backup og meta

သိုင်းရွိုက်ရောဂါများ(၁)- လည်ပင်းကြီးရောဂါ(Hyperthyroidism)

သိုင်းရွိုက်ရောဂါများ(၁)- လည်ပင်းကြီးရောဂါ(Hyperthyroidism)

သိုင်းရွိုက်ရောဂါများ (၁) – လည်ပင်းကြီးဟော်မုန်းများရောဂါ(Hyperthyroidism)

သိုင်းရွိုက်ဘယ်လိုအလုပ်လုပ်လဲ။

သိုင်းရွိုက်ဂလင်းဟာ သန္ဓေသားဘဝတည်းက ဦးနှောက်အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါသလို လူကြီးတွေအတွက်လည်း နှလုံး၊ဦးနှောက်၊ အသည်းနဲ့အရေပြားလုပ်ဆောင်ချက်တွေအတွက် သက်ရောက်မှုရှိပါတယ်။ သိုင်းရွိုက်ဂလင်းဟာ သိုင်းရွိုက်ဟော်မုန်းတွေကို အိုင်အိုဒင်းရဲ့ အကူအညီနဲ့ထုတ်လုပ်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်းက T4 နဲ့ T3 ဆိုပြီး နှစ်မျိုးရှိပါတယ်။ T3 က ခန္ဓါကိုယ်ထဲက သက်ရောက်မှုတွေရှိနေတဲ့ ဟော်မုန်း ဖြစ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းတွေထုတ်တာများနေတဲ့လည်ပင်းကြီးရောဂါ (Hyperthyroidism)

သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲတဲ့ရောဂါဖြစ်ပါတယ်။

ဖြစ်နိုင်တဲ့အကြောင်းရင်းတွေတွေကတော့

(၁) ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က သိုင်းရွိုက်ဂလင်းကို ပြန်တိုက်ခိုက်တဲ့ရောဂါ (Graves’ disease)

Graves’ disease ဟာမျက်လုံးကို ထိခိုက်နိုင်ပြီး မျက်စိခြောက်တာ၊ နီရဲတာ၊ အမြင်အာရုံတွေဝေဝါးတာနဲ့ နှစ်ထပ်မြင်တာ၊ အခြေအနေဆိုးရင် မျက်လုံးတွေပြူးထွက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။

ဆေးလိပ်သောက်ခြင်းက Graves’ disease မှာဖြစ်တဲ့ မျက်စိများပြူးထွက်နေခြင်းနဲ့ အဓိကဆက်နွယ်မှုရှိနေပါတယ်။ ဒါကြောင့် Graves’ disease ဖြစ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ရပါလိမ့်မယ်။

(၂) သိုင်းရွိုက်ဂလင်းမူမမှန်ခြင်း (Toxic multinodular goitre/ Toxic nodule)

(၃) နှလုံးခုန်မမှန်ခြင်း (arrhythmia) အတွက် သောက်သုံးရတဲ့ amiodarone လို ဆေးဝါးများ

(၄) ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း (ကလေးမွေးဖွားပြီးနောက်ပိုင်း သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း)၊သို့မဟုတ် ကူးစက်တတ်သောရောဂါတစ်ခုကြောင့် သိုင်းရွိုက်ရောင်ရမ်းခြင်း (thyroiditis)

သိုင်းရွိုက်ဟော်မုန်းပိုထွက်နေတဲ့လူနာတွေမှာ ဒီလိုရောဂါလက္ခဏာတွေရှိတတ်ပါတယ်။

(၁) စိုးရိမ်ပူပန်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်လှုပ်ရှားခြင်း

(၂) ညဘက် အိပ်မပျော်ခြင်း

(၃) စိတ်အပြောင်းအလဲမြန်ခြင်း၊စိတ်တိုလွယ်ခြင်း

(၄) ကိုယ်အလေးချိန်ကျဆင်းခြင်း

(၅) နှလုံးခုန်သံမမှန်ခြင်း၊ မြန်ခြင်း

(၆) ဆံပင်ကျွတ်ခြင်း

(၇) ပင်ပန်းနွမ်းနယ်ခြင်း

(၈) လက်တုန်ခြင်း

(၉) မျက်လုံးပြူးလာခြင်း

(၁၀) အရေပြားအနီကွက်ထွက်ခြင်း

(၁၁) ဝမ်းပျက်ခြင်း

(၁၂) လည်ပင်းကြီးခြင်း

(၁၃) အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း

ရောဂါရှိနေတာ ဘယ်လိုသိနိုင်မလဲ

လည်ပင်းကြီးရောဂါကို ပုံမှန်အားဖြင့် သွေးစစ်သိရှိနိုင်ပါတယ်။ TSH ပမာဏနည်းပါးပြီး T3 နဲ့ T4 ပမာဏများနေတယ်ဆိုရင် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲနေပြီလို့ ဖော်ပြနေတာပါ။ ဒါကတော့ သိုင်းရွိုက်ဟော်မုန်းပမာဏများနေပြီဆိုတာကို သိရှိနိုင်တာဖြစ်ပါတယ်။

အဲဒီလိုလည်ပင်းကြီးရောဂါဖြစ်စေတဲ့အကြောင်းရင်းကို အတည်ပြုနိုင်ဖို့အတွက် သွေးစစ်တာတွေလည်းရှိပါတယ်။

(၁) TSH receptor antibodies (TRAB) – Graves’ disease မှာ အမြဲ positive ဖြစ်တယ်။

(၂) thyroiditis ဖြစ်လာရင် ရောင်ရမ်းမှုကို သိရှိနိုင်ဖို့ ESR ၊ CRP တို့လို သွေးစစ်ခြင်းတွေသုံးတယ်။ အတိအကျမဟုတ်ပေမယ့် ရောင်ရမ်းမှုရှိနေရင် မြင့်တက်နေနိုင်ပါတယ်။

ကုသမှု

ကုသမှုပုံစံ သုံးမျိုးရှိပါတယ်။

(၁) သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲနေတာကို တားဆီးဖို့ ဆေးပေးကုသခြင်း

(၂) ရေဒီယိုအိုင်အိုဒင်းကုသမှု

(၃) သိုင်းရွိုက်ဂလင်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်း

ပထမဆုံးနဲ့ အများဆုံးပြုလုပ်တဲ့ကုသမှုကတော့ ဆေးပေးကုသမှုဖြစ်ပါတယ်။ လည်ပင်းကြီးရောဂါကို ကုသရာမှာ Carbimazole နဲ့ Propylthyrouricil ဆိုတဲ့ ဆေးနှစ်မျိုးပေးလေ့ရှိပါတယ်။ ဒီဆေးဝါးတွေရဲ့အာနိသင်ထိရောက်မှုသိသာနိုင်ဖို့ အချိန်တစ်လ၊ နှစ်လလောက်ကြာလေ့ရှိပါတယ်။ Graves’ disease ဖြစ်မယ်ဆိုရင် ဒီဆေးတွေကို အနည်းဆုံး ၁၂ လ ကနေ ၁၈ လအထိ ဆက်သောက်သုံးဖို့လိုပါလိမ့်မယ်။ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ မအီမသာဖြစ်ခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းနဲ့ အရေပြားယားယံနီမြန်းခြင်းတို့ဖြစ်ပါတယ်။ ဖြစ်ခဲပေမယ့် agranulocytosis (သွေးဖြူဥဆဲလ်ရုတ်တရက်လျော့နည်းခြင်း) လို ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးလည်းရှိတတ်ပါတယ်။ ရောဂါပိုးတွေကိုတိုက်ထုတ်ဖို့ ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်အတွက် သွေးဖြူဥဆဲလ်တွေကို လိုအပ်ပါတယ်။ လည်ချောင်းနာ၊ ကိုယ်ပူပြီး ချောင်းဆိုးတာရှည်နေပြီဆိုရင် သွေးဆဲလ်အရေအတွက်စစ်ဆေးမှုအတွက် ဆေးဝါးကုသမှုချက်ချင်းခံယူသင့်ပါတယ်။ အထူးသဖြင့် မှာချင်တာကတော့ Hyperthyroid ဖြစ်နေတဲ့လူနာတွေဟာ အိုင်အိုဒင်းပါဝင်တဲ့ဆားကို စားသုံးဖို့ရန် လုံးဝမသင့်တော်ပါဘူး။ ဒါ့ကြောင့် ဆား စားသုံးမယ်ဆိုရင် အိုင်အိုဒင်းမပါတဲ့ဆားကို စားသုံးဖို့လိုအပ်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

08/02/2022

Poe Ei Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Poe Ei Win မှ ရေးသားသည်။ · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement