backup og meta

ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ

    ရင်သားကင်ဆာခွဲစိတ်အပြီးမှာ ကျန်းမာရေးကို ဆက်လက်ပြီး ဂရုစိုက်ဖို့၊ စနစ်တကျ နေထိုင်စားသောက်တတ်ဖို့ အရေးကြီးပါတယ်။ သည်ဆောင်းပါးက ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ နဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်။

    ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ

  • လေ့ကျင့်ခန်းများ
  • ရင်သားကင်ဆာခွဲစိတ်အပြီးမှာ လက်မောင်းနဲ့ ပုခုံးတို့ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်စေဖို့ မှန်ကန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းများက ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ ပုခုံးတစ်ဝိုက်တောင့်တင်းပြီး လှုပ်ရှားရခက်တာ၊ ဖောရောင်တာတွေကို သက်သာစေပါတယ်။ ဆရာဝန်များက သင်နဲ့ သင့်တော်သော လေ့ကျင့်ခန်း အမျိုးအစားကို ရွေးချယ်ပေးနိုင်ပါတယ်။

    -ခွဲပြီး ပထမနှစ်ပတ်တွင် ပုခုံးအထက် လက်ကို မြှောက်ခြင်း၊ အလေးအပင်မခြင်းများကို ရှောင်ကြဉ်ပါ။ ခွဲထားသောဘက်မှ လက်မောင်းကို အသုံးပြုပြီး တွန်းခြင်း၊ ဆွဲခြင်းများ မပြုလုပ်ပါနဲ့။

    ဒီအချိန်မှာ ပုခုံးတွန့်ခြင်း၊ ပုခုံးကို စက်ဝိုင်းပုံလှုပ်ရှားခြင်း၊ ပုခုံးကို မခြင်း၊ လက်မောင်းလွှဲခြင်း၊ ခန္ဓာကိုယ်ကို လှည့်ခြင်းတို့ကို ခပ်ဖြည်းဖြည်း  လုပ်ပေးနိုင်ပါတယ်။ အသက်ပြင်းပြင်းရှူခြင်း၊ ခေါင်းဖီးခြင်း ၊ ရေချိုးခြင်း၊ အဝတ်လဲခြင်းလိုမျိုး ပုံမှန်လှုပ်ရှားမှုများကိုလည်း ပြုလုပ်နိုင်ပါတယ်။

    -နောက်ထပ် ၂ ပတ်မှာ လေ့ကျင့်ခန်း အသစ် တစ်ခုကို အစပြုနိုင်ပြီး လုပ်လက်စ လေ့ကျင့်ခန်းကိုလည်း ဆက်လုပ်သင့်ပါတယ်။ ဒါမှ လက်မောင်းရဲ့ လှုပ်ရှားနိုင်စွမ်း အပြည့်အ၀ ရပါမယ်။ အခြား လေ့ကျင့်ခန်းများမှာ လက်ကို ခေါင်းပေါ်မြှောက်ခြင်း၊ ကွေးခြင်း၊ ရင်ဘတ်ကို ကျောဘက်သို့ လှန်ချခြင်း များ ဖြစ်ပါတယ်။

    -၆ပတ်မြောက်မှာ ပုံမှန် လှုပ်ရှားမှုများ လုပ်နိုင်ပါပြီ။ ဒါပေမဲ့ အလေးအပင်တွေတော့ မမပါနဲ့ဦး။ ပုခုံးက ပုံမှန်အတိုင်း လှုပ်ရှားနိုင်ပြီဖြစ်သော်လည်း အချို့လေ့ကျင့်ခန်းများကို ဆက်လုပ်သွားသင့်ပါတယ်။

    ခွဲစိတ်မှုကနေ နာလတ်ထလာရင်တောင် လေ့ကျင့်ခန်းတွေကို ဆက်လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းများက ရင်သားကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    • အာဟာရ

    အာဟာရကလည်း ရင်သားကင်ဆာရောဂါသည်များအတွက် အရေးကြီးပါတယ်။ ခွဲစိတ်အပြီးမှာ သင့်တော်တဲ့ စားသောက်ပုံကို ထားရှိသင့်ပါတယ်။

    -ခွဲစိပ်အပြီးမှာ ခန္ဓာကိုယ်က ဆဲလ်များ ပြန်တည်ဆောက်ရန်နဲ့ ခွဲစိတ်အနာများ ကျက်ရန် အသားဓာတ်များ ပိုလိုအပ်ပါတယ်။ အသားအမျိုးမျိုး၊ ပဲ၊ ကြက်ဥ၊ နို့ စတာတွေကို တိုးပြီး စားသုံးသင့်ပါတယ်။

    -အပင်များမှရသော ဖိုင်တိုဓာတ်များသည် ကင်ဆာပြန်ဖြစ်နိုင်ချေကို နည်းစေပြီး ကောင်းကျိုးများကို ဖြစ်စေသည်ဟု လေ့လာချက်များအရ သိရပါတယ်။ ဒါကြောင့် အသီးအရွက်၊ အသီးအနှံများ စားပေးပါ။

    ပဲနို့မှာ ဖိုင်တိုအီစထရိုဂျင် ဟော်မုန်း ပါဝင်သောကြောင့် ရင်သားကင်ဆာဖြစ်နိုင်ချေကို နည်းစေပါတယ်။ ဖိုင်တိုအီစထရိုဂျင် ဟော်မုန်းက ခန္ဓာကိုယ်ထဲရှိ အီစထရိုဂျင် ဟော်မုန်းနဲ့ ဆင်တူပါတယ်။

    -အသီးအရွက်အတော်များများနဲ့ ပဲများမှာ တွေ့ရတဲ့ ကင်ဆာကာကွယ်တဲ့ အင်တီအောက်စီးဒင့်ဓာတ်များက ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အသီးတွေမှာ အနီရောင်၊ ပန်းရောင် ဖြစ်စေတဲ့ လိုင်ကိုပင်းဓာတ်က အင်တီအောက်စီးဒင့်တစ်မျိုး ဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကူညီတိုက်ခိုက်ပေးပါတယ်။ ကျွဲကောသီး၊ ခရမ်းချဉ်သီးတို့ကနေ ရနိုင်ပါတယ်။

    -ဘီတာ ကရိုတင်းပါသော အစားအစာများ ဖြစ်တဲ့ မုန်လာဥနီ၊ သစ်ကြားသီးနဲ့ ကန်စွန်းဥများကလည်း ရင်သားကင်ဆာ ပြန်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

    ရင်သားကင်ဆာ ခွဲစိတ်မှု အပြီးမှာ မြန်မြန် နာလန်ထနိုင်ဖို့၊ ရင်သားကင်ဆာ နောက်ထပ် ပြန်ဖြစ်ခြင်းကို လျှော့ချနိုင်ဖို့ သင့်တော်တဲ့ လေ့ကျင့်ခန်းနဲ့ အာဟာရများ လိုအပ်ပါတယ်။

    ရေးသားသူ- Dr Nyan Linn

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement