နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

နား၊ နှာခေါင်း၊ လည်ချောင်း

အကြားအာရုံကောင်းဖို့ ဘာတွေစားမလဲ

လူတစ်ယောက်ချင်းစီမှာ သဘာဝ အာရုံ ၅ ပါးစီပေးအပ်ထားပါတယ်။ ဒါတွေကတော့ အကြားအာရုံ၊ အမြင်အာရုံ၊ အနံ့ခံအာရုံ၊ အရသာခံနိုင်စွမ်းအာရုံ နဲ့ အထိအတွေ့အာရုံတို့ပါ။ ဒီတစ်ခုချင်းစီကောင်းပါ ကျန်းမာပါမှ လူတစ်ယောက်က စိတ်လက်ချမ်းသာရတာပါနော်။ ဒီလိုမျိုးကျန်းမာဖို့ဆိုရာမှာလည်း လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေဖို့လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ အကြားအာရုံလေးကောင်းဖို့ ဘာတွေလိုအပ်မလဲဆိုတာကို နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ အကြားအာရုံကောင်းစေဖို့ ဒါတွေလိုအပ်ပါမယ် တစ်ကိုယ်လုံး ဟန်ချက်ညီညီလှုပ်ရှားပြီး ကျန်းမာနေစေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ သင့်တင့်မျှတစွာရရှိဖို့လိုအပ်မှာပါ။ အကြားအာရုံကောင်းစေဖို့ဆိုရင်တော့ ပိုတက်ဆီယမ် အကြားအာရုံအတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွင်းနားရဲ့ အရည်ဓါတ်ကို ထိန်းညှိပေးပါတယ်။ အရွယ်ရလာတာနဲ့အမျှ အရည်ဓါတ်ကျဆင်းလာပြီးအကြားအာရုံချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ကြွယ်ဝစေဖို့ အာလူး၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ပဲအမျိုးမျိုး၊ စပျစ်သီးခြောက်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဒိန်ချဉ်၊ အဆီထုတ်နို့တို့စားသုံးပေးပါ။     ဖောလစ်အက်ဆစ် ဆဲလ်အသစ်တွဖြစ်ပေါ်အောင်လှုံ့ဆော်ပေးပြီး ခန္ဓါကိုယ်တလျှောက်သွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပါတယ်။ နားအတွင်းပိုင်းကမွှေးညှင်းလေးတွေရဲ့ဆဲလ်တွေကိုကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့်ဖောလစ်အက်ဆစ်ရရှိစေဖို့ အသည်း၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ နဲ့ကညွတ်တို့စားပေးပါ။-   မဂ္ဂနီဆီယမ် ဆူညံလွန်းတဲ့အသံတွေကြောင့် […]


လည်ချောင်းပြဿနာများ

သိုင်းရွိုက်ဟော်မုန်း ပုံမှန် မဟုတ်တာကြောင့် သင့်ကျန်းမာရေး ဘယ်လိုတွေ ထိခိုက်နိုင်သလဲ ။ ။

လည်ပင်းကြီးရောဂါအကြောင်း အားလုံးကြားဖူးကြမှာပါ။ လည်ပင်းကြီးတယ်လို့သာ ပြောကြတာပါ ။ တကယ်တော့ လည်ပင်းကြီးတာ မဟုတ်ပါဘူး။ လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ သိုင်းရွိုက်ဂလင်း လေးကြီးလာတာကြောင့် လည်ပင်းကြီးသလို ဖြစ်ရတာပါ။ သိုင်းရွိုက်ဂလင်းဆိုတာဘာလဲ ။ ။ သိုင်းရွိုက်ဂလင်းဆိုတာ ကိုယ်တွင်း အစိတ်အပိုင်း တော်တော်များများ အလုပ်လုပ်တဲ့နေရာမှာ ပါဝင်နေရတဲ့ သိုင်းရွိုက်ဟော်မုန်း တွေ ထုတ်ပေးရတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သူကောင်းကောင်း အလုပ်မလုပ်တော့တာနဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာတွေ ဖြစ်သွားပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာကို ကိုယ့်ဘက်က သိထားဖို့လိုအပ်ပါတယ်။ ။ သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်မလုပ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿာနာနှစ်ခုရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတာ ( Hyperthyroidism) နဲ့ သိုင်းရွိုက်ဟော်မုန်းနည်းတာပါ။ ( hypothyroidism) သူတို့နှစ်ခုပေါ် […]


နှာခေါင်းပြဿနာများ

နှာစေး တဲ့ ပြဿနာကို အိမ်မှာအလွယ်တကူ ဖြေရှင်းကြမယ်

အေးမြတဲ့ ဆောင်းရာသီမှာ ဖြစ်စေ၊ ရာသီဥတု ပူနေတဲ့အချိန်မှာဖြစ်စေ နှာစေး တဲ့ ပြဿနာဟာ ကြုံလာရနိုင်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာမျိုး မဟုတ်ပေမဲ့ ဝေဒနာခံစားနေရသူအတွက်ရော၊ ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နှာစေး ၊ နှာပိတ်တာဟာ အအေးမိ၊ တုပ်ကွေး ဖြစ်တဲ့အချိန်မှာ အတွေ့အများဆုံး လက္ခဏာဖြစ်ပြီး ဓာတ်မတည့်တာ၊ ဖျားနာတာ၊ ရောဂါတစ်ခုခု ကိုယ်ခန္ဓာထဲ ဝင်ရောက်တဲ့ အခါမျိုးမှာလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် နှာစေး၊ နှာပိတ်၊ ချောင်းဆိုးနေပြီဆိုရင် လက်ကိုင်ပဝါ၊ တစ်သျှူးနဲ့ ပါးစပ်ကို အုပ်ထားဖို့ လိုအပ်ပါတယ်။ ရောဂါပိုးဟာ အထိအတွေ့တင်မက လေထဲကနေပါ ပျံ့နှံ့နိုင်တာကြောင့်ပါ။ အထူးသဖြင့် ခုလို ခြောက်သွေ့ပြီး အေးမြနေတဲ့ ဆောင်းရာသီလို အချိန်မျိုးမှာ အအေးမိ၊ တုပ်ကွေး အဖြစ်များတာကြောင့် လူထူထပ်တဲ့ နေရာသွားတာ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ […]


နား၊ နှာခေါင်း၊ လည်ချောင်း

ကိုယ့်ကလေး နားကိုက်ရင် ဘာတွေလုပ်ပေးမလဲ။ ။

နားကိုက်တယ်ဆိုတာ တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေမှာသာ နားကိုက်တာ ဖြစ်ခဲပေမယ့် အသက် ၅ နှစ်အောက် ကလေးတွေမှာတော့ နားကိုက်တာ အဖြစ်များတဲ့ အရာတစ်ခုပါ။ ကလေးတွေဆိုတာလည်း ဘယ်လိုခံစားနေရလဲဆိုတာ သေချာ မပြောပြနိုင်တဲ့အတွက် မိဘဖြစ်သူတိုင်း ကလေးနားကိုက်နေပြီဆို ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ နားဘာကြောင့် ကိုက်ရတာလဲ။ ။ နားထဲပိုးဝင်တာ နားဖားချေးပိတ်တာ နားထဲရေဝင်တာမျိုးနဲ့ နားအတွင်းပိုင်း ထိခိုက်မိတာမျိုးတွေ သွားကိုက်၊ လည်ချောင်းနာတဲ့ အနာတွေက နားဆီပျံ့လာတာကြောင့် နားကိုက်ရတာဖြစ်ပါတယ်။ နားရဲ့ ဘယ်အစိတ်အပိုင်းကို အများဆုံးထိတာလဲ။ ။ နားကိုက်တာ အများဆုံးက နားအလယ်ပိုင်းမှာ အဖြစ်များပါတယ်။ နားရောင်ပြီး နားကိုက်တာကို ဆေးပညာအရဆို ortitis media လို့ခေါ်ပါတယ်။ နားစည်အလယ်လောက်မှာရှိတဲ့နားပြွန်ထဲမှာ နားဖားချေးပိတ်နေတာ၊ ရေဝင်သွားတာမျိုးတွေဖြစ်ရင် အပြင်က အသံတွေက နားစည်ဆီကို ရှင်းရှင်းလင်းလင်းမရောက်နိုင်တာကြောင့် ကိုယ့်ရဲ့ အကြားအာရုံကိုပါထိခိုက်စေပါတယ်။ ကိုယ့်ကလေး နားကိုက်နေပြီဆိုတာ […]


လည်ချောင်းပြဿနာများ

ဘာကြောင့် လည်ချောင်းမကြာခဏ နာနေတာလဲ

ရာသီဥတုမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ ရောဂါလက္ခဏာ မပြင်းထန်တဲ့တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ဝေဒနာကို ခံစားနေရတဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါဆိုရင် လည်ချောင်းနာတာနဲ့ ပတ်သက်ပြီး ကာကွယ်ပုံတွေ၊ ဖြစ်ရခြင်းအကြောင်းရင်းတွေ၊ ရောဂါလက္ခဏာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ လည်ချောင်းနာခြင်း လည်ချောင်းနာတယ်ဆိုတာ ပုံမှန်အားဖြင့် လည်ချောင်းက ယားယံပြီး နေရခက်တာ၊ နာကျင်တာ၊ အထူးသဖြင့် အစာ၊ ရေမြိုချလိုက်တဲ့အခါမှာ ပိုပြီးတော့ နာကျင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကတော့ အအေးမိ တုပ်ကွေးရောဂြါဖစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ပါပဲ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာ ဝေဒနာက သူ့အလိုလို သက်သာပျောက်ကင်းသွားမှာပါ။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာခြင်း ဝေဒနာ - Strep throat (streptococcal infection) ကတော့ အဖြစ်နည်းတဲ့ ရောဂါလက္ခဏာမျိုးပါ။ ကိုယ့်လည်ချောင်းနာတဲ့ […]


နားပြဿနာများ

ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ်

တစ်ကိုယ်ရေသန့်ရှင်းရေးမှာ နားသန့်ရှင်းရေးကလည်း မေ့ထားလို့ မရတဲ့ အချက်တစ်ခုပါ။ လူကြီး တစ်ယောက် အနေနဲ့ အချိန်အဆကို နားလည်နေတာကြောင့် နားသန့်ရှင်းတဲ့အခါ အခက်အခဲ မရှိပေမယ့် ကလေး တစ်ယောက်ကို နားသန့်ရှင်းပေးဖို့ ကျတော့ ခက်တယ်နော်။ မသန့်ရှင်းဘဲ ထားလို့ ရပေမယ့် နားထဲမှာ နားဖာချေးတွေ အရမ်း များတဲ့အခါမှာတော့ သန့်ရှင်းပေးဖို့ လိုအပ်မှာလေနော်။ ဒီတော့ ဘေဘီလေးတွေကို ဘယ်လို နားသန့်ရှင်းပေးရမလဲ သိချင်နေတဲ့ မေမေ၊ တီတီနဲ့ ဖွားဖွားတို့အတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။ ကဲ ... ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ် ဆိုရင် ဘာတွေ သတိထားဖို့ လိုမလဲ။ နားဖာချေး ဆိုတာ နားဖာချေးဆိုတာက နားကို ကာကွယ်ဖို့ ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးတဲ့အရာတွေပေါ့။ လူကြီးရော ကလေးမှာပါဖြစ်နိုင်ပါတယ်။ နားထဲကို ပြင်ပကအရာတွေ၊ ဖုန်မှုန့်တွေ […]


လည်ချောင်းပြဿနာများ

အာသီးရောင် လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းများ။ ။

လည်ချောင်းနာတယ်၊ အာသီးရောင်တယ်ဆိုတာ လူတိုင်းဖြစ်ဖူးနေကျ အရာတစ်ခုပါ။ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ ခုလိုရာသီမျိုးမှာ ပိုတောင်ဖြစ်နိုင်ပါသေးတယ်။ အာသီးရောင်၊ လည်ချောင်းနာရခြင်းဟာ ဗိုင်းရပ်စ်ပိုး ( သို့မဟုတ်) ဘက်တီးရီးယားပိုးကြောင့်ဖြစ်ရတာပါ။ သူတို့တွေကြောင့် လည်ချောင်းနဲ့အာသီးက ကြွက်သားတွေရောင်ပြီး နာလာပါတယ်။ မျက်စိနဲ့ကြည့်ရင် အာသီးက ကြီးနေတတ်ပြီး နီရဲနေတာကို တွေ့နိုင်ပါတယ်။ အဲလိုအခါမျိုးမှာ ရေသောက် ထမင်းစားလို့ မျိုချရင်တောင် နာနေတတ်အတွက်ကြောင့် စိတ်ကို အတော်လေး အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးသောက်ရမှာ ဆေးခန်းသွားရမှာ ကြောက်နေတဲ့ သူတွေအတွက် လည်ချောင်းနာ၊ အာသီးရောင်ရင် လုပ်နိုင်တဲ့ အိမ်တွင်းဆေးနည်းလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ၁ ။ ဆားရည်နွေးနဲ့ ပလုတ်ကျင်းခြင်း။ ။ လည်ခေျာင်းနာ အာသီးရောင်ရင် ဆားရည်နွေးလေးနဲ့ ပလုတ်ကျင်းတာဟာ ရှေးလူကြီးတွေလက်ထက်ကတည်းက အသုံးပြုလာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆားရည်နွေးလေးဟာ လည်ချောင်းနာတာကို သက်သာစေပြီး ရောင်နေတဲ့ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာဝေဒနာကို သက်သာစေနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းအချို့

လည်ချောင်းနာဖူးလား။ မနားဖူးဘူးတဲ့လူတော့မရှိလောက်ဘူးလေနော်။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလို ပူစပ်ပူလောင်ကြီးဖြစ်ပြီး ဘာစားစားအဆင်မပြေပါဘူး။ စကားပြောရတာတောင် အခက်အခဲဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာက တစ်ခါတလေမှာ အအေးမိတာ၊ တုပ်ကွေးဖြစ်တာလိုမျိုး အပေါင်းအဖော်တွေနဲ့အတူတူလာတတ်ပါသေးတယ်။ လည်ချောင်းနာတဲ့ဝေဒနာက ခံရခက်လွန်းလို့ ဘယ်သူမှတော့ ကြာကြာရှည်ရှည်ရောဂါမွေးမထားချင်လောက်ပါဘူး။ ဒီတော့ လည်ချောင်းနာတာကို သက်သာစေနိုင်မယ့်နည်းလမ်းလေးတွေပြောပြမယ်ဆိုရင် စိတ်ဝင်စားကြလား။ လည်ချောင်းနာတဲ့အခါ လည်ချောင်းနာတဲ့အခါ အခန့်မသင့်ရင်ခေါင်းတောင်ကိုက်လာတတ်ပါသေးတယ်။ ဒီလိုဖြစ်တဲ့အခါ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်ရောလေ။ ဒီပြဿနာတွေကကင်းဝေးဖို့ဆိုရင် - ကောင်းကောင်းအနားယူပါ - လည်ချောင်းနာတဲ့အခါ ခန္ဓါကိုယ်ကိုပြည့်ပြည့်ဝဝအနားယူပေးပါ။ တတ်နိုင်သမျှစကားနည်းနည်းပဲပြောပါ။ ရေများများသောက်ပါ -ရေ၊ စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လိုမျိုး ခန္ဓါကိုယ်အတွက်ရေဓါတ်ရရှိစေမယ့်သောက်စရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ လည်ချောင်းမှာ အစိုဓါတ်ရှိနေတာက လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ အရည်ဆိုလို့ကော်ဖီတွေ၊ လက်ဖက်ရည်တွေတာ့မသောက်ပါနဲ့။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အရက်၊ဘီယာတို့ကိုလည်းရှောင်ပေးပါနော်။ ရေနွေးကြမ်းသောက်ပါ -ရေနွေးကြမ်းခပ်နွေးနွေးလေးသောက်ပေးတာ၊ရေကျက်အေးထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက်စာလောက်နဲ့သံပရာရည်တစ်စက်နှစ်စက်လောက်ထည့်ပြီးသောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါရေနွေးခပ်နွေးနွေးလေးသောက်ပေးပါ။ ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ - လွယ်ကူရိုးစင်းတဲ့အိမ်တွင်းနည်းတစ်ခုပေါ့။ရေနွေးတစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းနဲ့လေးပုံတစ်ပုံစာလောက်ထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့

လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဘာတွေ ဂရုစိုက်ရမလဲ! ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ အစိုးမရတဲ့ ပူလိုက်အေးလိုက် မိုးရွာလိုက်ြဖစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းကခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊ လည်ချောင်းထဲကနာသလိုတွေဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊နှာပိတ်၊ချောင်းဆိုးတာတွေတောင်ဖြစ်တတ်ပါသေးတယ်။ ခန္ဓါကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။ ဒီအချက်တွေကြောင့်လည်ချောင်းနာနိုင်ပါတယ် လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းကတစ်ခုမကဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ - တုပ်ကွေးဖြစ်တာ အအေးမိဖျားနာဖြစ်တာ ရေကျောက်ပေါက်တာ ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ အသံကုန်ဟစ်ထားခဲ့တာ ဆေးလိပ်သောက်တာ Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။ လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ လည်ချောင်းနာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ လည်ချောင်းနာပြီဆိုရင် စားကောင်းတိုင်းလည်းမစားရသလို […]


နှာခေါင်းပြဿနာများ

နှာစေးနှာပိတ် တာကို သက်သာစေဖို့

ဖျားတော့မယ်ထင်တယ်။ နှာတွေချေနေတယ်။ နှာရည်တွေလည်းကျပြီး အသက်ရှူရတာလည်း မကောင်းလိုက်တာလို့များ ဖြစ်နေလား။ နှာခေါင်းပိတ်တာ၊ နှာစေး တာတွေကို သက်သာစေမယ့်နည်းလမ်းလေးတွေပြောပြပေးမယ်နော်။ နှာခေါင်းပိတ်ရတာက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ အစရှိတဲ့ပိုးမွှားတွေကြောင့် နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ တစ်ရှူးတွေရောင်ရမ်းတာကြောင့်နောက်ဆက်တွဲ နှာခေါင်းထဲက သွေးကြောလေးတွေရောင်ရမ်းလာတာကြောင့် အဓိကဖြစ်ရပါတယ်။ နှာခေါင်းပိတ်တာနဲ့ နှာစေးတာနဲ့ကတော့ အမြဲလိုလိုတွဲပြီးဖြစ်ပေါ်လေ့ရှိပါတယ်။ ညဘက်ဆို နှာခေါင်းပိတ်နေလို့ အသက်ရှူကျပ် အိပ်မရဖြစ်၊ လူကြားထဲမှာ နှာခေါင်းတရှုံ့ရှုံ့နဲ့ နေရထိုင်ရတာခက်၊ အစားအသောက်တွေလည်း အရသာမရှိနဲ့ သိပ်ဝေဒနာမဆိုးလှပေမယ့် နေရထိုင်ရခက်တဲ့ဝေဒနာပေါ့။ ဒီအချက်တွေကြောင့် နှာစေးနှာပိတ်အများဆုံးဖြစ်နိုင်ပါတယ် ဒီအချက်တွေကြောင့် နှာစေးနှာပိတ် အများဆုံးဖြစ်နိုင်ပါတယ် အအေးမိတာ တုပ်ကွေးဖြစ်တာ ဓာတ်မတည့်ဖြစ်တာ Sinus infection ဖြစ်တာတွေကြောင့် နှာစေးနှာပိတ်တာတွေဖြစ်နိုင်ပါတယ်။ နှာစေးနှာပိတ် တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ နှာခေါင်းကို သန့်စင်ပေးပါ နှာခေါင်းထဲမှာပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကို ဖြည်းဖြည်းချင်း ညှစ်ထုတ်ဖယ်ရှားပေးပါ။ နှာခေါင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားတာက နှာစေးနှာပိတ်တာကို သက်သာစေမယ့် အကောင်းဆုံးသော […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်