backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း)


Nadi မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း) ကဘာလဲ။

နားတွင်ဆူညံသံကြားနေရခြင်း အကြားပိုင်းဆိုင်ရာ စဉ့်ကလျဉ့်အလျာဖြစ်ခြင်းဖြစ်ပြီး နား သို့မဟုတ် ခေါင်းတွင် ဆူညံသံများကြားနေရခြင်းဖြစ်သည်။ ထိုဆူညံသံများက တိုးနိုင်သည် ကျယ်နိုင်သည် နူးညံနိုင်သည်။ နားတဖက်သို့မဟုတ် နှစ်ဖက်လုံးတွင်ကြားနိုင်သည်။ နားတွင်ဆူညံသံကြားနေရခြင်းသည် အကြားစနစ်တွင်မှားယွင်းနေခြင်းဖြစ်သည်။ ထိုအရာကို ရောဂါလက္ခဏာတစ်ခုအဖြစ်သာသက်မှတ်ပြီး ရောဂါတခုဟု သီးသန့်မသတ်မှတ်ပေ။ သို့သော် သင့်ဘဝလှုပ်ရှားမှု နှင့် သင့်ဘဝပျော်ရွင်နိုင်မှုအပေါ်အနှောက်အယှက်ပေးနိုင်သည်။

Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။၁၀ရာခိုင်နှုန်းသောအမေရိကန်များတွင် အနည်းဆုံးဆယ်မိနစ်ခန့်ခံစားဖူးကြသည်။ ၂၅မီလီယမ်သော အမေရိကန်များတွင်ထိုလက္ခဏာများရှိတတ်သည်။ ယောကျာ်းလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သင့်တွင် နားတွင်ဆူညံသံကြားနေရခြင်းရှိပါက သင်သည် တကယ်မရှိသောဆူညံသံများကိုနားတွင်ကြားနေရမည်။ အောက်ပါ အသံများပါဝင်တတ်သည်။

တယ်လီဖုန်းသံ

တဝီဝီမြည်သံ

ဟိန်းသံ

ချက်ကနဲမြည်သံ

ရှုးရှူးရှဲရှဲမြည်သံ

ထိုမမှန်ကန်သောအသံများသည် တိုးသည်မှ ကျယ်သည်အထိဖြစ်နိုင်သည်။ အခြို့သောကိစ္စများတွင် ကျယ်လွန်း၍ တကယ့်အသံကိုအာရုံမစိုက်နိုင်သည်အထိဖြစ်တတ်သည်။ နားတွင်ဆူညံသံကြားနေရခြင်းသည် အမြဲတမ်းရှိနေတတ်ခြင်း နှင့်သူ့အလိုလိုသက်သာသွားခြင်းတို့ဖြစ်တတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

နားတွင်ဆူညံသံကြားနေရခြင်းကို အပေါ် အသက်ရူလမ်းကြောင်းပိုးဝင်ခြင်း ဥပမာ ဖျားခြင်းဖြစ်ပြီးမှဖြစ်လာခြင်းနှင့် သင့်လက္ခဏာသည် တစ်ပါတ်အတွင်းမသက်သာလာခြင်း

အကြောင်းပြချက်မရှိသို့မဟုတ် ရုတ်တရက်စဖြစ်လာခြင်း

သင့်အကြားအာရုံကိုတုန်လှုပ်ဖွယ်ဖြစ်အောင်ချိန်းခြောက်ခြင်း သို့မဟုတ် သင့်အား မူးလာစေခြင်း

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နားတွင်ဆူညံသံကြားနေရခြင်းသည် အကြားအာရုံကြောင့်ဖြစ်သောလက္ခဏာတစ်မျိုးဖြစ်ပြီး နားတွင်ဖြစ်သည်။ အနားအာရုံကြောသည် အတွင်းနားနှင့်ဦးနှောက်အားဆက်ပေးသည်။ ထိုဦးနှောက်အစိတ်အပိုင်းမှအသံကိုပြုလုပ်ပေးသည်။ အရာဝတ္ထုတစ်ခုခုကြောင့်နားလိုဏ်ခေါင်းပိတနေပါက် နားတွင်ဆူညံသံကြားနေရခြင်းဖြစ်နိုင်သည်။ များသောအားဖြင့် အောက်ပါကျန်းမာရေးအခြေအနေများကြောင့်ဖြစ်နိုင်သည်။

ဥပမာ

အသက်နှင့်ဆိုင်သောအကြားအာရုံချို့ယွင်းခြင်း

နားနှင့် ဆိုင်းနပ်စ်များ ရောဂါပိုးဝင်ခြင်း

နှလုံး သို့မဟုတ် သွေးကြောများရောဂါဖြစ်ခြင်း

မီနီအာ ရောဂါ

ဦးနှောက်အကျိတ်

မိန်းကလေးများတွင်ဟောမှန်းပြောင်းလဲခြင်းများ

သိုင်းရွိုက်ပုံမမှန်ခြင်းများ

နားတွင်ဆူညံသံကြားနေရခြင်းဖြစ်နေသူများ အရက်သောက်ခြင်း ဆေးလိပ်သောက်ခြင်း စီးကရက်သောက်ခြင်း ကက်ဖီးပါသောအရာများသုံးစွဲပါက လက္ခဏာပိုဆိုးလာနိုင်သည်။ တခါတည်းအလွန်ကျယ်သောဆူညံသံကိုကြားလိုက်ပါကလည်း နားတွင်ဆူညံသံကြားနေရခြင်းကိုဖြစ်စေနိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

နားတွင်ဆူညံသံကြားနေရခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသံအကျယ်ကြီးကြားလိုက်ရခြင်း။ အသံအကျယ်ကြီးကိုအချိန်အကြာကြီးကြားရပါက နားအတွင်းရှိ အာရုံခံဆံပင်ဆဲလ်အသေးများကိုပျက်စီးစေတတ်သည်။ ထိုဆဲလ်များက အသံကိုသင့်ဦးနှောက်အတွင်းသို့ပို့ပေးသည်။ အချို့သောအလုပ် လက်သမား လေယျာဉ်မှူး အဆိုတော် ရော့စ်အဆိုတော် လမ်းပြင်သူများ ရူခင်းဖန်တီးသူများတွင်ပိုဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလုပ်ငန်းများတွင် လွှ သေနတ် အသံကျယ်သောပစ္စည်းများ သို့မဟုတ် အသံကျယ်သော တေးဂီတများပါတတ်သောကြောင့်ဖြစ်သည်။

အသက်။ အသက်ကြီးလာသည်နှင့် နားအတွင်းရှိ အလုပ်လုပ်သော အာရုံကြောအမျှင်များအရောအတွက်ကျလာပြီး အကြားပြသာနာများလည်းစဖြစ်လာသည်။ ထိုအရာများကြောင့်လည်းတခါတလေဖြစ်တတ်သည်။

လိင်။ ယောကျာ်းလေးများတွင်ပိုဖြစ်တတ်သည်။

ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။

နှလုံးသွေးကြောဆိုင်ရာပြသာနာများ။ သွေးစီးဆင်းမှုကိုသက်ရောက်သောအခြေအနေ ဥပမာ သွေးပေါင်ချိန်တက်ခြင်း သို့မဟုတ် သွေးကြောများကျဉ်းခြင်း ကြောင့်လဲပိုဖြစ်နိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

နားတွင်ဆူညံသံကြားနေရခြင်းကိုအတည်ပြုပြီးပါက ဆရာဝန်မှ သင့်နား ခေါင်းနှင့်လည်ချောင်းကိုစမ်းသက်ပြီး ဖြစ်စေသောအကြောင်းကိုရှာလိမ့်မည်။ ထိုစမ်းသက်ချက်များတွင်

အကြားအာရုံစမ်းသက်ခြင်။ ထိုစမ်းသက်ချက်တွင် အသံလုံသောအခန်းတွင်နားကြပ်ဖြင့် ထိုင်ခိုင်းထားလိမ့်မည်။ ထိုနားကြပ်က တိကျသောအသံကို တစ်ခါဆိဖွင့်ပြလိမ့်မည်။ သင်ကြားသောထိုအသံက ဆရာဝန်ကို ဖြစ်စေသောအကြောင်းကိုရှာဖွေရန်ကူညီပေးလိမ့်မည်။

လှုပ်ရှားမှု။ သင့်မျက်လုံးကိုလှုပ်ခြင်း အံကြိတ်ခိုင်းခြင်း လည်ပင်း လက်ခြေလှုပ်ခိုင်းခြင်းတို့လုပ်လိမ့်မည်။ နားတွင်ဆူညံသံကြားနေရခြင်းအသံများပြောင်းလဲသွားပါက သို့မဟုတ် ပိုဆိုးပါက ဖြစ်စေသောအကြောင်းကိုရှာရန်အကူအညီပေးလိမ့်မည်။

ပုံရိပ်ဖော်စမ်းသက်ခြင်းများ။ ဖြစ်စေသောအကြောင်းအရာပေါ်မူတည်ပြီး ပုံရိပ်ဖော်စမ်းသက်ခြင်း ဥပမာ စီတီ(ကွန်ပြူတာဓါတ်မှန်) သို့မဟုတ် အန်အာအိုင်( သံလိုက်ပဲ့ပြင်အားသုံးပုံရိပ်ဖော်ခြင်း)တို့လိုအပ်နိုင်သည်။

Tinnitus (နားတွင်ဆူညံသံကြားနေရခြင်း) ကို ဘယ်လိုကုသပါသလဲ

နားတွင်ဆူညံသံကြားနေရခြင်းလုံးဝပျောက်စေသော ကုထုံးဟူ၍မရှိပါ။ များသောအားဖြင့်အထောက်အကူပြုစေသောကုထုံးများပေါင်းပေးတတ်သည်။

အကြားကူညီကိရိယာ။ နားမကြားခြင်းနှင့် နားတွင်ဆူညံသံကြားနေရခြင်းတွဲနေသူများတွင်အကျိုးရှိနိုင်သည်။ တခါတရံ ဆရာဝန်မှ နားရှိဖယောင်းကိုဖယ်ခြင်းဖြင့် ရောဂါလက္ခဏာသက်သာအောင်အရင်လုပ်လိမ်မည်။

ဆရာဝန်မှ ဆွေးနွေးခြင်းသည် နားတွင်ဆူညံသံကြားနေရခြင်း

ကိုနေ့စဉ်မည်သို့ကိုင်တွယ်ရမည်ကိုပြောပြခြင်းပါဝင်သည်။

ဝတ်လို့၇သော အသံထုတ်ကိရိယာကို နူးညံပြီးသာယာသောအသံထုတ်ခြင်းဖြင့် ဆူညံသံကိုဖုံးရန်ပေးသည်။

စားပွဲပေါထားသည့် အသံထုတ်ကိရိယာသည် ညဘက် အိပ်ချိန်သို့မဟုတ် စိတ်ဖြေဖျော့ရာတွင်ကူညီရန်သုံးသည်။

အသံနှင့်ဆိုင်သောအာရုံကြောလှုံဆော်ခြင်း။ နည်းပညာအသစ်ဖြစ်ပြီး လက်ဝါးလော်သာရှိသောကိရိယာနှင့် နားကြပ်တို့ကိုပေါင်း၍ တေးဂီတနှင့်အတူ အသံနိုးစွချက်ကိုထည့်၍ပေးသည်။ ဒီကုထုံးသည် ဥိးနှောက်ပုံမှန် လည်ပတ်နေသောစနစ်ကိုပြောင်းလဲအောင်ကူညိပေးဖြီးတဖြည့်းဖြည်းခြင်း ထိုဆူညံသံကိုသတိမထားမိအောင်ကူညိသည်။

နားအတွင်းရှိခရုပုံသဏာန်ပြွန်အစားထိုးခြင်း။ နားတွင်ဆူညံသံကြားနေရခြင်းနှင့် ပြင်းထန်သောအကြားဆုံးရှုံးမှုရှိသူများတွင်သုံးသည်။

စိတ်ဓါတ်တက်ကြွစေသောဆေးနှင့်စိတ်ပူပန်မှုလျော့ချစေသောဆေးများက ညဘက်အိပ်မပျော်သည်အထိဖြစ်နေပါကဆရာဝန်မှညွန်ကြားပေးလိမ့်မည်။

ဆေးသောက်ခြင်းသည် နားတွင်ဆူညံသံကြားနေရခြင်း၏အခြားကုထုံးဖြစ်သောလည်း ထိထိရောက်ရောက်သက်သာစေသည်ဟူသော သက်သေပြချက်မရှိပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်း နားတွင်ဆူညံသံကြားနေရခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် နားတွင်ဆူညံသံကြားနေရခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ဖြစ်စေသောအရာများကိုရှောင်ပါ။ သင်အားပိုဆိုးစေသော ပတ်ဝန်းကျင်အရာများကိုရှောင်ပါ ဥပမာ အသံဆူညံခြင်း ကက်ဖီးနှင့် နီကိုတင်း။

အသံကိုဖုံးစေသောအရာများလုပ်ပါ။ ပန်ကာကိုအသံတိတ်ထားခြင်း သီချင်းအေးအေးလေးများ သို့မဟုတ် ရေဒီယိုအသံသေးသေးလေးများက ထိုဆူညံသံကိုဖုံးထားပေးနိုင်သည်။

စိတ်ဖိစီးမှုနှင့် နှုန်းခြင်းကိုစီမံပါ။ စိတ်ဖိစီးမှုသည် ဆူညံသံကိုပိုဆိုးစေသည်။ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်း စိတ်လျော့ချခြင်းကုထုံးများ လေ့ကျင်ခန်းများကအထောက်အကူပြုနိုင်သည်။

အရက်သောက်ခြင်းရှောင်ပါ။ အရက်သည်သွေးကြောကျယ်စေသည် အဓိကအားဖြင့်နားအတွင်းပိုင်း။ ထို့ကြောင့်လက္ခဏာကိုပိုဆိုးစေသည်။

သင့်တော်သောကုထုံးကိုသုံးခြင်း။ ထိုအရာများတွင် အသံကုထုံး(သက်တောင့်သက်သာရှိစေသောအသံများက ဆူည့သံကိုသက်သာစေသည်)ဆွေးနွေးမှုများ( ဆူညံသံများအကြောင်းပညာယူခြင်း) အမှန်အမှားခွဲသောကုထုံး( သင့်အတွေးကိုပြောင်းခြင်း) ဆူညံသံကိုဟန့်တားသောကုထုံး( သင့်ဦးနောက်တုံပြန်ပုံကိုပြောင်းလဲခြင်း)

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Nadi မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement