နားပြဿနာများ

နားပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး နားကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နားပြဿနာများ

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

နားယားတာက အတော်လေး ကသိကအောက် ဖြစ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် တော်တော်များများက နားယားတာကို ပုံစံအမျိုးမျိုး အကြောင်းရင်းခံ အဖုံဖုံနဲ့ ကြုံဖူးကြမှာပါ။ အခုတစ်ခေါက်တော့ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတာနဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ! နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ နားပိုးဝင်တာ နားယားတယ်ဆိုတာက တစ်ခါတလေမှာ နားအတွင်းပိုင်းထဲကို ပိုးဝင်ကူးစက်တာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါ။ ဒီလိုမျိုး ပိုးဝင်တာကြောင့် နားယားတာက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပါတယ်။ နားထဲကို ပိုးဝင်တာက နားယားတာနဲ့အတူ အဖျားဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ နားထဲမှာ နားဖာချေးတွေရှိနေတာာ ဒါမှမဟုတ် နားထဲ ရေဝင်သွားမယ်ဆိုရင်လည်း နားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။  […]

နားပြဿနာများ ကို ရှာဖွေမည်။

နားပြဿနာများ

နားဖာချေးပိတ်ခြင်း

နားဖာချေးပိတ်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ နားဖာချေးပိတ်ခြင်း ဆိုတာဘာလဲ။ နားဖာချေးပိတ်ခြင်း ဆိုတာက နားကနေ နားဖာချေး အရမ်းထုတ်မိတဲ့အခါ ဒါမှမဟုတ် ရှိနေပြီးသား နားဖာချေးက နားအတွင်းပိုင်းသို့ အရမ်းထိုးသွင်းခံရတဲ့အခါမှာ နားဖာချေး ပိတ်တတ်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပိတ်နေတဲ့နားကနေ ဘာမှကြားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပိတ်နေတဲ့ နားဖာချေးတွေထုတ်လိုက်ရင်တော့ ပြန်ကောင်းသွားပါလိမ့်မယ်။ အခြေအနေအများစုမှာတော့ အိမ်တွင်းဆေးနည်းတွေ အလုပ်ဖြစ်ကြပြီး ဆရာဝန်ကလည်း ပိတ်နေတဲ့ နားဖာချေးတွေကို ထုတ်ပေးနိုင်ပါတယ်။ နားဖာချေးပိတ်တာက ဘယ်လောက်ထိအဖြစ်များသလဲ။ နားဖာချေးပိတ်ခြင်းက အတွေ့ရအများဆုံး နားပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ် သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။။ ရောဂါလက္ခဏာများ နားဖာချေးပိတ်ခြင်း ရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။ နားဖာချေးပိတ်ခြင်း ရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ နားထဲတွင် ပြည့်ကျပ်သိပ်နေသည်ဟု ခံစားရခြင်း နားအူခြင်း ပိတ်နေသောနားမှသိပ်မကြားတော့ခြင်း မူးဝေခြင်း ချောင်းဆိုးခြင်း အထက်တွင် ဖော်ပြထားသော […]


နားပြဿနာများ

Hearing Loss (အကြားအာရုံချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hearing Loss (အကြားအာရုံချို့ယွင်းခြင်း) ကဘာလဲ။ အသက်ရလာတဲ့အမျှ တဖြည်းဖြည်းဖြစ်ပွားလာတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာခြင်းနဲ့ ဆူညံသံတွေနဲ့ရေရှည်ထိတွေ့ရခြင်းက နားအကြားအာရုံချို့တဲ့ခြင်းရဲ့ သိသာတဲ့အကြောင်းရင်းဖြစ်ပါတယ်။ နာဖာချေားအလွန်အကျွံထွက်ခြင်းကဲ့သို့သော အခြားအကြောင်းရင်းတွေက သင့်နားကိုယာယီအသံတွေကနေ ကာကွယ်ပေးထားပါတယ်။ နားအကြားအာရုံချို့ယွင်းခြင်းအများစုက တစ်သက်လုံးဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင်ကလုံးလုံးမကြားတော့တဲ့ဘဝနဲ့မနေရပါဘူး။ သင်နဲ့သင့်ဆရာဝန်ဒါမှမဟုတ် အကြားအထူးကုက သင့်အကြားအာရုံကိုတိုးတက်လာစေဖို့ နည်းလမ်းတွေဆောင်ကျဉ်းလိုက်နာရပါမယ်။ Hearing Loss (အကြားအာရုံချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်၅၅နှစ်နဲ့၆၄နှစ်ကြားအမျးစုမှာ အကြားအာရုံအနည်းငယ်ချို့တဲ့နေကြပါတယ်။ ာအသက်၆၅နှစ်အထက်မှာတော့ နှစ်ယောက်မှာတစ်ယောက်နှုန်းနဲ့ နားအကြားချို့ယွင်းကြပါတယ်။ ဖြစ်ပွားစေရတဲ့အကြောင်းရင်းတွေကို နည်းစေခြင်းဖြ်င့်စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHearing Loss (အကြားအာရုံချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ စကားသံနဲ့အခြားသောအသံများကို မကြားခြင်း စကားလုံးများနားလည်ရခက်ခြင်း အထူးသဖြင့် လူအုပ်ကြားထဲတွင် ဗျည်းသံများနားထောင်ရာတွင် အခက်အခဲရှိခြင်း အခြားသူများကို စကားနှေးနှေးပြောရန်၊ ရှင်းရှင်းလင်းလင်းပြောရန်၊ ကျယ်ကျယ်ပြောရန် မကြာခဏတောင်းဆိုရခြင်း ရုပ်မြင်သံကြားရေဒီယိုအသံကို မြှင့်ရခြင်း စကားဝိုင်းမှ ရပ်လိုက်ရြခ်ငး လူမှုရေးဆိုင်ရာပွဲများကို ရှောင်နေရခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစောေရောဂါသိပြီး ကုသမှုပေးခြင်းက အခြေအကေိုပိုမဆိုးသွားအောင်နဲ့ အခြားကျန်းမာရေးအရေးပေါ်အခြေအေနေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ကိုတတ်နိုင်သမျှ ဆိုးရွားတဲ့အခြေအနေကနေကာကွယ်နိုင်ဖို့ မြန်မြန်ဆွေးနွေးသင့်ပါတယ်။ သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက […]


နား၊ နှာခေါင်း၊ လည်ချောင်း

သင့်ကလေးမှာ နားတွင်းပိုးကူးစက်မှု ရှိမရှိ ဘယ်လိုသိနိုင်မလဲ

ကလေးတစ်ယောက်၌ နားရောဂါရှိလာပြီဆိုပါက နာကျင်မှုသည် အသိသာ အထင်ရှားဆုံး လက္ခဏာပင်ဖြစ်သည်။ သူတို့ နားကိုက်ကြောင်း ပြောပါလိမ့်မည်။ မပြောနိုင်လျှင်တောင် သူတို့ကိုကြည့်လိုက်လျှင် မသက်မသာပုံ သို့ ညစ်ညူးနေသည့်ပုံကို တွေ့ရနိုင်ပါသည်။ ကလေးသည် နားကိုဆွဲလိုက် ထိလိုက်လုပ်နေသည်ကိုမြင်ရသည်မှာ အတော်လေးစိတ်မကောင်းဖွယ်ရာပင်။ သူ့၌ သာမန်အအေးမိ တုပ်ကွေးဖြစ်တာလည်း ဖြစ်နိုင်သည်။ သို့မဟုတ် နားအတွင်း ပိုးဝင်နေတာလည်း ဖြစ်နိုင်ပါသည်။ နားအတွင်းပိုးဝင်ရသည့်အကြောင်းရင်းများ အသက် ၃ နှစ်အောက် ကလေးများသည် ရောဂါနှင့် ကူးစက်ပိုးဝင်နိုင်ချေများကြောင်း သိထားရမည်။ သူတို့၏ ကိုယ်ခံအားစနစ်သည် မသန်စွမ်းသေးပဲ အလွယ်တကူ အတိုက်ခံရနိုင်သည်။ ထို့ကြောင့် အပြင်မှလှုံ့စော်ချက်ပေးလိုက်သည်နှင့် နားအတွင်းရှိအရည်များ ထွက်လာစေနိုင်သည်။ တိုတောင်းသော အူစတက်ချီယမ်ပြွန်များတွင် အရည်နှင့် ရောဂါပိုးများရှိနေတတ်ပြီး နားအလယ်ပိုင်းတွင် ပိတ်မိနေတတ်၏။ ငယ်ရွယ်သောကလေးများ၌ အူစတက်ချီယမ်ပြွန်များသည် (နားအလယ်ပိုင်းနှင့် လည်ချောင်းကိုစပ်ထားသော ပြွန်)သည် ရေပြင်ညီပုံစံအတိုင်း ရှိနေတတ်ပြီး အရည်များကို ထုတ်ရမိအစား […]


နား၊ နှာခေါင်း၊ လည်ချောင်း

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ကဘာလဲ။ ပြင်ပမှပစ္စည်းများဆိုသည်မှာ နားလမ်းကြောင်းတလျှောက် (နားစည်မှ ပြင်ပအထိဆက်နေသာ ပြွန်လမ်းကြောင်း)တွင်ကပ်နေသောအရာများကို ခေါ်သည်။ အများအားဖြင့် ဂွမ်းစများ၊ အင်းဆက်ပိုးကောင်များ (ပိုးဟပ်၊ ယင်ကောင်၊ ပုရွက်ဆိတ်)၊ ကစားစရာပစ္စည်းငယ်လေးများ၊ ပုတီးစေ့များ စသည်တို့ဖြစ်သည်။ သင့်အနေနှင့် ထိုပစ္စည်းများနားထဲသို့ဝင်သွားလျှင် သိနိုင်သော်လည်း ကလေးများကမူ မသိနိုင်ချေ။ Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်းသည်အများအားဖြင့် ကလေးငယ်များနှင့် စိတ်ရောဂါရှိသူများတွင် ပို အဖြစ်များပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများForeign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသော ရောဂါလက္ခဏာများမှာ ပြင်ပမှ […]


နားပြဿနာများ

Malignant Otitis Externa (နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Malignant Otitis Externa (နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း ) ကဘာလဲ။ နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း သည် အထူးသဖြင့် ရေကူးသမားများတွင်ဖြစ်သော ရောဂါဖြစ်ပြီး နားအတွင်းပိုင်းတွင် ဖြစ်သောရောဂါဖြစ်သည်။ နားအတွင်းပိုင်းမှ တဆင့် အနားအပြင်ပိုင်းနှင့် ပတ်လည်ရှိ တစ်သျူးများ၊ မျက်နှာရိုးများနှင့် မျက်နှာအထိပါ ပြန့်နှံ့နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် ပြင်းထန်သော နားတွင်းပိုးဝင်ရောင်ရမ်းခြင်းဖြစ်သည်။ ရေကူးသမားများတွင် ဖြစ်သော နားရောဂါဟုခေါ်သော်လည်း ယင်းသည် နားအတွင်းတွင်ရေများကျန်ခဲ့ခြင်းကြောင့်ဖြစ်ခြင်းမဟုတ်ပါ။ Malignant Otitis Externa (နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နားအတွင်းပိုးဝင်ရောင်ရမ်းခြင်းသည် Pseudomonas aeruginosa အမည်ရှိသော ဘက်တီးရီးယားကြောင့် ဖြစ်ပြီး နားအတွင်းပိုးဝင်ရောင်ရမ်းခြင်းဖြစ်သော လူများ၏ ၉၀% ကျော်သည် ဆီးချိုရောဂါရှိသူများဖြစ်ကြောင်း တွေ့ရသည်။ နားအတွင်းပိုးဝင်ရောင်ရမ်းခြင်းသည် စိုထိုင်းဆများသော ဒေသများတွင် ပိုပြီးဖြစ်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် […]


နားပြဿနာများ

Perforated Eardrum (နားစည်ပေါက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Perforated Eardrum (နားစည်ပေါက်ခြင်း ) ကဘာလဲ။ နားစည်ပေါက်ခြင်းသည် အတွင်းနားနှင့် အပြင်နားအား ခြားနားထားသည့် အမြှေးပါး ပြဲသွားခြင်းဖြစ်သည်။ ၎င်းအမြှေးပါးအား စည်ပုံစံဖြစ်ပြီး အရေပြားနှင့် ဆင်တူသော တစ်ရှူးများနှင့် ဖွဲ့စည်းထား၏။ နားစည်သည် နား၏အရေးကြီးလုပ်ငန်းနှစ်ခုအား လုပ်ဆောင်ပေးသည်။ ၎င်းသည် အသံလှိုင်များကို ဖမ်းယူပြီး ဦးနှောက်ဆီသို့ အသံရောက်ရန် အာရုံကြောလှုံစော်မှုအချက်ပြများအဖြစ် ပြောင်းလဲပေး၏။ နားအတွင်သို့ ဘက်တီးရီးယားများနှင့် ပြင်ပဝတ္ထုများ မဝင်စေရန်လည်း ကာကွယ်ပေးပါသည်။ ပုံမှန်အားဖြင့် နားအလယ်ပိုင်းသည် ပိုးကင်စင်၏။ သို့သော် နားစည်ပေါကလျှင် ဘက်တီးရီးယားများ နားအလယ်ပိုင်းသို့ ဝင်သွားနိုင်ပြီး Otitis media ဟုခေါ်သော ပိုးကူးစက်ခြင်းကိုဖြစ်စေနိုင်ပါသည်။ Perforated Eardrum (နားစည်ပေါက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နားစည်ပေါက်ခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများPerforated Eardrum (နားစည်ပေါက်ခြင်း […]


နားပြဿနာများ

နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး ၇ ခု

နည်းပညာက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ်ဆိုးတွေရှိနေနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။ Headphone နဲ့ နားကြပ်တွေဟာလည်း နောက်ကွယ်ကဆိုးကျိုးတွေကို မသိကြဘဲ ယနေ့ခေတ်လူငယ်တွေ အသုံးများတဲ့ နည်းပညာပစ္စည်းတွေဖြစ်ပါတယ်။ နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး တွေလည်း ရှိပါတယ်။ နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာတွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေ မကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊ သီချင်းနှစ်သက်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။ အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာတွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။ ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာတော့ သတိထားသင့်ပါတယ်။ နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး […]


နားပြဿနာများ

Ear Infections (နားလမ်းကြောင်းပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Ear Infections (နားလမ်းကြောင်းပိုးဝင်ခြင်း) ကဘာလဲ။ အအေးမိတဲ့အခါ၊ လည်ချောင်းထဲ ပိုးဝင်တဲ့အခါ ဒါမှမဟုတ် ဓါတ်မတည့်တာမျိုး ဖြစ်ပွားတဲ့အခါ နားရဲ့ အလယ်ပိုင်းမှာ အရည်လေးတွေ စုပုံပိတ်မိပြီး နားအတွင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာပါတယ်။ နားအတွင်းပိုးဝင်ခြင်း ဟာ ကလေးတွေမှာ အဓိက ဖြစ်ပွားလေ့ရှိပြီး ရောဂါလက္ခဏာတွေအဖြစ် နားကိုက်တာ နဲ့ အဝါရောင်ခပ်ပျစ်ပျစ် အရည်လေးတွေ နားထဲကထွက်လာတာမျိုး ဖြစ်လေ့ရှိပါတယ်။ နား အလယ်ပိုင်းမှာ ရောင်ရမ်းနေတဲ့အပြင် အရည်တွေလည်း စုပုံနေတာမို့ နားအတွင်းပိုးဝင်ခြင်းဟာ နာကျင်လေ့ ရှိပါတယ်။ နားလမ်းကြောင်း ပိုးဝင်ခြင်း ဘာကြောင့်ဖြစ်တာလဲ။ နားထဲမှာရှိတဲ့ ပြွန်လေးတွေ ရောင်ရမ်းပိတ်ဆို့ပြီး အလယ်နားမှာ အရည်တွေ စုပုံလာတာကြောင့် နားအတွင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာပါတယ်။ ဒီပြွန်လေးတွေဟာ သေးငယ်ပြီး နား နဲ့ လည်ချောင်းအနောက်ဖက်ကို တိုက်ရိုက်ဆက်သွယ်ပေးထားတဲ့ ပြွန်အသေးလေးတွေ ဖြစ်ပါတယ်။ ပြွန်လေးတွေ ပိတ်ဆို့စေတဲ့ အကြောင်းရင်းတွေက […]


နားပြဿနာများ

Acoustic Neuroma

အဓိပ္ပါယ်ဖွင့်ဆိုချက်Acoustic Neuroma ကဘာလဲ။ acoustic neuroma တစ်နည်းအားဖြင့် vestibulaer schwannoma လို့ခေါ်တဲ့ နားအတွင်းနှင့် ဦးနှောက်ကိုချိတ်ဆက်ပေးတဲ့ အာရုံကြောအား ထိခိုက်စေတဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်မျိုးဖြစ်ပါတယ်။၎င်းအာရုံကြောကို vestibular nerve အကြားအာရုံကြော ဟုခေါ်ပါတယ်။ အကြားအာရုံကြောကို ဝန်းရံတဲ့ ဆဲလ်တွေကို ထိခိုက်စေတဲ့ acoustic neuroma ကို Schwann ဆဲလ်များ ဟုခေါ်ပါတယ်။ ဒီအကျိတ်ကနေ အကြားအာရုံဆုံးရှုံးခြင်း၊ နားအူခြင်း၊ မူးခြင်းနှင့် ဟန်ချက် မထိန်းနိုင်ခြင်းများကို ဖြစ်စေပါတယ်။ သင့်ရဲ့ နားတစ်ဖက်တည်းမှာ ဖြစ်နိုင်သလို နှစ်ဘက်လုံးမှာလည်းဖြစ်နိုင်ပါတယ်။ Acoustic Neuroma က ဘယ်လောက်အဖြစ်များသလဲ acoustic neuroma က ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။၎င်းဟာ အသက် ၃၀ မှ ၆၀ လူတွေမှာ ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် […]


နားပြဿနာများ

Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) ကဘာလဲ။ Otitis externa ဆိုတာ နားရဲ့ အပြင်ပြွန်လမ်းကြောင်းကို အုပ်ထားတဲ့ အရေပြားအလွှာပါးလေးမှာ ရောဂါးပိုးဝင်ခြင်းကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်တတ်သော်လည်း တစ်ခါတလေ မှိုကြောင့်လည်း ဖြစ်တတ်ပါတယ်။ နားပြွန်လမ်းကြောင်း ဆိုတာ နားစည်ကနေ နားအပြင်ဘက်ကို ဆက်ထားတဲ့ လိုဏ်ခေါင်းပေါက်ဖြစ်ပါတယ်။ Otitis externa ဟာ ပုံမှန်အားဖြင့် သင်ရေကူးပြီး နောက်တစ်နေ့မှာ ဖြစ်တတ်ပြီး ရက်တို သို့မဟုတ် နာတာရှည်လည်း ဖြစ်တတ်ပါတယ်။ Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး ရေမကြာခဏကူးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးချိုရှိတဲ့ သူတွေ (သို)့ အရေပြားဓါတ်မတည့်တတ်တဲ့ သူတွေ နဲ့ နားဖာချေး ထုတ်တာ နည်းတဲ့ သူတွေမှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်