နားပြဿနာများ

နားပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး နားကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နားပြဿနာများ

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

နားယားတာက အတော်လေး ကသိကအောက် ဖြစ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် တော်တော်များများက နားယားတာကို ပုံစံအမျိုးမျိုး အကြောင်းရင်းခံ အဖုံဖုံနဲ့ ကြုံဖူးကြမှာပါ။ အခုတစ်ခေါက်တော့ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတာနဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ! နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ နားပိုးဝင်တာ နားယားတယ်ဆိုတာက တစ်ခါတလေမှာ နားအတွင်းပိုင်းထဲကို ပိုးဝင်ကူးစက်တာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါ။ ဒီလိုမျိုး ပိုးဝင်တာကြောင့် နားယားတာက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပါတယ်။ နားထဲကို ပိုးဝင်တာက နားယားတာနဲ့အတူ အဖျားဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ နားထဲမှာ နားဖာချေးတွေရှိနေတာာ ဒါမှမဟုတ် နားထဲ ရေဝင်သွားမယ်ဆိုရင်လည်း နားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။  […]

နားပြဿနာများ ကို ရှာဖွေမည်။

နားပြဿနာများ

နားထဲပိုးဝင်ပြီး နားကိုက် ခြင်းကနေ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်သလဲ

နားပိုးဝင်တယ်၊ နားကိုက် တယ်ဆိုတာ ကလေးတွေမှာ အဖြစ်များပြီး မပေါ့ဆသင့်တဲ့ အခြေအနေတစ်ခုပါ။ သူ့ဘာသူဖြစ်ဖြစ်၊ အကိုက်အခဲပျောက်ဆေးသောက်လိုက်လို့ ပြန်ပျောက်သွားတာမျိုးတွေရှိပေမယ့် ကံမကောင်းရင်တော့ နားထဲ ရောဂါပိုးဝင်တာကနေတစ်ဆင့် တခြား ကြီးကြီးမားမား ကျန်းမာရေးပြဿနာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလို နားပိုးဝင်ခြင်းကနေ ဆိုးဝါးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ အဖြစ်နည်းပေးမယ့် ဖြစ်ရင်လည်း ဂိတ်ဆုံးဆိုသလိုဖြစ်တာကြောင့် ဒီနောက်ဆက်တွဲဆိုးကျိုးတွေကို သိထားဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ နားထဲပိုးဝင်ခြင်းပြီး နားကိုက် ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ အကြားအာရုံဆုံးရှုံးခြင်း နားထဲရောဂါပိုးဝင်ပြီး နားကိုက် တာ၊ နားပြည်ယိုတာမျိုးတွေ ဖြစ်လိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်တာတွေက ခဏခဏ ဖြစ်နေရင် နောက်ပိုင်း နားမကြားရတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကံကောင်းတာတစ်ခုက ဒီလို အကြားအာရုံ ဆုံးရှုံးတာ ခဏပဲဖြစ်ပြီး ပြန်သက်သာသွားတတ်ပါတယ်။ အကြားအာရုံ လုံးဝကို ဆုံးရှုံးသွားတဲ့ အခြေအနေတွေက လူအယောက် ၁၀၀၀၀ […]


နားပြဿနာများ

ဖောက်ထားတဲ့ နားပေါက် ပိုးဝင်နေလို့ စိတ်ညစ်နေပါသလား

နားကပ်တွေကြိုက်လို့ လှချင်လို့ နားပေါက် ဖောက်ပြီးကာမှ နားမှာ အနာဖြစ်နေလို့ နားကပ်မပန်ရဘဲ စိတ်ညစ်နေတဲ့ သူတွေရှိပါသလား။ ဒီလို လှချင်လို့ နားပေါက်ဖောက်လိုက်ကာမှ ခုလို ပိုးဝင်ပြီး အနာဖြစ်နေတာ စိတ်ညစ်စရာပဲနော်။ ဒါကြောင့် ဖောက်ထားတဲ့ နားပေါက်ကို အနာမဖြစ်အောင် ဘယ်လို ဂရုစိုက်ကြမလဲ။ နားပေါက် ဘယ်လိုဖောက်ကြမလဲ။  ခေတ်စားနေတာကတော့ သေနတ်နဲ့ နားပေါက်ဖောက်တာပဲ ဖြစ်ပါတယ်။ မြန်ဆန်ပြီး ဖောက်တဲ့တစ်ကြိမ်လောက်ပဲ ပူကနဲ နာကျင်မှုကို ခံစားရမှာပါ။ တစ်ခုသတိထားသင့်တာကတော့ နားပေါက် မဖောက်ခင်မှာ ကိုယ့်နားကို သန့်ရှင်းလေး လုပ်ပေးထားဖို့ပဲ ဖြစ်ပါတယ်။ အပ်နဲ့ ဖောက်မယ်ဆိုရင်တော့ တစ်ခါသုံးအပ်တွေကို သုံးသင့်ပါတယ်။ နားပေါက်ဖောက်ပြီးသား အနာပိုးဝင်တာ ဘာကြောင့်ဖြစ်ရတာလဲ။  နားပေါက်ဆိုတာ နားက အသားကို ထုတ်ချင်းဖောက်လိုက်တာပဲဖြစ်တာကြောင့် နားပေါက်ကိုယ်တိုင်က အနာတစ်ခုလို့ ပြောလို့ရပါတယ်။ အရိုးနု တွေနဲ့ ဖွဲ့စည်းထားတဲ့ နားမှာ အနာတစ်ခုဖြစ်ပြီဆိုတာနဲ့ […]


နား၊ နှာခေါင်း၊ လည်ချောင်း

အကြားအာရုံကောင်းစေဖို့ လုပ်ဆောင်ပေးသင့်တာအချို့

လူတွေရဲ့ လှုပ်ရှားလုပ်ဆောင်မှုတိုင်းက အမြင်၊အကြား၊အထိအတွေ့အာရုံတွေပေါ်မှာ အခြေခံတာပါ။ ဒီအာရုံတွေထဲက တစ်ခုခုသာ မကောင်းခဲ့ဘူးဆိုရင်နေ့စဉ်လှုပ်ရှားမှုမှာတော်တော်လေး ထိခိုက်မှာပါ။ ဒီတော့ အာရုံခံစားမှုတွေကာင်းဖို့က မဖြစ်မနေဂရုစိုက်ဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒီတစ်ခေါက်တော့ အကြားအာရုံေကာင်းစေဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေကိုပြောပြပေးပါမယ်။ ဒီအချက်တွေကြောင့် အကြားအာရုံထိခိုက်စေနိုင်ပါတယ် တစ်ခုခုမပြောခင် အရင်လုပ်ရတဲ့အလုပ်ကနားထောင်ရတာပါ။ နားလေးပဲခဏလောက် ပိတ်ထားကြည့်လိုက် ဘာပြောမှန်းမသိလို့ ဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်သွားနိုင်တာသိပြီးဖြစ်မှာပါ။ ဒီတော့ အကြားအာရုံကိုကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်မယ်ဆိုတာ အထွေအထူးတောင်ပြောနေစရာမလိုပါဘူး။ ဝက်သက်လိုမျိုးရောဂါပိုးကူးစက်ဖြစ်ပွားတာ ကျယ်လောင်ဆူညံတဲ့အသံတွေ အမြဲနားထောင်နေရတာ နားထိခိုက်နိုင်တဲ့ ဆေးတွေ အလွန်အကျွံသောက်မိတာ အသက်အရွယ်ကြီးရင့်လာတာ မွေးရာပါအကြားအာရုံမကောင်းတာ အဖျားကြီးတာ လေဖြတ်တာ ဦးနှောက်မှာ အကျိတ်တွေဖြစ်တာကြောင့် အကြားအာရုံဆုံးရှုံးနိုင်ပါတယ်။ ဒါတွေအပြင် တစ်ခုခုနဲ့နားစည်ကို ထိုးမိတာ နားဖာချေးတွေပိတ်နေတာ နားပိုးဝင်ကူးစက်တာ နားအတွင်းပိုင်းအရိုးထိခိုက်မိတာ နားထဲကိုပြင်ပအရာဝတ္ထုတစ်ခုခုဝင်တာတွေကြောင့်လည်း အကြားအာရုံထိခိုက်စေနိုင်ပါတယ်။ အကြားအာရုံကောင်းစေဖို့လုပ်ဆောင်ပေးသင့်တာအချို့ အကြားအာရုံကောင်းစေဖို့နဲ့ပြန်လည်သန်စွမ်းလာစေဖို့ အခုပြောပြမယ့် နည်းလမ်းလေးတွေကအထောက်အကူပြုပေးနိုင်မှာပါ။ လေ့ကျင့်ခန်းလုပ်ပါ လေ့ကျင့်ခန်းလုပ်ပါဆိုလို့ Gym သွားခိုင်းတာမဟုတ်ပါဘူး။နေ့စဉ်ပုံမှန် တိတ်ဆိတ်တဲ့နေရာလေးမှာ ၁၅ မိနစ်လောက်လမ်းလျှောက်ပေးတာမျိုးက အကြာအာရုံကောင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ မနက်ခင်းမှာနေရောင်နွေးနွေးလေးအေးအေးလေးကို […]


နား၊ နှာခေါင်း၊ လည်ချောင်း

အကြားအာရုံကောင်းဖို့ ဘာတွေစားမလဲ

လူတစ်ယောက်ချင်းစီမှာ သဘာဝ အာရုံ ၅ ပါးစီပေးအပ်ထားပါတယ်။ ဒါတွေကတော့ အကြားအာရုံ၊ အမြင်အာရုံ၊ အနံ့ခံအာရုံ၊ အရသာခံနိုင်စွမ်းအာရုံ နဲ့ အထိအတွေ့အာရုံတို့ပါ။ ဒီတစ်ခုချင်းစီကောင်းပါ ကျန်းမာပါမှ လူတစ်ယောက်က စိတ်လက်ချမ်းသာရတာပါနော်။ ဒီလိုမျိုးကျန်းမာဖို့ဆိုရာမှာလည်း လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေဖို့လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ အကြားအာရုံလေးကောင်းဖို့ ဘာတွေလိုအပ်မလဲဆိုတာကို နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ အကြားအာရုံကောင်းစေဖို့ ဒါတွေလိုအပ်ပါမယ် တစ်ကိုယ်လုံး ဟန်ချက်ညီညီလှုပ်ရှားပြီး ကျန်းမာနေစေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ သင့်တင့်မျှတစွာရရှိဖို့လိုအပ်မှာပါ။ အကြားအာရုံကောင်းစေဖို့ဆိုရင်တော့ ပိုတက်ဆီယမ် အကြားအာရုံအတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွင်းနားရဲ့ အရည်ဓါတ်ကို ထိန်းညှိပေးပါတယ်။ အရွယ်ရလာတာနဲ့အမျှ အရည်ဓါတ်ကျဆင်းလာပြီးအကြားအာရုံချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ကြွယ်ဝစေဖို့ အာလူး၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ပဲအမျိုးမျိုး၊ စပျစ်သီးခြောက်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဒိန်ချဉ်၊ အဆီထုတ်နို့တို့စားသုံးပေးပါ။     ဖောလစ်အက်ဆစ် ဆဲလ်အသစ်တွဖြစ်ပေါ်အောင်လှုံ့ဆော်ပေးပြီး ခန္ဓါကိုယ်တလျှောက်သွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပါတယ်။ နားအတွင်းပိုင်းကမွှေးညှင်းလေးတွေရဲ့ဆဲလ်တွေကိုကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့်ဖောလစ်အက်ဆစ်ရရှိစေဖို့ အသည်း၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ နဲ့ကညွတ်တို့စားပေးပါ။-   မဂ္ဂနီဆီယမ် ဆူညံလွန်းတဲ့အသံတွေကြောင့် […]


နား၊ နှာခေါင်း၊ လည်ချောင်း

ကိုယ့်ကလေး နားကိုက်ရင် ဘာတွေလုပ်ပေးမလဲ။ ။

နားကိုက်တယ်ဆိုတာ တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေမှာသာ နားကိုက်တာ ဖြစ်ခဲပေမယ့် အသက် ၅ နှစ်အောက် ကလေးတွေမှာတော့ နားကိုက်တာ အဖြစ်များတဲ့ အရာတစ်ခုပါ။ ကလေးတွေဆိုတာလည်း ဘယ်လိုခံစားနေရလဲဆိုတာ သေချာ မပြောပြနိုင်တဲ့အတွက် မိဘဖြစ်သူတိုင်း ကလေးနားကိုက်နေပြီဆို ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ နားဘာကြောင့် ကိုက်ရတာလဲ။ ။ နားထဲပိုးဝင်တာ နားဖားချေးပိတ်တာ နားထဲရေဝင်တာမျိုးနဲ့ နားအတွင်းပိုင်း ထိခိုက်မိတာမျိုးတွေ သွားကိုက်၊ လည်ချောင်းနာတဲ့ အနာတွေက နားဆီပျံ့လာတာကြောင့် နားကိုက်ရတာဖြစ်ပါတယ်။ နားရဲ့ ဘယ်အစိတ်အပိုင်းကို အများဆုံးထိတာလဲ။ ။ နားကိုက်တာ အများဆုံးက နားအလယ်ပိုင်းမှာ အဖြစ်များပါတယ်။ နားရောင်ပြီး နားကိုက်တာကို ဆေးပညာအရဆို ortitis media လို့ခေါ်ပါတယ်။ နားစည်အလယ်လောက်မှာရှိတဲ့နားပြွန်ထဲမှာ နားဖားချေးပိတ်နေတာ၊ ရေဝင်သွားတာမျိုးတွေဖြစ်ရင် အပြင်က အသံတွေက နားစည်ဆီကို ရှင်းရှင်းလင်းလင်းမရောက်နိုင်တာကြောင့် ကိုယ့်ရဲ့ အကြားအာရုံကိုပါထိခိုက်စေပါတယ်။ ကိုယ့်ကလေး နားကိုက်နေပြီဆိုတာ […]


နားပြဿနာများ

ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ်

တစ်ကိုယ်ရေသန့်ရှင်းရေးမှာ နားသန့်ရှင်းရေးကလည်း မေ့ထားလို့ မရတဲ့ အချက်တစ်ခုပါ။ လူကြီး တစ်ယောက် အနေနဲ့ အချိန်အဆကို နားလည်နေတာကြောင့် နားသန့်ရှင်းတဲ့အခါ အခက်အခဲ မရှိပေမယ့် ကလေး တစ်ယောက်ကို နားသန့်ရှင်းပေးဖို့ ကျတော့ ခက်တယ်နော်။ မသန့်ရှင်းဘဲ ထားလို့ ရပေမယ့် နားထဲမှာ နားဖာချေးတွေ အရမ်း များတဲ့အခါမှာတော့ သန့်ရှင်းပေးဖို့ လိုအပ်မှာလေနော်။ ဒီတော့ ဘေဘီလေးတွေကို ဘယ်လို နားသန့်ရှင်းပေးရမလဲ သိချင်နေတဲ့ မေမေ၊ တီတီနဲ့ ဖွားဖွားတို့အတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။ ကဲ ... ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ် ဆိုရင် ဘာတွေ သတိထားဖို့ လိုမလဲ။ နားဖာချေး ဆိုတာ နားဖာချေးဆိုတာက နားကို ကာကွယ်ဖို့ ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးတဲ့အရာတွေပေါ့။ လူကြီးရော ကလေးမှာပါဖြစ်နိုင်ပါတယ်။ နားထဲကို ပြင်ပကအရာတွေ၊ ဖုန်မှုန့်တွေ […]


နား၊ နှာခေါင်း၊ လည်ချောင်း

နားထဲတစ်ခုခုဝင်ခဲ့ရင်

နေ့စဉ်လှုပ်ရှားမှုတွေတိုင်းအတွက်မြင်ဖို့၊ကြားဖို့ကမဖြစ်မနေလိုပါတယ်။ လူတစ်ယောက်အနေနဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းစွာလုပ်ကိုင်နိုင်ဖို့ဆိုရင် အမြင်အာရုံ၊ အကြားအာရုံနဲ့ အနံ့ခံအာရုံ ၃ ခုစလုံးကောင်းမှဖြစ်မှာပါ။ ဒီတော့ မျက်စိ၊နား၊နှာခေါင်း တို့ကိုသေချာစွာဂရုစိုက်ဖို့လိုပါမယ်။ အမြင်အာရုံဆုံးရှုံးတဲ့အခါမြင်သင့်တာတွေနဲ့ လှပတဲ့မြင်ကွင်းတွေကို မမြင်တွေ့ရတော့တာမျိုးဖြစ်နိုင်သလို အကြားအာရုံဆုံးရှုံးတဲ့အခါမှာလည်း သာယာငြိမ့်ညောင်းတဲ့အသံတွေနဲ့ ကြားသင့်တဲ့ အသံတွေကိုကြားခွင့်မရမှာပဲဖြစ်ပါတယ်။ တစ်ခါတလေမှာ အခန့်မသင့်လို့ဖြစ်ဖြစ်၊ မတော်တဆဖြစ်ဖြစ် နား၊မျက်လုံးနဲ့ နှာခေါင်းထဲကိုပြင်ပအရာတွေဝင်ရောက်တတ်ပါတယ်။ အထူးသဖြင့် ကလေးလေးတွေမှာပိုအဖြစ်များပါတယ်။ဆော့ရင်းနဲ့ဖြစ်ဖြစ် စိတ်ထင်သလိုကောက်ထည့်လိုက်တာ၊ရှုရှိုက်လိုက်တာတွေကြောင့် နားနဲ့ နှာခေါင်းထဲကိုပြင်ပအရာတွေဝင်ရောက်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေက စိုးရိမ်တကြီးနဲ့ထုတ်မိတတ်ကြပါတယ်။ အဆင်ပြေပြေမထုတ်နိုင်ရင် ထိခိုက်မှုကြီးသွားနိုင်ပါတယ်။ နားဆိုရင်လည်း အကြားအာရုံချို့ယွင်းသွားတာမျိုးတွေအထိတောင်ဖြစ်နိုင်ပါတယ်။ နားထဲကို တစ်ခုခုဝင်တဲ့အခါ နားထဲကိုပြင်ပကအရာဝတ္ထုတွေ၊ပိုးကောင်လိုမျိုးအရာတွေ ဝင်တဲ့အခါ - နားထဲက နာကျင်မယ် ရောဂါပိုးဝင်မယ် အကြားအာရုံဆုံးရှုံးမယ် နားထဲကပြည်ယိုတာမျိုးဖြစ်နိုင်ပါတယ်။ နားထဲတစ်ခုခုဝင်နေတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ် လူကြီးတွေက သူတို့နားထဲတစ်ခုခုဝင်နေတဲ့အခါပြောပြနိုင်ပေမယ့် ကလေးငယ်လေးတွေကတော့ နားထဲတစ်ခုခုဝင်နေတဲ့အခါပြောမပြတတ်ကြပါဘူး။ နားဆိုတာကလည်း အထိခိုက်ခံနိုင်စွမ်းနည်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့်သေသေချာချာဂရုစိုက်ဖို့ လိုမှာပါ။ ကလေးတွေကိုဆိုရင်တော့ လူကြီးတွေကသေချာစောင့်ကြည့်ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ နားထဲပစ္စည်းတစ်ခုခုဝင်တဲ့အခါပြသတတ်တဲ့လက္ခဏာတွေက နားထဲဝင်နေတဲ့ ပစ္စည်းရဲ့အရွယ်အစားပေါ်မူတည်ပြီး […]


နားပြဿနာများ

Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း) ကဘာလဲ။ နားတွင်ဆူညံသံကြားနေရခြင်း အကြားပိုင်းဆိုင်ရာ စဉ့်ကလျဉ့်အလျာဖြစ်ခြင်းဖြစ်ပြီး နား သို့မဟုတ် ခေါင်းတွင် ဆူညံသံများကြားနေရခြင်းဖြစ်သည်။ ထိုဆူညံသံများက တိုးနိုင်သည် ကျယ်နိုင်သည် နူးညံနိုင်သည်။ နားတဖက်သို့မဟုတ် နှစ်ဖက်လုံးတွင်ကြားနိုင်သည်။ နားတွင်ဆူညံသံကြားနေရခြင်းသည် အကြားစနစ်တွင်မှားယွင်းနေခြင်းဖြစ်သည်။ ထိုအရာကို ရောဂါလက္ခဏာတစ်ခုအဖြစ်သာသက်မှတ်ပြီး ရောဂါတခုဟု သီးသန့်မသတ်မှတ်ပေ။ သို့သော် သင့်ဘဝလှုပ်ရှားမှု နှင့် သင့်ဘဝပျော်ရွင်နိုင်မှုအပေါ်အနှောက်အယှက်ပေးနိုင်သည်။   Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။၁၀ရာခိုင်နှုန်းသောအမေရိကန်များတွင် အနည်းဆုံးဆယ်မိနစ်ခန့်ခံစားဖူးကြသည်။ ၂၅မီလီယမ်သော အမေရိကန်များတွင်ထိုလက္ခဏာများရှိတတ်သည်။ ယောကျာ်းလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများTinnitus (နားတွင်ဆူညံသံကြားနေရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သင့်တွင် နားတွင်ဆူညံသံကြားနေရခြင်းရှိပါက သင်သည် တကယ်မရှိသောဆူညံသံများကိုနားတွင်ကြားနေရမည်။ အောက်ပါ အသံများပါဝင်တတ်သည်။ တယ်လီဖုန်းသံ တဝီဝီမြည်သံ ဟိန်းသံ ချက်ကနဲမြည်သံ ရှုးရှူးရှဲရှဲမြည်သံ ထိုမမှန်ကန်သောအသံများသည် တိုးသည်မှ ကျယ်သည်အထိဖြစ်နိုင်သည်။ အခြို့သောကိစ္စများတွင် ကျယ်လွန်း၍ တကယ့်အသံကိုအာရုံမစိုက်နိုင်သည်အထိဖြစ်တတ်သည်။ နားတွင်ဆူညံသံကြားနေရခြင်းသည် အမြဲတမ်းရှိနေတတ်ခြင်း နှင့်သူ့အလိုလိုသက်သာသွားခြင်းတို့ဖြစ်တတ်သည်။   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


နားပြဿနာများ

Foreign object in the ear canal (နားအတွင်းသို့ ပြင်ပ အရာဝတ္ထုများဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Foreign object in the ear canal (နားအတွင်းသို့ ပြင်ပ အရာဝတ္ထုများဝင်ခြင်း) ကဘာလဲ။ နားထဲကို ပြင်ပအရာတွေဝင်တယ်ဆိုတာ နားစည်လမ်းကြောင်း ( နားစည်နဲ့ အပြင်နှဲု့ ဆက်ထားတဲ့လမ်း) မှာမူလရှိမနေတဲ့ ဘယ်အရာမဆိုရှိနေတာကို ခေါ်ပါတယ်။ လူတစ်ယောက်က နားထဲကို ရည်ရွယ်ချက်နဲ့ ( ဥပမာ ဂွမ်းစ) ဖြစ်စေ မရည်ရွယ်ပဲနဲ့( ဥပမာ နားကပ်) ဖြစ်စေ တစ်ခုခုထည့်သွင်း မိတတ်ပါတယ်။ ကလေးတွဆိုရင် မိခင်နားကိုဖြစ်စေ အခြားကလေးတွေ နားထဲဖြစ်စေ ပစ္စည်းတော်တော်များများ လိုက်ထည့်တတ်ပါတယ်။ တစ်ခါတစ်လေလည်း အင်းဆက်တစ်ကောင်ကောင်က နားထဲဝင်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဂွမ်းပဲဖြစ်စေ အရုပ်ပဲဖြစ်စေ၊ နားထဲဝင်သွားတဲ့ပစ္စည်းဟာ လွယ်လွယ်နဲ့ပြန်မထွက်လာတတ်ပါဘူး။ Foreign object in the ear canal (နားအတွင်းသို့ ပြင်ပ အရာဝတ္ထုများဝင်ခြင်း) က […]


နားပြဿနာများ

Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း) ကဘာလဲ။ ချာချာလည်အောင်မူးခြင်းဆိုတာ သင့်ပတ်ဝန်းကျင်က ကမ္ဘာကြီးတခုလုံး စကောထဲထည့်လှိမ့်သလို ချာချာလည်အောင် ခံစားရခြင်း ဖြစ်ပါတယ်။ နားရဲ့အတွင်းပိုင်း ပြသနာကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ချာချာလည်အောင် မူးခြင်းကို ပေါ်လိုက်ပျောက်လိုက် ဖြစ်စေပါတယ်။ လူတချို့မှာ BPPV ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့ဖာသာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် ပြန်ဖြစ်နိုင်ပါတယ်။ BPPV ဟာ ဆိုးရွားတဲ့ကျန်းမာရေး ပြသနာတော့ မဟုတ်ပါဘူး။ Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘဝတလျှောက်ဖြစ်ပွားနှုန်းဟာ ၂.၄%ရှိပြီး တခြားခန့်မှန်းချက်အ၇ လူဦးရေ တသိန်းမှာ ၁၀ဦးကနေ ၆၄ဦးထိ ဖြစ်ပွားတယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် တခါတရံ ရောဂါအမည်တပ်မှားတာပါရှိနိုင်ပြီး ဒီထက်ဖြစ်ပွားနှုန်းများတယ်လို့ ဆရာဝန်များက ယုံကြည်ကြပါတယ်။ အသက်ကြီးသူတွေ အထူးသဖြင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်