backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ ။  ။

အစာအိမ်လေထိုး၊ လေအောင့်တယ်ဆိုတာ တကယ်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ စားချင်တာတွေစားပြီး ဗိုက်ထဲမှာ တင်းပြီးအောင့်လာလို့ တကယ်ကို သက်သောင့်သက်သာ မရှိစေပါဘူး။ အစာအိမ်ပြဿနာရှိတဲ့သူ အများစု ဖြစ်တတ်ပြီး၊ လေထစာတွေ စားလိုက်ရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လေထတဲ့ ဝေဒနာကို မခံစားချင်ဘူးဆိုရင် လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ လို့ အကြံပြုချင်ပါတယ်။

လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ ။ ။

လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဘာတွေ ရှောင်စားရမလဲဆိုတော့

  • ပဲအမျိုးမျိုး ။ ။

အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အပြင် ပရိုတင်းဓာတ်တွေ အများကြီးပါတဲ့ ပဲအမျိုးမျိုးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ပေမယ့် ဆိုးကျိုးအနေနဲ့ လေအောင့်တာကိုဖြစ်စေတတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပဲမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် တစ်မျိုးဟာ အူအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် အချဉ်ပေါက်သွားပြီး gas တွေထွက်လာတာဖြစ်ပါတယ်။ ဒီထွက်လာတဲ့ လေတွေဟာ အပြင်ကို မထွက်နိုင်ဘဲ အူထဲမှာပဲ ပတ်နေလို့ လေထိုးလေအောင့် ဖြစ်ရတာဖြစ်ပါတယ်။ လူတိုင်းမှာ မဟုတ်ပေမယ့် ကိုယ်က ပဲစားပြီး လေပွတတ်တယ်ဆို ‌ သတိထားစားပေးပါ။

  • Gas ပါတဲ့ ဖျော်ရည်များ ။ ။

Gas ပါတဲ့ ဖျော်ရည်တွေကြောင့် အစာအိမ်နဲ့ အူထဲကို gas တွေ တိုက်ရိုက်ဝင်သွားပြီး လေထိုးလေအောင့်ကိုဖြစ်စေပါတယ်။ ဒါ့အပြင် ဆီးချို ရောဂါနဲ့ အဝလွန်ရောဂါကို ဖြစ်စေတဲ့ အချိုရည်တွေကို မသောက်ရင် အကောင်းဆုံးပါ။ အဲဒီအစား လတ်လတ်ဆတ်ဆတ်သစ်သီး ဖျော်ရည်တွေကို သောက်ပေးပါ။

  • ဂျုံကြမ်း ။ ။

ဂျုံကြမ်းထဲမှာ Gluten လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးပါပြီး လေထခြင်း၊ အစာအိမ်အောင့်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ အထူးသဖြင့် Glutenနဲ့ ဓာတ်မတည့်တဲ့သူတွေမှာပေါ့။ ပေါင်မုန့်ဖြူ၊ ပါစတာနဲ့ အခြား ဖုတ်ထားတဲ့ မုန့်တွေထဲမှာ Gluten တွေ အများကြီးပါလို့ သူတို့က လေထစေတဲ့ အစားအစာတွေပါ။ ။

  • ကြက်သွန်နီ ကြက်သွန်ဖြူ ။ ။

ကြက်သွန်နီမှာ ပါဝင်တဲ့ fructans လို့ခေါ်တဲ့ အမျှင်ဓာတ်တစ်မျိုးက လေထခြင်းကိုဖြစ်စေပါတယ်။ Fructans ဟာ ကြက်သွန်ဖြူ မှာလည်း ပါတာကြောင့် သူတို့ကိုစားပြီးရင် လေထခြင်းကို ဖြစ်စေတတ်ပါတယ်။

  • ဂေါ်ဖီထုပ်တွေ ။ ။

ဂေါ်ဖီထုပ် တွေ၊ ပန်းဂေါ်ဖီစိမ်း နဲ့ မုန်လာစိမ်းတို့မှာ အလွယ်တကူ မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်တွေပါတာကြောင့် သူတို့ဟာ လေထိုးလေအောင့်ကို ဖြစ်စေတဲ့ အစားအသောက်တွေပါ။ ။

  • နို့ နဲ့ နို့ထွက် ပစ္စည်းတွေ ။ ။

ကယ်လ်ဆီယမ်နဲ့ ပရိုတင်းဓာတ် တွေ ကြွယ်ဝစွာပါဝင်ပြီး သောက်လို့၊ စားလို့ကောင်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ lactose ဓာတ် တစ်မျိုးပါဝင်တာကြောင့် lactose ကို မချေဖျက်နိုင်တဲ့ လူတွေ အနေနဲ့ နို့သောက်ပြီးတိုင်း လေထ၊ ဗိုက်အောင့်တာတွေ ဖြစ်နေရတာပါ။

  • သဘာဝ အချို မဟုတ်တဲ့ အစားအစာတွေ ။ ။

ဖျော်ရည်တွေ၊ ပီကေ တွေ၊ တွေ မှာ အတွေ့များတဲ့ သဘာဝအတိုင်းမဟုတ်တဲ့ သကြားဓာတ် တွေဖြစ်တဲ့ xylitol, sorbitol and mannitol တို့ဟာ ဘက်တီးရီးယားတွေ ရဲ့ တည်နေရာဖြစ်တဲ့ အူမကြီးထဲ တန်းရောက်သွားပြီး လေထခြင်းကိုဖြစ်စေပါတယ်။

  • ဘီယာ ။ ။

မုယောစပါး တို့၊ ပန်းဂျုံတို့၊ ဘာလီစေ့တို့ကို အခြေခံပြီးထုတ်ထားတဲ့ ဘီယာ သောက်လွန်းရင် ဗိုက်ပူတာကို ဖြစ်စေရုံမက အူအတွင်းက ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုလို့ လေထခြင်းကိုလည်း ဖြစ်စေတတ်ပါတယ်။

ကဲ ကိုယ်ကလည်း အစတည်းက လေထတတ်တဲ့သူ၊ အစာအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်းရှိတဲ့သူဆိုရင်တော့ လေထစေတဲ့ အစားအသောက်တွေကို ရှောင်စားတာကသာ အကောင်းဆုံးပါ။ ။

ရေးသားသူ- Dr Thin Yadanar @ Frances

https://www.youtube.com/watch?v=JsZFbjJIry4&list=PLeLbRXZjaOG77BVI059IT-TfDxEWW8BKu

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement