အသည်းအဆိပ်ဖြေမဲ့ ဆေးဖက်ဝင်အပင်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသည်းဟာပတ်ဝန်းကျင်မှမိမိခန္ဓါကိုယ်ထဲသို့ ရှူသွင်းသောလေ၊ စားသောက်သောအစာ၊ကိုယ်တွင်းဇီဝရုပ်ပြောင်းလဲမှုမှထွက်ပေါ်လာသော အစရှိသည့် မမြင်နိုင်သည့်အဆိပ်အတောက်ပေါင်းများကို ချေဖျက်ပေးသည့် အရေးကြီးခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ထိုကဲ့သို့အသည်းရဲ့ အဆိပ်အတောက်ချေဖျက်မှုကိုအားပေးသောဆေးဖက်ဝင်အပင် ၆မျိုးရှိပါသည်။

(၁) ဆူးပင်

ဆူးပင်ဟာလွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ကျော်လောက်ကတည်းက အသည်းရဲ့အဆိပ်အတောက်တွေကိုပယ်ဖျက်ပေးနိုင်တဲ့ဆေးဖက်ဝင်ပင်အဖြစ်သိရှိခဲ့ကြပါတယ်။

အရက်သေစာကဲ့သိုအဆိပ်အတောက်များကိုအသည်းမှ ဖယ်ရှားပေးနိုင်ရုံမက အသည်းရဲ့ ဆဲလ်ပြန်လည်တည်ဆောက်ခြင်းကိုပါအားပေးပါတယ်။

ခုခံအားကိုလည်းအားကောင်းစေသည့်အတွက် ရောဂါပိုးများကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

(၂) ဒုဓလီပေါင်းပင်

တခါတရံမြက်ခင်းပြင်တွေမှာအလေ့ကျပေါက်လေ့ရှိတဲ့ အဝါရောင်ပန်းပွင့်တဲ့ ပေါင်းပင်လေးတွေဟာ ဒုဓလီပေါင်းပင်လေးတွေပဲဖြစ်ပါတယ်။ အသည်းရဲ့အဆီချေဖျက်တဲ့လုပ်ငန်းစဉ်ကိုကူညီပေးရုံမက၊အက်မိုင်နိုအက်ဆစ်ထုတ်ပေးခြင်း၊အဆိပ်အတောက်တွေကိုဖယ်ရှားပေးခြင်း၊အသည်းရောင်ခြင်းကိုသက်သာစေခြင်းအစရှိတဲ့လုပ်ငန်းတွေမှာလည်းပါဝင်လုပ်ဆောင်ပေးပါတယ်။

ဩစတြေးလျနိုင်ငံ၏ဆေးဖက်ဝင်အပင်ဂျာနယ်တစ်ခုမှာဆိုရင်ဒုဒလီပင်ဟာအစာမကြေသူတွေ၊အသည်းရောင်အသားဝါရောဂါရိသူတွေမှာပါအကျိုးအာနိသင်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။

ဒုဒ လီအရွက်ကို ဖြစ်စေ၊ ဖျော်ရည်ဖျော်သောက်၍ဖြစ်စေ၊လက်ဖက်ခြောက်ခတ်သောက်၍ ဖြစ်စေ ကျန်းမာရေးအထောက်အကူပြုသောက်သုံးနိုင်ပါတယ်။

(၃) လက်ဖက်ရည်ကြမ်း

လက်ရှိကမ္ဘာပေါ်မှာကျန်းမာသောအစားအသောက်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ လက်ဖက်ရည်ကြမ်းဟာ ကင်ဆာရောဂါ၊ဆီးချိုရောဂါတို့ကိုကာကွယ်နိုင်သည့်အပြင် သူမှာပါဝင်တဲ့ဓါတ်တိုးဆန့်ကျင်ရေးပစ္စည်းဟာ အသည်းရဲ့လုပ်ငန်းဆောင်တာအားလုံးကိုကောင်းမွန်စေပါတယ်။ အသည်းအဆီဖုံးခြင်းကိုထိရောက်စွာကုသနိင်စွမ်းရှိပါတယ်။ အပြင်မှာအလွယ်တကူဝယ်ယူရနိုင်တဲ့အသင့်သောက်လက်ဖက်ရည်ကြမ်းတွေထက် အိမ်မှာကိုယ်တိုင်နှပ်သောက်တဲ့လက်ဖက်ရည်းကြမ်းဟာ ကျန်းမာရေးနှင့်ပိုမိုညီညွှတ်ပါတယ်။

(၄) ကြက်သွန်ဖြူ

ဟင်းချက်ရာမှာပါလေ့ရှိပြီးလွယ်လင့်တကူမီးဖိုချောင်မှာရရှိနိုင်သော ကြက်သွန်ဖြူဟာ ဆာဖာ၊ဆီလီနီယမ်နှင့် အခြားကျန်းမာရေးအထောက်အကူပြုသောပစ္စည်းများပါဝင်ခြင်းကြောင့်ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း၊ခုခံအားကောင်းမွန်၍ ရာသီတုပ်ကွေးများကိုကောင်းမွန်စေခြင်းတို့အပြင် အသည်းရဲ့အဆိပ်အတောက်များကိုသန့်ရှင်းဖယ်ရှားပေးပါတယ်။

(၅) နနွင်း

အိန္ဒိယအားအစာတွေမှာ အမြဲလိုလိုပါတတ်တဲ့ အဝါရောင်နနွင်းမုန့်ကလည်း ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့ အိမ်တွင်းကုထုံးဖြစ်တဲ့အပြင် အသည်းရဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့နေရာမှာလည်း နာမည်ကြီးဆေးကောင်းတစ်လက်ပဲဖြစ်ပါတယ်။

ဒါတင်မကပဲအသည်းရဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုပါအားပေးပြီး သည်းခြေရည်နှင့်သည်းခြေအိတ်ကိုပါ အားကောင်းစေပါတယ်။

(၆) ပူဒီနာ

ခံတွင်းအနံ့သင်းစေတယ်လို့လူသိများတဲ့ ပူဒီနာရွက်ဟာ သည်းခြေရည်စီးဆင်းမှုကိုကောင်းမွန်စေပြီး အဆီအစာချေစနစ်ကိုအားပေးသည့်အတွက် အစာမကျေဖြစ်ခြင်းကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် မကောင်းတဲ့ကိုလစ်စရောကို လျော့ကျစေသည့်အတွက် သည်းခြေအိတ်နှင့် ဆီးလမ်းကြောင်းကျောက်တည်ခြင်းများကို လျော့ကျစေပါတယ်။

ဆေးဖက်ဝင်အပင်များဟာ အသည်းအတွက်အကျိုးရှိသည်ဆိုသော်လည်း နည်းမှန်လမ်းမှန်အကျိုးရှိရှိ အသုံးပြုတတ်ဖို့တော့လိုပါတယ်။

ထို့ကြောင့်မသုံးစွဲမီသင့်ကိုယ်ပိုင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မှုများကိုပြုလုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကဖိန်းဓာတ်အကြောင်း ယုံတမ်းစကားတွေဟာ တကယ်မှန်ကန်ရဲ့လား

ကဖိန်းဓာတ်၊ ကော်ဖီ၊ ချောကလက်၊ အာရုံကြောစနစ်၊ မူးယစ်ဆေးဝါး၊ ခေါင်းကိုက်၊ မောပန်း၊ စိတ်ဖိစီး၊ ကျောက်ကပ်၊ နှလုံးရောဂါ၊ ကင်ဆာ၊ ရေဓာတ်ဆုံးရှုံး၊ အသည်းရောဂါ၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

နှမ်းစေ့လေးကပေးတဲ့ ကျန်းမာရေး

လက်ဖက်သုပ် နှမ်းစေ့ ကျန်းမာရေး အာဟာရ ကယ်လ်လိုရီ Copper Selenium ကျန်းမာရေး နှလုံး အသည်းရောဂါ သွေးတွင်းကိုလက်စထရော အမျှင်ဓာတ် အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ

သွေးတိုးရောဂါ အမျိုးသား ဆေးလိပ်သောက်ခြင်း နေထိုင်မှုပုံစံ အရက်သေစာသောက်သုံးခြင်း စိတ်ကျရောဂါ အသည်းရောဂါ ရာသီတုပ်ကွေးရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကိုလင်း (Choline) ၏ ကျန်းမာရေး အကျိုးပြုပုံ

ကိုလင်း ခန္ဓာကိုယ် အာဟာရ ဦးနှောက်ဖွံ့ဖြိုးမှု နှလုံးကျန်းမာရေး ဦးနှောက်ကျန်းမာရေး မှတ်ဉာဏ်ပိုင်းဆိုင်ရာ စိတ်ကျန်းမာရေး အသည်းရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 4 mins read
ဆေးဖက်ဝင်တယ်ဆိုတဲ့ ရှီးပဒီး အကြောင်း သိကောင်းစရာ

ဆေးဖက်ဝင်တယ်ဆိုတဲ့ ရှီးပဒီး အကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 19, 2020 . 3 mins read
အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်

အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 14, 2020 . 2 mins read
အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့

အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 14, 2020 . 2 mins read