သည်းခြေကျောက်တည်တဲ့ ဝေဒနာ တော်တော့်ဆိုးဆိုးပါ။ ဒီတိုင်းကျောက်က သည်းခြေအိတ်ထဲမှာဆို ပြဿနာ သိပ်မရှိပေမယ့် သည်းခြေပြွန်ထဲရောက်လာပြီဆိုရင်တော့ တော်တော်ခံရခက်ပါတယ်။ ဗိုက်တွေအောင့်၊ ချွေးစေးတွေပြန်၊ အော့အန်၊ အဖျားတွေတက်၊ အသားတွေဝါနဲ့ လူနာခမျာ အတော်ခံစားရရှာတာပါ။