backup og meta

ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ်

    ကိုယ်ဝန် ရှိနေတာကို မသိလိုက်ဘူး။ ပုံမှန် အတိုင်းပဲ တားဆေးကို ဆက်သောက်လိုက်မိတယ် ဆိုတဲ့ လေဒီလေးတွေများရှိလား။ ဒါက ဖြစ်ခဲတယ် ဆိုပေမယ့် ဒီလိုဖြစ်ခဲ့ရင် ဘာတွေများ ဖြစ်နိုင်မလဲ ဆိုပြီး တွေးပူနေမိတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင် ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ် ဆိုတဲ့ လေဒီလေးတွေအတွက် ရေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ်

    ကိုယ်ဝန် ရှိနေတုန်း တားဆေး သောက်မိတာက ကလေးကို ထိခိုက်နိုင်လား……….. ဒါက အမျိုးသမီး တော်တော်များများ သိချင်ကြတဲ့ အကြောင်းက ကိုယ်ဝန် ရှိနေမှန်း မသိလိုက်ဘဲ တားဆေး သောက်လိုက်မိတယ်။ ဒါဆိုရင် ကလေးကို ထိခိုက်မိနိုင်လား ဆိုတာပါ။ လေ့လာချက်တွေအရ သိရတာက ကိုယ်ဝန်ဆောင်အစောပိုင်း ကာလမှာ တားဆေး သောက်မိတာကြောင့် သန္ဓေသား အပါ်မှာ ထိခိုက်နိုင်တယ်၊ လို့ တိတိကျကျ မသိရသေးပါဘူး။

  • ကလေးမှာ မွေးရာပါ ချို့ယွင်းချက် ပါလာနိုင်တယ်
  • လေဒီ တော်တော်များများ ဖြစ်တတ်တာက ကိုယ်ဝန် ရှိနေမှန်း မသိလိုက်ဘဲ တားဆေး သောက်လိုက်မိတာပါ။ ဒီလိုနဲ့ ကိုယ်ဝန်ရှိမှန်း သိလိုက်ရချိန်မှာ ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါလာတော့မှာပဲဆိုပြီး စိုးရိမ်တာမျိုးရှိနိုင်ပါတယ်။ ဒါက မဖြစ်နိုင်ဘူးလို့ အတိအကျ မပြောနိုင်သလို ဖြစ်နိုင်ပါတယ် လို့လည်း မဆိုနိုင်ပါဘူး။ ကိုယ်ဝန် အစောပိုင်းကာလမှာ  တားဆေး သောက်မိတာကြောင့် မွေးလာမယ့် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ခြေ များတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေတော့ မရှိသေးပါဘူး။ ဖြစ်နိုင်ခြေကတော့ တော်တော် နည်းပါတယ်။
    တားဆေးတွေက ကိုယ်ဝန် ပျက်ကျနိုင်လားဆိုတော့ ဖြစ်နိုင်ခြေ မရှိဘူးလို့ပဲ ပြောပါရစေ။ အကြောင်းကတော့ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေက သားအိမ်ခေါင်းအမြှေးပါးကို ထူစေပြီး သုက်ပိုးတွေ သားအိမ်ထဲကိုဝင်မလာအောင်ကာကွယ်ပေးပါတယ်။ မျိုးအောင်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ကိုယ်ဝန် ပျက်ကျတာကို မဖြစ်နိုင်ပါဘူး။ အရေးပေါ် သန္ဓေတားဆေးကြောင့်လည်း ကိုယ်ဝန် ပျက်မကျနိုင်ပါဘူး။

    တားဆေး အများစုကတော့ ကိုယ်ဝန် ရှိနေချိန်မှာ မသိဘဲ သောက်မိလိုက်ရုံနဲ့ သားအိမ် ပြင်ပမှာ သန္ဓေတည်တာမျိုး မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အရေးပေါ် တားဆေးကို မကြာမကြာ သောက်တတ်တဲ့ သူတွေ၊ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတဲ့ တားဆေး သောက်တဲ့ သူတွေကတော့ ဒါမျိုး ပြဿနာ ကြုံရနိုင်ပါတယ်။

    တားဆေး သောက်နေချိန်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရတယ် ဆိုတာက ဖြစ်နိုင်ခြေ နည်းပေမယ့် သတိထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် ကိုယ်ဝန် ရှိနေတယ်လို့ သံသယရှိမယ် ဆိုရင် ဆီးစစ်ကြည့်စေချင်ပါတယ်။

    သတိထားတာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ တကယ်လို့ ဆီးစစ်ကြည့်တဲ့အခါ ကိုယ်ဝန် ရှိနေတယ်လို့ သိရပြီဆိုရင် ဆေးကို ဆက်မသောက်ပါနဲ့တော့။ ဆီးစစ်ချက် အဖြေက သေသေချာချာ မသိရသေးခင်မှာလည်း တစ်ပတ်စောင့်ပြီး ဆီးပြန်စစ်ပါ။ ဒီအတောအတွင်းမှာလည်း တားဆေးကို မသောက်ဖို့ ပြောပါရစေ။ ဒီအတောအတွင်းမှာ အတူနေမယ်ဆိုရင်တော့ အကာအကွယ်သုံးစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement