backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဒီအချက်တွေ သိပြီးသွားပြီလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဒီအချက်တွေ သိပြီးသွားပြီလား

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ ရစရာတွေ၊ မှတ်သားစရာတွေ အများကြီး ဖတ်ပြီးတဲ့နောက် ပျော်စရာဖက် နည်းနည်း လှည့်ကြရအောင်။ သင့်ခန္ဓာကိုယ်၊ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ဒီအချက်လေးတွေကို သင်သိပါရဲ့လား။

၁။ ခန္ဓာကိုယ်မှာ အလုပ်အများဆုံး ကြွက်သားက မျက်လုံးကြွက်သားတွေ ဖြစ်ပါတယ်။

၂။ ကျန်းမာရေးနဲ့ မညီဘဲ စိတ်ဖိစီးမှုတွေ ဖြစ်စေတဲ့ ဟော်မုန်းတွေကို စာဖတ်ခြင်းက လျှော့ချပေးနိုင်ပါတယ်။

၃။ ကော်ဖီသောက်ခြင်းက စိတ်ကျဝေဒနာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ (ဒီအချက်က အမျိုးသမီးတွေမှာ ပိုပြီး သိသာပါသတဲ့။)

၄။ နာကျင်နေတဲ့ အချိန်မှာ ကျိန်ဆဲလိုက်ခြင်းက နာကျင်မှုကို ပို ခံနိုင်ရည်ရှိစေပြီး လူကို ပိုနေရသက်သာစေပါတယ်။ (အနာလျော့သွားမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ နေရသက်သာတယ်ဆိုပြီး တစ်ချိန်လုံးတော့ ဆဲမနေနဲ့ပေါ့)

၅။ စာတွေကို ချရေးလိုက်တာက ပိုပြီး မှတ်မိလွယ်စေပါတယ်။ (ငယ်ငယ်တုန်းက စာကျက်ရင် ချရေးခဲ့ကြရတယ် မဟုတ်လား။)

၆။ အသက် ၅၀ အောက် အမျိုးသမီးတွေအတွက် တစ်ရက်တာ လိုအပ်တဲ့ သံဓာတ်ပမာဏဟာ သက်တူရွယ်တူ အမျိုးသားတွေထက် နှစ်ဆပိုများပါတယ်။

၇။ ဗီတာမင် ဒီ ဟာ အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်လိုပဲ အထောက်အကူ ပြုပေမဲ့ လူအများစုကတော့ ဗီတာမင် ဒီ လုံလုံလောက်လောက် မရနေပါဘူး။ (လိုအပ်မှန်းတောင် မသိကြတာပါ)

၈။ ပင်ပန်းနေရင် လေ့ကျင့်ခန်းလုပ်ပါ။ ထိုင်နားခြင်းထက် ပိုပြီး စွမ်းအင်ပြည့်စေပါတယ်။

၉။ ရေဓာတ် ချို့တဲ့ခြင်းက ခါးနာ၊ကျောနာခြင်းတွေကို ဖြစ်စေပါတယ်။

၁၀။ အရွယ်ရောက်ပြီးသားလူတစ်ယောက်မှာ အရိုးပေါင်း ၂၀၆ ရိုးရှိပါတယ်။ အဲဒီထဲက ၁၀၆ ခုဟာ ခြေထောက်နဲ့ လက်မှာ ရှိတာပါ။

ဒါကတော့ ဒီတစ်ပတ်အတွက် ပျော်စရာ ကျန်းမာရေး ဗဟုသုတ သေးသေးလေးတွေပါ။ နောက်များမှ ပြန်ဆုံကြရအောင်။

ရေးသားသူ – Wathun Myet Chal

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement