backup og meta

ရင်သားကင်ဆာ အတွက် အဝတ်အစား - ဘရာစီယာ၊ လည်စည်း၊ အသုံးအဆောင် နှင့် တခြားအရာများ


Wathun Myat Chal မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာ အတွက် အဝတ်အစား - ဘရာစီယာ၊ လည်စည်း၊ အသုံးအဆောင် နှင့် တခြားအရာများ

    ရင်သားကင်ဆာဟာ အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှု ရရှိရင်တောင်မှ စိန်ခေါ်မှုတစ်ခုအဖြစ် ရပ်တည်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကုသမှုတွေက အထူးသဖြင့် သင့်အသွင်အပြင်ကို အပြင်းအထန် ပြောင်းလဲစေတာကြောင့် ဖြစ်ပါတယ်။ ကံကောင်းတာက ကင်ဆာရောဂါကို တွန်းလှန်နိုင်သူတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ ဘရာ၊ လည်စည်း၊ ဆံပင်တု စတဲ့ အသုံးအဆောင်တွေ ရရှိနိုင်ပါပြီ။

    ယခုအခါ ဘရာစီယာတွေကို ရင်သားဖြတ်ထုတ်ထားသူတွေအတွက် ကွဲပြားခြားနားတဲ့ ပုံစံ၊ အရောင်အသွေး၊ အရွယ်အစားအမျိုးမျိုးနဲ့ ရရှိနိုင်ပါပြီ။ နာမည်ပေးကြည့်လို့ရပါတယ်။ သူတို့က ပုံမှန် ဘရာစီယာတွေနဲ့ အနည်းငယ် ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သားအတုထည့်သွင်းဖို့ အိတ်လေးတွေ ပါလို့ပါပဲ။ သင်လိုချင်တဲ့ သင်နဲ့သင့်တော်မယ့် ဘရာစီယာကို မှာယူနိုင်ပါပြီ။ ဘရာစီယာတစ်စုံလုံး မလိုဘူးဆိုရင် ကပ်ထားနိုင်တဲ့ နို့သီးခေါင်းနဲ့ အဖုံးအကာတွေကိုတောင်မှ ရရှိနိုင်ပါပြီ။ တကယ်လို့ သင်က ရင်သားပြန်လည်တည်ဆောက်မှု ပြုလုပ်နေရင် အထူး လိုအပ်ပါလိမ့်မယ်။

    ဘရာစီယာတွေလိုပဲ ရေကူးဝတ်စုံ ထုတ်လုပ်မှုကလည်း ရင်သားကင်ဆာကို တွန်းလှန်နိုင်သူတွေအတွက် ပေါ်ထွက်လာပါပြီ။ ပိုပြီး ထောက်ပံ့ပေးနိုင်တဲ့ အားကစားဝတ်စုံနဲ့ ဘီကနီတောင်မှ သင်လိုချင်တဲ့အတိုင်း ရရှိနိုင်ပါပြီ။ သင်အကုန်အကျ ပိုခံနိုင်ရင် ပိုပြီး စတိုင်ကျတဲ့ ဝတ်စုံကို ရရှိပါလိမ့်မယ်။ တကယ်လို့ သင်က ရိုးရှင်းတဲ့ ဝတ်စုံနဲ့ သက်တောင့်သက်သာ ရှိမယ်ဆိုရင် low-end နဲ့ mid-end section တွေက သင့်အတွက် ရွေးချယ်စရာတွေ ဖြစ်နေမှာပါ။

    ဆံပင်ကျွတ်တာက သိသာတဲ့ ပြောင်းလဲမှု တစ်ခုပါ။ တကယ်လို့ သင်ဟာ သင့်ဘဝတလျှောက်လုံး ဆံပင်ပုံစံ တစ်မျိုးတည်း ထားခဲ့ရတယ်ဆိုရင်တော့ အသစ်အဆန်းလေးတွေ လုပ်ကြည့်ဖို့အတွက် အခွင့်အလမ်းတစ်ခုပါပဲ။ ရွေးချယ်ရခက်နေရင်တော့ ဆံတု ကျွမ်းကျင် ပညာရှင်တွေက သင့်မူလဆံပင်နဲ့ ဆင်တူတဲ့ ဆံတုကို ကူညီဖွေရှာပေးနိုင်ပါတယ်။ သင်အမြဲတမ်း လိုချင်နေတဲ့ နာမည်ကြီးဆယ်လီတွေရဲ့ ဆံပင်ပုံစံကိုတောင် သူတို့ကို မေးမြန်းနိုင်ပါတယ်။ ဆံကေသာ အလှပြင်ဆိုင် တော်တော်များများမှာ ဆံတုတွေကို မျှတတဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။ ကောင်းမွန်တဲ့ အလှပြင်ဆိုင်တွေမှာ သင့်တော်တဲ့ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေးနဲ့ ဘီးတွေက သင့်ဆံတုကို သူ့ရဲ့ အကောင်းဆုံး အခြေအနေမှာ ရှိနေအောင် ကူညီပါလိမ့်မယ်။ သင်အပြင်သွားစရာရှိတဲ့အချိန်မှာ သင့်ဆံတုက ညစ်ပေနေတာ ဒါမှမဟုတ် စတိုင်ပြင်ဖို့ အလှပြင်ဆိုင်မှာ စောင့်နေရတာတို့ဆိုရင် အခက်အခဲ ဖြစ်ပါလိမ့်မယ်။ ဆံတု တစ်ခုထက် ပိုရှိတာက သင်သွားချင်တဲ့အချိန် သွားလာနိုင်စေပါလိမ့်မယ်။ အာမခံကြေးအများစုက ဆေးကုသမှုအတွက် ရည်ရွယ်တဲ့ ဆံတုရဲ့ ၈၀ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ ဒါပေမယ့် သင့်လုပ်ချင်တာကို ထောက်ခံဖို့ ဆရာဝန်ရဲ့ ညွန်ကြားချက် လိုပါလိမ့်မယ်။ အမြဲတမ်း ဆံတုဝတ်မယ်ဆိုရင်တော့ ပျင်းစရာကောင်းမှာပါ။ တခါတလေ ပုဝါ၊ ဦးထုပ် ဒါမှမဟုတ် ခေါင်းပေါင်းလေးတွေ စမ်းကြည့်ပါ။ စတိုင်ကျကျ လှပတဲ့ လည်စည်းလေးတွေက သင့်ကို တနေ့လုံး လန်းဆန်းစေနိုင်ပါတယ်။

    တကယ်လို့ သင့်မှာ သိချင်တာရှိမယ်ဆိုရင် ဒီလိုဖြစ်ရပ်မျိုး ကြုံဖူးတဲ့ တစုံတယောက်နဲ့ စကားစမြည်ပြောတာက အထောက်အကူ ကြီးကြီးမားမား ဖြစ်စေပါလိမ့်မယ်။ အားပေးထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတခုခုမှာ ပါဝင်ပါ။ ရင်သားကင်ဆာကို တွန်းလှန်နိုင်ခဲ့တဲ့ တခြားလူတွေက သင့်ကို သင့်ရဲ့ သွင်ပြင်ပြောင်းလဲမှုကို စီမံဖို့ အကြံပြုချက်တွေ ပိုပေးနိုင်ပါတယ်။ ရင်သားကင်ဆာရှိတာက သင့်ကို မလှပနိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ ဒါကို အလှအပ အသစ်အဆန်းအတွက် အခွင့်အလမ်းတစ်ရပ်လို့ မြင်တာက သင့်ကို ပိုမိုကောင်းမွန်တဲ့ ခံစားမှုရဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement