ကိုဗစ်က အခုထက်ပိုပြီး အခြေအနေဆိုးလာနိုင်သေးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 5, 2020 . 2 mins read
Share now

ကြားရတဲ့သတင်းတွေကတော့ စိတ်မကောင်းစရာနဲ့ စိတ်ညစ်စရာတွေချည်းပဲ ဆိုပေမယ့် ကျန်းမာရေးအတွက် မနှောင့်နှေးရအောင်တော့ ပြောပြနေရဦးမှာပါပဲ။ ပညာရှင်တွေကတော့ မကြာခင် ရောက်လာတော့မယ့် ဆောင်းတွင်းကာလမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရနှုန်းဟာ အရင်ကထက် ပိုမြင့်တက်လာနိုင်တယ်လို့ ယူဆနေကြပါပြီ။

လက်ရှိမြန်မာနိုင်ငံနှင့် ကိုဗစ်ကပ်ရောဂါ

မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်လည်း တခြားနိုင်ငံတွေလောက် ဆောင်းတွင်းမှာ အအေးရှိန်မတက်ဘူးဆိုရင်တောင် နဂိုရှိတဲ့ အပူချိန်ထက် လျော့ကျသွားမယ့်အချက်က စိုးရိမ်စရာ ရှိနေပါတယ်။ Covid-19 ပြင်းထန်အဆုတ်ရောင်ကပ်ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အအေးကို ပိုကြိုက်ပြီး အေးမြခြောက်သွေ့တဲ့ လေထုထဲမှာ နေရာတော်တော်များများကို လွင့်ပျံ့သွားစေနိုင်သလို ပိုးကောင်ရေတွေဟာလည်း အရင်ကထက်ပိုပြီး များလာနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ယခုအချိန်ထိ ကိုဗစ်ကူးစက်ခံရနှုန်းကို ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးသလို ဆေးရုံဆေးခန်း၊ ကျန်းမာရေးစောင့်ရှောက်သူတွေ အလွန်နည်းသေးတဲ့အတွက် ယခုထက်ပိုပြီးသာ ရောဂါကူးစက်သူတွေ တိုးလာမယ်ဆိုရင် နောက်ပိုင်းမှာ ပိုပြီးအခက်အခဲဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် စီးပွားရေးကပ်ဆိုက်မှုကိုလည်း မေ့ထားလို့မရပါဘူး။

အခုချိန်ထိ တချို့ရုံးကုမ္ပဏီတွေ မပိတ်သေးတဲ့အတွက် လူတော်တော်များများ အပြင်ထွက်သွားလာပြီး အလုပ်လုပ်နေရသေးတယ်။ ပိတ်တဲ့ကုမ္ပဏီတချို့ကလည်း ဝန်ထမ်းကို လစာမပေးနိုင်၊ စီးပွားရေးအရှုံးပေါ်၊ ကုမ္ပဏီဒေဝါလီခံ စတဲ့ စီးပွားရေးကပ်ဆိုက်မှုတွေပါ ကြုံနေရပါတယ်။ ဒါတောင် Lockdown အခြေအနေထိ မဟုတ်သေးဘဲ ကွာရန်တင်းအဆင့်လောက်သာ အစိုးရဘက်က ထုတ်ပြန်မှုတွေ လုပ်နေသေးလို့ပါ။ Lockdown အထိ ဆိုးရွားလာမယ်။

ကျန်းမာရေးဝန်ထမ်းဦးရေ၊ လုပ်အားပေးကူညီသူတွေလည်း နည်းနေသေးတယ်။ ဆေးရုံဆေးခန်း၊ ကွာရန်တင်းစင်တာတွေဟာလည်း ယခုဆိုရင် လူနာတွေနဲ့ ပြည့်နှက်နေပြီး လူအသစ်တွေ ထပ်ထားဖို့အတွက်ကိုတောင်မှ နေရာအခက်အခဲ ဖြစ်နေတယ်။ Covid-19 Positive ဖြစ်လို့ ကွာရန်တင်းဝင်ရန်အတွက် ရက်တွေအကြာကြီး စောင့်ရတယ်။ ဒီအတောအတွင်းမှာ လူနာရဲ့ ကျန်းမာရေးအခြေအနေက နဂိုအတိုင်း ရှိနေမလား၊ ပိုဆိုးသွားမလားဆိုတာ ဘယ်သူမှ အတိအကျပြောလို့ မရဘူး။ ဒီလိုမျိုး အဖက်ဖက်က ကျပ်တည်းနေတဲ့အချိန် ပိုးကူးခံရသူဦးရေဟာ ဘယ်လိုမှ ထိန်းချုပ်မရတဲ့အထိ တိုးလာမယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေလည်း ဘယ်လိုမှ နိုင်နင်းတော့မှာ မဟုတ်ပါဘူး။

ကာကွယ်ဆေးထုတ်လုပ်မှု အခြေအနေ

အစောပိုင်းကာလမှာ ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလကုန်မှာ ထွက်ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လက်ရှိအခြေအနေအရ ကာကွယ်ဆေး ထုတ်လုပ်မှုဟာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်လောက်ထိ ကြန့်ကြာသွားနိုင်တယ်လို့ ဆိုလာကြပါတယ်။ ကာကွယ်ဆေးကို လူတွေနဲ့ စမ်းသပ်ကြည့်တဲ့အခါ ဘေးထွက်ဆိုးကျိုးတချို့ကိုလည်း တွေ့နေရပါသေးတယ်။

ကာကွယ်ခြင်းသည်သာ ထိရောက်သောနည်းလမ်း

ဒီတော့ ကာကွယ်ဆေးမထွက်ခင်အထိ၊ ရောဂါပိုးကို ကောင်းစွာထိန်းချုပ်နိုင်တဲ့အချိန်ထိ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ကစလို့ မကူးစက်ခံရအောင် ကာကွယ်ဖို့ပါပဲ။ အပြင်သွားတိုင်း Face Mask ကို စနစ်တကျ တပ်ဆင်မယ်။ ဘာပဲကိုင်ပြီးပြီး လက်ကို ဆပ်ပြာ၊ ရေနဲ့ စနစ်တကျ ဆေးကြောမယ်။ မလိုအပ်ဘဲ အပြင်သွားတာ၊ လူထူထပ်တဲ့နေရာသွားတာ ရှောင်ရှားမယ်။ ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်ခံရတယ်လို့ သံသယရှိရင် ဆေးခန်းသွားပြစစ်ကြည့်မယ်။ ကာကွယ်ဆေး မထွက်လာခင်ထိတော့ မြန်မာပြည်သူတွေအနေနဲ့ အခု New Normal ပုံစံအတိုင်းသာ ကျင့်သားရအောင် နေထိုင်ဖို့ပဲ လိုပါတယ်။

ဆောင်းတွင်းလည်း ဝင်လာပြီဆိုတော့ ကိုဗစ်မဟုတ်တဲ့ တခြားအအေးမိတုပ်ကွေးရောဂါတွေ၊ ဗိုက်အောင့်ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှော၊ အဆစ်အမြစ်ကိုက်ခဲ၊ မျက်စိညောင်းကိုက်တာတွေ မဖြစ်အောင် ကိုယ့်ဘက်က ကြိုတင်ကာကွယ်မှုတွေလည်း ပြုလုပ်ထားကြဖို့ အကြံပေးလိုက်ချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19အကြောင်း တစေ့တစောင်း

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးပါ။ မျိုးစိတ်ပေါင်းများစွာရှိနေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပေါ့။ ကိုရိုနာဗိုင်းရပ်စ်က လူကို ကူးစက်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။ ဒါတင်မကပါဘူး ရိုးသားခြင်းဟာ တဖက်သားကိုသာမက ကိုယ်တိုင်အတွက်လည်း အကျိုးထူးစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတာ စိုးထိတ်မိနေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ငှက်ပျောဖူး ကြိုက်ကြလား..............

ငှက်ပျောဖူး ကြိုက်ကြလား…………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဒီဇင်ဘာမှာ စတင်ဖြန့်ချိတော့မယ် COVID-19 ကာကွယ်ဆေးများ

ဒီဇင်ဘာမှာ စတင်ဖြန့်ချိတော့မယ် COVID-19 ကာကွယ်ဆေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read