Impetigo (အနာစက်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 2, 2019
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Impetigo (အနာစက်) ကဘာလဲ။

အနာစက်ဆိုသည်မှာ အလွန်ကူးစက်လွယ်သော အရေပြားကူးစက်ရောဂါတစ်ခုဖြစ်ပြီး အရေပြားတွင် နာကျင်သောအနာများကို ဖြစ်စေပါသည်။ အနာများသည့် အနီရောင်ရှိပြီး နေရာအနှံ့ပေါက်နိုင်၏။ တစ်ချို့ဖြစ်ရပ်များတွင် နှာခေါင်း၊ ပါးစပ်၊ လက်နှင့် ခြေတွင် အဖြစ်များ၏။ အနာကွဲသည့်အခါတွင် အရည်များစိမ့်ထွက်တတ်ပြီး အဝါရောင်ချပ်ပြားများ ဖြစ်လာနိုင်ပါသည်။

Impetigo (အနာစက်) က ဘယ်လောက်အဖြစ်များသလဲ

အနာစက်ရောဂါသည် ကလေးများတွင် အဖြစ်များသော အရေပြားကူးစက်ရောဂါဖြစ်ပြီး အထူးသဖြင့် ၂-၅ နှစ်အတွက်းကလေးများတွင် အဖြစ်များ၏။ လူကြီးများတွင်ဖြစ်ခဲသည်။ များသောအားဖြင့် တခြားသော အရေပြားလက္ခဏာ သို့မဟုတ် ကူးစက်ရောဂါတို့နှင့် တွဲလာတတ်ပြီး အမျိုးသားများတွင် အဖြစ်များသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Impetigo (အနာစက်) ရဲ့လက္ခဏာတွေကဘာတွေလဲ

အနာစက် ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • အနီရောင်အနာများ မြန်မြန်ပေါက်လွယ်သော ရည်ကြည်ဖုများ ပေါက်ခြင်း
  • ရည်အနည်းငယ်ကြာသည်အထိ အရည်များစီးကျတတ်ပြီး နောက်တွင် အဝါရောင်ချပ်ပြားကြီးဖြစ်သွားတတ်ခြင်း
  • နှာခေါင်း၊ ပါးစပ်နှင့် တခြားနေရာများတွင် အရေပြားနာများပေါက်ခြင်း
  • .ယားခြင်း ကျိန်းစပ်ခြင်း
  • ပြင်းထန်သည့်အခြေအနေများတွင် နာကျင်သော အနာနှင့်အရည်များမှ နက်ရှိုင်းသည့်အနာများအဖြစ် ပြောင်းသွားတတ်သည်။
  • ကူးစက်ရာနှင့်နီးသည့် ပြန်ရည်ကျိတ်များ ရောင်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Impetigo (အနာစက်) ကိုဘာတွေကဖြစ်စေသလဲ

ဘက်တီးရီးယားသည် အနာစက်ဖြစ်ရသည့် အကြောင်းရင်းတစ်ခုဖြစ်၏။ ကူးစက်ခံထားရသောလူမှ ပေါက်နေသောအရည်ကြည်ဖုများ အနာများနှင့် ထိတွေမိလျှင် ဘက်တီးရီးယားပိုး အလွယ်တကူ ကူးစက်နိုင်သည်။

အနာစက်ကိုဖြစ်စေသည့် အဓိက ဘက်တီးရီးယားပိုး နှစ်မျိုးမှာ bacteria-strep (streptococcus) နှင့် staph (staphylococcus) တို့ဖြစ်သည်။ သင့်အရေပြား ပေါက်ပြဲဒဏ်ရာရသည့်အခါ၊ ညှင်းခူ၊ အဆိပ်ဆူး၊ အင်းဆက်ကိုက်ရာ၊ အပူလောင်၊ ပြတ်ရှခြင်းတို့မှဖြစ်သော မျက်စေ့နှင့် မမြင်ရလောက်အောင်သာသေးငယ်သည့် အရေပြားပွန်းပဲ့ရာဖြစ်ပါစေ ဘက်တီးရီးယားပိုး ဝင်နိုင်ပါသည်။

အအေးမိ၊ ဓါတ်မတည့်မှု တစ်ခုခုကြောင့် နှားစေးသည့်အခါ နှာခေါင်းအောက်အရေပြား နှာပူလောင်ရာမှ အနာစက်များ ကလေးများတွင် ဖြစ်လာနိုင်၏။ တစ်ချို့ဖြစ်ရပ်များတွင် ဒီတိုင်းကျန်းမာနေသည့် အရေပြားတွင်တောင် အနာစက်ပေါက်လာနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Impetigo (အနာစက်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အနာစက် ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • အသက် – ၂ – ၅နှစ်ကလေးများသည် အန္တရာယ်အရှိဆုံးဖြစ်သည်
  • မူကြိုကလေးထိန်းကျောင်းများတွင် ကူးစက်နိုင်ချေများသည်။
  • ပူနွေးစွတ်စိုသော ရာသီဥတုသည် ဘက်တီးရီးယားပေါက်ပွား ပျံ့နှံ့စေသည့် အကောင်းဆုံးဥတုဖြစ်သည်။ ထို့ကြောင့် နွေရာသီတွင် အနာစက်ဖြစ်နိုင်ချေ ပိုများ၏။
  • အရည်ပြားကွဲခြင်း – ဘက်တီးရီးများသည် ကွဲနေသော အရေပြားမှတစ်ဆင့် သို့မဟုတ် မမြင်ရသည့် ပွန်းပဲ့ရာဆိုလျှင်တောင် ကူးစက်နိုင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Impetigo (အနာစက်) ကို ဘယ်လိုအတည်ပြုပါသလဲ

သိသာထင်ရှားသည့် အနာပုံစံကိုကြည့်ခြင်းဖြင့် ဆရာဝန်မှ ရောဂါအတည်ပြုမည်ဖြစ်သည်။ သက်သာမလာသည့်အခြေအနေတွင်တော့ အနာများမှထွက်သော အရည်နမူနာကိုယူကာ ဘယ်လိုပဋိဇီဝဆေးက အာနိသင်ရှိကြောင်း စမ်းသပ်နိုင်ပါသည်။ အနာစက်ကိုဖြစ်စေသော တစ်ချို့ဘက်တီးရီးယားများသည် တစ်ချို့သော ပဋိဇီဝဆေးများအား ခုခံနိုင်၏။ ထို့ကြောင့် ထိုကဲ့သို့မဖြစ်စေရန်အတွက် အရည်နမူနာယူရန် လိုအပ်ပါသည်။

တခြားဖျားနာမှုလက္ခဏာများပါ သင့်ကလေးတွင်ရှိနေပါက သွေးစစ် ဆီးစစ်လုပ်ရန် လိုအပ်ပါလိမ့်မည်။

Impetigo (အနာစက်) ကို ဘယ်လိုကုသပါသလဲ

အနာစက်အား ပဋိဇီဝလိမ်းဆေး သို့မဟုတ် ခရင်မ် များ ဖြစ်သည့်နေရာကိုလိမ်းခြင်းဖြင့် ကုသနိုင်ပါသည်။ တစ်ချို့ဖြစ်ရပ်များ၌ ချပ်ပြားများအား ရေနွေးနွေးဖြင့် နူးခွာခြင်းမျိုးလုပ်ရန် လိုအပ်တတ်ပါသည်။ ချပ်ပြားများကို ဖယ်ပြီးပါက ပဋိဇီဝဆေးများသည် အရေပြားမှ ကောင်းကောင်းစိမ့်ဝင်နိုင်ပါလိမ့်မည်။

လိမ်းဆေး၊ ခရင်မ်များ သုံးလို့မရလောက်အောင် အနာစက်များ များလွန်းနေသည်ဆိုပါက သောက်ဆေးများသုံးနိုင်ပါသည်။ အနာများ ပျောက်သွားသည့်တိုင်အောင် ဆေးကို ရက်အပြည့်ဆက်သောက်ရန် အရေးကြီးပါသည်။ ကောင်းပြီးထင်၍ရပ်လိုက်ပါက ပြန်ဖြစ်လာနိုင်သလို ဆေးလဲတိုးတော့မည်မဟုတ်ပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အနာစက် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အနာစက် ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

အရေပြားကိုသန့်ရှင်းနေပါစေ။ ပြတ်ရှရာများ၊ ကုတ်ခြစ်ရာများ၊ အင်းဆက်ကိုက်ရာများနှင့် တခြားအရာများကို ချက်ချင်းဆေးခြင်းဖြင့် သန့်ရှင်းစေနိုင်ပါသည်။

ကူးစက်ခံရသူ၏ အဝတ်အစားများ အိပ်ယာခင်းများ တဘက်များကို နေ့တိုင်းလျှော်ပါ။ တခြားသူများနှင့် မျှဝေမသုံးစေရပါ။

ကုတ်ဖဲ့ခြင်းမှကာကွယ်ရန်အတွက် ကလေးလက်သည်းကို ညှပ်ပေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ

    အစာမကြေခြင်း အစာအဆိပ်သင့်ခြင်း လက္ခဏာ ကုသမှု အစာခြေစနစ်ပြဿနာ အစာချေဖျက်ခြင်း ဗိုက်အောင့် ဗိုက်နာ ပျို့အန်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    အစာမကြေတာကြောင့် ပျော်စရာခရီးစဉ်လေး မပျက်ရစေဖို့

    ခရီးထွက်ြပီဆိုကတည်းက လူတိုင်းကတော့ ပျော်စရာခရီးစဉ်လေး ဖြစ်ချင်ကြတာပဲမလား။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ညအရမ်းနောက်ကျမှ အစာစားတဲ့အခါ ဘာဖြစ်နိုင်လဲ

    ရင်ပူခြင်း အစာမကြေခြင်း သွေးတိုး ညဘက်အချိန် အစာစားခြင်း အဆီ ဆီးချို ဖြစ်နိုင်တဲ့ကျန်းမာရေးပြဿနာတွေ ကိုယ်အလေးချိန်တက်စေတယ် အိပ်စက်ခြင်းကိုထိခိုက်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ထမင်းစားပြီၤးရေချိုးရင် ရေဖျဉ်းစွဲတတ်တယ် ဆိုတာ ဟုတ်လား

    အစာမကြေခြင်း ယုံတမ်းစကားများ ရေချိုးခြင်း ရေဖျဉ်းစွဲ အစာစားပြီးရေချိုးခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    စိတ်ကြွစိတ်ကျခြင်းကြောင့်ဖြစ်လာသော ကိုယ်ခန္ဓာအပေါ် ရိုက်ခတ်မှုများ

    စိတ်ကြွစိတ်ကျခြင်းကြောင့်ဖြစ်လာသော ကိုယ်ခန္ဓာအပေါ် ရိုက်ခတ်မှုများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် မေ 8, 2020
    ဒါတွေက ဗိုက်ပွ စေနိုင်တာ သင်သိရဲ့လား

    ဒါတွေက ဗိုက်ပွ စေနိုင်တာ သင်သိရဲ့လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2020
    မြန်မြန်စားရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

    မြန်မြန်စားရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 14, 2019
    အစာမကြေမဖြစ်ချင်ရင် ရှောင်သင့်တဲ့အချက်များ

    အစာမကြေမဖြစ်ချင်ရင် ရှောင်သင့်တဲ့အချက်များ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 5, 2019