ဒါဆို နားပေါက်ကို ဘယ်လိုဂရုစိုက်ကြမလဲ ။ ။
- နားပေါက်ကို လက်နဲ့မကိုင်ခင် လက်ဆေးပါ။ ခဏခဏ လက်နဲ့ သွားသွား မထိပါနဲ့။
- အရက်ပြန်တို့၊ hydrogen peroxide တို့၊ ပိုးသတ်ဆေး ခရင်မ်တို့ကို မသုံးပါနဲ့။
- ဆားရည်ဖြစ်ဖြစ်၊ ပိုးသတ်ဆေးရည် ဖြစ်ဖြစ် သုံးပြီး နားပေါက်ကို သန့်စင်ပေးပါ။
- နားပေါက်ပိုးဝင်နေလို့ဆိုပြီး နားကပ်ကို တစ်ချိန်လုံး ချွတ်မထားလိုက်ပါနဲ့။ ချွတ်လိုက်တဲ့ နားကပ်နေရာမှာ ကျန်ခဲ့တဲ့ နားပေါက်ကနေ ပိုးတွေ ပိုဝင်နိုင်လို့ပါ။
- ပြီးရင် နားပေါက်ကို တစ်ရှူးလေးနဲ့ အမြဲသန့်စင်ပေးပါ။
နားပေါက်ပိုးဝင်တာ သက်သာသွားပြီဆိုပေမယ့်လည်း အပေါ်မှာ ပြောထားတဲ့ နားပေါက်သန့်ရှင်းတဲ့ အလေ့အကျင့်ကို ၁ ပတ်လောက်ထိ ဆက်လုပ်ပေးပါ။
သိထားရမှာက နားပေါက်ဖောက်ထားတဲ့ အနာဟာ ဘာပိုးမှ မဝင်ရင်တောင် အနာကျက်ဖို့ ၆ပတ်ကနေ ၈ပတ်လောက်အထိကြာတတ်ပါတယ်။ ဒါကြောင့် ဒီ ၆ပတ်ကနေ ၈ပတ်အချိန်အတွင်းမှာ နားပေါက်ကို သေချာဂရုစိုက်ပေးရင် နားအနားပိုးဝင်တာမျိုးတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ။
ဘယ်အခြေအနေဆို ဆရာဝန်နဲ့ သွားပြဖို့ လိုအပ်လဲ။
နားပေါက်ပိုးဝင်တာ အရမ်းကြီး မဆိုးသေးဘူးဆိုရင် အိမ်မှာပဲ သက်သာအောင် လုပ်လို့ရပေမယ့် ခုပြောမယ့် လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန် နဲ့ သွားပြသင့်ပါတယ်။
- နားကပ်က ရောင်နေတဲ့ နားပေါက်ထဲနစ်နေပြီး နားကပ်ကို ချွတ်လို့မရတော့တာ။
- နားကို အပေါ်မှာ ပြောထားသလို သေချာသန့်ရှင်း ဂရုစိုက်ပေးနေပေမယ့် ၃ ၄ ရက်ကြာတဲ့အထိ မသက်သာတာ၊
- အဖျားတက်လာတာ နဲ့
- ရောင်နေတာ ၊ ပိုးဝင်တာတွေက နားတစ်ခုလုံကို ပျံ့သွားတာတွေပဲ ဖြစ်ပါတယ်။
မဖြစ်ခင်က ကြိုတင်ကာကွယ်ရင် အကောင်းဆုံးမို့ နားပေါက်ဖောက်ပြီဆိုတည်းက ဖောက်ထားတဲ့ နားပေါက်ကို သေချာဂရုတစိုက်နဲ့ သန့်ရှင်းပေးဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။