home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Covid 19 နဲ့ ပတ်သက်တဲ့ အယူအဆအမှားများ (၁)

Covid 19 နဲ့ ပတ်သက်တဲ့ အယူအဆအမှားများ (၁)  

Covid 19 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တော်တော်များများကို‌တော့ သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမဲ့ သင်သိထားတာ မှန်မမှန် ရှင်းရှင်းလင်းလင်း ကွဲပြားဖို့လည်းလိုအပ်ပါတယ်နော်။ အောက်မှာဖော်ပြ ထားတဲ့အချက်တွေကိုတော့ သင့်အနေနဲ့မှန်သလား၊မှားသလားခွဲခြားလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

() Covid 19 ကိုကာကွယ်လို့ရတဲ့ ကာကွယ်ဆေးပေါ်နေပါပြီ။

ဒီအချက်ကတော့ လုံးဝမှားယွင်းနေပါတယ်။ ယခုအချိန်ထိ Covid 19 ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရယ်လို့ ကမ္ဘာမှာ မပေါ်သေးပါဘူး။ သိပ္ပံပညာရှင်တွေကတော့ နည်းအမျိုးမျိုးနဲ့ရှာဖွေနေပါ ကြပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပေါ်လာဖို့ဆိုတာက လကနေ နှစ်ပေါင်းများစွာချီပြီးလည်း ကြာနိုင်ပါတယ်။

() ကွမ်းယာဆိုင်မှာ အလွယ်တကူရနိုင်တဲ့ စပ်ဆေးသောက်ခြင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်နိုင်တယ်။

မှားပါတယ်။ စပ်ဆေးတွေဟာ Covid 19 ကိုမကာကွယ်နိုင်တဲ့အပြင် ဘေးဥပါဒ်တောင်ဖြစ်စေနိုင်ပါ သေးတယ်။ အမှန်တကယ် Covid 19 ရောဂါကူးစက်မှုကို ကာကွယ်ချင်တယ်ဆိုရင်တော့ ရေနဲ့ဆပ်ပြာ ကိုအသုံးပြုကာ လက်ကို မကြာခဏ ဆေးကြောပေးပါ။ နှာချေ၊ ချောင်းဆိုး၊ ဖျားနာနေတဲ့သူတွေနဲ့ထိတွေ့ ခြင်းကနေ ရှောင်ကြဉ်ပါ။ သင်ချောင်းဆိုးတဲ့အခါတိုင်းလည်း လက်ကိုင်ပုဝါဖြစ်စေ၊ တစ်ရှူးဖြစ်စေ၊ သင့်ရဲ့ တံတောင်ကွေးကိုအသုံးပြုပြီးဖြစ်စေ ဆိုးနိုင်ပါတယ်။သင်ကိုယ်တိုင်ဖျားနာရင်လည်း အိမ်မှာပဲနေပါ။

() ကိုရိုနာ ၂၀၁၉ ဗိုင်းရပ်စ်ဟာ လူတွေကနေစတင်ကူးစက်လာတယ်။

မှားပါတယ်။ ကပ်ရောဂါအသွင်ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တွေဟာ လူတွေကစဖြစ်တာမျိုးမရှိပါဘူး။ ဝက်၊ လင်းနို့၊ ငှက်၊ ကြက် စတဲ့ တိရစ္ဆာန်တွေကနေ လူတွေဆီကိုကူးစက်တတ်ပါတယ်။

()တရုတ်ပြည်ကပစ္စည်းတွေကို သုံးစွဲခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်ပါတယ်။

မှားပါတယ်။ ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တာမှန်ပေမဲ့ သိပ္ပံပညာရှင်တွေ၊ သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ ပစ္စည်းတွေရဲ့ မျက်နှာပြင်မှာ အကြာကြီးမရှင်သန်နိုင်ပါဘူး။ ဒီတော့ တရုတ်ပြည်က ပစ္စည်းတွေမှာ ကပ်မပါလာနိုင်ပါဘူး။ ပစ္စည်းတင်သွင်း ဖို့ကြာချိန်ဟာ ရက်များစွာကနေ ရက်သတ္တပတ်တွေအထိ ကြာနိုင်လို့ပါ။ အမှန်တကယ်ကူးစက်ပုံဟာ ဆိုရင် ရောဂါပိုးရှိသူရဲ့ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အရည်တွေဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် အဆုတ်ထဲရောက်မှသာ ကူးစက်နိုင်တာပါ။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 28/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။