စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 28, 2020 . 2 mins read
Share now

ခုတလော အရင်ကပိတ်ထားခဲ့တဲ့ တချို့အလုပ်တွေ၊ ရုံးတွေ ပြန်ဖွင့်နေပြီလို့ သတင်းကြားမိတယ်ခင်ဗျ။ ကိုဗစ်ရောဂါ မြန်မာနိုင်ငံကို ရောက်လာခဲ့တာ အခုဆိုရင် တော်တော်ကြာနေပြီဆိုတော့ အရင်က ရောဂါကို မကြောက်သေးတဲ့သူတော်တော်များများလည်း အခုအခြေအနေကို ကြည့်ပြီး ကာကွယ်သင့်သလောက် ကာကွယ်နေတာကို တွေ့ရတယ်။ ရောဂါရဲ့ ကူးစက်ပုံ၊ ကာကွယ်နည်းလမ်းတွေကိုလည်း တော်တော်များများ သိထားပြီးဖြစ်သလို အသားကျနေလောက်ပြီ ထင်ပါတယ်။

စာသင်ကျောင်းတွေရော အခြေအနေဘယ်လိုရှိလာနိုင်လဲ။

လက်ရှိအခြေအနေအရတော့ စာသင်ကျောင်းများ ပြန်ဖွင့်ဖို့ ထုတ်ပြန်ချက်အမိန့်များ ကျလာခြင်းမရှိသေးပါဘူး။ အကယ်လို့ ရုံးလုပ်ငန်းတွေအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ပြီး လည်ပတ်နေတယ်ဆိုရင်တောင် စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုတာကတော့ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်ရဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင်

၁။ ကိုဗစ်ဒုတိယလှိုင်းရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ

ပထမလှိုင်းတုန်းက မြန်မာနိုင်ငံဟာ တော်တော်လေးကို ကံကောင်းခဲ့သလို ရောဂါကူးစက်သူဦးရေ ၃၀၀ ကျော်လောက်သာရှိခဲ့ပြီး အဲဒီအနေအထားမှာပဲ ရပ်သွားခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူများက ရောဂါကို မပေါ့ဆဖို့ အစဉ်အမြဲသတိပေးနေခဲ့ပေမယ့် လူအများစု အပြင်ကို ပုံမှန်အတိုင်း ပြန်ထွက်လာကြတယ်၊ လူစုလူဝေးတွေ လုပ်လာကြတယ်၊ Mask တွေ မတပ်တော့ဘူး၊ လက်တွေ မဆေးကြတော့ဘူး၊ ပါးစပ်ကိုမအုပ်ဘဲ ချောင်းဆိုး၊ နှာချေ၊ ကွမ်းတံတွေးထွေးတာတွေ လုပ်ခဲ့ကြတယ်။ ဒါတွေအားလုံးရဲ့ အကျိုးဆက်က ရက်ပိုင်းလေးအတွင်းမှာ ပိုးကူးစက်သူဦးရေကို ရာဂဏန်းကနေ သောင်းဂဏန်းထိရောက်အောင် တွန်းပို့စေခဲ့တာပါပဲ။ ဒီအချက်တွေကြောင့်လည်း နိုင်ငံအစိုးရအနေနဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်လှစ်ပေးတဲ့နေရာမှာ အခြေအနေပေါ် မူတည်ပြီး ကြန့်ကြာသွားစေနိုင်ပါတယ်။

၂။ ရောဂါကို ကြောက်ရကောင်းမှန်း နားမလည်ခြင်း

ရောဂါကိုကြောက်တဲ့သူက ဒီရောဂါရဲ့ အကျိုးသက်ရောက်ပုံတွေကို ကောင်းကောင်းနားလည်တဲ့အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ရှောင်ကြဉ်မယ်၊ ဘယ်လိုအရာတွေ လုပ်မိရင် ကိုယ့်ကို ကူးစက်သွားစေနိုင်လဲဆိုတာ သတိထားနေမှာပါ။ ကလေးအများစုက ဒါကို သိပ်ပြီးနားလည်မှာမဟုတ်ပါဘူး။ မိဘက Mask တပ်ရမယ်ဆိုလို့ တပ်လိုက်တယ်၊ ရောဂါဘယ်လိုကူးစက်တာလဲ နားမလည်၊ အပြင်မှာ ဘယ်လောက်ထိ အခြေအနေဆိုးရွားနေလဲဆိုတာ မသိရင်တော့ ဘာမှမထူးပါဘူး။ မိဘကွယ်ရာ စာသင်ကျောင်းရောက်တာနဲ့ အသက်ရှူကျပ်လို့ဆိုပြီး Mask ဖြုတ်လိုက်ရင် သွားပါပြီ။

၃။ မိဘတွေက ကလေးအခြေအနေကို မမြင်ရတော့ခြင်း

ကလေးဆိုတာကတော့ ကလေးသဘာဝပါပဲ။ အတူဆော့ကစားကြတဲ့အခါ ချွေးတွေထွက်လာရင် Mask နဲ့ဆို မွန်းကျပ်သလို ခံစားရနိုင်တဲ့အတွက် ချွတ်လိုက်မိမယ်။ မုန့်တွေ၊ ထမင်းဟင်းတွေ ဝေမျှစားရင်းနဲ့ တစ်ယောက်ဆီက တံတွေး နောက်တစ်ယောက် ပါးစပ်ထဲကို အဆင့်သင့် ဝင်သွားနိုင်တယ်။ Mask လည်း မတပ်၊ ပါးစပ်လည်း မအုပ်ဘဲ ချောင်းဆိုးလိုက်တာ၊ နှာချေလိုက်တာမျိုးတွေ ရှိနိုင်တယ်။ လက်ဆေးဖို့ မေ့ပြီး မုန့်ကို မသန့်ရှင်းတဲ့ လက်နဲ့ ကိုင်စားမိလိုက်တာမျိုးတွေ ဖြစ်နိုင်တယ်။ စာသင်ကျောင်းကို ပို့ရပြီဆိုတာနဲ့ မိဘတွေက ကျောင်းထိလိုက်ပြီး ကိုယ့်ကလေးတစ်ယောက်ချင်းစီရဲ့ အခြေအနေကို လိုက်ကြည့်လို့ ရမှာမဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေက လိုက်ပြီး ကြီးကြပ်ပေးမယ်ဆိုသော်လည်း အများနဲ့ တစ်ယောက်ဖြစ်နေတဲ့အခါ မမြင်မိလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၄။ ကလေးတွေဟာ ရောဂါပိုးသယ်ဆောင်သူတွေ ဖြစ်သွားနိုင်ခြင်း

ကိုဗစ်ကြောင့် အသက်သေဆုံးရသူ ကလေးအရေအတွက်ဟာ လူကြီးတွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို နည်းပါတယ်။ ရောဂါပိုးကူးစက်ခံရရင်လည်း လက္ခဏာ သိပ်ပြီးမပြတတ်သလို ပြလာခဲ့ရင်လည်း ကိုယ်ဒီရောဂါကူးခံနေရနိုင်တယ်ဆိုတဲ့ အချက်ကို သိချင်မှသိမှာပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်တောင် ရောဂါပိုးရှိတယ်လို့ မသိတဲ့ ကလေးတစ်ယောက်ဆီက ရောဂါပိုးတွေဟာ ကျန်တဲ့ အိမ်သားတွေ၊ လူကြီးတွေဆီကို ကူးသွားနိုင်ဖို့ အခွင့်အလမ်းများပါတယ်။

အပြန်အလှန်အားဖြင့် ကြည့်မယ်ဆိုရင်လည်း စာသင်ကျောင်းဆိုတာ ကလေးပေါင်းစုံ စုဝေးနေကြတဲ့ လူစုလူဝေးနေရာတစ်ခု ဖြစ်ပါတယ်။ မတော်တဆ ကလေးတစ်ယောက်က မိမိနေအိမ်မှာရှိနေတဲ့ လူကြီးတစ်ဦးစီကနေ ရောဂါပိုးကူးခံရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ရောဂါပိုးရှိတယ်လို့ သံသယမရှိတဲ့အခါ ကျန်းမာနေတယ်လို့ပဲ ယူဆပြီး ကျောင်းသွားမယ်။ အဲဒီလို ကျောင်းရောက်သွားခဲ့ရင် ရောဂါပိုးရှိနေတဲ့ကလေးဆီကနေ ကျန်တဲ့ကလေးတွေကို ကိုဗစ်ပိုး ကူးစက်သွားနိုင်ခြေ ရှိပါတယ်။

ဒီအချက်တွေကြောင့် စာသင်ကျောင်းတွေဟာ ရောဂါပိုးကူးစက်ခံရနိုင်ခြေ အလွန်များတဲ့ နေရာဖြစ်တယ်လို့ သတ်မှတ်လို့ ရပါတယ်။ တတ်နိုင်သလောက်တော့ အပြင်ကို ပုံမှန်အတိုင်း သွားလာလို့ ရရင်တောင် စာသင်ကျောင်းတွေကို မဖွင့်သေးဘဲ ကိုဗစ်ကာကွယ်ဆေးပေါ်လာမှ သို့မဟုတ် ကိုဗစ်ရောဂါပိုး ပျံ့နှံ့နှုန်းကို လုံးဝထိန်းချုပ်နိုင်ပြီဆိုတော့မှ ဖွင့်တာပိုကောင်းပါတယ်။ အခုလို ကပ်ဘေးကာလကတော့ ကလေး၊ လူကြီးမရွေး အကုန်လုံး အခက်အခဲများနေမယ့် ကာလတစ်ခုပါ။ ဒီအတွက် စိတ်ညစ်နေမယ့်အစား အခုလို အချိန်အားပြီး ကိုယ့်အိမ်မှာပဲ ကိုယ်နေနေရတဲ့ အချိန်မျိုးမှာ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အကျိုးရှိမယ့်အရာတွေကို အချိန်ပေးပြီး လုပ်ကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

85,205

Confirmed

64,645

Recovered

1,846

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ။

pfizer ကာကွယ်ဆေးနဲ့ moderna ကာကွယ်ဆေးက ရလဒ်ကောင်းပြီး အပြိုင်အဆိုင်ဖြစ်နေပေမယ့် တစ်ခုစီမှာ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ကိုရိုနာဗိုင်းရပ်စ်တွေမှာ မျိုးကွဲအများကြီးရှိပြီး MERS-CoV၊ SARS-CoVနဲ့ SARS-CoV-2က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ မားစ်၊ ဆားစ်နဲ့ COVID-19ကို ဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
COVID-19အကြောင်း တစေ့တစောင်း

COVID-19အကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 3 mins read