လူတော်တော်များများ ချက်တစ်ဝိုက်က နာကျင်တာ၊ အောင့်တာကို တော်တော်များများ ခံစားဖူးကြမှာပါ။ တစ်ခါတစ်လေမှာ ဒီလို ချက်တစ်ဝိုက် အောင့်တာ၊ နာတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။
ဒီလို ချက်တစ်ဝိုက်က အောင့်တဲ့အခါ အကောင်းဆုံး နည်းလမ်းက ဆရာဝန်ကို သေချာပြောပြပြီး ဆွေးနွေးတာပါ။ ဒါမှ စိုးရိမ်ရတဲ့ အနေအထားလား၊ မဖြစ်မနေ ကုသမှုခံယူဖို့ လိုတဲ့ အနေအထားလား ဆိုတာကို သေချာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါတွေကြောင့် ချက်တစ်ဝိုက်မှာ နာကျင်တာဖြစ်နိုင်ပါတယ်
ချက်တစ်ဝိုက်မှာ နာကျင်ရတဲ့ အကြောင်းအရာက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဒါတွေကတော့
ကိုယ်ဝန် ရှိနေတာ – အမျိုးသမီးတွေ အနေနဲ့ ချက်တစ်ဝိုက်မှာ နာကျင်နေမယ်။ အိမ်ထောင်လည်း ရှိနေမယ်ဆိုရင် ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။
အချို့သော ကျန်းမာရေးပြဿနာတွေ – အစာမကြေတာကစလို့ အူအတက်ရောင်တာ၊ အစာခြေစနစ် ပြဿနာရှိနေတာကြောင့်လည်း ချက်တစ်ဝိုက်မှာ နာကျင်နေနိုင်ပါတယ်။
ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ပြဿနာ – ဝမ်းဗိုက်ခွဲစိတ်မှု ခံယူထားသူတွေမှာလည်း ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ အနေနဲ့ ချက်တစ်ဝိုက်မှာ နာကျင်တာ၊ အောင့်တာတွေကို ခံစားရနိုင်ပါတယ်။
[embed-health-tool-bmr]