backup og meta

ဘယ်အချိန်မှာ ဝမ်းပျော့ဆေး သောက်သင့်လဲ

ဘယ်အချိန်မှာ ဝမ်းပျော့ဆေး သောက်သင့်လဲ

ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေညီညွတ်မျှတမှာ ခန္ဓါကိုယ်ကကျန်းမာတာပါ။ ကားတစ်စီးကောင်းကောင်းမောင်းနိုင်ဖို့ ဆီ၊ရေ၊လေ၊ဝိုင်ပြည့်စုံဖို့လိုအပ်သလို လူတစ်ယောက်ကျန်းမာဖို့အတွက်ဆိုရင်လည်း ဆီး၊ဝမ်း၊လေမှန်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာနေ့စဉ် အာဟာရမျှတအောင်စားရမယ်၊ အိပ်ချိန်ပြည့်ပြည့်ဝဝအိပ်ရမယ်။ ဆီး၊ဝမ်းပုံမှန်စွန့်ရပါမယ်။ ပုံမှန်အားဖြင့်တော့ ခန္ဓါကိုယ်က သူ့ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို စည်းချက်ညီညီနဲ့လည်ပတ်နေစေတာပါ။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တွေထဲက တစ်ခုမှာလိုအပ်ချက်ရှိသွားပြီဆိုရင်တော့ အခြားဖြစ်စဉ်တွေမှာပါ သွားထိခိုက်တော့တာပါပဲ။

ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တယ်ဆိုတာက လူတိုင်းလိုလိုကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ လူတစ်ယောက်က တစ်နေ့ကို တစ်ခေါက်ဝမ်းပုံမှန်သွားရမယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံး နှစ်ရက်တစ်ခါလောက်တော့ ပုံမှန်ဝမ်းသွားနေဖို့လိုအပ်မှာပါ။ ဝမ်းချုပ်တယ်ဆိုတဲ့နေရာမှာလည်း ဝမ်းလုံးဝမသွားဘဲ ဗိုက်ထဲမှာတင်းတောင့်တောင့်ကြီးဖြစ်နေတာမျိုးဖြစ်နိုင်သလို ဝမ်းသွားတဲ့အခါ ခက်ခက်ခဲခဲသွားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်တဲ့အခါ ခန္ဓါကိုယ်မှာညောင်းညာကိုက်ခဲတာ၊ အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာ၊နေရထိုင်ရတာ မအီမသာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။

ဒီအချက်တွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်

ဝမ်းချုပ်ရတဲ့အကြောင်းအရင်းကတော်တော်လေးတော့များပါတယ်။ သင့်အနေနဲ့အခုပြောပြတဲ့အချက်လေးတွေကိုလုပ်မိနေတာကြောင့်လည်း ဝမ်းချုပ်တာမျိုးဖြစ်နိုင်ပါတယ်။

အမျှင်ဓါတ်လုံလောက်လောက်မစားသုံးမိတာ – ဒါကတော့ ဝမ်းချုပ်တာကိုအများဆုံးဖြစ်စေနိုင်တဲ့အကြောင်းရင်းပါ။ လူတစ်ယောက်အနေနဲ့ ဝမ်းမှန်ဖို့ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်၁၈ ဂရမ်စားသုံးမိဖို့လိုပါမယ်။ အမျှင်ဓါတ်ကအစာကြေခဲပြီး အူမကြီးထဲမှာကျန်ရှိနေတဲ့အတွက် ဝမ်းသွားစေဖို့ လှုံ့ဆော်ပေးပြီး အူမကြီးကို လုပ်ဆောင်မှုတွေကောင်းကောင်းလုပ်ဆောင်နိုင်အောင် အကူအညီပေးပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။

ရေလုံလောက်အောင်မသောက်တာ -ရေသောက်နည်းတာက ဝမ်းချုပ်တာကိုပိုဆိုးစေပါတယ်။ ဝမ်းပျော့ပျော့သွားချင်တယ်ဆိုရင်တော့နေ့စဉ်အမျှင်ဒါတ်လုံလောက်အောင်စားသုံးဖို့လိုသလို အရည်ဓါတ်ကြွယ်ဝအောင်စားသောက်နေထိုင်ဖို့လည်း လိုအပ်ပါမယ်။ တစ်နေ့ကို အနည်းဆုံးရေ ၆ ခါက်ကနေ ၈ခွက်အထိသောက်ပေးပါ။

ကိုယ်အလေးချိန်ကျအောင်ဓါတ်စာစားသုံးတာ – ဓါတ်စာတွေမှာ အမျှင်ဓါတ်ပါဝင်မှုနည်းတာကြောင့် ဝမ်းချုပ်တာပါ။

ဆေးဝါးတွေသောက်သုံးနေရတာ – အချို့ဆေးဝါးတွေကဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းချုပ်တာမျိုးဖြစ်စေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျရောဂါကာကွယ်ဆေးတွေ နဲ့ သံဓါတ်အားဖြည့်ဆေးတွေသောက်သုံးတာကလည်း ဝမ်းချုပ်တာကိုဖြစ်စေနိုင်ပါတယ်။

ရောဂါအခြေအနေတွေကြောင့်ဖြစ်တာသိုင်းရွိုက်ဂလင်းတွေ ပုံမှန်အလုပ်မလုပ်တာ၊ နာတာရှည်အူလမ်းကြောင်းဆိုင်ရာပြဿနာ (irritable bowel syndrome)တွေခံစားနေရတာကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေရတာကိုယ်ဝန်ဆောင်အမျိုးသမီး ၅ ဦးမှာ ၁ ဦးကဝမ်းချုပ်တတ်ကြပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့် အူမကြီးလှုပ်ရှားမှုနှေးကွေးသွားပြီ ဝမ်းချုပ်ရတာပါ။

ဒါတွေအပြင် ကိုယ်လက်လှုပ်ရှားမှုနည်းတာ နဲ့နေမကောင်းတာကြောင့် အိပ်ရာထဲမှာလှဲနေရချိန်များတာတွေကြောင့်လည်း ဝမ်းချုပ်နိုင်ပါသေးတယ်။

သင့်မှာ ဒီလက္ခဏာတွေရှိနေပြီလား

ဝမ်းချုပ်တာက အရမ်းမပြင်းထန်ဘူးဆိုရင်တော့ အနေအထိုင် အစားအသောက်တွေဆင်ခြင်လိုက်ရုံနဲ့သက်သာစေမှာပါ။ တကယ်လို့ အခုလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ ဝမ်းချုပ်တာက ပြင်းထန်တဲ့အဆင့်ရောက်နေပြီလို့ပြောပါရစေ။

  • တစ်ပတ်ကို ၃ ကြိမ်လောက်ပဲဝမ်းသွားတာ
  • ဝမ်းတွေကမာနေတာ
  • ဝမ်းသွားရခက်နေတာ
  • အစာဟောင်းအိမ်ထဲမှာ တစ်ခုခုပိတ်ဆို့နေသလို ခံစားနေရတာ
  • ဝမ်းကျန်နေသလို ခံစားနေရတာတွေ ရှိနေပြီဆိုရင်တော့ ဝမ်းကို အရမ်းညှစ်မနေဘဲ ဝမ်းပျော့သောက်လိုက်တာကသာ အကောင်းဆုံးနဲ့ အသက်သာဆုံးဖြစ်မှာပါ ။ ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Lactulose Solution, Laxativeshttps://www.webmd.com/drugs/2/drug-3367-8109/lactulose-oral/lactulose-laxative-oral/details Accessed Date 15 November 2018

Lactulose, Oral Solutionhttps://www.healthline.com/health/lactulose-oral-solution Accessed Date 15 November 2018

Lactulose for constipationhttps://patient.info/medicine/lactulose-for-constipation-lactugal Accessed Date 15 November 2018

Lactulosehttps://beta.nhs.uk/medicines/lactulose/ Accessed Date 15 November 2018

Lactulose, Oral Solutionhttps://www.healthline.com/health/lactulose-oral-solution Accessed Date 15 November 2018

Constipationhttps://www.mayoclinic.org/diseases-conditions/constipation/symptoms-causes/syc-20354253 Accessed Date 15 November 2018

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအပုပ်များလို့ ဝမ်းချုပ်တာလား

နို့စို့ကလေး ဝမ်းချုပ်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement