အုန်းလွဲလို့ စိတ်ညစ်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 23, 2020 . 2 mins read
Share now

ခေါ်တာလှည့်တောင်မကြည့်ဘူး။သွေးကြီးနေတယ်လို့ မပြောခင် ကိုယ့်သူငယ်ချင်း အုန်းများလွဲနေလား အရင်မေးဦးနော်။ တစ်ခါတလေ ကိုယ်ခေါ်တာကို လှည့်မကြည့်ဖြစ်တာက သူအလုပ်များနေလို့ဖြစ်နိုင်သလို ပါးစပ်ကထူးပြီး လှည့်မကြည့်တာက အုန်းလွဲနေလို့လည်းဖြစ်နိုင်ပါတယ်။ အုန်းလွဲနေတာကရောဂါကြီးကြီးမားမားမဟုတ်ပေမယ့်နေ့စဉ်လုပ်ဆောင်မှုတွေပေါ်မှာတော့တော်တော်လေးထိခိုက်စေသား။

အုန်းလွဲတယ်ဆိုတာ

အုန်းလွဲတာက မဖြစ်ဖူးတဲ့သူမရှိလောက်ပါဘူး။ ကွန်ပျူတာတစ်ချိန်လုံးကြည့်နေရတဲ့သူတွေ။ ဖုန်းတစ်ချိန်လုံး ကြည့်နေသူတွေက အချိန်အကြာကြီး တစ်ပုံစံတည်းနေတာကြောင့် ဇက်ကြောတွေ၊ ကြွက်သားတွေတောင့်တင်းပြီး ဦးခေါင်းကို ဘယ်ညာလှည့်ဖို့တော်တော်လေးခက်သွားနိုင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် ကွန်ပျူတာတွေနဲ့ အလုပ်လုပ် စမတ်ဖုန်းတွေနဲ့ အပန်းဖြေတာတွေကြောင့် ဦးခေါင်းနဲ့ လည်ပင်းတဝိုက်ကြွက်သားတွေဟာ လှုပ်ရှားမှုနည်းပြီ းအုန်းလွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဒါတွေကြောင့် အုန်းလွဲနိုင်ပါတယ်

အုန်းလွဲတာက အရွယ်သုံးပါးစလုံးဖြစ်နိုင်ပါတယ်။ သင်ကနေ့စဉ် ဒီအလုပ်တွေလုပ်နေမိပြီဆိုရင်တော့ အုန်းလွဲနိုင်ပါတယ်။

  • ကွန်ပျူတာ တစ်ချိန်လုံးသုံးနေတယ်
  • စမတ်ဖုန်း အချိန်ပြည့်သုံးနေတယ်
  • ဂိမ်းဆော့တယ်
  • ထိုင်တဲ့ပုံစံမမှန်ဘူး
  • ခဏခဏ အံကြိတ်တတ်တယ်
  • စိတ်ဖိစီးမှုများတယ်
  • အချိန်အကြာကြီး တစ်ပုံစံတည်းနေလေ့ရှိတယ်
  • အဆစ်ရောင်ရောဂါရှိနေတယ်
  • လည်ပင်းရိုးနဲ့ကျောရိုးမှာ ထိခိုက်မိတာရှိနေတယ်
  • အိပ်စက်တဲ့ပုံစံမမှန်ဘူး
  • ခေါင်းအုံးမာမာနဲ့ အိပ်တာ
  • ခေါင်းအုံးမြင့်မြင့်နဲ့အိပ်တာတွေကြောင့် အုန်းလွဲတာမျိုးဖြစ်နိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်ရမလဲ

ခပ်ဖွဖွလေးနှိပ်ပေးပါ

အုန်းလွဲတဲ့အခါ ဇက်နဲ့ပခုံးကို လက်ချောင်းလေးတွေသုံးပြီး ခပ်ဖွဖွလေးနှိပ်ပေးပါ။ အားပြင်းပြင်းနဲ့မနှိပ်ပါနဲ့နော်။ အကြောနဲ့ ကြွက်သားတွေမှာ ဒဏ်ဖြစ်သွားနိုင်လို့ပါ။ ကျွမ်းကျင်သူနဲ့နှိပ်ရင်တော့ အကောင်းဆုံးပါ။

သိပ်မလှုပ်ရှားပါနဲ့

အရမ်းနာနေတဲ့အချိန်မှာ စိတ်လိုက်မာန်ပါနဲ့ လည်ပင်းကို လှည့်တာမျိုးမလုပ်ပါနဲ့။ တတ်နိုင်သမျှ လှုပ်ရှားမှုနည်းအောင်ဂရုစိုက်ပါ။

ရေခဲကပ်မယ်

နာနေတဲ့နေရာကိုရေခဲကို တဘက်လေးနဲ့ထုပ်လို့ ကပ်ပေးပါ။ စဖြစ်ချိန်ကနေ ၄၈ နာရီအတွင်းလုပ်ပေးနိုင်ရင်အကောင်းဆုံးပါနော်။၁၅ မိန်စလောက်ကပ်ပြီးတိုင်း ၅ မိနစ်လာက်နေပြီးမှ ထပ်တစ်ခါကပ်ပါ။

ရေနွေးအိတ်ကပ်ပါ

ကြွက်သားတွေနဲ့ အကြောအခြင်တွေကိုပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်လေးနဲ့ နာနေတဲ့နေရာကို ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၅ မိနစ်စီလောက်ကပ်ပေးပါ။ တစ်ချိန်လုံးရေနွေးအိတ်ကပ်တာမျိုးမလုပ်ပါနဲ့။

ပုံစံမှန်မှန်ထိုင်ပေးပါ

ထိုင်တဲ့အခါ ခါးကို မတ်မတ်လေးထားပြီး ပခုံးတွေကိုပြေလျော့စေတဲ့ပုံစံမျိုးနဲ့ထိုင်ပါ။ ဒါမှ ဇက်ကြောနဲ့ ဇက်တဝိုက်ကကြွက်သားတွေအပေါ်မှာ သက်ရောက်မှုတင်းအားတွေလျော့ကျမှာပါ။

နားချိန်လေးပေးပါ

တစ်ချိန်လုံး ကွန်ပျူတာသုံးနေတာမျိုးမလုပ်ပါနဲ့။ ဖုန်းကိုလည်း တစ်ချိန်လုံးကြည့်မနေပါနဲ့။ မျက်လုံးနဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေကို သက်တောင့်သက်သာနဲ့ နားနားနေနေနေဖို့ အချိန်လေးပေးပါ။

ရေနွေးနဲ့ ရေချိုးပေးပါ

ရေနွေးနွေးလေးနဲ့ရေချိုးတာက ကြွက်သားတွေကိုပြေလျော့စေနိုင်တာကြောင့် အုန်းလွဲနေတဲ့အခါရေနွေးနွေးလေးနဲ့ရေချိုးပေးပါ။

အုန်းလွဲတာက ၃ရက်လောက်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးသောက်ကြည့်ဖို့ပြောပါရစေ။

ဘယ်လိုကာကွယ်မလဲ

ခံစားရခက်တဲ့ အုန်းလွဲတဲ့ပြဿနာကို ကာကွယ်လို့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက ခန္ဓာကိုယ်က ကြွက်သားတွေကိုပြေလျော့စေနိုင်ပြီး ရုတ်ရက်အကြောတင်တာမျိုးတွေ၊ အုန်းလွဲတာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ရာကို သက်သောင့်သက်သာရှိအောင်ပြင်ဆင်ပါ

အိပ်ရာက သက်သောင့်သက်သာမရှိတာ၊ ခေါင်းအုံးက မာတာ၊ မြင့်တာတွေကြောင့် အုန်းလွဲနိုင်တဲ့အတွက် အိပ်စက်မယ့် အိပ်ရာကို သက်သောင့် သက်သာဖြစ်အောင်ပြင်ဆင်ပါ။

အကြောလျှော့ပါ

အလုပ်ခွင်က အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်မနေပါနဲ့။ အညောင်းပြေ အညာပြေ လမ်းလျှောက်ပါ။ ခုံမှာထိုင်ရင်း ဦးခေါင်းလေ့ကျင့်ခန်းလုပ်ပေးတာ၊ အကြောလျှော့တာမျိုးတွေလုပ်ပေးပါ။

သီချင်းနားထောင်ပါ

စိတ်ဖိစီးမှုကြောင့် အုန်းလွဲနိုင်တဲ့အတွက် အကြောတွေပြေလျော့ပြီး စိတ်ဖိစီးမှုကင်းနေစေဖို့ သီချင်းနားထောင်ပေးပါ။

တရားထိုင်ပါ

စိတ်ဖိစီးမှုများပြီး ကြွက်သားတွေ တင်းတာမျိုးမဖြစ်စေဖို့အတွက် ဝင်သက်ထွက်သက်မှတ်ပြီး တရားထိုင်ပေးပါ။

ဒါတွေအပြင် ကွန်ပျူတာသုံးတဲ့အခါ ကိုယ်နေဟန်ထားမှန်အောင်နေမယ်၊ တစ်ချိန်လုံး ကွန်ပျူတာကနေ မခွာဘဲနေတာမျိုးကိုရှောင်မယ်။ ဖုန်းတစ်ချိန်လုံးသုံးတာမျိုးကို ဆင်ခြင်မယ်ဆိုရင် မာနကြီးတယ်လို့ ထင်ခံရနိုင်တဲ့ အုန်းလွဲတဲ့ပြဿနာကနေ ကင်းဝေးမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မကြာခဏဆီးသွား နေတတ်သူများအတွက်

မကြာခဏဆီးသွား နေတတ်သူများဟာ ကြာလာတဲ့အခါ ကျန်းမာရေးပြဿနာအပြင် လူမှုရေးပြဿနာတွေပါ ကြုံရတတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်များကို သေချာ လိုက်နာဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

တစ်နေ့တစ်နေ့ လူနာစာရင်းထုတ်ပြန်ချက်ကို စောင့်ကြည့်လိုက်၊ ကြောက်လိုက်တာဆိုပြီး အိမ်ထဲနေလိုက်ရင်းနဲ့ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလာတဲ့ အရာရှိတယ်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့

စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလိုပဲ စိတ်ဖိစီးတွေကြောင့် ခန္ဓာကိုယ်မှာ ဝန်ပိပြီး ပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်လာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 3 mins read
အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read