လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းတွေကို ဂရုစိုက်တာက တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းရာရောက်သလို ဘက်တီးရီးယားပိုးတွေ မဝင်အောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်

လက်သည်းနီ ဆိုးပြီးရင် အ‌ရောင်မညီတော့လို့၊ အရောင်မကြိုက်တော့လို့ လက်သည်းဖျက်ဆေး နဲ့ ဖျက်ပြီး အသစ်ပြန်ဆိုးကြတယ်ဟုတ်။ အဲ့ဒီအခါ လက်သည်းဖျက်ဆေး သုံးပြီးရင် လက်သည်းတွေက ခြောက်သွားသလိုလို၊ ကြွပ်သွားသလိုလို ခံစားရတယ်ဟုတ်။ လက်သည်းဖျက်ဆေး အနံ့ကလည်း တစ်မျိုးလေးဆိုတော့ ဒါက သုံးလို့ကောင်းပါ့မလား။ ရေရှည်မှာ ဘာဖြစ်နိုင်လဲဆိုပြီး တွေးမိကြရဲ့လား။ လက်သည်းဖျက်ဆေးထဲမှာ ဘာတွေပါတာလဲ။ လက်သည်းဖျက်ဆေးထဲမှာ ပါတဲ့ ဓာတုပစ္စည်းကို Acetoneလို့ ခေါ်ပါတယ်။ လက်သည်းဖျက်ဆေးရဲ့ ခပ်အေးအေးအနံ့ကလည်း အဲ့ဒီ acetone ကြောင့်ပဲ ဖြစ်တာပါ။ Acetone ဆိုတာက ခန္ဓာကိုယ်ထဲမှာလည်း ရှိပါတယ်။ ကီတုန်းဓာတုပစ္စည်းတစ်မျိုးပါ။ လက်သည်းဖျက်ဆေးမှာ ပါတာကတော့ လူလုပ် ဓာတုပစ္စည်းပေါ့။ လက်သည်းဖျက်ဆေး မှာ ပါတဲ့ acetoneက အန္တရာယ်ရှိသလား။ Acetoneက ကင်ဆာဖြစ်စေနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း FDAက ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အဆိပ်သင့်နိုင်ခြေလည်း နည်းပါတယ်။ ရံဖန်ရံခါပဲ အသုံးပြုတာက […]

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း ကို ရှာဖွေမည်။

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ခြေသည်းလက်သည်းလေးတွေက အလှတိုးစေသလို ကျန်းမာရေးကို ဖော်ပြပေးနေတဲ့ အရာလေးတွေဆိုရင်လည်း မမှားပါဘူး။ လက်သည်းခြေသည်းလေးတွေကို လည်း အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နည်းတူ စောင့်ရှောက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေးရဲ့ ပြတင်းပေါက်ဖြစ်သလို အလှတိုးစေမယ့် ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ ဘယ်လိုစောင့်ရှောက်မှုတွေ ပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ခြေသည်းလက်သည်းလေးတွေ က နေမကောင်းဖြစ်တတ်လား။ ခြေသည်းလက်သည်းလေးတွေ ကလည်း အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ နာမကျန်းဖြစ်တတ်ပါတယ်။ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာတွေ၊ လက်သည်းနီစတာတွေအပြင် အခြားသော ဓာတုပစ္စည်းတွေက လက်သည်းခြေသည်းတွေကို နာမကျန်းဖြစ်စေနိုင်ပါတယ်။ လက်သည်းခြေသည်းတွေက မကျန်းမမာဖြစ်နေမယ်ဆိုရင် လက်သည်းခြေသည်းလေးတွေ အရောင်က ပန်းသွေးရောင်မဟုတ်ဘဲ ပြာနေတာ၊ ညိုနေတာ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်နေတာ အစင်းကြောင်းလေးတွေ ပေါ်နေတာ လက်သည်းတွေ ကြွပ်ဆတ်နေတာ လက်သည်းခြေသည်းမှိုပိုးဝင်တာ လက်သည်းခြေသည်းတွေ ပဲ့တာတွေခံစားရနိုင်ပါတယ်။ ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။ ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။ လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့ဆိုရင် အာဟာရပြည့်ဝအောင် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ခြေညှပ်ဖိနပ် စီးချင်ပါတယ်ဆိုမှ ခြေသည်း မှိုစွဲနေတာ နဲ့ ခြေသည်းက မလှမပဖြစ်နေလို့ မစီးရဘူး ဆိုတဲ့ သူလေးတွေရှိလား.......... ဒါဆိုရင်တော့ မှိုပိုးတွေကို သက်သာစေပြီး ခြေသည်းတွေကို တစ်ဖန် ပြန်လည်လှပလာစေမယ့် ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးလေးတွေကို ကြည့်လိုက်ရအောင်လား။ ခြေသည်း မှိုပိုးဝင် နေပြီလား......... ခြေသည်း မှိုပိုးဝင်တဲ့အခါ ဝင်တဲ့ တစ်ယောက်နဲ့ တစ်ယောက် လက္ခဏာတွေ အနည်းငယ်ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ခြေသည်း အရောင် ပြောင်းလာမယ် (ဝါမယ်၊ ညိုမယ်၊ အစိမ်းရောင် ဒါမှမဟုတ် ခြေသည်းက ဖြူနေမယ်) ခြေသည်း အောက်ဘက်မှာ ချေး (ဂျေး)တွေ ဝင်နေမယ် ခြေသည်းခွံက အသားကနေ ကြွနေမယ် ခြေသည်းက ထူထူကြီးဖြစ်နေမယ် ခြေသည်းက အစအစတွေ ထွက်မယ် ခြေသည်း ပါးလာမယ် ခြေသည်းက […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်း မှိုစွဲတဲ့အခါ ဘာတွေစားပေးသင့်သလဲ။

ခြေထောက်ကို ငုံ့ကြည့်လိုက်တိုင်း ခြေသည်းက မှိုပိုးကြောင့် ဝါနေတာ၊ အက်ကွဲနေတာ၊ မည်းနေတာတွေ ဖြစ်လို့ စိတ်ညစ်နေပြီလား။ သေချာတာက ခြေသည်းမှာ ဒီလိုဖြစ်နေတယ်ဆိုတာက ခြေသည်း မှိုပိုး ဝင်နေတာပါ။ ဒီတော့ ခြေသည်း မှိုစွဲတဲ့အခါ ဘာတွေစားပေးသင့်သလဲ။ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ခြေသည်း မှိုပိုးဝင်တယ် ဆိုတာ ခြေသည်း မှိုပိုးဝင်တယ်ဆိုတာက Fungi လို့ခေါ်တဲ့ သေးငယ်တဲ့ မှိုလေးတွေက ခြေသည်း အောက်ဘက်ကို ဝင်ရောက်ကူးစက်ခြင်း ကနေဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာပါ။ ဒီမှိုပိုးက ခြေသည်းတွေ နဲ့ ခြေသည်းအောက်ဘက်က အရေပြားတွေမှာ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။ ခြေသည်း မှိုပိုးဝင်နေတဲ့အခါ တွေ့ရနိုင်တဲ့ လက္ခဏာတွေ ခြေသည်း မှိုပိုးဝင်တဲ့အခါ ဝင်တဲ့ ပိုးအမျိုးအစားကို လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ခြေသည်း အရောင် ပြောင်းလာမယ် (ဝါမယ်၊ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ပြင်ကြမယ်။

လူအမျိုးမျိုးရှိတဲ့အတွက် လူတစ်ယောက်နဲ့ တစ်ယောက်မှာလည်း မတူညီတဲ့ အကျင့်လေးတွေရှိကြပါတယ်။ ကောင်းတဲ့ အကျင့် လေးတွေ ရှိသလို မကောင်းတဲ့ အကျင့်လေးတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုအကျင့်လေးတွေထဲက လူအတော်များများမှာ တွေ့ရတဲ့ လက်သည်းကိုက်တတ်တဲ့ အကျင့်လေးအကြောင်း ပြောပြချင်ပါတယ်။ သင့်မှာရော လက်သည်းကိုက် တတ်တဲ့ အကျင့်ရှိနေပြီလား။ ဒီဆောင်းပါးလေးမှာ လက်သည်းကိုက်တတ်တဲ့ သူတွေအတွက် သတိမထားမိနိုင်တဲ့ ဆိုးကျိုးတွေနဲ့ လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ဘယ်လိုပြင်ကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။ လက်သည်းကိုက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများ။ ၁။ ရောဂါပိုးဝင်ခြင်း။ လက်ဆိုတာ နေရာတကာ အသုံးပြုရတာကြောင့် ပိုးမွှားတွေနဲ့ ထိတွေ့မှုများတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လက်သည်းကြားလေးတွေမှာ ပိုးမွှားတွေ အများကြီးဝင်နေနိုင် ခိုအောင်းနေနိုင်ပါတယ်။ ဒါ့ကြောင့် လက်သည်းကိုက်တဲ့ အကျင့်ရှိတယ် ဆိုရင် ကိုက်လိုက်တဲ့ လက်သည်းကတဆင့် ရောဂါပိုးမွှားလေးတွေဟာ အစာလမ်းကြောင်းနဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားနိုင်တဲ့အတွက် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းအရှည်ထား တာ ကြိုက်သူတိုင်း ဖတ်ဖို့

ဒီဆောင်းပါးမှာ အလှကြိုက်ပြီး လက်သည်းကို မညှပ်ဘဲ အရှည်ထားတတ်တဲ့ သူတွေအတွက် သိထားသင့်တဲ့ ကျန်းမာရေးဗဟုသတတွေကို ပြောပြပေးချင်ပါတယ်။ ဒီဘက်ခေတ်မှာ လူငယ် အများစု လက်သည်းအရှည်ထား လာတတ်ကြပါတယ်။ အဓိက မိန်းကလေးတွေအပြင် တချို့ ယောက်ျားလေးတွေလည်း တချို့ လက်ချောင်းတွေမှာ လက်သည်းမညှပ်ဘဲ အလှအပအနေနဲ့ သို့မဟုတ် ခေတ်စတိုင် အနေနဲ့ အရှည်ထားလာကြပါတယ်။ တချို့ကျတော့ လက်သည်း ညှပ်ရမှာ ပျင်းလို့ကို တမင် မညှပ်ကြတာမျိုးတွေလည်း ရှိတာပေါ့။ လက်သည်း အရှည်တွေက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လက်သည်းအရှည်ထား ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ၁။ လက်သည်းဟာ လက်ချောင်းထက် ပိုရှည်ပြီး အရှေ့ကို ထွက်နေတဲ့အတွက် ကျိုးပဲ့ထိခိုက်မိဖို့ အရမ်းလွယ်ပါတယ်။ လက်သည်း ကျိုးတယ်ဆိုတာ အနာကသာ သေးသေးလေး၊ တကယ် ဖြစ်လာပြီဆိုရင် ခံစားရတဲ့ ဝေဒနာက […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်း လက်သည်း မှိုစွဲ ခြင်း

မှိုစွဲ တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေလိုပဲ သူတို့ကလည်း ခန္ဓာကိုယ်မှာ တိတ်တိတ်လေးရှိနေတတ်တယ်လေ။ များလာမှသာ လူကို ဒုက္ခပေးတာပါ။ ဒါကြောင့် ခြေသည်း လက်သည်းမှ မှိုစွဲတယ်ဆိုတာလည်း ရှိတာပေါ့။ ဒါကို ဆေးပညာအရ " Onychomycosis " လို့ ခေါ်ပါတယ်။ သူက တဖြည်းဖြည်းချင်းဖြစ်လာတဲ့အတွက် ရုတ်တရက် သိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘာလို့ မှိုစွဲ ရတာလဲ။ မှိုစွဲရတာက ခြေသည်း လက်သည်းရဲ့ အောက် ဒါမှမဟုတ် အပေါ်မှာ မှိုတွေ များလာလို့ပါ။ မှိုဆိုတာ သိတဲ့ အတိုင်း ပူနွေးစိုစွတ်တဲ့ နေရာကို ကြိုက်တယ်လေ။ ဒါကြောင့် ဒီလိုနေရာမှာဆိုရင် ပိုပွားလွယ်တာပေါ့။ ကိုယ့်မှာ ရှိပြီးသား မှိုတွေ ပွားလာရင် မှိုစွဲတာ ဖြစ်နိုင်သလို တခြားသူဆီက ကူးတာလည်း ဖြစ်နိုင်ပါတယ်။ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းကိုက် ခြင်းရဲ့ ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား

လစ်တာနဲ့ လက်သည်းလေးတွေ ကိုက်နေတတ်တာ ဘယ်သူတွေရှိလဲ။ ပျင်းလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အတွေးတွေများနေတုန်းပဲဖြစ်ဖြစ် လက်သည်းကိုက် နေရရင် ကျေနပ်နေတာမျိုး။ ဘာတဲ့..လက်ကို စင်အောင်ဆေးပြီး ကိုက်ရင် ဘာပိုးမှမဝင်နိုင်ဘူးဆိုတဲ့ ဆင်ခြေကလည်းပြောကြသေးတယ်။ သေချာပြီလား ဘာဆိုးကျိုးမှမဖြစ်နိုင်ဘူးဆိုတာ... လက်သည်းကိုက် ခြင်းရဲ့ ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား လက်သည်းကိုက်ရာကနေ ဒါတွေဖြစ်နိုင်တယ်နော် - လက်သည်းပိုးဝင်တာ လက်သည်းကိုက်ရင် လက်သည်းပဲ့မှာပဲ။ လက်က ဘယ်လောက်သန့်တယ်ဆိုဆို ပိုးတွေက ရှိနေတုန်းပါပဲ။ လက်သည်းအပြင် လက်သည်းပတ်လည်က အရေပြားမှာပါ ပိုးတွေ ရှိနေနိုင်ပါတယ်။ နောက်ပြီး လက်သည်းကိုက်ခါနီးတိုင်း သွားတိုက်၊ ပါးစပ်ဆေးပါသလား။ လက်သည်းရဲ့အောက်က အရေပြားနုလေးပေါ်လာရင် ပါးစပ်ထဲက ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေနဲ့ ထိတွေ့နိုင်တယ်။ ခံတွင်းဆိုတာ စားကြွင်းစားကျန်တွေ ကပ်ငြိနေတတ်တဲ့ ဘက်တီးရီးယား အသိုက်ကြီး တစ်ခုဆိုတာ မသိလေရော့သလား။ လက်သည်းကို ပိုးဝင်ရာကနေ ရုပ်ပျက်တဲ့ အနာတွေ၊ ပြည်တည်တာတွေ၊ သွေးတစိုစို ဖြစ်လာတာ၊ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းလေးတွေပျက်စီးအောင် သင်လုပ်မိနေတဲ့အပြုအမူ (၆) ခု

မိန်းကလေးတွေက လက်သည်းလေးတွေသန့်ရှင်းလှပဖို့တော့ ဂရုတစိုက်ရှိကြပါတယ်။ ဆိုင်မှာတောင် အလှပုံဖော်တာ၊ လက်သည်းအားဖြည့်တာတွေ၊အစုံလုပ်ကြသေးတာ လက်သည်းကျန်းမာရေးကိုသတိမေ့ဖို့တော့မသင့်ပါဘူး။ လက်သည်းမကျန်းမာရင် ဘယ်လောက်လှအောင်လုပ်လုပ် အဆင်ပြေမှာမဟုတ်လို့ပါပဲ။ လက်သည်းလှလှလေးပြင်ဆင်ထားလည်း ကြွပ်ဆတ်နေတယ်၊ ကျိုးပဲ့လွယ်တယ်ဆို စိတ်ညစ်ရတယ်လေ။ ဒီလက်သည်းလေးတွေကို ထိခိုက်ပျက်စီးစေမယ့်အရာတွေ ကိုယ်လုပ်မိနေတာဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါတွေသိထားမယ်ဆိုရင်မြန်မြန်ဆင်ခြင်လို့ရတာပေါ့။ (၁) လက်သည်းနီမဖျက်ဘဲ အကြာကြီးဆိုးထားတာ လက်သည်းနီတာရှည်ခံတာ၊ မပျက်တာဆို သဘောကျကြတယ်မလား။ တကယ်တော့ လက်သည်းနီကိုအကြာကြီးဆိုးမထားဘဲ ဖျက်ပေးတာက လက်သည်းကျန်းမာရေးအတွက်ပိုကောင်းပါတယ်။ လက်သည်းနီအကြာကြီးဆိုးထားတဲ့အခါ လက်သည်းနီရဲ့အရောင်တွေက လက်သည်းရဲ့အပေါ်ဆုံးအလွှာတွေကို ဝင်ရောက်နိုင်ပြီးခြောက်သွေ့သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လှအောင်ဆိုးထားလည်း အကြာကြီးမဆိုးဘဲ လက်သည်းနီဖျက်ထားတဲ့ကြားအချိန်ကာလတော့ရှိသင့်ပါတယ်။ (၂) လက်သေချာမဆေးတာ တစ်နေ့ကိုအကြိမ်တစ်ရာလောက်လက်ဆေးနေပေမယ့် လက်သည်းတွေကိုရောသန့်စင်အောင်ဆေးမိရဲ့လား။ လက်ဖဝါးကိုပဲ အားရပါးရဆေးနေတာပဲလား။ လက်ဆေးတဲ့အခါ လက်သည်းလေးတွေကိုသေချာမဆေးဘူးဆိုရင် ကြိုကြိုကြားကြားမှာ ဘက်တီးရီးယားတွေကပ်ငြိပြီး လက်သည်းပိုးဝင်တာတွေဖြစ်နိုင်ခြေများစေပါတယ်။ ဒါ့ကြောင့် လက်ချောင်းထိပ်တွေ၊ လက်သည်းကြားတွေကိုပါ သန့်ရှင်းအောင်ဆေးကြောပါ။ တစ်နေ့ကိုတစ်ကြိမ်လောက်တော့ ဘရက်ရှ်လေးနဲ့လက်သည်းကိုတိုက်ဆေးတာလည်းလုပ်လို့ရပါတယ်။ (၃) လက်သည်းသုံးပြီး ကုတ်ခွာတာ၊ အဖုံးဖွင့်တာ ပုလင်းအဖုံးတွေ၊ ဘူးတွေကို ဖွင့်တဲ့အခါ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်းလက်သည်းလေးတွေကျန်းမာစေဖို့အတွက် လိုက်နာသင့်တဲ့ အလေ့အထလေးတွေ

လက်သည်းခြေသည်းလေးတွေကလည်း အလှအပအတွက်လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီတော့ လှပတဲ့သူလေးဖြစ်ချင်တယ်ဆိုရင် လက်သည်းခြေသည်းလေးတွေကိုသေချာဂရုစိုက်ဖို့လိုမှာပါ။ ဒီတော့ လှပကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်ဖို့ဆိုရင် လိုက်နာရမယ့် အခြေခံအချက်လေးတွေရှိပါတယ်။ ခြေသည်းလက်သည်းလေးတွေ ခံစားရနိုင်တဲ့ရောဂါတွေ...... ခြေသည်းလက်သည်းလေးတွေမှာလည်းရောဂါပိုးတွေ ကူးစက်မှုကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ခြေသည်းလက်သည်းတွေအရောင်ပြောင်းတာ ခြေသည်းလက်သည်းတွေကြွပ်ဆတ်တာ ထိခိုက်ကျိုးပဲ့လွယ်တာ ခြေသည်းလက်သည်းမှိုပိုးဝင်တာ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်တာ (လက်သည်းပွင့်တယ်လို့ ခေါ်တတ်ကြပါတယ်) လက်သည်းမှာ အစင်းကြောင်းတွေဖြစ်တာ လက်သည်းတွေခြောက်နေတာ လက်သည်း အဖက်လေးတွေလန်နေတာ လက်သည်းခြေသည်းတဝိုက်က အရေပြားလေးတွေ နီမြန်းရောင်ရမ်းနေတာစတဲ့ပြဿနာတွေခံစားရနိုင်ပါတယ်။ ကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေရဲ့ အင်္ဂါရပ်တွေ ခြေသည်းလက်သည်လေးတွေကျန်းမာလားဆိုတာကို မျက်စိနဲ့ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ခြေသည်းလက်သည်းလေးတွေက ပန်းရောင်သွေးကြွယ်နေမယ် ခြေသည်းပန်းကုံးလေးတွေ၊ လက်သည်းပန်းကုံးလေးတွေရှိမယ် လက်သည်းလေးတွေက ပုံမှန်ရှည်တယ် လက်သည်းလေးတွေအောင်ခြေမှာ အဖြူရောင်လခြမ်းပုံလေးတွေရှိနေမယ်ဆိုရင်တော့ခြေသည်းလက်သည်းလေးတွေ ကျန်းမာတယ်ဆိုတဲ့ လက္ခဏာတွေပါ။ လက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲ......... လက်သည်းလေးတွေကျန်းမာစေဖို့ ဒီအချက်လေးတွေကို သတိထားပေးတာက အကောင်းဆုံးဖြစ်မှာပါ။ လက်သည်းက ပိုးဝင်နိုင်သလို လက်သန့်ရှင်းမှုမရှိရင် ခန္ဓါကိုယ်ကိုလည် ထိခိုက်လာနိုင်တာတွေက အများကြီးပါ။ ဒါကြောင့် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းခြေသည်းလေးတွေကို ဂရုစိုက်ပါ

မိန်းကလေးတစ်ယောက်ကို အလှတိုးစေမယ့် စွဲဆောင်မှု တစ်မျိုးရှိပါတယ်။ ဒါကတော့ သန့်ရှင်းသပ်ရပ်နေတဲ့ လက်သည်းခြေသည်းလေးတွေ ပါ။ မျက်နှာလှတာထက် လက်လေးတွေခြေထောက်လေးတွေလှတာကိုမှ သဘောကျတတ်သူတွေလည်း ရှိကြတယ်လေ။ ဒီတော့ လက်ညှိုးညွှန်တိုင်း တစ်ခုခုကိုထောက်ပြပြောဆိုတိုင်း လက်သည်းလေးတွေလှပြီး လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း လှပသပ်ရပ်တဲ့ ခြေသည်းလေးတွေကြောင့် စွဲဆောင်မှုရှိနေစေချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။ ခြေသည်းလက်သည်းလေးတွေက မကျန်းမာဘူးဆိုတာရှိလား....... ခန္ဓါကိုယ်မှာ ရှိတဲ့ အစိတ်အပိုင်းတိုင်းက နာမကျန်းဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ။ ခြေသည်းလက်သည်းလေးတွေလည်း ကျန်းမာရေး မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ နေ့စဉ်ထိတွေ့နေတဲ့ အရာတွေ၊ လက်သည်းနီတွေစတဲ့ အရာတွေကြောင့်နဲ့ ပတ်ဝန်းကျင်က မှိုပိုးတွေ၊ ဘက်တီးရီးယား တွေကြောင့်ခြေသည်းလက်သည်းလေးတွေ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ လက်သည်းခြေသည်းမကျန်းမာဘူးဆိုတဲ့ လက္ခဏာတွေက လက်သည်းခြေသည်းတွေ အရောင်က ပန်းသွေးရောင်မဟုတ်ဘဲ ပြာနေတာ၊ ညိုနေတာ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်နေတာ အစင်းကြောင်းလေးတွေပေါ်နေတာ လက်သည်းတွေ ကြွပ်ဆတ်နေတာ လက်သည်းခြေသည်းတွေ မှိုပိုးဝင်တာ လက်သည်းခြေသည်းတွေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်