အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အအေးမိတုပ်ကွေးြဖစ်နေချိန်တော့ တကယ်ကိုခံရခက်တဲ့လက္ခဏာတွေပါပဲ။ ကိုယ်ပူတာ၊လည်ချောင်းနာတာ၊ နှာစေးနှာပိတ်၊ ကိုယ်လက်ကိုက်ခဲမှုနဲ့ ချမ်းတုန်တာတွေ စုံလို့ပါပဲ။ ဆရာဝန်ပြပြီးဆေးကုသမှုခံယူထားတယ်ဆိုပေမယ့်လည်း အအေးမိခြင်းရဲ့သဘာဝအရ သူ့ကာလအတွင်းမှာတော့ နှာစေး၊ချောင်းဆိုး စတဲ့လက္ခဏာတွေခံစားရဦးမှာဖြစ်ပါတယ်။ ဒါတွေသက်သာဖို့၊ ကုသမှုကို ထိရောက်အောင်ပံ့ပိုးနိုင်ဖို့ ကူညီပေးမယ့်နည်းလမ်းတွေရှိပါတယ်။

အအေးမိဝေဒနာ သက်သာစေမယ့်နည်းလမ်းတွေက ဘာတွေများလဲ။

(၁)ရေ သို့မဟုတ် အရည်သောက်ပါ

ဖျားပြီဆိုတာနဲ့ ခန္ဓါကိုယ်ကေရဓါတ်လျော့ကျလာနိုင်ပါတယ်။ အထူးသဖြင့် ပျို့အန်တာ၊ ဝမ်းလျှောတာပါဖြစ်ရင်ပေါ့။ ဒါ့ကြောင့်ရေဓါတ်လုံလောက်အောင်ဂရုစိုက်ပါ။ရေ၊ အသီးဖျော်ရည်၊ဓါတ်ဆားရည်၊ ဒါမှမဟုတ် စွပ်ပြုတ်သောက်လို့ရပါတယ်။ရေဓါတ်ပြည့်လား၊ လျှော့နည်းနေလားသိချင်ရင် ဆီးအရောင်ကိုကြည့်ပါ။ဖျော့လွန်းတဲ့အဝါရောင်ဖြစ်နေရင်ရေဓါတ်လုံလောက်လို့၊ ဆီးအရောင်ရင့်နေရင်ရေဓါတ်နည်းနေလို့ဖြစ်ပါတယ်။

(၂) ကြက်စွပ်ပြုတ်သောက်ပါ

နေမကောင်းဖြစ်ပြီဆိုတာနဲ့ ကြက်စွပ်ပြုတ်တိုက်တာ အိမ်မှာအမေပြုစုပေးတဲ့မိရိုးဖလာနည်းတစ်ခုပါ။ နေမကောင်းဖြစ်လာရင် စွပ်ပြုတ်ပူပူလေးသောက်ခိုင်းတာပဲ။ ဒီနည်းက တကယ်မှန်ပါတယ်။ ကြက်စွပ်ပြုတ်က အအေးမိဝေဒနာနဲ့အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကိုဝေဒနာသက်သာလျော့ပါးစေနိုင်ပါတယ်။

(၃)ငြိမ်ငြိမ်သာနေပါ

ခန္ဓါကိုယ်က အချက်ပြတဲ့အတိုင်းသာနေလိုက်ပါ။ခြေလက်မသယ်ချင်၊ မလှုပ်ချင်ဖြစ်နေရင် နားနေလိုက်ပါ။ တစ်နေကုန်အိပ်ရာထဲ လှဲနေချင်တယ်ဆိုရင် လှဲပြီးအနားယူပါ။ အတင်းထပြီးမလှုပ်ရှားပါနဲ့။ အအေးမိတုပ်ကွေးဖြစ်နေချိန်မှာ အလုပ်တွေအတင်းတွန်းလုပ်နေတာမျိုးက ကိုယ်ခံအားကျစေလို့ ဝေဒနာပိုဆိုး၊ ပိုတာရှည်စေနိုင်ပါတယ်။ပြီးတော့ အိပ်ရေးပျက်မခံပါနဲ့။ အိပ်ရေးဝမှ ကိုယ်ခံအားစနစ်ကကောင်းကောင်းအလုပ်လုပ်နိင်မှာမို့ တစ်နေ့ကို ၈ နာရီအိပ်ဖို့ အရေးကြီးပါတယ်။

(၄) အနွေးဝတ်လေးကပ်ပေးပါ

အဖျားတက်နေရင် နဖူးမှာရေအေးဝတ်တင်ပေးရတယ်ဆိုပေမယ့်ခေါင်းကိုက်တာထိပ်ကပ်နာေကြာင့် တစစ်စစ်ကိုက်တာဖြစ်လာရင် နဖူးနဲ့နှာခေါင်းကြားကို ရေနွေးဝတ်လေးကပ်ပေးပါ။

(၅)နွေးနွေးထွေးထွေးနေပါ

နေမကောင်းြဖစ်နေတဲ့အချိန်မှာနွေးနွေးထွေးထွေးနေဖို့၊ အနားယူဖို့အရေးကြီးပါတယ်။ ဒါမှ ရောဂါပိုးကို တိုက်ထုတ်နိုင်ဖို့ ခန္ဓါကိုယ်ကို အားဖြည့်ပေးနိုင်မှာပါ။စောင်လေးခြုံပြီးကွေးနေတာလည်း နေပြန်ကောင်းဖို့ တစ်နည်းအားဖြင့်အထောက်အကူပေးနိုင်ပါတယ်။

(၆) Nasal Spray သို့မဟုတ် Gargle ခံတွင်းသန့်ဆေးရည်သုံးပါ

ဆေးဝါးအထောက်အကူတွေခေတ်မီနေတဲ့ခုချိန်မှာ နှာစေး၊နှာပိတ်နဲ့ လည်ချောင်းယား၊လည်ချောင်းနာတို့လို အအေးမိဝေဒနာတွေကို အမြန်သက်သာစေမယ့် နှာဖျန်းဆေး (nasal spray)တွေနဲ့ ခံတွင်းသန့်ဆေးရည်ေတွရှိနေပါပြီ။ ဆေးတစ်ချက်ဖျန်း၊ ပလုပ်တစ်ချက်ကျင်းလိုက်ရုံနဲ့ နေရခက်နေတဲ့ရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေပြီး အသက်ရှူရပိုကောင်းစေပါတယ်။ Gargle ကခံတွင်းနဲ့လည်ချောင်းတွင်းကရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးနိုင်ပြီး nasal spray က နှာခေါင်းလမ်းကြောင်းမှာ ရှင်းလင်းပေးတာဖြစ်ပါတယ်။

(၇)ခေါင်းအုံးမြှင့်ပါ

နှာခေါင်းပိတ်နေတယ်၊ချောင်းဆိုးရင်ကျပ်ဖြစ်နေတယ်ဆိုရင် ညဘက်အိပ်တဲ့အခါခေါင်းအုံးကိုနှစ်လုံးဆင့်တာ ဒါမှမဟုတ်ခေါင်းအုံးကိုခေါက်ပြီးမြှင့်တာက အသက်ရှူရအဆင်ပြေပြီး ခံစားရသက်သာစေနိုင်ပါလိမ့်မယ်။ ခေါင်းအုံးသိပ်မြင့်လွန်းပြီး အိပ်ရတာနေရာမကျရင်တော့စောင်ပါးလေးဖြစ်ဖြစ် တစ်ခုခုကိုခေါင်းအုံးအောက်မှာခုပြီးမြှင့်ပါ။

အသေးအဖွဲလေးတွေလို့ အမှုမဲ့အမှတ်မဲ့ထားလိုက်ပေမယ့်လည်း တကယ်ကိုအဆင်ပြေစေမယ့် နည်းလမ်းလွယ်လွယ်လေးတွေမို့ အပန်းမကြီးလောက်ပါဘူး။ ဒီအချက်လေးတွေကို သတိထားပြီးလုပ်ကြည့်မယ်ဆိုရင် ဝေဒနာခံစားရသက်သာပြီး မြန်မြန်နေပြန်ကောင်းဖို့သေချာပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ကြက်စွပ်ပြုတ် အာဟာရ မိုးတွင်း ကျန်းမာရေး ကိုယ်ခံအား ဗီတာမင် အစာကြေ အရိုးအဆစ် ရောဂါပိုး ကိုဗစ် ကပ်ဘေး ချက်ပြုတ်ပြင်ဆင် အရေပြား အအေးမိတုပ်ကွေး ဖျားနာ စျေးဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

ကလေးတွေဟာ မွေးကင်းစအချိန်ကနေ အသက်တစ်နှစ်ပြည့်တဲ့အချိန်ထိ မိဘတွေအနေနဲ့ သေချာအနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင် ခြေကုန်လက်ပမ်းကျနေပြီလား

စွမ်းအင်ကုန်ခမ်းပြီး ပုံမှန်လုပ်ငန်းဆောင်တာများကိုတောင် မလုပ်ချင် မကိုင်ချင်တဲ့ အခြေအနေမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီအခြေအနေကို burnout လို့လည်း ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ခြေညှပ်ဖိနပ် အိမ်တွင်းကုထုံးလေး ခြေသည်း ဗီနီကာ ခြေသည်းခွံ ခံတွင်းသန့်ဆေးရည် Tea tree oil အရေပြား ပြဿနာ Oregano oil ဂွမ်းစလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 1 min read
အအေးမိခြင်း

အအေးမိခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 3 mins read
အစာအိမ်ကင်ဆာကနေ ပြန်လည် ကျန်းမာလာတဲ့အခါ

အစာအိမ်ကင်ဆာကနေ ပြန်လည် ကျန်းမာလာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read