ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါက ပြင်းထန်တဲ့ ဝေဒနာပါ။ အထူးသဖြင့် ခဏခဏ ခေါင်းကိုက်တတ်ရင် ပိုခံစားရပါတယ်။ ဘာတွေကများ ခေါင်းကိုက်စေတာလဲ။ ဘယ်လိုကာကွယ် ကုသကြမလဲ။ ခေါင်းကိုက်ခြင်း အမျိုးမျိုးအကြောင်းကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကို ရှာဖွေမည်။

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

အစားအသောက်ကြောင့် ခေါင်းတခြမ်းကိုက်စေနိုင်သလား

ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းက အများကြီးရှိနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်းမတူကြပါဘူး။ ဒါပေမယ့် ကိုယ့်မှာဖြစ်တတ်တယ်ဆိုရင်တော့ ဘာတွေကြောင့်ဖြစ်လာလေ့ရှိသလဲဆိုတာလေ့လာပြီး ကြိုးစားရှောင်ကြည့်တာအကောင်းဆုံးပါ။ တတ်နိုင်သလောက် ကာကွယ်ပြီးသားဖြစ်တာပေါ့။ ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့အကြောင်းရင်းခံကို သိပ္ပံပညာအရ တိတိကျကျတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဦးနှောက်အတွင်းက ရုတ်တရက်ဖြစ်လာတဲ့လှုပ်ရှားမှုအပြောင်းအလဲတွေကြောင့်ဖြစ်လာတာလို့ဆေးပညာက လက်ခံထားပါတယ်။ အဲဒီအပြောင်းအလဲတွေကြောင့် သွေးကြောတွေနဲ့ အာရုံကြောသတင်းပို့စနစ်တွေမှာလည်းထိခိုက်ကုန်တာပါ။ ရလဒ်အနေနဲ့ တဒုတ်ဒုတ်နဲ့ခေါင်းထဲမှာ ထိုးကိုက်တဲ့ဝေဒနာကို ရက်နဲ့ချီပြီး ခံစားရတတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်သောက်သုံးရတဲ့ဆေးဝါးတွေ၊ဟော်မုန်းအပြောင်းအလဲတွေ၊ အိပ်ရေးပျက်တာတွေ စတဲ့အကြောင်းအချက်တွေကြောင့်ဖြစ်လာတတ်ပါတယ်။နောက်တစ်ချက်က အစားအသောက်ပါ။ခေါင်းတခြမ်းကိုက်ရောဂါခံစားရတဲ့သူတွေမှာ ၁၀ %လောက်က အစားအသောက်ကြောင့်ဖြစ်နေတတ်ပါတယ်။ ဒီတော့ အဖြစ်များတဲ့အကြောင်းရင်းလေးတွေ မှတ်ထားလိုက်ရအောင် - ကဖင်း ကဖင်းပါတဲ့အစားအသောက်တွေကခေါင်းကိုက်သက်သာစေနိုင်တယ်ဆိုပေမယ့် အသွားနှစ်ဖက်ပါတဲ့ဓါးလိုပါပဲလို့ ပညာရှင်တွေကဆိုပါတယ်။နေ့တိုင်းစားသုံးမယ်ဆို ကဖင်းကိုပဲ မှီခိုစွဲလမ်းစေပြီး ပုံမှန်သောက်နေကျကော်ဖီထက် နည်းနည်းလေးပဲလျော့သွားတာနဲ့ခေါင်းကိုက်လာနိုင်တာဖြစ်ပါတယ်။ကော်ဖီကအစချောကလက်တွေအထိ ကဖင်းပါတဲ့ အစားအသောက်တွေကို စွဲလမ်းတဲ့အထိ မစားသုံးဖို့ ဂရုပြုစေချင်ပါတယ်။ တာရှည်ခံအသား တာရှည်ခံအောင်လုပ်ထားတဲ့အသားတွေမှာ ပါတဲ့ နိုက်ထရိတ်တွေကြောင့်ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အငန်ဓါတ်လည်း ပါဝင်မှုများလို့ရေဓါတ်ခန်းခြောက်စေတာဖြစ်ပါတယ်။ အရက် အရက်ကြောင့်ချည်းပဲ အဲ့လောက်မဆိုးပေမယ့် တန်နင်၊ ဆာလ်ဖိတ်တာရှည်ခံပစ္စည်းတွေနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ခေါင်းကိုက်စေတာလို့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

လေဖြတ်ပြီးနောက် ခေါင်းကိုက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ခေါင်းကိုက်ခြင်းဟာ အဖြစ်များတဲ့ ပြဿနာတခုပါ။ စိတ်ကျဝေဒနာခံစားရခြင်း၊စိတ်ဖိစီးမှုများပြားခြင်း၊အိပ်ရေးပျက်ခြင်း၊နောက်ခံအကြောင်းရင်း(ရောဂါ)တစုံတရာရှိခြင်းအပါအဝင် အကြောင်းခြင်းရာ များစွာကြောင့် ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။ တခါတရံလည်း လေဖြတ်ခြင်းကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် လေဖြတ်ဝေဒနာခံစားရပြီးနောက်ပိုင်း ခေါင်းကိုက်ခြင်းပြဿနာနဲ့ပါ ရင်ဆိုင်လာရပြီဆိုရင် သင်ဘာလုပ်မလဲ။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ လေဖြတ်ပြီးနောက် ခေါင်းဘာလို့ကိုက်သလဲ။ လေဖြတ်ပြီးနောက် ဦးနှောက်အတွင်း ရောင်ရမ်းခြင်း၊ဦးနှောက်အစိတ်အပိုင်းအချို့ ထိခိုက်ခြင်း ဒါမှမဟုတ် ဦးနှောက်တွင်း သွေးလှည့်ပတ်မှုပြောင်းလဲသွားခြင်းတို့ကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားလာရနိုင်ပါတယ်။ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် လေဖြတ်တဲ့ ဖြစ်စဉ်မျိုးမှာ လေဖြတ်ပြီးခေါင်းကိုက်ခြင်းပြဿနာ ဖြစ်ပေါ်နိုင်ချေ ပိုများပါတယ်။ လေဖြတ်ပြီးခေါင်းကိုက်ခြင်းအမျိုးအစားလေးမျိုး ရှိပါတယ်။ ဒါတွေကတော့ : ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် ခေါင်းကိုက်ခြင်း : အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသုံးစွဲလို့ ခေါင်းကိုက်လာတာပါ။ ကြွက်သားများ တင်းမာမှုကြောင့် ခေါင်းကိုက်ခြင်း : ဒီလိုခေါင်းကိုက်ခြင်းမျိုးကတော့ အလွယ်တကူ ကုသပေးနိုင်ပါတယ်။ မိုင်ဂရိန်းခေါင်းကိုက်ခြင်း : ဒီအမျိုးအစားခေါင်းကိုက်ခြင်းဟာ အင်မတန်မှ နာကျင်စေတဲ့အပြင် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမယ့် နည်းလမ်း (၅) ခု

ခေါင်းကိုက်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်မှုတွေ ဖြစ်နေသလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမယ့် နည်းလမ်း လေးတွေပါ။ ဒါတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ် ခေါင်းကိုက်ရတာ အများစုကတော့ ဒီ အကြောင်းအရင်းတွေကြောင့်ပါ။ စိတ်ဖိစီးတာ ရာသီမလာခင် နဲ့ လာပြီးချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့် နောက်ကျော နဲ့ လည်ပင်းက ကြွက်သားတွေ တင်းမာနေတာကြောင့် ဆာလောင်တာ နဲ့ ရေဓာတ် ခမ်းခြောက်တာကြောင့် သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့် အရက်၊ ကဖင်း နဲ့ သကြားတွေ စားသုံးမှု များတာကြောင့် ခေါင်းကိုက်ရတာပါ။ ခေါင်းကိုက်စေတဲ့ အခြားအကြောင်းအရင်းတွေက - ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း မျက်လုံး အောင့်တာ အတွင်းတိမ် ဖြစ်နေတာ အဖျား ရှိနေတာ သွားကိုက်နေတာ ဦးခေါင်းနဲ့ မျက်နှာ တဝိုက်က ကြွက်သားတွေ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

အဖြစ်အများဆုံး ခေါင်းကိုက်ခြင်း တွေကို သင်ဘယ်လိုသိနိုင်မလဲ

ခေါင်းကိုက်ခြင်း ဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ ဝေဒနာတစ်ခုဖြစ်သလို မဖိတ်ခေါ်ဘဲ အချိန်မရွေးရောက်လာနိုင်တဲ့ ဧည့်ဆိုးလည်းဖြစ်ပါတယ်။ ဘယ်လောက်ဒုက္ခပေးလဲဆို နည်းနည်းလေးခေါင်းကိုက်နေတာနဲ့ လူကစိတ်မကြည်တော့ဘူး၊ အာရုံစိုက်မရတော့ဘူး။ ပိုဆိုးတာကခေါင်းကိုက်နေရင် အလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲ နားနေရတာ၊ လှဲအိပ်နေရင်တောင် ဆက်ပြီးထိုးကိုက်နေတာမျိုးဖြစ်ပါတယ်။ ခေါင်းကိုက်တယ်ပဲ အလွယ်ပြောလိုက်ပေမယ့် တကယ်တမ်းက ကိုက်တဲ့နေရာ၊ အကြောင်းရင်းတွေမတူတဲ့ အမျိုးအစားတွေကွဲပြားတယ်ဆိုတာလေး ဆက်ပြီးပြောပြချင်ပါတယ်။ အဖြစ်များကြတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားတွေထဲက (၉) မျိုးကိုလေ့လာကြည့်ရအောင်။ ကိုယ်ဖြစ်ဖူးတာတွေ အများကြီးပါနေတာတွေ့ရပါလိမ့်မယ်။ အဖြစ်များတဲ့ ခေါင်းကိုက်ခြင်း များ (က) ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲဖြစ်တဲ့ ခေါင်းကိုက် ခြင်းများ။ Primary headaches လို့ခေါ်တဲ့ ခေါင်းကိုက်မှုတွေက ရောဂါအကြောင်းရင်းခံတစ်ခုခုကြောင့်မဟုတ်တဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ရောဂါအခံကြောင့် မဟုတ်ဘူးဆိုတော့ ဘယ်လိုခေါင်းကိုက်တာမျိုးကိုခေါ်တာဖြစ်မလဲ - (၁) ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း အဖြစ်များဆုံးဖြစ်တဲ့ ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့အမျိုးအစား(Tension headache)ဆိုရင် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ခေါင်းတစ်ခုလုံးအုံခဲပြီး ကိုက်နေတော့တာပဲ။ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေများနေတဲ့အခါ ခေါင်းမကြည်ဘူး၊ တဒုတ်ဒုတ်နဲ့ ထိုးကိုက်နေပြီး ဇက်ကြော၊နဖူး၊ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာကို ဘယ်လိုဖြေရှင်းရမလဲ

ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။ စိတ်ကျဝေဒနာ၊ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း စတဲ့ အကြောင်းရင်းအမျိုးမျိုး၊ ရောဂါအမျိုးမျိုးကြောင့် ခေါင်းကိုက်နိုင်သလို လေဖြတ်ခြင်းကြောင့်လည်း ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ လေဖြတ်ပြီးနောက် ဘာကြောင့်ခေါင်းကိုက်ရသလဲ ဦးနှောက်ရောင်ရမ်းခြင်း၊ ဦးနှောက်အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးခြင်း၊ ဦးနှောက်တွင်း သွေးလှည့်ပတ်မှု ပြောင်းလဲခြင်းတို့ကြောင့် အချို့လူနာတွေဟာ လေဖြတ်ပြီးနောက်မှာ ခေါင်းကိုက်ဝေဒနာ ခံစားကြရပါတယ်။ ဦးနှောက်သွေးယိုခြင်းကြောင့် လေဖြတ်တဲ့လူနာတွေမှာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ချေ ပိုများပါတယ်။ လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာ (၄) မျိုး ရှိပါတယ်။ ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သည့် ခေါင်းကိုက်ဝေဒနာ - အကိုက်အခဲပျောက်ဆေး အလွန်အကျွံအသုံးပြုသူတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ကြွက်သားတင်းအားကြောင့်ဖြစ်သည့် ခေါင်းကိုက်ဝေဒနာ - ဒါကတော့ ကုသရလွယ်ကူတဲ့ ခေါင်းကိုက်ဝေဒနာ အမျိုးအစားဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်သည့်ဝေဒနာ - အလွန်ဆိုးရွားပြင်းထန်တဲ့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ဝေဒနာ ဆောင်ရန် ရှောင်ရန်များ။

ခေါင်းကိုက်ြခင်းကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို စိတ်ရော ကိုယ်ပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ခေါင်းထဲမှာ ထိုးကိုက်နေပြီး မူးဝေအော့အန်ချင်သလို ခံစားရမယ်။ အားနည်းပြီး ပျော့ခွေနေမယ်။ စိတ်လဲကြည်တော့မှာ မဟုတ်သလို ကိုယ့်ရဲ့ အလုပ်ခွင်မှာလည်း သေချာအာရုံစိုက်ပြီး အလုပ်လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် ခေါင်းကိုက်တာ၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်ခဲတာ အစရှိသဖြင့် ခေါင်းကိုက်လက္ခဏာ အမျိုးမျိုး ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီဆိုရင် အနည်းဆုံး ၄ နာရီမှ အများဆုံး ၃ရက်အထိ ကြာရှည်နိုင်ပါတယ်။ မကြာခဏ ခေါင်းကိုက်တတ်တဲ့သူတွေ၊ ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ခေါင်းကိုက်နေစဉ် ဘာတွေလုပ်သင့်လဲ။ ခေါင်းကိုက်တာကို စတင်ခံစားရပြီဆိုတာနဲ့ ဝေဒနာအမြန်သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သို့မဟုတ် ခေါင်းကိုက်ပျောက်ဆေး တစ်လုံး အမြန်ဆုံး […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) ကဘာလဲ။ အပြင်းအထန် လေ့ကျင့်ခန်းလုပ်နေချိန် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ခံစားရသော ခေါင်းကိုက်ခြင်းကို ခေါ်သည်။ အပြေးအားကစား ၊ လှေလှော် အားကစား ၊ တင်းနစ် ၊ ရေကူးခြင်း နှင့် အလေးမခြင်းတို့က လည်း ထိုသို့ခေါင်းကိုက်ခြင်းကို ဖြစ်စေသည်။ ဆရာဝန်များက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို နှစ်မျိုး ခွဲထားသည်။ ကိုယ်လက်လှုပ်ရှား ခြင်းကြောင့် အဓိကဖြစ်သော ခေါင်းကိုက်ခြင်း သည် ပုံမှန်အား ဖြင့် အန္တရာယ် မရှိပါ ။ အခြားဖြစ်စေသော အကြောင်းများနှင့် တွဲမနေသော ကြောင့် ဆေးဖြင့်ကုသကာကွယ်နိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်း သည် ပြင်းထန်သော ဦးနှောက်ရောဂါများနှင့် ဆက်နွယ်နေသည်။ ဥပမာအားဖြင့် ဦးနှောက်အတွင်းသွေးထွက်ခြင်း ၊ ဦးနှောက်ကင်ဆာ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ကဘာလဲ။ သင်၏ဦးခေါင်းပေါ်တွင် ဝတ်ဆင်သော မည်သည့် အရာ မဆို ဦးရေပြားပေါ်တွင် တောက်လျှောက် တင်းကျပ်စေပါက အပြင်မှ ဖိအားကြောင့် ခေါင်းကိုက်ခြင်း ကို ဖြစ်စေသည်။ အားကစား ပြုလုပ်ရာတွင် ဦးထုတ်ဆောင်းရသော ၊ မျက်လုံးအကာအကွယ် အသုံးပြုရသော အားကစား သမားများအနေနှင့် ပိုမို ခံစားရသည်။ တစ်ခါတစ်ရံတွင် ခေါင်းကိုက်စေသော ပစ္စည်းကို အစွဲပြုကာလည်း ခေါ်သည်။ ဥပမာအားဖြင့် ရေကူးမျက်မှန် ကြောင့်ဖြစ်သောခေါင်းကိုက်ခြင်းနှင့် ဘောလုံးဦးထုတ်ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း တို့ဖြစ်သည်။ External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများExternal compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိုခေါင်းကိုက်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှု ကို သက်ရောက်သော ဖိအား၊ တင်းကျပ်မှုကို မူတည်ပြီးဖော်ပြလေ့ရှိတယ်။ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Ocular migraine (အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ocular migraine (အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ) ကဘာလဲ။ အမြင်အာရုံဆိုင်ရာ လက္ခဏာများ ပါဝင်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရိုးရိုးခေါင်းတခြမ်းကိုက်ရောဂါလို နာကျင်ခြင်းမျိုး ရှိချင်မှရှိပါလိမ့်မယ်။ အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်လျှင် သင့်မျက်လုံးထဲမှာ အလင်းရောင်ပြိုးပြိုးပြက်ပက်များ၊ အကွေ့အကောက်လိုင်းများ၊ ကြယ်များကို မြင်နေပါလိမ့်မယ်။ အချို့ကလည်း ထင်ယောင်မြင်မှား ဖြစ်နေတယ်လို့ပြောကြပါတယ်။ သင့်မြင်ကွင်းရဲ့ တစ်နေရာရာကို မမြင်ရတော့တာလည်း ဖြစ်နိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်လူနာ ၅ယောက်မှာ ၁ယောက်ဟာ အမြင်အာရုံဆိုင်ရာ လက္ခဏာများခံစားနေရပါတယ်။ ဒီရောဂါဟာ သင့်ရဲ့ စာရေး၊ စာဖတ်၊ ကားမောင်းစတဲ့ အလုပ်များလုပ်နိုင်စွမ်းကို ကျဆင်းစေတတ်ပါတယ်။ ရောဂါလက္ခဏာများဟာ ယာယီသာဖြစ်လို့ စိုးရိမ်စရာတော့ မရှိပါဘူး။ အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မြင်လွှာထိခိုက်သော ခေါင်းတခြမ်းကိုက်ရောဂါနဲ့မှားတတ်ပါတယ်။ တကယ်တော့ ဒီရောဂါနှစ်ခုဟာ မတူပါ။ မြင်လွှာထိခိုက်သော ခေါင်းတခြမ်းကိုက်ရောဂါဟာ ရှားပါးပြီး မျက်လုံးတစ်ဘက်တည်းမှာ ဖြစ်တတ်ပါတယ်။ မျက်လုံးတစ်ဘက် မမြင်ရတော့ခြင်းဟာ အရေးကြီးတဲ့ရောဂါလက္ခဏာဖြစ်လို့ အကြောင်းရင်းကိုသိဖို့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်း

သင်ခံစားနေရတဲ့ခေါင်းကိုက်ခြင်းကို သာမန်ဆိုးရွားတဲ့ခေါင်းကိုက်ခြင်းလို့ပဲထင်နေကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် အန်ချင်လောက်သည်ထိ ရင်ထဲမကောင်းဖြစ်နေသလား၊ အလင်းရောင်တွေကြောင့် ပိုကိုက်နေသလား၊ ဒါဆိုရင်တော့ migraine လို့ခေါ်တဲ့ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်နေပါပြီ။ Migraine ခေါ်ပြင်းထန်ခေါင်းကိုက်ခြင်းခံစားရမယ်ဆိုရင်၊၊ တခါတလေမှာ ကာကွယ်ဖို့ခက်ခဲပေမယ့် ပိုဆိုးမလာအောင်ကာကွယ်ဖို့ လက္ခဏာတွေသိထားဖို့တော့လိုပါမယ်။ Migraine ဆိုတာဘာလဲ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ခေါင်းတစ်ခြမ်းသာကိုက်တတ်ပါတယ်။ ခေါင်းထဲမှာ တဆစ်ဆစ်ထိုးကိုက်နေတတ်ပြီး နေ့စဉ်လုပ်ငန်းတွေလုပ်ရခက်သည်ထိ ဖြစ်တတ်တယ်။ ဘာကြောင့်ဖြစ်ရသလဲမသေချာပေမယ့် migraine ဖြစ်ခြင်းကို အားပေးတဲ့အချက်တွေတော့ရှီပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အာရုံကြောလှုံ့ဆော်မှု၊ ကယ်မီကယ်၊ ဦးနှောက်ရှိသွေးကြောများကို ကယောက်ကမဖြစ်စေတဲ့ ဦးနှောက်အလုပ်ပုံမှန်မဟုတ်ခြင်းလို့ ထင်ကြပါတယ်။ Migraine ခေါင်းကိုက်ခြင်းဟာ မှန်းထားလို့မရပါဘူး။ ကံကောင်းစွာနဲ့ သတိပေးတဲ့အချက်တွေတော့ရှိပါတယ်။ ကြိုတင်ကာကွယ်နိုင်အောင် အချက်ပြတဲ့လက္ခဏာတွေကိုကြည့်လိုက်ရအောင်။ Migraine အဆင့်များ လေးဆင့်ရှိတယ် - မတိုင်မီအဆင့် ၊ ခံစားချက်၊ ခေါင်းကိုက်ခြင်း၊ ခေါင်းကိုက်ပြီးအဆင့် တို့ဖြစ်တယ်။ အဆင့်တိုင်းကိုခံစားချင်မှခံစားရမှာပါ။ မတိုင်မီအဆင့် ခေါင်းမကိုက်မီအဆင့်ဖြစ်တယ်။ ခေါင်းမကိုက်ခင် တစ်ရက်၊ နှစ်ရက်ခန့်လောက်မှာ လက္ခဏာတွေစပေါ်လာတတ်ပြီး ပြောင်းလဲမှုလေးတွေကြုံရတတ်ပါတယ်။ · […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်