အသုံးပြုပုံများ
Midazolam (မီဒါဇိုလန်) ကို ဘာအတွက်အသုံးပြုကြသလဲ
Midazolamကိုအများဆုံးအသုံးပြုကြသည်မှာအောက်ပါအခြေအနေများအတွက် ဖြစ်သည်။
-အိပ်ဆေးအာနိသင်ကိုရရှိရန်။
-ခွဲစိတ်မှုမတိုင်မီစိုးရိမ်ပူပန်မှုများကိုလျှော့ချရန်။
-ခွဲစိတ်မှုပြုလုပ်ပြီးနောက်စိတ်ဖိစီးမှုများလျော့နည်းပြီးအိပ်ပျော်စေရန်။
Midazolam (မီဒါဇိုလန်) ဘယ်လိုသောက်သုံးသင့်သလဲ
midazolam ကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်သုံးပါ။ midazolam ကိုအများအားဖြင့်ခွဲစိတ်မှုမပြုလုပ်မီတွင်တကြိမ်သောက်ရလေ့ရှိသည်။ ဆေးပမာဏအနည်းအများသည်သင့်ကျန်းမာရေးအခြေအနေ၊ဆေးအပေါ်တုန့်ပြန်မှု၊ကိုယ်အလေးချိန်နှင့်အခြားသုံးစွဲနေသောဆေးဝါးများအပေါ်မူတည်ပါသည်။ midazolam ၏ထင်ရှားသောဘေးထွက်ဆိုးကျိုးများမှာဆေးဖြတ်လက္ခဏာများ (ဥပမာ။။ ခြေလက်များကတုန်ကယင်ဖြစ်ခြင်း၊ချွေးအလွန်ထွက်ခြင်း၊အန်ခြင်း၊ဗိုက်နာခြင်း၊ကြွက်တက်ခြင်း၊တက်ခြင်းစသည်) ဖြစ်ပါသည်။
ဆေးဖြတ်လက္ခဏာများကိုအသေးစိတ်သိရှိလိုလျှင်ဆရာဝန်နှင့်မေးမြန်းဆွေးနွေးပါ။ ဆေးဖြတ်လက္ခဏာများပေါ်ပေါက်လာလျှင်လည်းဆရာဝန်ကိုအကြောင်းကြားပါ။ midazolam ကိုသုံးစွဲနေစဉ်ကာလတွင်ဂရိတ်ဖရုသီးစားခြင်း၊ဖျော်ရည်သောက်ခြင်းတို့ကိုရှောင်ရှားရပါမည်။
Midazolam (မီဒါဇိုလန်) ဘယ်လိုသိမ်းဆည်းရမလဲ
(ယေဘူယျအသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်)
Midazolamကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Midazolamကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Midazolamဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Midazolamကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)
Midazolamကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Midazolam (မီဒါဇိုလန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် D
အဆင့်ရှိသည်ဟုသတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကိုမသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Midazolam (မီဒါဇိုလန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Midazolam (မီဒါဇိုလန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
midazolam ကိုသုံးစွဲခြင်းဖြင့်အောက်ပါဘေးထွက်ဆိုးကျိုးများကိုခံစားရစေနိုင်ပါသည်။
-စိုးရိမ်ပူပန်စိတ်များခြင်း၊ရင်ဘတ်အောင့်ခြင်း၊အသက်ရှုကျပ်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊အသက်ရှုရခက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊အာခြောက်ခြင်း၊နှလုံးခုန်မြန်ခြင်း၊အသက်ရှုနှုန်းမြန်ခြင်း၊နှလုံးခုန်မမှန်ခြင်း၊အသက်ရှု နှေးခြင်း၊မြန်ခြင်း၊မမှန်ခြင်း၊အားနည်းခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း၊မူးဝေခြင်း၊သတိလစ်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း၊အသက်ရှုလျှင်အသံများမြည်ခြင်း၊နှုတ်ခမ်း၊လက်သည်းသို့မဟုတ်အသားအရေများပြာခြင်း၊ဖြူဖျော့ခြင်း၊တကိုယ်လုံးတုန်ခါကတုန်ကယင်ဖြစ်ခြင်း၊အသက်ရှုမဝခြင်း၊နှလုံးခုန်နှေးခြင်း၊မမှန်ခြင်း၊ရင်ကြပ်ခြင်း၊အိပ်မပျော်ခြင်း၊စကားမပြောနိုင်ခြင်း၊မူမမှန်စွာပင်ပန်းနွမ်းနယ်ခြင်း၊အားနည်းခြင်း၊အသက်ရှုလျှင်တရွှီရွှီအသံများမြည်ခြင်း။
ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Midazolam (မီဒါဇိုလန်) နဲ့ ဓါတ်ပြုနိုင်သလဲ
Midazolamဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် midazolam ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန်အနေနဲ့ midazolam ကိုအသုံးမပြုတော့တာဘဲဖြစ်ဖြစ်သင်သုံးစွဲနေတဲ့အခြားဆေးတွေကိုပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
Amprenavir; Atazanavir; Boceprevir;
Cobicistat; Darunavir; Delavirdine; Flumazenil; Fosamprenavir; Indinavir;
Itraconazole; Ketoconazole; Lopinavir; Nelfinavir; Ritonavir; Saquinavir;
Telaprevir; Tipranavir
အောက်ဖော်ပြပါဆေးများကိုယေဘုယျအားဖြင့် midazolam နဲ့တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော်အချို့သောအခြေအနေများတွင်မူသုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ဆေးနှစ်မျိုးလုံးကိုသောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့်ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ်ဆေးသောက်ရမည့်အကြိမ်ရေကိုပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။
Alfentanil; Amobarbital; Anileridine; Aprobarbital; Bromazepam;
Buprenorphine; Butabarbital; Butalbital; Carbinoxamine; Carisoprodol;
Ceritinib; Chloral Hydrate; Chlorzoxazone; Clarithromycin; Codeine; Conivaptan;
Dabrafenib; Dantrolene; Ethchlorvynol; Fentanyl; Flibanserin; Fospropofol;
Hydrocodone; Hydromorphone; Idelalisib; Isavuconazonium Sulfate;
Levorphanol; Lumacaftor; Meclizine; Meperidine; Mephenesin; Mephobarbital;
Meprobamate; Metaxalone; Methadone; Methocarbamol; Methohexital;
Mirtazapine; Morphine; Morphine Sulfate Liposome; Nilotinib; Orlistat;
Oxycodone; Oxymorphone; Pentobarbital; Phenobarbital; Piperaquine;
Posaconazole; Primidone; Propofol; Propoxyphene; Remifentanil; Secobarbital;
Simeprevir; Sodium Oxybate; Sufentanil; Suvorexant; Tapentadol; Thiopental;
Zolpidem;
အောက်ဖော်ပြပါဆေးများသည် midazolam ၏ဘေးထွက်ဆိုးကျိုးများကိုပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော်အတူတကွသုံးစွဲခြင်းဖြင့်အကောင်းဆုံးသောကုသမှုရလာဒ်ကိုလည်းရစေနိုင်သည်။ အကယ်၍ဆေးနှစ်မျိုးလုံးကိုသောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့်ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ်ဆေးသောက်ရမည့်အကြိမ်ရေကိုပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။
AprepitantArmodafinil
Carbamazepine Cimetidine Crizotinib Cyclosporine DalfopristinDiltiazem
Echinacea Erythromycin Fluconazole Fluvoxamine FosaprepitantFosphenytoin
Ginkgo Biloba Goldenseal Halothane LaropiprantMitotane Phenytoin
QuinupristinRoxithromycin St John's WortTelithromycin Theophylline
Vemurafenib Verapamil Voriconazole
အစားအသောက်တွေနဲ့ အရက်က Midazolam (မီဒါဇိုလန်) နဲ့ ဓါတ်ပြုနိုင်သလား
Midazolamကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
-အရက်
-ဂရိတ်ဖရုဖျော်ရည်။
ဘယ်ရောဂါအခြေအနေတွေက Midazolam (မီဒါဇိုလန်) နဲ့ ဓါတ်ပြုနိုင်သလဲ
Midazolamဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ အထူးသဖြင့်
-အသက်ရှုခေတ္တရပ်သည့်အခြေအနေ။
-နှလုံးရောဂါသို့မဟုတ်အသက်ရှုနှေးခြင်း။
-ကူးစက်ရောဂါသို့မဟုတ်အဆုတ်ရောဂါ။
-အဆုတ်သို့မဟုတ်အသက်ရှုလမ်းကြောင်း ပြင်းထန်စွာပိတ်ဆို့ခြင်း။
-နှလုံးကောင်းစွာအလုပ်မလုပ်တော့ခြင်းသို့မဟုတ်ကျောက်ကပ်သို့မဟုတ်အသည်းရောဂါ။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Midazolam (မီဒါဇိုလန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
စိတ်ငြိမ်ဆေးအဖြစ်
-သောက်ဆေး —–>၁၀ – ၂၀မီလီဂရမ်ကိုကုသမှုမပြုလုပ်မီတခါသောက်ရမည်။ (အကြောထိုးဆေးသို့မဟုတ်အသားထိုးဆေးပေးလျှင်ပိုကောင်းသည်)။
-အကြောထိုးဆေး ——>ကုသမှုမပြုလုပ်မီ၁ – ၂.၅မီလီဂရမ်ကို၂မိနစ်မှ၃မိနစ်ခန့်ကြာအောင်ပေးရမည်။ ဆေးသွင်းနှုန်းသည်၂မိနစ်အတွင်း၁မီလီဂရမ်ထက်မပိုရပါ။ စုစုပေါင်းဆေးပမာဏ၅မီလီဂရမ်ထက်ပိုလိုလေ့မရှိပါ။
-အသားထိုးဆေး —–>ခွဲစိတ်မှုမပြုလုပ်မီနာရီဝက်မှတနာရီခန့်တွင် 0.07 – 0.08 mg/kg ပမာဏပေးရမည်။COPD အဆုတ်ရောဂါရှိသောလူနာများ၊အသက်အန္တရာယ်ရှိသောလူနာများသို့မဟုတ် narcotic အုပ်စုဝင်အကိုက်အခဲပျောက်ဆေးသို့မဟုတ်ဦးနှောက်နှင့်အာရုံကြောကိုဖိနှိပ်သောဆေးများအသုံးပြုထားသောလူနာများတွင်ဆေးပမာဏကိုလျှော့ပေးရပါမည်။ အများဆုံးပေးနိုင်သောဆေးပမာဏမှာ၁၀မီလီဂရမ်ဖြစ်ပါသည်။
မေ့ဆေး/ထုံဆေးအဖြစ်
-ကနဦးဆေးပမာဏ —–>ကုသမှုပြုလုပ်ရန်အလွန်နီးကပ်ချိန်တွင် 1mg/min ထက်မပိုသောအမြန်နှုန်းဖြင့်အကြောသွင်းဆေး၂မီလီဂရမ်ကိုတကြိမ်ပေးရမည်။၂မိနစ်ခန့်ကြာပြီးနောက်လိုအပ်သောမေ့ဆေး/ထုံဆေးအာနိသင်ကိုရရှိနိုင်ရန်အတွက်နောက်ထပ်ဝ.၅ – ၂မီလီဂရမ်ကိုထပ်မံပေးနိုင်သည်။ စုစုပေါင်းဆေးပမာဏသည်၅မီလီဂရမ်ထက်နည်းရမည်။
-ဆက်လက်ပေးထားရမည့်ဆေးပမာဏ —–>လိုအပ်သောအာနိသင်ပြစေသည့်မူလဆေးပမာဏ၏လေးပုံတပုံထက်ပိုမပေးရပါ။
အထူးကြပ်မတ်ကုသဆောင်တွင်စိတ်ငြိမ်စေရန်အတွက်
-ကနဦးဆေးပမာဏ ——–>အထူးကြပ်မတ်ကုသဆောင်တွင်စိတ်ဂယောက်ဂယက်ဖြစ်ခြင်းအားထိန်းချုပ်ရန်အကြောသွင်းဆေး 0.01 – 0.08 mg/kg (၁ – ၅မီလီဂရမ်)ကို၂မိနစ်သို့မဟုတ်၃မိနစ်ကြာအောင်သွင်းပေးရသည်။
-ဆက်လက်ပေးထားရမည့်ပမာဏ —–> 0.02 – 0.2 mg/kg/hrနှုန်းဖြင့်ဆက်တိုက်ပေးထားရမည်။ Opioid အုပ်စုဝင်အကိုက်အခဲပျောက်ဆေးများသုံးစွဲနေရသောလူနာများတွင်နှုန်းကိုလျှော့၍ပေးရမည်။
ကလေးတွေအတွက် Midazolam (မီဒါဇိုလန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးငယ်တွေမှာMidazolamကိုသောက်သုံးရမယ့်အချိုးအစားကဘယ်လောက်လဲ။
(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက်သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ)
-အကြောသွင်းဆေး —–>ကုသမှုမပြုလုပ်မီ၁ – ၁.၅မီလီဂရမ်ကို၂မိနစ်မှ၃မိနစ်ခန့်ကြာအောင်ပေးရမည်။ ဆေးသွင်းနှုန်းသည်၂မိနစ်အတွင်း၁မီလီဂရမ်ထက်မပိုရပါ။ စုစုပေါင်းဆေးပမာဏ၃.၅မီလီဂရမ်ထက်ပိုလိုလေ့မရှိပါ။
-အသားထိုးဆေး —->ခွဲစိတ်မှုမပြုလုပ်မီနာရီဝက်မှတနာရီခန့်တွင် 0.07 – 0.08 mg/kg ပမာဏပေးရမည်။ ပုံမှန်ပေးလေ့ရှိသောပမာဏမှာ၁ – ၃မီလီဂရမ်ဖြစ်သည်။ အချို့လူနာများတွင်၁မီလီဂရမ်ပမာဏခန့်ဖြင့်ဆေးအာနိသင် ပြလေ့ရှိပါသည်။
Midazolam (မီဒါဇိုလန်) ကိုဘယ်လိုရရှိနိုင်သလဲ
Midazolamကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။
-ဆေးပြား —->၇.၅မီလီဂရမ်
-သောက်ဆေးရည် —-> 2mg/ml
-ထိုးဆေးရည် —-> 1mg/ml ; 5mg/ml
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ)
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Midazolamကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။