတ်ပေးပါတယ်။ အဲဒီရေဟာ ချွေးပေါက်များမှတဆင့် ချွေးအဖြစ်ထွက်ပေါ်လာပါတယ်။

ချွေးထွက်ခြင်းကို လူအတော်များများက စိတ်ပျက်စရာလို့ မြင်ကြပေမယ့် တကယ်တော့ ချွေးထွက်ခြင်းက ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။

ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ချွေးထွက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။

လေ့ကျင့်ခန်း ပြုလုပ်ချိန် ချွေးထွက်ခြင်း

ကိုယ်ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ခြင်းကြောင့် ချွေးထွက်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန် ချွေးထွက်ခြင်းက

  • စွမ်းအင်ကို မြှင့်တင်ပေးခြင်း
  • ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်း
  • ရောဂါဘယများကို ကာကွယ်ပေးခြင်း
  • အိပ်ပျော်စေခြင်း
  • စိတ်ကြည်လင်လန်းဆန်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။

နေထိုင်မကောင်းချိန် ချွေးထွက်ခြင်း

နေမကောင်းချိန်မှာ ချွေးထွက်တတ်ပါတယ်။ ချွေးထွက်ခြင်း က ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်းအားဖြင့် အဖျားကျစေပါတယ်။ အဖျားပျောက်ပြီး နာလန်ပြန်ထအောင်၊ လန်းဆန်းအောင် ကူညီပေးပါတယ်။

အဆိပ်အတောက် သတ္တုဓာတ်များကို ဖယ်ရှားပေးခြင်း

ချွေးထွက်ခြင်းကတဆင့် ကိုယ်ခန္ဓာမှ အဆိပ်အတောက်ဓာတ်တွေကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ အချက်အပေါ် ထင်မြင်ယူဆချက် အမျိုးမျိုးရှိပါတယ်။ ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ အဆိပ်အတောက်ဖြစ်စေလောက်တဲ့ သတ္တုဓာတ်တွေ (Heavy metals) က လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတွေမှာ နည်းပါးကြောင်း ဖော်ပြထားပါတယ်။ ဒီအဆိပ်အတောက် သတ္တုဓာတ်တွေကို ချွေးနဲ့ ဆီးမှာ တွေ့နိုင်ပြီး ချွေးမှာ ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် ချွေးထွက်ခြင်းက ကိုယ်ခန္ဓာရဲ့ အဆိပ်အတောက်များကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

ဘက်တီးရီးယားအချို့ကို ကာကွယ်ပေးခြင်း

ချွေးမှာ dermcidin လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ပါဝင်ပါတယ်။ ဒီဓာတ်ပစ္စည်းက သင့်ရဲ့အသားအရေကို ဘေးဥပဒ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားများနဲ့ ထိတွေ့တဲ့အခါ ကိုယ်ခန္ဓာထဲ မဝင်နိုင်အောင် ကာကွယ်နှိမ်နင်းပေးပါတယ်။ ဒါ့အပြင် ချွေးမှာပါတဲ့ ဂလိုင်ကိုပရိုတိန်းဟာ ဘက်တီးရီးယားအချို့ကို ပေါင်းစပ်နိုင်ပါတယ်။ ဒါကြောင့် ချွေးထွက်တဲ့အခါ ဘက်တီးရီးယားအချို့ကို ကိုယ်ခန္ဓာထဲကနေ ဖယ်ရှားလိုက်နိုင်ပါတယ်။

ဆီးကျောက်တည်နိုင်ခြေ လျော့နည်းခြင်း

ချွေးထွက်ရာမှတဆင့် ဆားနဲ့ တခြားဓာတ်ပစ္စည်းများ ကိုယ်ခန္ဒာအပြင်ဘက်ကို ရောက်သွားပါတယ်။ ဒီဓာတ်ပစ္စည်းတွေထဲမှာ ကျောက်ကပ်မှာ ကျောက်တည်စေတဲ့ ဓာတ်ပစ္စည်းတွေလည်း ပါဝင်တာကြောင့် ကျောက်တည်ခြင်းကို အကာအကွယ်ပေးရာ ရောက်ပါတယ်။ ဒါ့အပြင် ချွေးများများထွက်တဲ့အခါ ရေများများပြန်သောက်ခြင်းကလည်း ဆီးကျောက်တည်နိုင်ခြေကို လျှော့ချပေးပါတယ်။

အရေပြားနှင့် ဆံပင်ကို အကျိုးပြုခြင်း

ချွေးထွက်ခြင်း ကြောင့် ဦးရေပြားနဲ့ ကျန်ခန္ဓာကိုယ်အရေပြားက ချွေးပေါက်များ ပိတ်ဆို့ခြင်း ကင်းပါတယ်။ ဆံပင်များ အသစ်ထပ်မံထွက်လာနိုင်အောင် အထောက်အကူပြုပါတယ်။ အရေပြားပေါ်က အပေါက်ငယ်လေးတွေမှာ အညစ်အကြေးတွေ ပိတ်ဆို့မနေအောင် ရှင်းလင်းပေးရာ ရောက်ပါတယ်။

ရေးသားသူ- Dr Thant Zin

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.sweatblock.com/benefits-of-sweating/ Accessed Date 15 June 2020

https://www.healthline.com/health/sweating-benefits Accessed Date 15 June 2020

ယခုပုံစံ

30/03/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက်

ချွေးထွက်ခြင်းတွေလျှော့ကျစေဖို့ စားရမယ့်အစားအစာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Hello Sayarwon Panel မှ ရေးသားသည်။ · 30/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement