backup og meta

သိုင်းရွိုက်ဟော်မုန်း ပုံမှန် မဟုတ်တာကြောင့် သင့်ကျန်းမာရေး ဘယ်လိုတွေ ထိခိုက်နိုင်သလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်ဟော်မုန်း ပုံမှန် မဟုတ်တာကြောင့် သင့်ကျန်းမာရေး ဘယ်လိုတွေ ထိခိုက်နိုင်သလဲ ။  ။

    လည်ပင်းကြီးရောဂါအကြောင်း အားလုံးကြားဖူးကြမှာပါ။ လည်ပင်းကြီးတယ်လို့သာ ပြောကြတာပါ ။ တကယ်တော့ လည်ပင်းကြီးတာ မဟုတ်ပါဘူး။ လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ သိုင်းရွိုက်ဂလင်း လေးကြီးလာတာကြောင့် လည်ပင်းကြီးသလို ဖြစ်ရတာပါ။

    သိုင်းရွိုက်ဂလင်းဆိုတာဘာလဲ ။ ။

    သိုင်းရွိုက်ဂလင်းဆိုတာ ကိုယ်တွင်း အစိတ်အပိုင်း တော်တော်များများ အလုပ်လုပ်တဲ့နေရာမှာ ပါဝင်နေရတဲ့ သိုင်းရွိုက်ဟော်မုန်း တွေ ထုတ်ပေးရတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သူကောင်းကောင်း အလုပ်မလုပ်တော့တာနဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာတွေ ဖြစ်သွားပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာကို ကိုယ့်ဘက်က သိထားဖို့လိုအပ်ပါတယ်။ ။

    သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်မလုပ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿာနာနှစ်ခုရှိပါတယ်။

  • သိုင်းရွိုက်ဟော်မုန်းများတာ ( Hyperthyroidism) နဲ့
  • သိုင်းရွိုက်ဟော်မုန်းနည်းတာပါ။ ( hypothyroidism)
  • သူတို့နှစ်ခုပေါ် မူတည်ပြီး ကိုယ်ခန္ဓါပေါ်မှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါတယ် ။ ။

    သိုင်းရွိုက်ဟော်မုန်းများတာ ( Hyperthyroidism) ရဲ့ လက္ခဏာများ ။ ။

    • အစားကို ပုံမှန်ထက်ပိုစားချင်နေပြီး ဘယ်လောက်စားစား ဝမလာပါဘူး
    • လူကိုကြည့်လိုက်ရင်လည်း အမြဲတမ်း အတက်ကြွလွန်ပြီး ပျာယာခတ်မနေရုံ တမယ်ပါပဲ။
    • ဝမ်းလျှောသလိုဖြစ်နေပြီး ဝမ်းခဏပြီးခဏ သွားချင်နေပါလိမ့်မယ် ။
    • နှလုံးခုန် ရင်တုန်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။
    • အပူဒဏ်ကိုလည်း သိပ်မခံနိုင်ဘဲ တစ်ချိန်လုံး ချွေးတွေ ပြန်နေပါလိမ့်မယ်
    • အသက်ရှူတာလည်းမြန်နေတတ်ပြီး တစ်ခါတစ်ရံ အသက်ရှူရခက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
    • စိတ်တိုလည်း လွယ်နေတတ်တဲ့အပြင်
    • တစ်ခုခုကို ကိုင်ဖို့လက်ရွယ်လိုက်ရင်လက်တွေ တုန်ယင်နေတတ်ပါတယ်။
    • မိန်းကလေးတွေ မှာဆို ရာသီ မမှန်တာမျိုးတွေ ဖြစ်တတ်ပြီး တစ်ရံတစ်ခါ ရာသီတောင် ပျောက်သွားတတ်ပါတယ်။

    သိုင်းရွိုက်ဟော်မုန်းနည်းတာ ( hypothyroidism)ရဲ့ လက္ခဏာများ ။ ။

    သူကတော့ သိုင်းရွိုက်ဟော်မုန်းများနေတာရဲ့ ဆန့်ကျင်ဘက်ပါ။

    • အစားလည်း သိပ်မစားဘဲနဲ့ ကိုယ်အလေးချိန် တွေတက်လာမယ်။
    • လူကိုကြည့်လိုက်ရင် ငေးငေးငိုင်ငိုင် နဲ့ မောပန်းလွယ်နေမယ်။
    • ဝမ်းပုံမှန်မသွားဘဲ ဝမ်းချုပ်နေမယ်
    • မျက်နှာလေးကလည်း ဖောင်းအစ်နေပြီး ဆံပင်တွေလည်းပါးနေကာ အသံကလည်း သြသြကြီး ဖြစ်နေမယ်
    • နှလုံးခုန်နှုန်း တွေ နှေးနေမယ်
    • အအေးဒဏ်ကို သိပ်မခံနိုင်တဲ့အပြင် အသားအရေတွေကလည်း ခြောက်သွေ့နေမယ်
    • အဆစ်အမြစ်နဲ့ ကြွက်သားတွေ မှာ ရောင်ရမ်းပြီး နာကျင်နေမယ်
    • တစ်ခုခုဆိုလည်း အာရုံမစူးစိုက်နိုင်ဘဲ ဘာလုပ်လုပ် နှေးကွေးနေမယ်
    • စိတ်ဓါတ်လည်း တစ်ချိန်လုံး ကျနေတတ်ပြီး
    • မိန်းကလေးတွေမှာဆို ပုံမှန်ထက် ရာသီ ပိုမျာတာဖြစ်နိုင်ပါတယ်။

    ဒါတွေကတော့ သိုင်းရွိုက်ဟော်မုန်း ပုံမှန် အလုပ်မလုပ်တော့တာနဲ့ ဖြစ်လာတဲ့ ကိုယ်ခန္ဓါပေါ်က ပြောင်းလဲမှုတွေပါ။ ဘယ်အရာမဆို ပုံမှန်ပဲ ရှိနေတာ ကောင်းတာကြောင့် အပေါ်မှာပြောထားတဲ့ လက္ခဏာတွေထဲက တစ်ခုခု ကိုယ့်ဆီမှာ ရှိလာပြီဆိုတာနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာစစ်ဆေးကြည့်တာ အကောင်းဆုံးပါ။ စောစောသိတော့ စောစောပိုကုလို့ရတာပေါ့ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement