Femoral Popliteal Bypass Surgery (ပေါင်တွင်းသွေးကြောခွဲစိတ်ကုသခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Femoral popliteal bypass surgery ဆိုတာ ဘာလဲ။

Femoral popliteal bypass surgery ဆိုတာဟာ သင့်ခြေထောက်မှာရှိတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းနေတာကို ကုသပေးဖို့ ပြုလုပ်ရတဲ့ ခွဲစိတ်မှုတခုပဲ ဖြစ်ပါတယ်။ သွေးလွှတ်ကြောဘာလို့ကျဉ်းရသလဲဆိုတော့ အဆီပိတ်လို့ပါ။atheroma လို့ခေါ်တဲ့ အဆီဖတ်တွေ သွေးကြောထဲ စုပုံများပြားလာတဲ့အခါ သွေးကြောဟာ တဖြည်းဖြည်းနဲ့ ကျဉ်းပြီးမာလာပါတယ်။

ရောဂါလက္ခဏာများ။

ခြေထောက်ကိုသွားတဲ့ သွေးကြောမှာ ဒါမျိုးဖြစ်ရင် ခြေထောက်ကို ကောင်းစွာသွေးမရောက်တော့တဲ့အတွက် လမ်းလျှောက်ရင် နာလာပါတော့တယ်။ အခြေအနေပိုဆိုးလာရင် (ခြေထောက်ကို သွေးရောက်တာ နည်းသထက်နည်းလာရင်) ခြေချောင်းလေးတွေ ဒါမှမဟုတ် ခြေထောက်မှာ အနာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ရောဂါအခြေအနေပိုဆိုးလာရင်ပဲ ဖြစ်ဖြစ် မခွဲမစိတ်တဲ့ နည်းနဲ့ကုသလို့ မသက်သာရင်ပဲ ဖြစ်ဖြစ် သင့်ခြေထောက်ဆီကို ပုံမှန်အတိုင်း သွေးများများပြန်စီးဆင်းလာအောင် ခွဲစိတ်ကုသမှုကို ပြုလုပ်ရပါလိမ့်မယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ။

femoral popliteal bypass surgery ခွဲစိတ်မှု ဘာလို့ပြုလုပ်ရတာလဲ။

ခွဲစိတ်မှုပြုလုပ်လိုက်ခြင်းအားဖြင့် လမ်းလျှောက်တဲ့အခါ နာကျင်ခြင်း နည်းပါးသက်သာသွားမှာဖြစ်ပြီး ခြေထောက်ကို သွေးထောက်ပံ့မှုပိုများလာမှာဖြစ်လို့ အနာတွေဖြစ်လာခြင်းကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အချိန်မှာ ဒီခွဲစိတ်မှုကို ပြုလုပ်သင့်သလဲ။

ခြေထောက်ရဲ့ အပေါ်ယံအရေပြားနဲ့ နီးကပ်စွာ ရှိနေတဲ့ ပေါင်သွေးလွှတ်ကြော ဒါမှမဟုတ် တံကောက်ခွက်သွေးလွှတ်ကြောတွေ ကျဉ်းလာရင် ဒါမှမဟုတ် ပိတ်ဆို့လာပြီဆိုရင် ဒီခွဲစိတ်မှုကို ပြုလုပ်သင့်ပါပြီ။ အများအားဖြင့်တော့ သွေးကြောပိတ်တဲ့အတွက် သိသာထင်ရှားတဲ့ ရောဂါလက္ခဏာတွေပေါ်လာတဲ့အခါ ဒါမှမဟုတ် ခြေထောက်ဖြတ်ပစ်ရတော့မယ့် အနေအထားတွေရှိလာတဲ့အခါ ဒီခွဲစိတ်မှုကို ပြုလုပ်လေ့ရှိပါတယ်။

ခွဲစိတ်မှု မပြုလုပ်ခင်မှာ လေ့ကျင့်ခန်းတွေပြုလုပ်ဖို့နဲ့ ဆေးဝါးသုံးစွဲကြည့်ဖို့ ဆရာဝန်တွေက ဦးစွာ ညွှန်ကြားလေ့ရှိပါတယ်။femoral Popliteal bypass surgery မပြုလုပ်ခင်မှာ angioplasty လို့ခေါ်တဲ့ သွေးကြောထဲဘောလုံးလေးထည့်ပြီး လမ်းကြောင်းချဲ့တဲ့ ကုသမှုကိုလည်း ပြုလုပ်ကြည့်ဖို့ အကြံပြုလေ့ရှိပါသေးတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

femoral popliteal bypass surgery ခွဲစိတ်မှုက စိတ်ချရရဲ့လား၊ဘာအန္တရာယ်တွေ ရှိနိုင်သလဲ။

ဘယ်လိုခွဲစိတ်ကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးတွေကတော့ အနည်းနဲ့အများရှိတာချည်းပါပဲ။femoral popliteal bypass surgery ကြောင့် အောက်ပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီစာရင်းထဲမှာ မပါတာတွေလည်း ရှိပါသေးတယ်။

· ရုတ်တရက် နှလုံးထိခိုက်ခြင်း။

· နှလုံးခုန်မမှန်ခြင်း။

· မူမမှန်သွေးယိုစီးခြင်း၊သွေးထွက်ခြင်း။

· အနာပိုးဝင်ခြင်း။

· ခြေထောက်ဖောရောင်ခြင်း။

· သွေးခဲခြင်း။

· အဆုတ်ထဲ အရည်များစုပုံခြင်း။

· PTA ပြုလုပ်ပြီးနောက် ပိုက်ထိုးထားတဲ့ နေရာကနေ သွေးထွက်ခြင်း။

· PTA လုပ်ထားတဲ့ နေရာက သွေးကြောထိခိုက်ခြင်း သို့မဟုတ် သွေးခဲခြင်း။

· ခွဲစိတ်မှုပြုလုပ်ပြီးပေမယ့် သွေးကြောတခါ ပြန်ပိတ်ခြင်း။

· အာရုံကြောတွေ ထိခိုက်မိခြင်း။

· ခွဲစိတ်မှုပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုတဲ့ ပြင်ပပစ္စည်းလေး (graft)မှာ ပိတ်ဆို့ခြင်း။

ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

femoral popliteal bypass surgery ခွဲစိတ်မှုအတွက် ဘာတွေပြင်ဆင်ရမလဲ။

သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။

ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်မှုကို ခံနိုင်ရည်ရှိမရှိ သိနိုင်ဖို့အတွက် သင့်ရောဂါရာဇဝင်ကို ပြည့်စုံစွာ မေးမြန်းမှာ ဖြစ်တဲ့အပြင် စမ်းသပ်မှုတွေကိုလည်း ပြုလုပ်မှာဖြစ်ပါတယ်။

တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေ၊သွေးစစ်မှုတွေကိုလည်း ပြုလုပ်ရပါမယ်။ ခွဲစိတ်မှု မပြုလုပ်ခင်မှာ အက်စ်ပရင်ဆေးပြားသောက်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ခွဲစိတ်မှု မပြုလုပ်ခင် ရှစ်နာရီလောက်အလိုကစပြီး ဘာမှမစားမသောက်ဖို့ သင့်ဆရာဝန်က ညွန်ကြားပါလိမ့်မယ် (ပုံမှန်အားဖြင့် ညသန်းခေါင်လောက်ကစပြီး ဘာမှမစားရတော့ပါဖူး)။ တကယ်လို့ သင့်မှာ ကိုယ်ဝန်ရှိနေတယ် ဒါမှမဟုတ် ကိုယ်ဝန်ရှိနေနိုင်တယ်လို့ထင်ရင် ဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။

ခွဲစိတ်မှုကို ဘယ်လိုပြုလုပ်မလဲ။

မေ့ဆေးပုံစံအမျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုကတော့ တနာရီလောက်ကနေ ငါးနာရီလောက်အထိ ကြာမြင့်နိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်က သင့်ပေါင်ခြံ (common femoral artery အပေါ်နား)မှာ စတင်ပြီး ခွဲစိတ်မှာ ဖြစ်ပြီး popliteal artery ပေါ်လာစေဖို့အတွက် နောက်ထပ်ခွဲရာတခုကို ခြေထောက်အောက်ပိုင်းရဲ့ အတွင်းဖက်လောက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ သွေးကြောနှစ်ခုအကြား လမ်းလွှဲပေးမယ့် ပြင်ပပစ္စည်းလေး (bypass graft)ကို common femoral artery နဲ့ တွဲချုပ်မှာဖြစ်ပြီး ဒီနောက်မှာ ခြေထောက်အောက်ပိုင်းနားက သွေးကြောနဲ့ ဆက်သွယ်မှာ ဖြစ်ပါတယ်။

ဒါဆိုရင် သွေးတွေဟာ ပိတ်ဆို့နေတဲ့ သွေးကြောကိုကွေ့ပတ်ပြီး graft မှတဆင့်ဖြတ်သန်းကာ ကောင်းမွန်စွာ စီးဆင်းတော့မှာပါ။ တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ခွဲစိတ်မှုပြုလုပ်ပြီးရင် ဘာတွေဆက်ဖြစ်မလဲ။

ခွဲစိတ်ပြီး ငါးရက်ကနေ ခုနှစ်ရက်လောက်အတွင်းမှာ ဆေးရုံကဆင်းခွင့်ရပါလိမ့်မယ်။ သင်လုပ်ငန်းခွင်ပြန်ဝင်နိုင်မယ့်အချိန်ကို ဆရာဝန်က ပြောပါလိမ့်မယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။

ခွဲစိတ်မှုခံယူပြီးသူအများစုဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ဆောင်နိုင်လေ့ရှိပါတယ်။ သွေးကြောလမ်းလွှဲပေးတဲ့ ပြင်ပပစ္စည်း graft တာရှည်ခံစေဖို့အတွက် သွေးကျဲဆေးတွေသုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    COVID-19 နဲ့ အစာအိမ်၊ အူလမ်းကြောင်းပြဿနာ

    COVID-19၊ ကိုရိုနာဗိုင်းရပ်စ်၊ အစာအိမ်၊ အူလမ်းကြောင်း၊ အဆုတ်၊ အာရုံကြောစနစ်၊ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ သွေးကြော၊ ဝမ်းပျက်၊ ဝမ်းလျှော၊ အော့အန်၊ ဗိုက်အောင့်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    ကိုလက်စထရောမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်ခြင်းများ

    ကိုလက်စထရော ခန္ဓာကိုယ် နှလုံး လေဖြတ် သွေးကြော သွေးတွင်းကိုလက်စထရောပမာဏ ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေး ကိုလက်စထရောကျဆေး အစာခြေစနစ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin

    ကင်ဆာကိုတွန်းလှန်မယ့် ကုသနည်းများ

    ကင်ဆာ ကင်ဆာဆေးသွင်းခြင်း ကင်ဆာဆဲလ် ခွဲစိတ်ကုသခြင်း ခန္ဓာကိုယ် ကင်ဆာကျိတ် ကိုယ်ခံအား ဟော်မုန်းကုထုံး ရိုးတွင်းခြင်ဆီ ကင်ဆာကုထုံးတွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    သွေးတိုးရှိတယ်။ ဆေးမသောက်ချင်ဘူး ဆိုသူတွေအတွက်

    ကိုယ်အလေးချိန် သွေးတိုး နောက်ဆက်တွဲရောဂါ ခန္ဓာကိုယ် ခါးဆိုဒ် အမျှင်ဓာတ် ဆား ငါးပိ ဆေးလိပ် သွေးကြော အယ်လ်ကိုဟော အပင်စိုက် ကဖင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    Endocrine system ဆိုတာ

    Endocrine system (ဟော်မုန်းစနစ်)ဆိုတာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2020 . 2 mins read

    အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 25, 2020 . 2 mins read
    လူနာတွေ ဘာကြောင့် လိမ်ပြောတာလဲ။

    လူနာတွေ ဘာကြောင့် လိမ်ပြောတာလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 2 mins read
    သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

    သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020 . 2 mins read