နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

နား၊ နှာခေါင်း၊ လည်ချောင်း

နားထဲတစ်ခုခုဝင်ခဲ့ရင်

နေ့စဉ်လှုပ်ရှားမှုတွေတိုင်းအတွက်မြင်ဖို့၊ကြားဖို့ကမဖြစ်မနေလိုပါတယ်။ လူတစ်ယောက်အနေနဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းစွာလုပ်ကိုင်နိုင်ဖို့ဆိုရင် အမြင်အာရုံ၊ အကြားအာရုံနဲ့ အနံ့ခံအာရုံ ၃ ခုစလုံးကောင်းမှဖြစ်မှာပါ။ ဒီတော့ မျက်စိ၊နား၊နှာခေါင်း တို့ကိုသေချာစွာဂရုစိုက်ဖို့လိုပါမယ်။ အမြင်အာရုံဆုံးရှုံးတဲ့အခါမြင်သင့်တာတွေနဲ့ လှပတဲ့မြင်ကွင်းတွေကို မမြင်တွေ့ရတော့တာမျိုးဖြစ်နိုင်သလို အကြားအာရုံဆုံးရှုံးတဲ့အခါမှာလည်း သာယာငြိမ့်ညောင်းတဲ့အသံတွေနဲ့ ကြားသင့်တဲ့ အသံတွေကိုကြားခွင့်မရမှာပဲဖြစ်ပါတယ်။ တစ်ခါတလေမှာ အခန့်မသင့်လို့ဖြစ်ဖြစ်၊ မတော်တဆဖြစ်ဖြစ် နား၊မျက်လုံးနဲ့ နှာခေါင်းထဲကိုပြင်ပအရာတွေဝင်ရောက်တတ်ပါတယ်။ အထူးသဖြင့် ကလေးလေးတွေမှာပိုအဖြစ်များပါတယ်။ဆော့ရင်းနဲ့ဖြစ်ဖြစ် စိတ်ထင်သလိုကောက်ထည့်လိုက်တာ၊ရှုရှိုက်လိုက်တာတွေကြောင့် နားနဲ့ နှာခေါင်းထဲကိုပြင်ပအရာတွေဝင်ရောက်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေက စိုးရိမ်တကြီးနဲ့ထုတ်မိတတ်ကြပါတယ်။ အဆင်ပြေပြေမထုတ်နိုင်ရင် ထိခိုက်မှုကြီးသွားနိုင်ပါတယ်။ နားဆိုရင်လည်း အကြားအာရုံချို့ယွင်းသွားတာမျိုးတွေအထိတောင်ဖြစ်နိုင်ပါတယ်။ နားထဲကို တစ်ခုခုဝင်တဲ့အခါ နားထဲကိုပြင်ပကအရာဝတ္ထုတွေ၊ပိုးကောင်လိုမျိုးအရာတွေ ဝင်တဲ့အခါ - နားထဲက နာကျင်မယ် ရောဂါပိုးဝင်မယ် အကြားအာရုံဆုံးရှုံးမယ် နားထဲကပြည်ယိုတာမျိုးဖြစ်နိုင်ပါတယ်။ နားထဲတစ်ခုခုဝင်နေတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ် လူကြီးတွေက သူတို့နားထဲတစ်ခုခုဝင်နေတဲ့အခါပြောပြနိုင်ပေမယ့် ကလေးငယ်လေးတွေကတော့ နားထဲတစ်ခုခုဝင်နေတဲ့အခါပြောမပြတတ်ကြပါဘူး။ နားဆိုတာကလည်း အထိခိုက်ခံနိုင်စွမ်းနည်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့်သေသေချာချာဂရုစိုက်ဖို့ လိုမှာပါ။ ကလေးတွေကိုဆိုရင်တော့ လူကြီးတွေကသေချာစောင့်ကြည့်ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ နားထဲပစ္စည်းတစ်ခုခုဝင်တဲ့အခါပြသတတ်တဲ့လက္ခဏာတွေက နားထဲဝင်နေတဲ့ ပစ္စည်းရဲ့အရွယ်အစားပေါ်မူတည်ပြီး […]


လည်ချောင်းပြဿနာများ

သိုင်းရွိုက်ရောဂါများ (၂) - Radioiodine Therapy (အိုင်အိုဒင်းဓါတ်ရောင်ခြည်ဆေးကုထုံး)

သိုင်းရွိုက်ရောဂါများ (၂) - Radioiodine Therapy (အိုင်အိုဒင်းဓါတ်ရောင်ခြည်ဆေးကုထုံး) Radioiodine Therapy ဆိုတာဘာလဲ Radioiodine therapy ဆိုတာ သိုင်းရွိုက်ဂလင်းမူမမှန်ခြင်း (Toxic multinodular goitre) ဖြစ်နေတဲ့ လည်ပင်းကြီးရောဂါခံစားနေရသူတွေ သို့မဟုတ် Graves’ disease ပြန်ပေါ်တဲ့ဝေဒနာရှင်တွေကို ကုသလေ့ရှိတဲ့ ကုထုံးဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းက အစားအသောက်တွေထဲက ရရှိတဲ့ အိုင်အိုဒင်းကို အသုံးပြုပြီး ဟော်မုန်းထုတ်လုပ်ပေးတာဖြစ်ပါတယ်။ Radioiodine therapy မှာ ရေဒီယိုသတ္တိကြွအာနိသင်ရှိတဲ့ အိုင်အိုဒင်းအမျိုးအစားကိုသုံးတာဖြစ်ပါတယ်။ အဲဒီအိုင်အိုဒင်းက သိုင်းရွိုက်ဟော်မုန်းတွေထုတ်လုပ်မှုနည်းစေဖို့ သိုင်းရွိုက်ဂလင်းထဲမှာစုစည်းပြီး သိုင်းရွိုက်တစ်ရှူးရဲ့တစ်စိတ်တစ်ပိုင်းကိုဖျက်ဆီးပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ လူနာအများစုက " ရေဒီယိုသတ္တိကြွ " ဒါမှမဟုတ် "ဓါတ်ရောင်ခြည်"ဆိုတာကြားလိုက်တာနဲ့ ကုသမှုခံယူဖို့ စိုးရွံ့ကြောက်လန့်တတ်ကြပါတယ်။ အမှန်တော့ ဒီကုထုံးဟာ အသုံးများတဲ့အပြင် အများကလက်ခံထားပြီးသားကုသမှုပုံစံတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်တည်းက လူနာသန်းပေါင်းများစွာအတွက် […]


လည်ချောင်းပြဿနာများ

သိုင်းရွိုက်ရောဂါများ(၁)- လည်ပင်းကြီးရောဂါ(Hyperthyroidism)

သိုင်းရွိုက်ရောဂါများ (၁) - လည်ပင်းကြီးဟော်မုန်းများရောဂါ(Hyperthyroidism) သိုင်းရွိုက်ဘယ်လိုအလုပ်လုပ်လဲ။ သိုင်းရွိုက်ဂလင်းဟာ သန္ဓေသားဘဝတည်းက ဦးနှောက်အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါသလို လူကြီးတွေအတွက်လည်း နှလုံး၊ဦးနှောက်၊ အသည်းနဲ့အရေပြားလုပ်ဆောင်ချက်တွေအတွက် သက်ရောက်မှုရှိပါတယ်။ သိုင်းရွိုက်ဂလင်းဟာ သိုင်းရွိုက်ဟော်မုန်းတွေကို အိုင်အိုဒင်းရဲ့ အကူအညီနဲ့ထုတ်လုပ်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်းက T4 နဲ့ T3 ဆိုပြီး နှစ်မျိုးရှိပါတယ်။ T3 က ခန္ဓါကိုယ်ထဲက သက်ရောက်မှုတွေရှိနေတဲ့ ဟော်မုန်း ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေထုတ်တာများနေတဲ့လည်ပင်းကြီးရောဂါ (Hyperthyroidism) သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲတဲ့ရောဂါဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေတွေကတော့ (၁) ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က သိုင်းရွိုက်ဂလင်းကို ပြန်တိုက်ခိုက်တဲ့ရောဂါ (Graves' disease) Graves’ disease ဟာမျက်လုံးကို ထိခိုက်နိုင်ပြီး မျက်စိခြောက်တာ၊ နီရဲတာ၊ အမြင်အာရုံတွေဝေဝါးတာနဲ့ နှစ်ထပ်မြင်တာ၊ အခြေအနေဆိုးရင် မျက်လုံးတွေပြူးထွက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက Graves’ disease မှာဖြစ်တဲ့ မျက်စိများပြူးထွက်နေခြင်းနဲ့ အဓိကဆက်နွယ်မှုရှိနေပါတယ်။ ဒါကြောင့် Graves’ disease ဖြစ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ရပါလိမ့်မယ်။ (၂) သိုင်းရွိုက်ဂလင်းမူမမှန်ခြင်း […]


နှာခေါင်းပြဿနာများ

လည်ချောင်းနာခြင်းကို သက်သာစေသော နည်းလမ်း ၅မျိုး

လူများသည် မကြာခဏ လည်ချောင်းနာ တတ်ကြသည်။ ၎င်းသည် လည်ချောင်းတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ဤဆောင်းပါးတွင် လည်ချောင်းနာခြင်းကို ဘယ်လို ကျော်လွှားမလဲကို ဖော်ပြ ထားပါသည်။   ဘာတွေက လည်ချောင်းနာခြင်းကို ဖြစ်စေသလဲ။ လည်ချောင်းနာခြင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ခြောက်သွေ့သောလေ၊ ဓါတ်မတည့်မှုများ သို့မဟုတ် တုပ်ကွေး၊ အအေးမိခြင်း၊ ရေကျောက်၊ ဝက်သက် စသော ရောဂါများကြောင့် ဖြစ်နိုင်သည်။ လည်ချောင်းနာခြင်းသည် ဆိုးရွားပါက ဆရာဝန်အကူ အညီလိုအပ်ပြီး မဆိုးရွားပါက အောက်ဖော်ပြပါ အိမ်သုံးကုထုံး များဖြင့် ကုသနိုင်သည်။   လည်ချောင်းနာခြင်းကို သက်သာစေသော အိမ်သုံးကုထုံးများ နွယ်ချို အမြစ် နွယ်ချို အမြစ်များကို ရေနှင့် ရောဖျောပါက အကျိုး ထိရောက်သော အာလုပ်ကျင်းဆေးရည်ကို ရရှိသည်။ ဤ ဆေးဖက်ဝင်သည် လည်ချောင်းနာခြင်းနှင့် ခွဲစိတ်ပြီးနောက် ချောင်းဆိုးခြင်းကို သက်သာစေနိုင်သည်။ […]


လည်ချောင်းပြဿနာများ

ပြေးခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရတဲ့အခါ

အပြေးလေ့ကျင့်ခြင်းဟာ သင့်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါတယ်။ ပြေးခြင်းဟာ စိုးရိမ်ပူပင်မှုတွေကို လျော့ကျစေပြီး စိတ်အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ အပြေးလေ့ကျင့်ခြင်းကို နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတစ်ခုအဖြစ် အလွယ်တကူ ပြုလုပ်နိုင်ပေမယ့် လိုတာထက်ပိုပြီး အားစိုက်မိမယ်ဆိုရင်တော့ ထိခိုက်ဒဏ်ရာ ရနိုင်ချေ အလွန်များသလို ပြန်ကောင်းလာဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ သင့်မိသားစုဝင်တစ်ယောက်ယောက် အပြေးလေ့ကျင့်ရာကနေ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် သူဟာ နာကျင်မှု၊ မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် သင့်ရဲ့ အနီးကပ် ပြုစုစောင့်ရှောက်မှုကို အထူးလိုအပ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူနာကို ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ အနားပေးပါ ထိခိုက်ဒဏ်ရာ ရထားသူကို အနားပေးခြင်းဟာ ပထမဆုံးနဲ့ အရေးအကြီးဆုံး လုပ်ရမယ့် ကုသမှုဖြစ်ပါတယ်။ အထူးသဖြင့် လူနာရဲ့ဒူးကို တတ်နိုင်သမျှ အနားပေးပါ။ အနာတရဖြစ်ထားတဲ့ နေရာများကို ဂရုတစိုက် ဖုံးအုပ်ကာကွယ်ထားပါ။ ဒူးအောက်မှာ ခေါင်းအုံးခပ်သေးသေးတစ်လုံး ထားပေးခြင်းက […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတာနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ

အစားတွေကို စားချင်ပေမယ့် လည်ချောင်းနာမှာစိုးလို့ မစားတော့ပါဘူး။ ဒါစားရင် လည်ချောင်းနာမှာ အအေးခံလို့လည်းမဖြစ်ပြန်ပါဘူး၊ လည်ချောင်းနာလိမ့်မယ်လို့ ပတ်ဝန်းကျင်မှာပြောနေတာတွေက တကယ်ရောမှန်ရဲ့လား။ လည်ချောင်းနာတာက စားရသောက်ရလည်းခက် စကားပြောတဲ့အခါမှာလည်း လည်ချောင်းထဲကနာလို့ပြောရဆိုရ အဆင်မပြေဖြစ်တာကြောင့် လည်ချောင်းနာတဲ့ဝေဒနာကိုတွေးပူကြောက်ကြတာကလည်း တကယ်တော့ဖြစ်သင့်ပါတယ်။ ဒီတစ်ခေါက်ကတော့ လည်ချောင်းနာစေတယ်လို့ တောက်လျှောက်လက်ခံလာခဲ့တဲ့ အယူအဆတွေက တကယ်မှန်ရဲ့လားဆိုတာပါ။ နည်းနည်းလောက်ဆန်းစစ်ကြည့်ကြမလား။ လည်ချောင်းနာတာနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ ဆောင်းတွင်းကလည်ချောင်းနာတာကိုဖြစ်စေတယ် - လည်ချောင်းနာတာကိုဖြစ်စေတာက ရာသီဥတုအေးတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လည်ချောင်းနာတာတွေရဲ့ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းလောက်က ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်တာပါ။ တကယ့်အကြောင်းအရင်းအမှန်ကတော့ဆောင်းရာသီမှာ အအေးမိတာနဲ့ချောင်းဆိုးတာတွေဖြစ်နိုင်ခြေက အမြင့်ဆုံးမှာရှိနေပါတယ်။ ရာသီဥတုအေးတာက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ပိုမိုတိုးပွားစေတာကြာင့် လည်ချောင်းနာတာ ပိုဖြစ်နိုင်ခြေရှိတာပါ။ လည်ချောင်းနာတာကို ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး -လူတော်ေ်တာ်များများက လည်ချောင်းနာတာကို ကြိုတင်ကာကွယ်လို့မရဘူးလို့ လက်ခံယုံကြည်ထားကြပါတယ်။ အမှန်ကတော့ လည်ချောင်းနာတာက ကာကွယ်လို့မရတာမဟုတ်ပါဘူး။ ကာကွယ်ရခက်တာပါ။ လည်ချောင်းနာတာကိုကာကွယ်ချင်တယ်ဆိုရင်တော့ ဘက်တီးရီးယားတွေ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတဲ့အခါ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။

လည်ချောင်းနာတာက ခံရရခက်တဲ့ဝေဒနာပါ။ လည်ချောင်းနာတဲ့အခါ စားရသောက်ရခက်ခဲသလို တံထွေးမျိုချနိုင်ဖို့တောင် အနိုင်နိုင်ဖြစ်ရတဲ့အပြင် စကားပြောရခက်ခဲတာ၊ အစားအစာတွေစားချင်ပေမယ့် မျိုချရခက်နေတာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ လည်ချောင်းထဲက ပူသလိုလိုဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ လည်ချောင်းနာနေချိန်မှာတင် ဝေဒနာကိုခံစားရတာမဟုတ်ပါဘူး။ လည်ချောင်းနာ သက်သာလာတဲ့ အချိန်မှာလည်း လူကြားထဲ ရောက်တဲ့အခါ လည်ပင်းထဲက ယားသလိုလို လူကြားထဲ ရောက်နေချိန်မှာ ချောင်းဆိုးချင်သလိုလို လည်ချောင်းထဲက ဖြစ်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒီဝေဒနာတွေကို သက်သာစေဖို့ ရွေးချယ်လို့ရနိုင်မယ့် အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲ။ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်။ လည်ချောင်းနာဝေဒနာအကြောင်း တစေ့တစောင်း လည်ချောင်းနာတဲ့အကြောင်းကနေ စလိုက်ကြရအောင်ပါ။ လည်ချောင်းနာတာကို အပူတွေ များနေလို့ ဖြစ်မယ်၊ အပူအစပ်တွေ စားလွန်းတာကြောင့် ဖြစ်မယ်လို့ ပြောတာမျိုး ကြားဖူးမှာပေါ့။ တကယ်တော့ လည်ချောင်းနာတာကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်းက ဗိုင်းရပ်စ်ပါ။ လည်ချောင်းနာ ဝေဒနာ ဖြစ်တဲ့အခါ လည်ချောင်းထဲက […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ

ရာသီဥတု အပူအအေးမမျှတာနဲ့ လည်ချောင်းကနာလာတော့တာပဲနော်။ တစ်ခါတလေကိုယ်တိုင်ကတောင် သတိမထားမိချိန်မှာ လည်ချောင်းကနာနေပြီလေ။ လည်ချောင်းနာတဲ့အခါ ခေါင်းကိုက်တာ၊ အသံဝင်တာတွေက တဆက်တည်းကို ဖြစ်လာပါတော့တယ်။ လည်ချောင်းနာ၊ ခေါင်းကိုက်ဖြစ်ပြီဆိုရင်တော့ အလုပ်တွေကို အာရုံစိုက်နိုင်ဖို့ကတော်တော်လေးခက်ပြီလေ။ ဒီလိုစိတ်ညစ်စရာအခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ လည်ချောင်းနာနေရင် ဒီအချက် တွေကို လုပ်ဆောင်ကြည့်ပါ။ လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ လည်ချောင်းနာတာကို ဘဝတစ်လျှောက်မှာ တစ်ခါလောက်တော့ကြုံဖူးမှာပါ။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလိုဖြစ်မယ်၊ အရမ်းပြင်းထန်တဲ့အခါ တံထွေးတောင် မျိုချလို့မရအောင် နာတာမျိုးရှိနိုင်ပါတယ်။ လည်ချောင်းနာတဲ့အခါ ခန္ဓာကိုယ်မှာ အဖျားဝင်တာပါ တွဲလာတတ်တယ်။ လည်ချောင်းနာတာက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတာပါ။ လည်ချောင်းနာတာက ပုံမှန်အားဖြင့် အလိုလိုသက်သာသွားတတ်ပေမယ့် မြန်မြန်သက်သာချင်ရင်တော့ အခုပြောတဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ကြည့်နိုင်ပါတယ်။ လည်ချောင်းနာနေရင် ဒီအချက် တွေကို လုပ်ကြည့်ပါ ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ ငုံဆေးငုံပါ ပျားရည်စားသုံးပေးပါ ရေဓာတ်ပြည့်အောင်နေပါ အစိုဓါတ်ထိန်းစက် […]


နှာခေါင်းပြဿနာများ

Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း) ကဘာလဲ။ ခန္ဓါကိုယ်မှာရှိတဲ့ အသံကြိုးနှစ်ချောင်းကို အလွန်အကျွံ အသုံးပြုတဲ့အတွက် ကင်ဆာမဟုတ်တဲ့ အကျိတ်အဖုတွေ ထလာခြင်းကို အသံကြိုး အဖုထွက်ခြင်းလို့ခေါ်ပါတယ်။ အသံကြိုးကို ထပ်ကာထပ်ကာ အလွန်အကျွံ အသုံးပြုတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အသံကြိုးတစ်ချောင်းချင်းစီမှာ ခပ်ပျော့ပျော့ ခပ်ဖောင်းဖောင်းနေရာတွေ ဖြစ်ပေါ်လာတတ်ပြီး နောက်ပိုင်းမှာ Nodule လို့ခေါ်တဲ့ အသားမာတက်သလို အဖုမာမာတွေအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ အသံကြိုးကို အချိန်ကြာကြာ အလွန်အကျွံ သုံးလေလေ ဒီအဖုတွေ ပိုကြီးထွားလေလေ ပိုမာလေလေ ဖြစ်ပါတယ်။   Polyp လို့ခေါ်တဲ့ နောက်ထပ်အဖုတစ်မျိုးကတော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအဖုတွေဟာလည်း အသံကြိုးကို အလွန်အကျွံ အသုံးပြုတဲ့အတွက် ရံဖန်ရံခါပေါ်လာတတ်ပြီး အသံကြိုးတစ်ချောင်းထဲမှာဖြစ်စေ၊ နှစ်ချောင်းလုံးမှာဖြစ်စေ ဖြစ်တတ်ပါတယ်။ အသားမာဖုပုံစံ၊ အညှာပါတဲ့ အဖုပုံစံ၊ အရည်ကြည်ဖုပုံစံ […]


လည်ချောင်းပြဿနာများ

Vocal Cord Disorders (အသံကြိုးရောဂါများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vocal Cord Disorders (အသံကြိုးရောဂါများ) ကဘာလဲ။ အသံအိုးရှိ ပျော့ပျောင်းကြွက်သားတစ်ရှူး2ပြားအား အသံကြိုးများ ဟုခေါ်သည်။ အသံကြိုးသည် လေပြွန်၏ထိပ် လည်ပင်းနေရာလောက်တွင်ရှိသည်။ ထိုအသံကြိုးမျာသည်တုန်ခါ ၍ဖြတ်သန်းသွားသောအဆုတ်မှလေများအားသင့်အသံဖြစ်ပေါ် အောင်ထုတ်လုပ်ပေးသည်။ ထိုအသံအား လည်ချောင်း၊နှာခေါင်းနှင့် ခံတွင်းသို့ပို့ဆောင်ပေးကာ ပဲ့တင်သံဖြစ်စေသည်။(resonance) လူတစ်ဦးစီ၏အသံများအား ထိုအသံကြိုးများ၏ပုံစံနှင့် အရွယ်အစား၊လည်ချောင်း၊နှာခေါင်း၊ခံတွင်း၏ပုံစံနှင့်အရွယ်အစားတို့ကဆုံးဖြတ်ပေးသည်။ အသံကြိုးရောဂါများသည် အသံကြိုးများ ကို ထိခိုက်စေသည်။ အချို့သောပို၍အဖြစ်များသည့် အသံကြိုးရော ဂါများတွင် အသံအိုးရောင်ရမ်းခြင်း၊အသံကြိုးရှိအဖုများနှင့် အကျိတ်လုံးများ၊အသံကြိုးအကြောသေသွားစသောရောဂါများပါဝင် သည်။ Vocal Cord Disorders (အသံကြိုးရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVocal Cord Disorders (အသံကြိုးရောဂါများ) ရဲ့လက္ခဏာတွေကဘာတွေလဲ အသံကြိုးရောဂါများ ရဲ့ ရောဂါလက္ခဏာတွေကတော့ ဖြစ်ပွားသော အသံကြိုးရောဂါအပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။ အသံကြိုးရှိအဖုများ အသံအောခြင်း အသံသည် ကြီးမားထူထဲနေခြင်း လေသံပါနေခြင်း အဆိုတော်များတွင် ဆိုနေကျအသံကီးပမာဏ လျော့နည်းဆုံးရှံူးသွားခြင်း အသံကြိုး အကျိတ်များ အသံအောခြင်း အသံသည် ကြီးမားထူထဲနေခြင်း လေသံပါနေခြင်း အသံကြိုးရှိအနာများ စကားပြောပါက လည်ချောင်းနာခြင်း အသံအောချင်နေခြင်း လွယ်လွယ်ကူကူနှင့် အသံဝင်သွားခြင်း အသံအိုးရောင်ရမ်းခြင်း အသံပြောင်းလဲမှုဖြစ်ခြင်း အသံအောခြင်းမှ စ၍အသံဝင်သွားခြင်း(သို့)အသံလုံးဝပျောက်သွားသည် အထိဖြစ်သည်။ ရောဂါပိုးတခုကြောင့်ဖြစ်ပါက အဖျားတက်ခြင်း လည်ချောင်းနာခြင်း နှုန်းခြင်း သင့်လည်ချောင်းအားခဏဏရှင်းနေရခြင်း အသံကြိုးအကျိတ်လုံးများ အသံအောခြင်း အလွန်ကြီးမားသောအကျိတ်လုံးများသည် အသံရှူရခက် စေခြင်း(သို့)မျိုရခက်စေခြင်းတို့ကို ဖြစ်စေနိုင်သည်။ အသံကြိုးအကြောသေခြင်း အသံပြောင်းလဲမှုများဖြစ်ခြင်း အသံအောခြင်း လေသံပါနေခြင်း အသံထူထဲမှုပြောင်းလဲသွားခြင်း အသံပို၍ကျယ်အောင်မပြောနိုင်ခြင်း အကြောသေနေသောအသံကြိုးများအား ကြိုးစားရွှေ့လျားနေရသောဒဏ်ကြောင့် သက်သောင့် သက်သာမဖြစ်ခြင်း အသက်ရှူရခက်ခဲချင်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်