နားပြဿနာများ

နားပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး နားကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နားပြဿနာများ

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

နားယားတာက အတော်လေး ကသိကအောက် ဖြစ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် တော်တော်များများက နားယားတာကို ပုံစံအမျိုးမျိုး အကြောင်းရင်းခံ အဖုံဖုံနဲ့ ကြုံဖူးကြမှာပါ။ အခုတစ်ခေါက်တော့ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတာနဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ! နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ နားပိုးဝင်တာ နားယားတယ်ဆိုတာက တစ်ခါတလေမှာ နားအတွင်းပိုင်းထဲကို ပိုးဝင်ကူးစက်တာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါ။ ဒီလိုမျိုး ပိုးဝင်တာကြောင့် နားယားတာက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပါတယ်။ နားထဲကို ပိုးဝင်တာက နားယားတာနဲ့အတူ အဖျားဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ နားထဲမှာ နားဖာချေးတွေရှိနေတာာ ဒါမှမဟုတ် နားထဲ ရေဝင်သွားမယ်ဆိုရင်လည်း နားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။  […]

နားပြဿနာများ ကို ရှာဖွေမည်။

နား၊ နှာခေါင်း၊ လည်ချောင်း

ကလေးများတွင် နားထိခိုက်ခြင်း

နားထိခိုက်မိခြင်းဆိုတာ ဘာလဲ ပြင်ပဒဏ်ရာ အများစုဟာ သွေးခြေဥခြင်းနဲ့ ပွန်းခြစ် ဒဏ်ရာများဖြစ်ပါတယ်။ နားဟာ ဆိုးဆိုးရွားရွား ရောင်ရမ်းနေရင် သွေးခဲနေခြင်းကြောင့်ဖြစ်တတ်ပြီး မကုသဘဲထားလိုက်ရင် နားရဲ့ပုံသဏ္ဍာန်ဟာ အမြဲတမ်း ပျက်စီးသွားနိုင်ပါတယ်။ နားပေါက်ထဲကနေ သွေးထွက်ခြင်း အများစုဟာ လက်သည်း၊ နားကြပ်တံ၊ နားတွင်းကြည့် ကိရိယာစတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို ပွန်းခြစ်ဒဏ်ရာများဟာ သွေးအနည်းငယ်သာ ထွက်တတ်ပြီး ဒဏ်ရာကောင်းကောင်း ပြန်ကျက်ပါတယ်။ ရှည်ပြီး ထိပ်ဖျားချွန်တဲ့ပစ္စည်း ဥပမာ ခဲတံ၊ တုတ်ချောင်း၊ အအေးပိုက်၊ ဝါယာ စတာတွေဟာ နားစည်ကို ပေါက်ပြဲစေတဲ့အပြင် အကြားအာရုံကို ဒုက္ခရောက်စေတဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေ ရှိပါတယ်။ နားထိခိုက်ခြင်းရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။ တပိုင်းတစ နားမကြားရတဲ့ ပြသနာတွေရှိနိုင်ပြီး စူးရှတဲ့အသံတွေကို မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ နားမကြားရခြင်းဟာ […]


နားပြဿနာများ

Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) ကဘာလဲ။ ဆူညံသံကို လက်မခံနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဆူညံသံတော်တော်များများကို သည်းမခံနိုင်ဘဲ နာကျင်လောက်အောင်ဆူညံနေတတ်ပါတယ်။ Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေရော အရွယ်ရောက်ပြီးသူတွေမှာပါ ဖြစ်တတ်ပေမယ့် အဖြစ်နည်းပါတယ်။ အယောက်၅၀၀၀၀မှာ တစ်ယောက်သာဖြစ်ပါတယ်။ လက္ခဏာများHyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆူညံသံမခံနိုင်သည့်ရောဂါက ရုတ်ချည်းထဖြစ်နိုင်သလို တြဖ်ည်းဖြည်းချင်းလည်း ဖြ်စလာနိုငပါတယ်။ ဒီဝေဒနာရှိတဲ့လူနာတစ်ချို့မှာ ဆူညံသံကြားတဲ့အခါမှာ- မသက်မသာခံစားရခြင်း နားပိတ်ထားခြင်းသို့ ဆူညံသံမှဝေးရာကိုထွက်သွားရန်ကြိုးစားခြင်း ဒေါသထွက်ခြင်း၊ ဖိစီးခြင်း၊ စိုးရိမ်ြခ်င်း နာကျင်ခြင်း အချိုပလူများတွင် အလွန်အမင်းနာကျင်စေနိုငပါတယ်။ အချို့လူတွေမှာ အသံကိုကြောက်လန့်ပြိး ဆူညံတဲ့အခြေအနေတွေကို ရှောင်ရာကနေ ပတ်ဝန်းကျင်နဲ့အဆက်ပြတ်သွားတတ်ပါတယ်။ ကျောင်းနဲ့အလုပ်မှာ အာရုံစိုက်ဖို့ခက်ခဲတာမျိုးလည်း ဖြစ်နိုင်ပတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။   ဖြစ်နိုင်ခြေများHyperacusis […]


နားပြဿနာများ

Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း) ကဘာလဲ။ နားစည်အနောက်ပိုင်းရှိ တုန်ခါတတ်သော အရိုးကလေးများပါဝင်ပြီး လေနဲ့ပြည့်နေတဲ့နေရာကို နားအလယ်ပိုင်းဟု သတ်မှတ်ပါတယ်။ ထိုနေရာကို ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ရောက်တဲ့ ရောဂါဖြစ်ပါတယ်။ နားအလယ်ပိုင်းမှာ ရောင်ရမ်းပြီး အရည်တွေစုလာတဲ့အတွက် နာကျင်စေတတ်ပါတယ်။ Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ Stanfordရှိ Lucile Packard ကလေးဆေးရုံမှ အချက်အလက်များအရ အသက်၃နှစ်ရှိတဲ့ ကလေး၈၀%မှာ ဖြစ်နေပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများMiddle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နားကိုက်ခြင်း ဂျီကျခြင်း အိပ်ပျော်အောင် သိပ်ရခက်ခြင်း နားရွက်ကို ကိုင်ဆွဲနေခြင်း ဖျားခြင်း အဝါရောင်/အကြည်ရောင်/သွေးရောင် အရည်များထွက်ခြင်း ဟန်ချက်ပျက်ခြင်း အကြားအာရုံဆိုင်ရာ ပြဿနာရှိခြင်း ပျို့ခြင်း၊ အန်ခြင်း ဝမ်းလျှောခြင်း အစားအသောက်ပျက်ခြင်း နားပိတ်ခြင်း တို့ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


နားပြဿနာများ

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ကဘာလဲ။ အကြားအာရုံချို့ယွင်းခြင်းဆိုတာ နားမကြားတဲ့ ပြသနာဖြစ်ပြီး ဦးနှောက်ဟာ အသံတွေကို ပုံမှန် လက်မခံနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီပြသနာရှိတဲ့ကလေးတွေမှာ သူတို့ဦးနှောက်ဟာ အပြည့်အဝလုပ်မလုပ်တာကြောင့် တခြားကလေးတွေ ကြားသလို မကြားရပါဘူး။ ဦးနှောက်ဟာ အသံတွေ အထူးသဖြင့် စကားသံတွေကို လက်ခံနားလည်ရာမှာ အနှောင့်အယှက်ရှိနေပါတယ်။ Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့ ၅%မှာ ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ကလေးဘဝမှာ စဖြစ်တတ်တာ များပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAuditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပုံစံမျိုးစုံနဲ့ သက်ရောက်မှုဖြစ်စေပါတယ်။ ကလေးတွေမှာ အကြားအာရုံပြသနာဖြစ်နေသလိုထင်ရပေမယ့် စစ်ဆေးတဲ့အခါမှာ ပုံမှန်ကြားနေရပါတယ်။ အောက်ပါအခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ […]


နားပြဿနာများ

Earwax blockage (နားဖာချေးပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Earwax blockage (နားဖာချေးပိတ်ခြင်း) ကဘာလဲ။ နားကနေနဖားချေးအရမ်းထုတ်မိတဲ့အခါ ဒါမှမဟုတ် ရှိနေပြီးသား နားဖာချေးက နားအတွင်းပိုင်းသို့ အရမ်းထိုးသွင်းခံရတဲ့အခါမှာ နားဖာချေးပိတ်တတ်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပိတ်နေတဲ့နားကနေ ဘာမှကြားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပိတ်နေတဲ့ နားဖာချေးတွေထုတ်လိုက်ရင်တော့ ပြန်ကောင်းသွားပါလိမ့်မယ်။ အခြေအနေအများစုမှာတော့ အိမ်တွင်းဆေးနည်းတွေ အလုပ်ဖြစ်ကြပြီး ဆရာဝန်ကလည်း ပိတ်နေတဲ့ နားဖာချေးတွေကို ထုတ်ပေးနိုင်ပါတယ်။ Earwax blockage (နားဖာချေးပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နားဖာချေးပိတ်ခြင်းက အတွေ့ရအများဆုံး နားပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။။ လက္ခဏာများEarwax blockage (နားဖာချေးပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နားဖာချေးပိတ်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ နားထဲတွင် ပြည့်ကျပ်သိပ်နေသည်ဟု ခံစားရခြင်း နားအူခြင်း ပိတ်နေသောနားမှသိပ်မကြားတော့ခြင်း မူးဝေခြင်း ချောင်းဆိုးခြင်း အထက်တွင် ဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် […]


နားပြဿနာများ

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ကဘာလဲ။ နားစည်အပြင်ပိုင်းရောင်ရမ်းနာ (ortitis externa) ဆိုတာ နားအတွင်းပိုင်းအရေပြားလွှာကို ဘတ်တီးရီးယားဝင်လို့ သို့မဟုတ်တစ်ခါတစ်ရံ မှိုကြောင့်ဖြစ်တာဖြစ်ပါတယ်။ နားအတွင်းပိုင်းလမ်းကြောင်း(ear canal) ဟာ နားစည်ကနေ နားရွက်အပြင်ပိုင်းအထိကိုခေါ်ပါတယ်။ ဒီ ရောဂါဟာ သင်ရေကူးပြီးပြန်လာလို့ရက်အနည်ူငယ်အကြာမှာဖြစ်တတ်လေ့ရှိပြီး ခဏပဲကြာတတ်သလို နာတာရှည်လည်းဖြစ်တတ်ပါတယ်။ Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေ, ရေကူးတဲ့သူတွေ, ဆီးချိုဝေဒနာရှင်တွေ, အလာဂျီသမားတွေနဲ့ နားထဲမှာ wax (နဖာချေး) နည်းနေတဲ့အခါတွေမှာဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီအချက်တွေကိုရှောင်ကြဉ်ပြီးကာကွယ်နိုင်သလို သင့်ဆရာဝန်နဲ့လည်းဆွေးနွေးပါ။ လက္ခဏာများOrtitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ   – နားရွက်ကိုဆွဲတာ တွန်းတာလုပ်တဲ့အခါမှာ နာကျင်တာ – နားယားတာ – အနည်းငယ်ဖျားတာ – နားထဲကနေပြည်တွေထွက်တာ – အကြားအာရုံ ခေတ္တချို့ယွင်းတာမျိုးဖြစ်တတ်တာ – တစ်ခါတစ်လေမှာ နားအတွင်းကနေ အလုံးဒါမှမဟုတ် အရည်ဖုထွက်တတ်ပြီး နာလည်းနာတတ်ပါတယ်။ ပေါက်သွားတဲ့အခါ သွေးနဲ့ ပြည်အနည်းငယ်စိမ့်ထွက်တတ်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက […]


နားပြဿနာများ

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ကဘာလဲ။ နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ နားတွင်းအရိုးနုကို ဝန်းရံထားတဲ့ အရေပြားနဲ့ အသားကို ပိုးဝင်လို့ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာ အတော်ဖျက်ဆီးတတ်, ပြန်ဖြစ်တတ်သလို ကြာလည်းကြာပါတယ်။   လက္ခဏာများPerichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများ ကတော့ : -နားရွက်နီတာ , နာကျင်တာနဲ ရောင်ရမ်းလာတာဖြစ်ပါတယ်။ – အဖျား – နားတွင်းအရိုးနုနဲ့ ဝန်းရံထားတဲ့ အရေပြား, အသား( perichondrium ) ကြားမှာ ပြည်တွေစုလာတတ်ပါတယ်။ – နားရွက်ပုံပျက်လာတာ ( Cauliflower ear). ဒီလိုဖြစ်ရတာဟာ စုလာတဲ့ပြည်တွေကြောင့် အရိုးနုကို ထောက်ပံ့ထားတဲ့ သွေးကြောပြတ်တောက်သွားလို့ဖြစ်ပါတယ်။ – အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်နားရွက်မှာဒဏ်ရာတစ်ခုခု (ဥပမာ ခြစ်မိတာ, ထိခိုက်တာ, ဖောက်ထွင်းရာတစ်ခုခု) ရှိပြီး […]


နားပြဿနာများ

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) ကဘာလဲ။ Vestibular System ဆိုတာ နားအတွင်းပိုင်းနဲ့ ဦးနှောက်တွင်ရှိသော အစိတ်အပိုင်းတချို့ဖြစ်ပြီး ကိုယ်ခန္ဓါဟန်ချက်၊ မျက်လုံးရွေ့လျားမှုတွေနဲ့ဆိုင်တဲ့ခံစားမှုတွေကို လက်ခံလုပ်ဆောင်တယ်။ ရောဂါတစ်ခုခု၊ အနာတရဖြစ်မှုတစ်ခုခုကြောင့် ထိုနေရာများထိခိုက်သွားပါက vestibular disorder လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်လာရပါတယ်။ Vestibular disorder ဟာ မျိုးရိုးဗီဇ၊ သို့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်လာနိုင်သလို၊ ပိုလည်းဆိုးနိုင်ပါတယ်။ ဒါမှမဟုတ် အကြောင်းအရင်းမရှိဘဲလည်း ဖြစ်နိုင်ပါတယ်။ Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) က ဘယ်လောက်အဖြစ်များသလဲ လတ်တလောလေ့လာမှုတွေအရ အသက် ၄၀ နဲ့အထက်လူကြီးတွေရဲ့ ၃၅ ရာခိုင်နှုန်း – ပျမ်းမျှ ၆၉ မီလီယံမျှသောလူထုမှာ vestibular စနစ်ယိုယွင်းမှုတွေရှိနေပါတယ်။   ဒါပေမယ့် ရောဂါဖြစ်စေနိုင်တဲ့အချက်တွေကိုလျှော့ချခြင်းဖြင့် ဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများVestibular Disorders (နားအတွင်းပိုင်းနှင့် […]


နားပြဿနာများ

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ ဘာပါလဲ? နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ နားတွင်းအရိုးနုကို ဝန်းရံထားတဲ့ အရေပြားနဲ့ အသားကို ပိုးဝင်လို့ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာ အတော်ဖျက်ဆီးတတ်, ပြန်ဖြစ်တတ်သလို ကြာလည်းကြာပါတယ်။ နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ ဘယ်လောက် အဖြစ်များသလဲ? ( အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့ ဆွေးနွေးပါ) ရောဂါလက္ခဏာများနားရွက်ရောင်ရမ်းနာ( perichondritis) ရဲ့ ရောဂါလက္ခဏာများက ဘာတွေလဲ? ရောဂါလက္ခဏာများ ကတော့ : နားရွက်နီတာ , နာကျင်တာနဲ ရောင်ရမ်းလာတာဖြစ်ပါတယ်။ အဖျား နားတွင်းအရိုးနုနဲ့ ဝန်းရံထားတဲ့ အရေပြား, အသား( perichondrium ) ကြားမှာ ပြည်တွေစုလာတတ်ပါတယ်။ နားရွက်ပုံပျက်လာတာ ( Cauliflower ear). ဒီလိုဖြစ်ရတာဟာ စုလာတဲ့ပြည်တွေကြောင့် အရိုးနုကို ထောက်ပံ့ထားတဲ့ သွေးကြောပြတ်တောက်သွားလို့ဖြစ်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ? သင့်နားရွက်မှာဒဏ်ရာတစ်ခုခု (ဥပမာ ခြစ်မိတာ, ထိခိုက်တာ, […]


နား၊ နှာခေါင်း၊ လည်ချောင်း

နားစည်အပြင်ပိုင်းရောင်ရမ်းနာ

နားစည်အပြင်ပိုင်းရောင်ရမ်းနာ ဆိုတာဘာလဲ? နားစည်အပြင်ပိုင်းရောင်ရမ်းနာ (ortitis externa) ဆိုတာ နားအတွင်းပိုင်းအရေပြားလွှာကို ဘတ်တီးရီးယားဝင်လို့ သို့မဟုတ်တစ်ခါတစ်ရံ မှိုကြောင့်ဖြစ်တာဖြစ်ပါတယ်။ နားအတွင်းပိုင်းလမ်းကြောင်း(ear canal) ဟာ နားစည်ကနေ နားရွက်အပြင်ပိုင်းအထိကိုခေါ်ပါတယ်။ ဒီ ရောဂါဟာ သင်ရေကူးပြီးပြန်လာလို့ရက်အနည်ူငယ်အကြာမှာဖြစ်တတ်လေ့ရှိပြီး ခဏပဲကြာတတ်သလို နာတာရှည်လည်းဖြစ်တတ်ပါတယ်။ နားစည်အပြင်ပိုင်းရောင်ရမ်းနာ ဟာ ဘယ်လောက်အဖြစ်များသလဲ? ကလေးတွေ, ရေကူးတဲ့သူတွေ, ဆီးချိုဝေဒနာရှင်တွေ, အလာဂျီသမားတွေနဲ့ နားထဲမှာ wax (နဖာချေး) နည်းနေတဲ့အခါတွေမှာဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီအချက်တွေကိုရှောင်ကြဉ်ပြီးကာကွယ်နိုင်သလို သင့်ဆရာဝန်နဲ့လည်းဆွေးနွေးပါ။ ရောဂါလက္ခဏာများသိရှိခြင်း နားစည်အပြင်ပိုင်းရောင်ရမ်းနာ ရဲ့symptom တွေကဘာတွေလဲ? - နားရွက်ကိုဆွဲတာ တွန်းတာလုပ်တဲ့အခါမှာ နာကျင်တာ - နားယားတာ - အနည်းငယ်ဖျားတာ - နားထဲကနေပြည်တွေထွက်တာ - အကြားအာရုံ ခေတ္တချို့ယွင်းတာမျိုးဖြစ်တတ်တာ - တစ်ခါတစ်လေမှာ နားအတွင်းကနေ အလုံးဒါမှမဟုတ် အရည်ဖုထွက်တတ်ပြီး နာလည်းနာတတ်ပါတယ်။ ပေါက်သွားတဲ့အခါ သွေးနဲ့ ပြည်အနည်းငယ်စိမ့်ထွက်တတ်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ? အထက်ဖော်ပြပါ လက္ခဏာတွေထဲက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်