ရင်သားကင်ဆာ

အမျိုးသမီးရော အမျိုးသားတွေမှာပါ ခံစားရနိုင်တဲ့ ရင်သားကင်ဆာ ကြိုတင်ကာကွယ်နည်းတွေ၊ ကုထုံးတွေ၊ အစောပိုင်းလက္ခဏာတွေနဲ့ လိုက်နာရမယ့် နေထိုင်စားသောက်ပုံတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ရင်သားကင်ဆာ

ကင်ဆာရှိနေတာတောင် မျှော်လင့်ချက် မပျောက်ဆုံးခဲ့ပါ။

ရေချိုးခန်းဝင်ရင် ဆပ်ပြာတိုက်တော့ ရင်သားမှာ အဖုလေးလိုလို အကျိတ်လေးလိုလို စမ်းမိတယ်။ အစကတော့ ဘာရယ်လို့မှ ထွေထွေထူးထူး မတွေးဘဲ ထားလိုက်တယ်။ ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ အကျိတ်လေးက ပိုကြီးလာသလိုပဲ။ ဒီလိုနဲ့ မေမေ့ကို ပြောပြမိတော့ ကင်ဆာ ဖြစ်နေမှာစိုးလို့ ဆေးခန်းပြကြည့်ဖို့ ပြောတယ်။ ချက်ချင်းတော့ မပြဖြစ်သေးဘူးပေါ့။ အလုပ်တွေများနေတာနဲ့ အချိန်နည်းနည်းကြာလာတော့ အကျိတ်က ကြီးလာတယ်။ ဒီလိုနဲ့ မဖြစ်တော့ဘူးဆိုပြီး မေမေကိုယ်တိုင် လိုက်ပို့မှပဲ ဆေးခန်းရောက်တော့တယ်။ ဆရာဝန်နဲ့ ဖြစ်တဲ့ လက္ခဏာတွေကို သေချာပြောပြပြီး ဆေးစစ်မှုတွေ လုပ်ခိုင်းတယ်။ ဒီအချိန်မှာကတည်းက ဆရာဝန်က သေချာတော့ ပြောလို့မရသေးပေမယ့် ကင်ဆာလို့ သံသယရှိတယ်လို့တော့ပြောတယ်။ မေမေရော ကိုယ်တိုင်ပါ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းပေါ့။ ဒီလိုနဲ့ ဆေးစစ်ချက် အဖြေတွေထွက်လာတော့ စိတ်တော့ မကောင်းပေမယ့် ရင်သားကင်ဆာဖြစ်နေတာပါလို့ ဆရာဝန်က ပြောလာတယ်။ ခေါင်းကို […]

ရင်သားကင်ဆာ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဘာတွေစားလို့ ဘာတွေရှောင်ကြမလဲ

ရင်သားကင်ဆာ က အခုနောက်ပိုင်းအမျိုးသမီးတော်တော်များများမှာ ခံစားလာရတဲ့ဝေဒနာတစ်ခုပါ။ ရင်သားကင်ဆာကို ဖြစ်စေတဲ့ အချက်က တစ်ခုမကရှိနေနိုင်တာကြောင့် သတိထားဆင်ခြင်ရမယ့် အချက်တွေကလည်းတော်တော်လေးများပါတယ်။ရောဂါတော်တော်များများက မဖြစ်ခင်မှာ ကြိုတင်ကာကွယ် တာအကောင်းဆုံးဖြစ်တာကြောင့် ရင်သားကင်ဆာကိုလည်း ကာကွယ်ကြဖို့ လေဒီလေးတွေကို သတိပေးချင်ပါတယ်။ ရင်သားကင်ဆာ ဖြစ်နိုင်ခြေအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ........ ရင်သားကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။ အသက်အရွယ် မျိုးရိုရှိတာ အမျိုးသား၊အမျိုးသမီးဖြစ်တည်မှု နေထိုင်စားသေက်မှုပုံစံတွေ ကိုယ်လက်လှုပ်ရှားမှုနည်းတာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ ဆေးလိပ်သောက်တာ အရက်သောက်သုံးတာဆိုပြီး အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒီအချက်တွေထဲမှာမှ နေ့စဉ် စားသောက်နေထိုင်မှုက ရင်သားကင်ဆာ ခံစားရနိုင်ခြေအပေါ် သက်ရောက်မှုက ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိရှိနေတယ်လို့လေ့လာမှုတွေအရသိရှိရပါတယ်။ ရင်သားကင်ဆာ ကာကွယ်ဖို့ လိုက်နာသင့်တဲ့စားသောက်မှုပုံစံ ရင်သားကင်ဆာက မတူညီတဲ့နေရာတွေကနေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က နေထိုင်စားသောက်မှုကို ဂရုစိုက်တာပါပဲ။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုက ရင်သားကင်ဆာကို […]


ရင်သားကင်ဆာ

ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ အယူအဆမှား ၉ ချက်

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာတစ်ခုအဖြစ် လူသိများကြပေမယ့် သူနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတက ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။ ရင်သားမှာ အကျိတ်တွေ့မှ ရင်သားကင်ဆာကိုတွေးမိတတ်ကြသလို တစ်ယောက်ပြော၊ နှစ်ယောက်ပြော စကားတွေနဲ့ပဲ သိထားကြတာများပါတယ်။ ဗဟုသုတရှိထားကြတဲ့ကျန်းမာရေးလိုက်စားသူတွေတောင်မှ တစ်ခါတလေ ထင်မှတ်မှားနေတဲ့ အသိတွေရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ကိုယ်သိထားတာတွေက မှားနေသလား မှန်နေသလားဆိုတာ တစ်ချက်လောက် ဆန်းစစ်ကြည့်လိုက်ပါဦး။ ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ အယူအဆမှား ၉ ချက် (၁) အမျိုးသမီးတွေမှာပဲ ရင်သားကင်ဆာဖြစ်တယ် မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သားတစ်ရှူးတွေရှိပါတယ်။ အမျိုးသမီးတွေရဲ့ ရင်သားတစ်ရှူးတွေလိုပဲ အမျိုးသားတွေရဲ့ရင်သားအတွင်းက ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲလာနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ယှဉ်ရင် ဖြစ်နိင်ခြေ အရမ်းနည်းတယ်၊ဖြစ်ခဲတယ်ဆိုပေမယ့် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။ (၂) ရင်သားမှာ အကျိတ်ဖြစ်လာတာမှ ရင်သားကင်ဆာလက္ခဏာလို့ထင်တယ် ရင်သားကင်ဆာဖြစ်ရင် ရင်သားအကျိတ်ရှိလာတတ်တာ မှန်ပါတယ်။ ဒါပေမယ့် အမြဲတော့ ဒီလက္ခဏာပဲ ပြမှာ မဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့တခြားလက္ခဏာတွေရှိနိုင်သလို အကျိတ်က […]


ရင်သားကင်ဆာ

ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သိကောင်းစရာ အချက်များစုစည်းမှု

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုး ဖြစ်ပြီး အဆုတ်ကင်ဆာပြီးရင် ဒုတိယ သေဆုံးမှု အများဆုံးကို ဖြစ်စေတဲ့ ကင်ဆာ တစ်မျိုးလည်းဖြစ်ပါတယ်။ သို့ပေမဲ့ နောက်ပိုင်း ဆေးပညာတိုးတက်လာမှုကြောင့် ရင်သားကင်ဆာမှ ပျောက်ကင်းပြီး အသက်ရှင်နှုန်း သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ရင်သားကင်ဆာဖြစ်ရင် အမျိုးသမီးတွေရဲ့ သေဆုံးနိုင်ခြေဟာ ၃၇ ယောက်မှာ ၁ ယောက် (၂.၇ ရာခိုင်နှုန်း)ရှိပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီး ၂၅၂၇၁၀ ယောက်က လာရောက်ကုသမှု ခံယူခဲ့ကြပြီး ဒီအထဲကမှ အမျိုးသမီး ၄၀၆၁၀ ဟာ သေဆုံးနိုင်ခြေ ရှိပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုပေမဲ့ အမျိုးသမီးတွေလောက်တော့ အတွေ့ရမများပါဘူး။ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေ ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်လေးကို […]


ရင်သားကင်ဆာ

ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ

ရင်သားကင်ဆာခွဲစိတ်အပြီးမှာ ကျန်းမာရေးကို ဆက်လက်ပြီး ဂရုစိုက်ဖို့၊ စနစ်တကျ နေထိုင်စားသောက်တတ်ဖို့ အရေးကြီးပါတယ်။ သည်ဆောင်းပါးက ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ နဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်။ ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ လေ့ကျင့်ခန်းများ ရင်သားကင်ဆာခွဲစိတ်အပြီးမှာ လက်မောင်းနဲ့ ပုခုံးတို့ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်စေဖို့ မှန်ကန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းများက ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ ပုခုံးတစ်ဝိုက်တောင့်တင်းပြီး လှုပ်ရှားရခက်တာ၊ ဖောရောင်တာတွေကို သက်သာစေပါတယ်။ ဆရာဝန်များက သင်နဲ့ သင့်တော်သော လေ့ကျင့်ခန်း အမျိုးအစားကို ရွေးချယ်ပေးနိုင်ပါတယ်။ -ခွဲပြီး ပထမနှစ်ပတ်တွင် ပုခုံးအထက် လက်ကို မြှောက်ခြင်း၊ အလေးအပင်မခြင်းများကို ရှောင်ကြဉ်ပါ။ ခွဲထားသောဘက်မှ လက်မောင်းကို အသုံးပြုပြီး တွန်းခြင်း၊ ဆွဲခြင်းများ မပြုလုပ်ပါနဲ့။ ဒီအချိန်မှာ ပုခုံးတွန့်ခြင်း၊ ပုခုံးကို စက်ဝိုင်းပုံလှုပ်ရှားခြင်း၊ ပုခုံးကို မခြင်း၊ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတွေက ဘာတွေလဲ

ရင်သားကင်ဆာ အတည်ပြုခြင်းခံရပြီးပါက လူအများစုသည် ခံစားချက်များ၊ စိတ်ဖိစီးမှုများ ခံစားရစေပါတယ်။ ထိုသို့ဖြစ်လာပါက ရောဂါကိုရေရှည် တိုက်ခိုက်နိုင်ရန် မိမိကိုယ်မိမိ စိတ်ရော၊ ကိုယ်ပါ တည်ငြိမ်အောင် လုပ်ယူဖို့ အရေးကြီးပါတယ်။ ထိုသို့ တည်ငြိမ်စေသော လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန် အတွင်းစိတ်အေးချမ်းမှု လိုအပ်ပါတယ်။ သွေးပူ တည်ငြိမ်လေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူသွင်းထုတ်ခြင်း များပဲဖြစ်ပါတယ်။ ပထမခြေလှမ်း- နှစ်မိနစ်ကြာ တည်ငြိမ်အောင်လုပ်ခြင်း ရှေးဦးစွာ သင့်ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အတွေးအာရုံနဲ့ အသက်ရှူခြင်းကို အာရုံစိုက်ထားပါ။ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန် ရှူသွင်း၊ရှူထုတ်ပါ။ တင်းကြပ်မှုများခံစားရပါက ဦးခေါင်းကို စက်ဝိုင်းပုံစံ တစ်ကြိမ်၊နှစ်ကြိမ်ခန့် လှည့်လှုပ်ရှားခြင်းဖြင့် ပြေလျော့အောင်လုပ်ပါ။ နာကျင်ပါက ချက်ချင်းရပ်ပါ။ ထို့နောက် ပုခုံးကို ရှေ့တိုး၊နောက်ဆုတ် စက်ဝိုင်းပုံစံ လှည့်ပါ။ တည်ငြိမ်သွားသည်အထိ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန်ရှူပါ။ ဒုတိယခြေလှမ်း-စိတ်ကို တည်ငြိမ်အောင်လုပ်ခြင်း ဒုတိယအနေနဲ့ ကောင်းသောအတွေးကို တွေးခြင်းဖြင့် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ အတွက် အဝတ်အစား - ဘရာစီယာ၊ လည်စည်း၊ အသုံးအဆောင် နှင့် တခြားအရာများ

ရင်သားကင်ဆာဟာ အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှု ရရှိရင်တောင်မှ စိန်ခေါ်မှုတစ်ခုအဖြစ် ရပ်တည်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကုသမှုတွေက အထူးသဖြင့် သင့်အသွင်အပြင်ကို အပြင်းအထန် ပြောင်းလဲစေတာကြောင့် ဖြစ်ပါတယ်။ ကံကောင်းတာက ကင်ဆာရောဂါကို တွန်းလှန်နိုင်သူတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ ဘရာ၊ လည်စည်း၊ ဆံပင်တု စတဲ့ အသုံးအဆောင်တွေ ရရှိနိုင်ပါပြီ။ ယခုအခါ ဘရာစီယာတွေကို ရင်သားဖြတ်ထုတ်ထားသူတွေအတွက် ကွဲပြားခြားနားတဲ့ ပုံစံ၊ အရောင်အသွေး၊ အရွယ်အစားအမျိုးမျိုးနဲ့ ရရှိနိုင်ပါပြီ။ နာမည်ပေးကြည့်လို့ရပါတယ်။ သူတို့က ပုံမှန် ဘရာစီယာတွေနဲ့ အနည်းငယ် ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သားအတုထည့်သွင်းဖို့ အိတ်လေးတွေ ပါလို့ပါပဲ။ သင်လိုချင်တဲ့ သင်နဲ့သင့်တော်မယ့် ဘရာစီယာကို မှာယူနိုင်ပါပြီ။ ဘရာစီယာတစ်စုံလုံး မလိုဘူးဆိုရင် ကပ်ထားနိုင်တဲ့ နို့သီးခေါင်းနဲ့ အဖုံးအကာတွေကိုတောင်မှ ရရှိနိုင်ပါပြီ။ တကယ်လို့ သင်က ရင်သားပြန်လည်တည်ဆောက်မှု […]


ရင်သားကင်ဆာ

Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) ကဘာလဲ။ ရင်သားတွင်အမျှင်လုံးတည်ခြင်းဆိုသည်မှာ အဖုအထစ် သို့မဟုတ် ကြိုးကိုစမ်းရသလို ခံစားမှုမျိုးရှိသည့်တစ်ရှူးများဖြင့် ဖွဲစည်းထားသောအလုံးဖြစ်သည်။ ဆရာဝန်များကတော့ nodular or glandular ရင်သားတစ်ရှူးများဟု ခေါ်၏။   ရင်သားတွင်အမျှင်လုံးတည်ခြင်းက တော်တော်အဖြစ်များသည်။ အမျိုးသမီးထု၏တစ်ဝက်လောက်က ရင်သားတွင်အမျှင်လုံးတည်ခြင်းကို တစ်သက်တာအတွင်း တစ်ချိန်ချိန်တွင်တော့ ကြုံတွေ့ရမည်ဖြစ်သည်။ အမျှင်လုံးအဖြစ် အမျိုးအစားခွဲနိုင်သော ရင်သားပြောင်းလဲမှုမှာ ပုံမှန်သာဖြစ်ပါသည်။   ရင်သားတွင်အမျှင်လုံးတည်သော အမျိုးသမီးအများစုမှာ လက္ခဏာမပြပါ။ တစ်ချို့တွင်တော့ ရင်သားနာခြင်း၊ ထိလျှင် နာခြင်း၊ အဖုအထစ်များစမ်းမိခြင်းတို့ကို အထူးသဖြင့် ရင်သားအပေါ်ဖက်နှင့် အပြင်ဖက်နေရာများတွင် ခံစားရလေ့ရှိသည်။ ထိုလက္ခဏာများမှာ ရာသီမလာခင်ရက်များတွင် အတော်စိတ်အနှောက်အယှက် ဖြစ်ရနိုင်သည်။ ရင်သားတွင်အမျှင်လုံးတည်ခြင်းကြောင့်ဖြစ်သော လက္ခဏာများကို ကိုယ်တိုင်ဂရုစိုက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။   Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် […]


ရင်သားကင်ဆာ

Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ရင်သားကင်ဆာဟာ ရင်သားမှာရှိတဲ့ဆဲလ်တွေက ကင်ဆာဆဲတွေအဖြစ်ပြောင်းကုန်ရာမှ ဖြစ်လာရခြင်းဖြစ်တယ်။ အမျိုးသားတွေမှာ အမျိုးသမီးကဲ့သို့ရင်သားမျိုးရှိတာမဟုတ်ပေမယ့် ရင်သားတစ်သျူးအနည်းငယ်ကတော့ရှိပါတယ်။ အရွယ်ရောက်ပြီးအမျိုးသားတွေရဲ့ရင်သားဟာ အရွယ်မရောက်မီ အမျိုးသမီးများရင်သားနဲ့ဆင်တူတယ်။ မိန်းကလေးတွေမှာတော့ ထိုတစ်သျူးတွေက ဆက်လက်ဖွံ့ဖြိုးပြီး အမျိုးသားတွေမှာ ဆက်မဖွံ့ဖြိုးပဲ ထိုအတိုင်းရပ်သွားတာပဲရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်သားတစ်သျူးကတော့ရှိနေတာပဲမို့ အမျိုးသားတွေလည်း ‘ရင်သားကင်ဆာ’ ဆိုတာကြီး ကြုံလာရနိုင်ချေရှိပါတယ်။ အမျိုးသမီးတွေရတတ်တဲ့ ကင်ဆာနဲ့အမျိုးတူပေမယ့် ဖြစ်နိုင်ချေကတော့ရှားပါတယ်။ Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) က ဘယ်ေ အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့် ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေကိုလျှော့ခြင်းအားဖြင့် ထိန်းချုပ်နိုင်တယ်။ အသေးစိတ်အချက်အလတ်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။် လက္ခဏာများBreast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာကတော့ ရင်သားတစ်ဖက်ဖက်မှာ အဖုအကျိတ်တွေ့ခြင်းဖြစ်တယ်။ ထိုအကျိတ်ဟာ များသောအားဖြင့် နို့သီးခေါင်းအောက်ဖက်နားမှာဖြစ်တတ်တယ်။   ဒါပေမယ့် ရင်သားအကျိတ်ဖြစ်ခြင်းရဲ့ အများစုအကြောင်းကတော့ gynaecomastia လို့ခေါ်တဲ့ အမျိုးသားများတွင်ရင်သားဆူထွက်ခြင်း ရောဂါ တစ်မျိုးဖြစ်တယ်။ ထိုအခြေအနေက ကင်ဆာတော့မဟုတ်ပါဘူး။     တခြားအဖြစ်နည်းတဲ့လက္ခဏာတွေကတော့- နို့သီးခေါင်းချိုင့်ဝင်ခြင်း နို့သီးခေါင်းရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း။ နို့သီးခေါင်းမှ […]


ရင်သားကင်ဆာ

Breast Pain ( ရင်သားနာကျင်ခြင်း )

အမျိုးသမီးတွေမှာ ရင်သားနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ ပြဿနာတွေက အများကြီးပါ။ ရင်သားနာကျင်ခြင်း ကစလို့ ရင်သားမှာ အကျိတ်စမ်းမိတာ၊ နို့သီးခေါင်းကနေ အရည်တွေ ထွက်တာ စသဖြင့် အများကြီး ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရင်သားနာကျင်ခြင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။ Breast Pain ( ရင်သားနာကျင်ခြင်း ) ကဘာလဲ။ ရင်သားနာကျင်ခြင်းဆိုတာမှာ ရင်သားကို ထိကိုင်တဲ့အခါနာကျင်ခြင်း၊ တစ်ဆစ်ဆစ်နာခြင်း၊ တစ်ခုခုနဲ့ထိုးနေသလို နာကျင်ခြင်း သို့မဟုတ် တင်းကျပ်နေသလိုနာကျင်ခြင်းတို့ အကုန်ပါပါတယ်။ နာကျင်ခြင်းဟာ ဆက်တိုက်လည်းဖြစ်နိုင်သလို၊ တခါတရံဖြစ်ပေါ်တာလည်းဖြစ်နိုင်ပါတယ်။ သာမန်နာကျင်မှုကနေ ပြင်းပြင်းထန်ထန်ထိဖြစ်နိုင်တယ်။ အမျိုးမျိုး ရှိပါတယ်။ တစ်လမှာ ရက်အနည်းငယ် အထူးသဖြင့် ဓမ္မတာလာချိန်မတိုင်ခင် နှစ်ရက်သုံးရက်မှာ ရင်သားနှစ်ဖက်စလုံး သာမန်တင်းကျပ်နာကျင်ခြင်း။ ဒါကတော့ပုံမှန်ဖြစ်တယ်။ တစ်ပတ် သို့ တစ်လ တစ်လထက် ပိုကြာလာပြီး၊ ဓမ္မတာမစခင်မှ ပြီးသည်ထိ ဆက်တိုက်နာကျင်နေမယ်၊ […]


ရင်သားကင်ဆာ

အိမ်ထောင်ပြုခြင်း,ချိန်းတွေ့ခြင်းနှင့်ရင်သားကင်ဆာ

အချစ်၊ မိသားစုနဲ့ လိင်မှုရေးရာတွေက လူ့ဘဝရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေပါ။ ရင်သားကင်ဆာရှိတဲ့အမျိုးသမီးတွေအတွက်ကတော့ ချိန်းတွေ့ခြင်းနဲ့ အိမ်ထောင်ပြုခြင်းအတွက် ခက်ခဲနိုင်ပါလိမ့်မယ်။ ရင်သားကင်ဆာလူနာတစ်ယောက်အနေနဲ့ သင်သာမန်လူတစ်ယောက်လိုနေနိုင်ဖို့ ထိုက်တန်တယ်ဆိုတာ သင်သိချင် သိပါလိမ့်မယ်။ ပြောင်းလဲမှုတစ်ချို့သာလိုတာပါ။   ရင်သားကင်ဆာက အိမ်ထောင်ရေးအပေါ်ထိခိုက်နိုင်လား ? လက်ထပ်ပြီးသားလူတွေက ရင်သားကင်ဆာကနေရှင်သန်ကြတာများပါတယ်။ လေ့လာမှုတွေအရ လက်ထပ်ပြီးသားအမျိုးသမီးတွေက သာမန်အမျိုးသမီးတွေထက် ရင်သားကင်ဆာကို ပိုတိုက်ခိုက်နိုင်ကြတာတွေ့ရပါတယ်။ ဒါကိုရှင်းပြလို့ရပါတယ်။ သင့်မှာ သင့်ကိုချစ်တဲ့သူတွေ သင့်မိသားစုတွေရှိပြီး သူတို့ကသင့်ကို ကူညီထောက်ပ့ပေးမှာမို့လို့ပါဘဲ။ စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးခြင်းက သင်ကကုသမရတဲ့ရောဂါနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အကောင်းဆုံး ကူညီထောက်ပ့မှုပါဘဲ။ သင့်ရဲ့အိမ်ထောင်ဖက်က သင်နဲ့အတူဆရာဝန်ချိန်းဆိုမှုတွေ အတူသွားပြီး မှတ်စုတွေမှတ်ခြင်း၊ သင်သတိထားသင့်တာတွေကိုသတိပေးခြင်းအပြင် သင့်ကိုကန်းမာဖို့ စီစဉ်ပေးနိုင်ပါတယ်။ သူတို့က သင့်ကို အိမ်မှုရေးရာတွေမှာလည်း ကူညီနိုင်ပါတယ်။ ဥပမာ - ချက်ပြုတ်ခြင်း၊ ဈေးသွားခြင်း၊ ရင်သားကင်ဆာကိုတိုက်ခိုက်ရာမှာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။   သင်အိမ်ထောင်မရှိသူလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ် သင်သိထားရမှာက လူတိုင်းက သင့်တိုက်ပွဲကိုမပါဝင်နိုင်ပါဘူး။ တကယ်လို့သင်လက်ထပ်ထားရင် အိမ်တွင်းရေးအဆင်မပြေမှုတွေကြုံရပြီးနောက်ဆုံးအိမ်ထောင်ကွဲတဲ့ထိဖြစ်နိုင်ပါတယ်။ ဒါကသင်တို့က်ဆံရေးက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်