အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲသုံးတာက အမျိုးသမီးတွေမှာ အကြားအာရုံ ဆုံးရှုံးစေနိုင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှု တစ်ခုခုဖြစ်လာတိုင်း အလွယ်တကူ အလွယ်တကူ အကိုက်အခဲပျောက်ဆေးတွေကို သောက်လိုက်တဲ့ သူလေးတွေရှိလား… ဒါဆိုရင်တော့ တော်ရုံ နာကျင်ကိုက်ခဲမှုလောက် အတွက်နဲ့ အကိုက်အခဲပျောက်ဆေးကို မသောက်ပါနဲ့၊ လို့ ပြောပါရစေ။ ဒီလိုပြောရတဲ့ အကြောင်းအရင်းကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ အထူးဖတ်သင့်တာက လေဒီလေးတွေပေါ့။

အကိုက်အခဲပျောက်ဆေး သောက်တိုင်း ကောင်းလား………….

Acetaminophen ဒါမှမဟုတ် ibuprofen လိုမျိုး စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေးဝါးတွေကို ၆နှစ်နဲ့အထက် သောက်သုံးခဲ့တဲ့ အမျိုးသမီးတွေဟာ အကိုက်အခဲပျောက်ဆေးကို တစ်နှစ်ဒါမှမဟုတ် တစ်နှစ်ထက် နည်းတဲ့ကာလ သောက်သုံးခဲ့သူတွေထက် အကြားအာရုံ ဆုံးရှုံးနိုင်ခြေ တော်တော်လေး များနေတာကို တွေ့ရှိရပါ တယ်။

သုတေသီတွေဟာ သည်သုတေသန တွေ့ရှိချက်ကို American Journal of Epidemiology မှာဖော်ပြခဲ့ပါတယ်။

“အကိုက်အခဲပျောက်ဆေးကို ကာလ အတော်ကြာ သုံးစွဲလာခဲ့တဲ့ အမျိုးသမီးတွေမှာ အကြားအာရုံ ဆုံးရှုံးမှုခံစားရနိုင်ခြေဟာ ပုံမှန်ထက် ပိုများနေပါတယ်။” လို့သုတေသနကို ဦးဆောင်တဲ့ ဘော်စတွန် အမျိုးသမီးဆေးရုံ နဲ့ Brigham မှာရှိတဲ့ Channing Division of Network Medicine က ဆရာဝန်တစ်ဦး ဖြစ်သလို ဟားဗတ် ဆေးတက္ကသိုလ် ပါမောက္ခ ဂရေးချာဟန်က ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ အက်စပရင်နဲ့ စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေးဝါးများ (NSAID) တွေလိုမျိုး အကိုက်အခဲ ပျောက်ဆေးတွေကို အသုံးပြုမှုဟာ သိသိသာသာ မြင့်တက်လာခဲ့သလို ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အကိုက်အခဲ ပျောက်ဆေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုက အသက် ၆၀ ကျော် အမျိုးသမီး ၃ ပုံ ၂ ပုံခန့်ဟာ အကြားအာရုံ ချို့ယွင်းမှုကို ခံစားနေရတာကို တွေ့ရှိရပါတယ်။ အစောပိုင်းက အကိုက်အခဲပျောက်ဆေး အသုံးပြုမှုနဲ့ အမျိုးသားများမှာ အကြားအာရုံ ချို့ယွင်းမှု တို့ကြားမှာ ဆက်စပ်မှု ရှိပါတယ်၊လို့တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေဟာ အမျိုးသမီးတွေရဲ့အကြားအာရုံ နဲ့ အကိုက်အခဲပျောက်ဆေး သောက်သုံးမှု ကာလကြားက ဆက်စပ်မှုကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူတို့ရဲ့ လေ့လာသုံးသပ်မှု အသစ်အတွက် သုတေသီတွေဟာ Nurses’ Health Study မှာ အမည်စာရင်းသွင်းထား တဲ့ အမျိုးသမီး ၅၅,၈၅၀ ဦးရဲ့အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။

သုတေသီတွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်တိုင်တင်ပြလာတဲ့ အကြားအာရုံဆုံးရှုံးမှုနဲ့ ibuprofen၊ acetaminophen နဲ့ aspirin သောက်သုံးမှုတွေကြားကဆက်စပ်မှုကို လေ့လာခဲ့ပါတယ်။

လေ့လာမှုရလဒ်မှာတော့ အကိုက်အခဲပျောက်ဆေးတွေကို ၆ နှစ်နဲ့အထက်သောက်သုံးလာခဲ့တဲ့ အမျိုးသမီးတွေမှာ အခြား အမျိုးသမီးတွေထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ပိုများနေပြီး ibuprofen သောက်သုံးသူ အမျိုးသမီးတွေမှာ အကြားအာရုံ ဆုံးနိုင်ခြေဟာ ပုံမှန်ထက် ၁၀ ရာခိုင်နှုန်း ပိုများနေပြီး acetaminophen သောက်သုံးသူအမျိုးသမီး တွေမှာ အကြားအာရုံ ဆုံးရှုံးနိုင်ခြေဟာ ပုံမှန်ထက် ၉ ရာခိုင်နှုန်း ပိုများနေပါတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

အကိုက်အခဲပျောက်ဆေးကို ၆ နှစ်အထက် သောက်သုံးသူ အမျိုးသမီးတွေဟာ အကြားအာရုံ ဆုံးရှုံးနိုင်ခြေဟာ အကိုက်အခဲပျောက်ဆေးကို တစ်နှစ်နဲ့ တစ်နှစ်ထက်နည်းတဲ့ ကာလ သောက်သုံးခဲ့သူတွေထက် တော်တော်လေး ပိုများနေတာကို တွေ့ရပါတယ်။ လို့ သုတေသီတွေက ဆိုပါတယ်။

နည်းနည်းလေး ကိုက်ခဲတာနဲ့ အကိုက်အခဲပျောက်ဆေးသောက်နေသူလေးတွေရှိရင် အခုကစပြီး ဆင်ခြင်လိုက်တော့နော်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကူးစက်ရောဂါအန္တရာယ်ကနေ ကာကွယ်ကြရအောင်

ရောဂါတွေ ကူးစက်နိုင်တဲ့ ရောဂါတွေ မေမေဖေဖေ ချွေးကနေတဆင့် နှာချေ၊ ချောင်းဆိုး တံထွေး၊ချွဲအစအန ချစ်ခင်ရသူတွေ ကာကွယ်ရမလဲ ရေနဲ့ဆပ်ပြာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

တရားထိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုသလား

တရားထိုင်ခြင်း အာရုံစူးစိုက်မှု ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု ကောင်းစွာအိပ်စက်နိုင်ခြင်း စွဲလန်းမှု ကိုယ်ခံစွမ်းအား နှလုံးကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ

လေဒီလေးတွေ ခြေထောက်လှလှ ကြေးတွန်းသန့်စင် သဲကြိုးရာ နေလောင်တာ ကြေးချွတ်သန့်စင်ပါ lotion နေလောင်ကာခရင်မ် မိုးရေတွေ ပေါင်းတင်ပါ baking soda

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အစာခြေလမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လိုကာကွယ်ကြမလဲ။

အစာခြေလမ်းကြောင်း peptic ulcer အစာအိမ်အနာ အက်ဆစ် ဆေးလိပ်သောက် အကိုက်အခဲပျောက်ဆေး စိတ်ဖိစီးမှုများ အစာစားချိန်မမှန် Oသွေးပိုင်ရှင် အရက်သောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ

လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
စအိုကွဲခြင်း (Anal Fissure) အကြောင်း သိထားသင့်သမျှ

စအိုကွဲခြင်း (Anal Fissure) အကြောင်း သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 23, 2020