ကျန်းမာရေး ကောင်းဖို့ဟာ လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမှ တခြားလူမှုစီးပွားရေးကိစ္စတွေကို အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါဘယကင်းဝေးပြီး ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ရောဂါဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါတယ်။ အထူးသဖြင့် နေထိုင်မှုပုံစံ (Lifestyle) ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေဖြစ်အောင် နေထိုင်ကျင့်သုံးသင့်ပါတယ်။