backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vocal Cord Disorders (အသံကြိုးရောဂါများ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vocal Cord Disorders (အသံကြိုးရောဂါများ) ကဘာလဲ။

အသံအိုးရှိ ပျော့ပျောင်းကြွက်သားတစ်ရှူး2ပြားအား အသံကြိုးများ

ဟုခေါ်သည်။ အသံကြိုးသည် လေပြွန်၏ထိပ် လည်ပင်းနေရာလောက်တွင်ရှိသည်။ ထိုအသံကြိုးမျာသည်တုန်ခါ

၍ဖြတ်သန်းသွားသောအဆုတ်မှလေများအားသင့်အသံဖြစ်ပေါ်

အောင်ထုတ်လုပ်ပေးသည်။ ထိုအသံအား လည်ချောင်း၊နှာခေါင်းနှင့်

ခံတွင်းသို့ပို့ဆောင်ပေးကာ ပဲ့တင်သံဖြစ်စေသည်။(resonance)

လူတစ်ဦးစီ၏အသံများအား ထိုအသံကြိုးများ၏ပုံစံနှင့် အရွယ်အစား၊လည်ချောင်း၊နှာခေါင်း၊ခံတွင်း၏ပုံစံနှင့်အရွယ်အစားတို့ကဆုံးဖြတ်ပေးသည်။ အသံကြိုးရောဂါများသည် အသံကြိုးများ

ကို ထိခိုက်စေသည်။ အချို့သောပို၍အဖြစ်များသည့် အသံကြိုးရော

ဂါများတွင် အသံအိုးရောင်ရမ်းခြင်း၊အသံကြိုးရှိအဖုများနှင့် အကျိတ်လုံးများ၊အသံကြိုးအကြောသေသွားစသောရောဂါများပါဝင်

သည်။

Vocal Cord Disorders (အသံကြိုးရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Vocal Cord Disorders (အသံကြိုးရောဂါများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသံကြိုးရောဂါများ ရဲ့ ရောဂါလက္ခဏာတွေကတော့ ဖြစ်ပွားသော

အသံကြိုးရောဂါအပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။

အသံကြိုးရှိအဖုများ

  • အသံအောခြင်း
  • အသံသည် ကြီးမားထူထဲနေခြင်း
  • လေသံပါနေခြင်း
  • အဆိုတော်များတွင် ဆိုနေကျအသံကီးပမာဏ လျော့နည်းဆုံးရှံူးသွားခြင်း

အသံကြိုး အကျိတ်များ

  • အသံအောခြင်း
  • အသံသည် ကြီးမားထူထဲနေခြင်း
  • လေသံပါနေခြင်း

အသံကြိုးရှိအနာများ

  • စကားပြောပါက လည်ချောင်းနာခြင်း
  • အသံအောချင်နေခြင်း
  • လွယ်လွယ်ကူကူနှင့် အသံဝင်သွားခြင်း

အသံအိုးရောင်ရမ်းခြင်း

  • အသံပြောင်းလဲမှုဖြစ်ခြင်း အသံအောခြင်းမှ စ၍အသံဝင်သွားခြင်း(သို့)အသံလုံးဝပျောက်သွားသည်

အထိဖြစ်သည်။

  • ရောဂါပိုးတခုကြောင့်ဖြစ်ပါက
  • အဖျားတက်ခြင်း
  • လည်ချောင်းနာခြင်း
  • နှုန်းခြင်း
  • သင့်လည်ချောင်းအားခဏဏရှင်းနေရခြင်း

အသံကြိုးအကျိတ်လုံးများ

  • အသံအောခြင်း
  • အလွန်ကြီးမားသောအကျိတ်လုံးများသည် အသံရှူရခက်

စေခြင်း(သို့)မျိုရခက်စေခြင်းတို့ကို ဖြစ်စေနိုင်သည်။

အသံကြိုးအကြောသေခြင်း

  • အသံပြောင်းလဲမှုများဖြစ်ခြင်း
  • အသံအောခြင်း
  • လေသံပါနေခြင်း
  • အသံထူထဲမှုပြောင်းလဲသွားခြင်း
  • အသံပို၍ကျယ်အောင်မပြောနိုင်ခြင်း
  • အကြောသေနေသောအသံကြိုးများအား ကြိုးစားရွှေ့လျားနေရသောဒဏ်ကြောင့် သက်သောင့်

သက်သာမဖြစ်ခြင်း

  • အသက်ရှူရခက်ခဲချင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အသံပြောင်းလဲမှု(သို့)2ပတ်ထက် ကြာပြီး အသံအောလာပါက သင့်ကျန်းမာရေးပညာရှင်နှင့် တွေ့ဆုံပြသသင့်ပါသည်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Vocal Cord Disorders (အသံကြိုးရောဂါများ) ကိုဘာတွေကဖြစ်စေသလဲ

အသံကြိုးရောဂါများကို အသံအား ထိခိုက်စေသည့်အပြုအမူများ

ကြောင့်မကြာခဏဖြစ်ပွားစေသည်။ သီချင်းဆိုခြင်း၊စကားပြောခြင်း၊

ချောင်းဆိုခြင်း(သို့)အော်ဟစ်ခြင်းပြုလုပ်ရာတွင်လိုအပ်သည်ထက်

အသံအားပိုမိုအသုံးပြုခြင်းလည်းပါဝင်သည်။ ဆေးလိပ်နှင့် ရှူရှိုက်ရသည့်အငွေ့များကိုလည်းအသံအားထိခိုက်စေသည့်အပြုအမူများအဖြစ်ထည့်သွင်းထားသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vocal Cord Disorders (အသံကြိုးရောဂါများ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်သည် သင့်၏ကျန်းမာရေးရာဇဝင်အားမေးမြန်းတတ်

သည်။ သင့်အသံအရည်အသွေးကို ဆရာဝန်ကနားထောင်ပြီးမှ

သင့်အသံကြိုးများကို ကြည့်ရှူစစ်ဆေးတတ်သည်။ သင့်ခံတွင်း

အနောက်တွင်မှန်သေးသေးတခုအား ထောင်ထားခြင်းဖြင့်ကြည့်ရှူ

တတ်သည်။ ပိုမိုကောင်းမွန်စွာမြင်ရလိုပါက သင့်ဆရာဝန်သည်

သေးငယ်ပျော့ပျောင်းသောအလင်းရောင်ပါပြီး အဆုံးပိုင်းတွင် ကင်

မရာပါသောပြွန်တခုအား နှာခေါင်းပေါက်မှ အသံအိုးအတွင်းသို့

ထည့်သွင်းကာကြည့်ရှူသည်။ သင့်အသံကြိုးများအလုပ်လုပ်၊မလုပ်သင့်ဆရာဝန်မှ သိနိုင်ရန် သင်သည်အချို့သောအသံများကိုပြု

လုပ်ရန်လည်းလိုအပ်တတ်သည်။ ကိုင်တွယ်စစ်ဆေးမှုအားသင့်ဆ

ရာဝန်မှ ပြန်လည်ခွဲခြမ်းစိတ်ဖြာကြည့်ရှူနိုင်ရန် ဗီဒီယိုမှတ်တမ်းတင်

ထားတတ်သည်။ အသံအိုးရောင်ရမ်းခြင်း၊အသံအိုးအဖုများနှင့်အဖုအများစုတွင်လိုအပ်သော အတည်ပြုစစ်ဆေးမှုများမှာ အထက်ပါအ

တိုင်းသာဖြစ်သည်။ အချို့သောအခြေအနေများတွင် သင့်အသံအားခွဲခြမ်းစိတ်ဖြာစစ်ဆေးရန် ဆရာဝန်မှ ညွှန်ကြားတတ်

သည်။ အသံPitch တည်ငြိမ်မှု၊ထုတ်ပေးနိုင်သည့်အသံKeyပမာဏ

နှင့် အသံပြင်းအားအပါအဝင် သင့်အသံအရည်အသွေးအား စစ်ဆေးပေးသည့် စစ်ဆေးမှုများပါဝင်သည်။

အသံကြိုး၏အကြောသေသွားပါက (သို့)အကျိတ်တခု၊အဖုတခုခု

အားခွဲစိတ်ဖြတ်ထုတ်ရန်လိုပါကထိုကဲ့သို့စစ်ဆေးရတတ်သည်။

စစ်ဆေးမှုအဖြေများကို အသုံးပြုကာ ဆရာဝန်များနှင့် အသံကုသမှု

အထူးကုများသည် ကုသမှုအပြီး အသံတိုးတက်မှုပမာဏကိုလည်း

ဆုံးဖြတ်နိုင်သည်။ အသံအိုးကင်ဆာသည် ကင်ဆာမဟုတ်သော

ကြီးထွားလာသည့်အကျိတ်လုံး(သို့)အနာတစ်ခုနှင့်ပုံစံတူနိုင်သည်။

အကယ်၍အသံကြိုးများတွင် မူမမှန်မှုတစ်ခုတွေ့ပါကသင့်ဆရာဝန်

သည်အသားစနမူနာယူ၍စစ်ဆေးတတ်ပါသည်။ အသံကြိုးတစ်ရှူး၏

သေးငယ်သောအသားစနမူနာကို ဖြတ်ယူ၍ဓါတ်ခွဲခန်းတွင်စစ်ဆေး

ခြင်းဖြစ်သည်။ ကွန်ပြူတာဓါတ်မှန်ကဲ့သို့သောအပိုဆောင်းစစ်ဆေး

မှုများအားအသံကြိုးအကြောသေခြင်း(သို့)အသံကြိုးကင်ဆာတို့

တွင်လိုအပ်တတ်ပါသည်။

Vocal Cord Disorders (အသံကြိုးရောဂါများ) ကို ဘယ်လိုကုသပါသလဲ

အသံအားထိခိုက်စေသည့်အပြုအမူများကြောင့်ဖြစ်သောအသံကြိုး

ရောဂါများအားကာကွယ်ရန်လွယ်ကူလှသည်။ ပို၍ပြောရလျှင် အသံ

ကြိုးရောဂါအများစုသည်ပြောင်းပြန်ဖြစ်နိုင်သည်။ သင့်ဆရာဝန်သည် အောက်ပါအခြေအနေများအပေါ်မူတည်၍ အကောင်းဆုံးကုသမှု

အားပေးတတ်သည်။

  • သင့်အသက်အရွယ်
  • သင့်ကျန်းမာရေးနှင့် ကျန်းမာရေးရာဇဝင်
  • သင်မည်မျှနေမကောင်းဖြစ်နေသည်နှင့်
  • အချို့သောဆေးများ၊စစ်ဆေးမှုများ(သို့)ကုသမှုများကို
  • မည်မျှကိုင်တွယ်လက်ခံနိုင်သည်

    • သင့်ရောဂါ၏ကြာမည့်ခန့်မှန်းချေကာလ
    • သင့်အတွေးအမြင်(သို့)ကြိုက်နှစ်သက်မှု

    ကုသမှုတွင် အောက်ပါတို့ပါဝင်သည်။

    • ဝစီပိတ်နေခြင်း
    • အသံကြိုးရောဂါအားဖြစ်စေသောအပြုအမူအား ရှောင်ကြဉ်ခြင်း
    • အသံ၊စကားပြောခြင်း၊ဘာသာစကား(သို့)မြိုရခက်ခဲ

    သည့် ရောဂါများအထူးပြုသည့် ဘာသာစကားနှင့်အသံရောဂါကျွမ်းကျင်ပညာရှင် ထံသို့လွှဲပေးခြင်း

    • ဆေးဝါးများပေးခြင်း
    • ဖြစ်ပေါ်လာသောအကျိတ်နှင့်အဖုများအား ခွဲစိတ်ကုသခြင်း

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသံကြိုးရောဂါများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အသံကြိုးရောဂါများ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Nyan Linn မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement