အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ကိုယ်ခန္ဓာ၏ ဟော်မုန်းများကို ညီညွတ်မျှတစေမည့် နည်းလမ်းများ

ဟော်မုန်းများ ဟာ သင့်ကို စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အထူးသဖြင့် စားသောက်မှု၊ ကိုယ်အလေးချိန်၊ စိတ်ကျန်းမာရေး စတဲ့ကိစ္စရပ်တွေမှာ လွှမ်းမိုးပါတယ်။ ပုံမှန်အားဖြင့် ဂလင်းများဟာ ကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်တွေအတွက် ဟော်မုန်းများကို တိကျတဲ့ပမာဏနဲ့ ထုတ်လုပ်ပေးပါတယ်။ ဒါပေမယ့် နေထိုင်စားသောက်မှုပုံစံနဲ့ တခြားအကြောင်းအရာတွေကြောင့် ဟော်မုန်းတွေ ဟန်ချက်မညီတာမျိုး ဖြစ်လာနိုင်ပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာများကတော့ သင့်ကိုယ်ခန္ဓာတွင်းမှ ဟော်မုန်းများကို ဟန်ချက်ညီအောင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲ ဆိုတဲ့အချက်များပဲ ဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓာ၏ ဟော်မုန်းများကို ညီညွတ်မျှတစေမည့် နည်းလမ်းများ ဟော်မုန်းများကို ညီညွတ်မျှတစေမည့် နည်းလမ်းများ ကတော့ ၁။ ပရိုတင်းကို လုံလောက်စွာစားပါ သင်စားလိုက်တဲ့ ပရိုတင်းတွေဟာ ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်တဲ့ အမိုင်နိုအက်ဆစ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပရိုတင်းကို လုံလောက်စွာ စားသုံးမှသာ ကြွက်သားများ၊ အရိုးများနဲ့ အရေပြားကျန်းမာရေးကို ကောင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသားစိမ်းတွေကို တာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ

ခုခေတ် အိမ်ရှင်မတွေထဲမှာ နေ့တိုင်းစျေးသွားပြီး ချက်ပြုတ်စားသောက်တဲ့သူ အတော်ကိုနည်းသွားပါပြီ။ အိမ်အလုပ်က တစ်ဖက်၊ အခြားအပြင်အလုပ်ကတစ်ဖက် တွဲပြီးလုပ်လာကြတဲ့သူ များလာတာကြောင့် ရေခဲသေတ္တာ ဆိုတာ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် အဆင်အပြေဆုံး ပစ္စည်းသိမ်းဆည်းစရာ နေရာဖြစ်လာပါပြီ။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ စားစရာတွေကို သေချာမသိမ်းထားတတ်ရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ အသားစိမ်းတွေပေါ့။ အသားစိမ်း၊ ငါးစိမ်းဆိုတာ ဘက်တီးရီးယားတွေ အပြည့်ဖြစ်နေတတ်လို့ သေချာမသိမ်းထားရင် ရေခဲသေတ္တာဆိုတာ ဘက်တီးရီးယားတို့ ပေါက်ဖွားရာ အသိုက်အမြုံကြီး ဖြစ်သွားနိုင်ပါတယ်။ အသားစိမ်းတွေကို တာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ ရေခဲသေတ္တာထဲ ထည့်ထားလို့ အသားငါးတွေ လုံးဝပုပ်မသွားနိုင်ဘူးဆိုတဲ့ အယူအဆကလည်း မှားနေတဲ့အရာတစ်ခုပါ။ ရေခဲသေတ္တာထဲ ဘယ်လောက်ထည့်ထည့် အသားတွေမှာလည်း သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ဒီတော့ အသားငါးတွေကို ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းဆည်းမလဲ၊ ဘယ်လောက်တာရှည်ခံနိုင်မလဲဆိုတာ အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးတာဝန်ယူထားတဲ့ […]


အခြေခံကျန်းမာရေး

သကြားဓာတ်များလွန်းခြင်း၏ ဆိုးကျိုးများ

ယနေ့အစားအစာတွေမှာ သကြားဓာတ်ဟာ အတွေ့ရများတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာများ၊ အသင့်စားသရေစာများကို ထုတ်လုပ်မှုမြင့်တက်လာတာနဲ့အမျှ သကြားသုံးစွဲမှုလည်း များပြားလာပါတယ်။ သကြားဓာတ်ဟာ ကိုယ်ခန္ဓာ စွမ်းအင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပေမယ့် သုံးစွဲမှုလွန်ကဲလာရင်လည်း ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြပေးမှာကတော့ သကြားဓာတ်လွန်ကဲရင် တွေ့နိုင်မယ့် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ၁။ ကိုယ်အလေးချိန်မြင့်တက်ခြင်း စားသောက်ဖွယ်ရာတွေကို အချိုဓာတ်များပြီး စားကောင်းအောင် ပြင်ဆင်လာတာနဲ့အမျှ ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်း စတဲ့ပြဿနာတွေ ကြုံလာရပါတယ်။ ဆိုဒါ၊ အသီးဖျော်ရည်၊ ကော်ဖီလက်ဖက်ရည် စတာတွေနဲ့ အသင့်စားသရေစာတွေမှာ ပါဝင်တဲ့ သကြားဟာ ဖရက်တို့စ်အမျိုးအစားဖြစ်ပြီး ဂလူးကို့စ်သကြားထက်စာရင် ဆာလောင်မှုနဲ့ စားသောက်ချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဗိုက်ပြည့်ပြီး စားသောက်ချင်စိတ်ကို ရပ်စေတဲ့ leptin ဟော်မုန်းကိုလည်း အာနိသင်မတိုးဘဲ ဖြစ်စေပါတယ်။ ဒါကြောင့် အချိုစာများဟာ အစာကို ပိုမိုစားသောက်ချင်စိတ်ဖြစ်စေပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Endocrine System (ဟော်မုန်းစနစ်)မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ

Endocrine System ကို ဂလင်း များစွာနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒီတစ်ခေါက်တော့ Endocrine System မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်တွေက ဘာတွေလဲ၊ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို တာဝန်ယူပေးထားလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ တူတူ ဖတ်ကြည့်လိုက်ရအောင်လား။ ဘယ်ဂလင်းတွေ ဘယ်နေရာမှာရှိလဲ ........... Endocrine System မှာပါတဲ့ ဂလင်းတွေထဲက hypothalamus၊ pituitary ဂလင်း နဲ့ pineal ဂလင်းတို့က ဦးနှောက်ထဲမှာ နေရာယူထားပါတယ်။ သိုင်းရွိုက် ဂလင်း နဲ့ parathyroid ဂလင်းတို့ကတော့ လည်ပင်းမှာ နေရာယူ ထားပါတယ်။ thymus ဂလင်းကတော့ ရင်ညွန့်ရိုး ရှေ့မှာပါ။ adrenals ဂလင်းကတော့ ကျောက်ကပ် အထက်ပိုင်းနားလေးမှာပါ။ ပန်ကရိယကတော့ အစာအိမ်ရဲ့ နောက်ဘက်နားလေးမှာပါ။ အမျိုးသမီးတွေမှာ သားဥအိမ်က တင်ပါးဆုံပိုင်းမှာပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ

မကြာခဏ ဖျားနာတာမျိုး မရှိဘူးဆိုရင်တော့ သင်ဟာ ကံကောင်းသူ တစ်ဦးလို့ ဆိုရပါမယ်။ အထူးသဖြင့် အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး  ပြဿနာများ ကို ကောင်းကောင်းကာကွယ်ထားနေနိုင်တာပါ။ အလုပ်ခွင်ဆိုတာ များသောအားဖြင့် အလုံပိတ်အခန်း၊ လူစုလူဝေးနဲ့ နေကြတာဆိုတော့ ရောဂါပိုးတွေ ကူးစက်လွယ်ပြီး ဖျားနာလွယ်ပါတယ်။ ဒါတွေအပြင် တစ်ချိန်ကုန် အလုပ်လုပ် နေရတာကြောင့် နဲ့ အလုပ်ဖိအားတွေကြောင့် ခံစားရနိုင်တဲ့ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနေနိုင်ပါတယ်။ အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ တစ်နေ့တာမှာ ၈ နာရီလောက် အလုပ်လုပ်နေရတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်ရင်းကနေ အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ တုပ်ကွေး တုပ်ကွေးက ကူးစက်လွယ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်မှာ ဖြစ်နေပြီဆိုရင် အခြားသူတွေဆီကို အလျင်အမြန် ကူးစက်နိုင်ပါတယ်။ ရုံးမှာရှိတဲ့ အများသုံး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာ

အလုပ်ခွင်တွေထဲမှာ အလုပ်မှ အလုပ်ဆိုပြီး လုပ်နေတတ်တဲ့ အလုပ်သရဲလေးတွေ ရှိတတ်ကြပါတယ်။ မြင်ဖူးကြတယ်ဟုတ်။  ဒါမှမဟုတ် ကိုယ်တိုင်ကရော အလုပ်မှ အလုပ် ဖြစ်နေတဲ့ အလုပ်သရဲလေးများလား။ ဟုတ်နေပြီဆိုရင်တော့ ဒီ ကျန်းမာရေး ပြဿနာလေးတွေ ခံစားရနိုင်လို့ ဂရုစိုက် ကာကွယ်ဖို့ ပြောပါရစေ။ အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ ရုံးရောက်တဲ့ မနက်ခင်းကစလို့ ရုံးပြန်ချိန်အထိ အလုပ်မှ အလုပ် လုပ်နေသူတွေမှာ အလုပ်တွေ ပြီးတယ်ဆိုတဲ့ ခံစားချက်က ပျော်စရာအတိ ဆိုပေမယ့် ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကလည်း ရှိနေတယ် ဆိုတာ မမေ့စေချင်ပါဘူး။ အထူးသဖြင့် ဒီလို ပြဿနာတွေပါ။ အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ အစားပုံမှန် မစားဖြစ်တာ အလုပ် မပြီးမှာစိုးပြီး အလုပ်ကို ဆက်တိုက်လုပ်နေရင်းက အစားစားချိန် ကျော်သွားတာမျိုး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ကျန်းမာရေးအတွက် ရိုးရှင်းလှတဲ့အချက် ၅ ချက်ကိုလိုက်နာပါ

ကျန်းမာရေး ကောင်းဖို့ဟာ လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမှ တခြားလူမှုစီးပွားရေးကိစ္စတွေကို အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါဘယကင်းဝေးပြီး ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ရောဂါဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါတယ်။ အထူးသဖြင့် နေထိုင်မှုပုံစံ (Lifestyle) ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေဖြစ်အောင် နေထိုင်ကျင့်သုံးသင့်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ သင့်ကျန်းမာရေးကို အထောက်အကူပြုမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းတွေဟာ ရိုးရှင်းသလောက် လိုက်နာရင်လိုက်နာသလို သင့်အတွက် အကျိုးရှိမှာပဲ ဖြစ်ပါတယ်။ ၁။ သင့်ကိုယ်ခန္ဓာကို အဆိပ်အတောက်တွေ မပေးပါနဲ့ လူအများစုဟာ အဆိပ်အတေက်တွေကို မကောင်းမှန်းသိလျက်နဲ့ ကိုယ်ခန္ဓာအတွက် သုံးစွဲနေကြပါတယ်။ ဥပမာပေးရရင် ဆေးလိပ်စီးကရက်၊ အရက်၊ မူးယစ်ဆေး စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ အဆိပ်အတောက်များဟာ စတင်သုံးစွဲမိတာနဲ့ နောက်ပိုင်းမှာ မသုံးစွဲရရင်မနေနိုင်အောင် ဖြစ်စေတာမို့ စတင်ခြင်းမပြုအပ်တဲ့ အရာတွေပါပဲ။ ခြွင်းချက်အနေနဲ့ အယ်လ်ကိုဟောကတော့ အတိုင်းအတာတခုအထိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့

ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့ လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မြင်ဖူးကြမှာပါ။ “ရေကူးကန်ထဲ အပေါ့မသွားရ” ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေ။ ဒါပေမဲ့ တော်တော်များများတော့ အလေးမထားဘဲ ကိစ္စက ထိပ်ဝရောက်လာတဲ့အခါမျိုးတွေမှာ ပေါက်ချလိုက်လေ့ရှိပါတယ်။ ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့ ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့ လို့ ပြောရတာက ရေကူးကန်ထဲ ရှူးပေါက်ချတာက ရေကူးကန်ကို ညစ်ပတ်စေရုံမက ရေကူးကန်ထဲက လူတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရစေနိုင်ပါတယ်နော်။ ဒါဆို ရေကူးကန်ထဲ အပေါ့စွန့်မိရင် ဘာတွေ ဖြစ်တတ်လဲ။ ဆီးတင်မက ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်က မိတ်ကပ်၊ ချိုင်းချွေးနံ့ပျောက်ဆေး၊ နေရောင်ကာ လိမ်းဆေးတွေနဲ့ ချွေးထဲမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်ဟာ ကလိုရင်းနဲ့ ဓာတ်ပြုပြီး အဆိပ်အတောက် ဖြစ်စေတဲ့ chloramines ဆိုတဲ့ ဓာတ်ကို ထုတ်ပေးပါတယ်။ ဒီဓာတ်ဟာ မျက်လုံး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဒီအချက်တွေ သိပြီးသွားပြီလား

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ ရစရာတွေ၊ မှတ်သားစရာတွေ အများကြီး ဖတ်ပြီးတဲ့နောက် ပျော်စရာဖက် နည်းနည်း လှည့်ကြရအောင်။ သင့်ခန္ဓာကိုယ်၊ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ဒီအချက်လေးတွေကို သင်သိပါရဲ့လား။ ၁။ ခန္ဓာကိုယ်မှာ အလုပ်အများဆုံး ကြွက်သားက မျက်လုံးကြွက်သားတွေ ဖြစ်ပါတယ်။ ၂။ ကျန်းမာရေးနဲ့ မညီဘဲ စိတ်ဖိစီးမှုတွေ ဖြစ်စေတဲ့ ဟော်မုန်းတွေကို စာဖတ်ခြင်းက လျှော့ချပေးနိုင်ပါတယ်။ ၃။ ကော်ဖီသောက်ခြင်းက စိတ်ကျဝေဒနာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ (ဒီအချက်က အမျိုးသမီးတွေမှာ ပိုပြီး သိသာပါသတဲ့။) ၄။ နာကျင်နေတဲ့ အချိန်မှာ ကျိန်ဆဲလိုက်ခြင်းက နာကျင်မှုကို ပို ခံနိုင်ရည်ရှိစေပြီး လူကို ပိုနေရသက်သာစေပါတယ်။ (အနာလျော့သွားမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ နေရသက်သာတယ်ဆိုပြီး တစ်ချိန်လုံးတော့ ဆဲမနေနဲ့ပေါ့) ၅။ စာတွေကို ချရေးလိုက်တာက ပိုပြီး မှတ်မိလွယ်စေပါတယ်။ (ငယ်ငယ်တုန်းက […]


ရောဂါလက္ခဏာများ

အသံ များ ရဲ့ အဓိပ္ပာယ်

ဟပ်ချိုး ဆိုတဲ့ နှာချေသံ ကြားရင် နေမကောင်းဖြစ်တော့မယ် လို့ အလိုအလျောက် ထင်တတ်ကြပါတယ်။ ဒီလိုပဲ ရင်ဘတ်ထဲက တရွှီရွှီနဲ့ ခရူးခရူးသံ ထွက်နေတယ်ဆို ရင်ကျပ်နေပြီ၊ ချွဲကျပ်နေပြီ လို့ သိကြတယ် မဟုတ်လား။ ခန္ဓာကိုယ်မှာ ထွက်တဲ့ အသံ တွေမှာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်၊ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့အတွက် သိထားသင့်တဲ့ အရာတွေ ဆိုလည်း မမှားပါဘူးနော်။ ဘယ် အသံ တွေက ဘာအဓိပ္ပာယ် ရှိနေသလဲ ဘာ့ကြောင့် ဒီလို အသံ ဖြစ်လာရတယ်၊ ဘာတွေ သတိထားရမယ်၊ အမှုမဲ့အမှတ်မဲ့နေရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာလေးတွေ ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦး - (၁) နှာချေသံ နှာချေတာ ကိုတော့ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ အအေးမိတာလား၊ ဖျားချင်နေတာလား တစ်ခုခု ပဲပေါ့။ ဗိုင်းရပ်စ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း