backup og meta

ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်း

    သင်ခံစားနေရတဲ့ခေါင်းကိုက်ခြင်းကို သာမန်ဆိုးရွားတဲ့ခေါင်းကိုက်ခြင်းလို့ပဲထင်နေကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် အန်ချင်လောက်သည်ထိ ရင်ထဲမကောင်းဖြစ်နေသလား၊ အလင်းရောင်တွေကြောင့် ပိုကိုက်နေသလား၊ ဒါဆိုရင်တော့ migraine လို့ခေါ်တဲ့ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်နေပါပြီ။ Migraine ခေါ်ပြင်းထန်ခေါင်းကိုက်ခြင်းခံစားရမယ်ဆိုရင်၊၊ တခါတလေမှာ ကာကွယ်ဖို့ခက်ခဲပေမယ့် ပိုဆိုးမလာအောင်ကာကွယ်ဖို့ လက္ခဏာတွေသိထားဖို့တော့လိုပါမယ်။

    Migraine ဆိုတာဘာလဲ

    ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ခေါင်းတစ်ခြမ်းသာကိုက်တတ်ပါတယ်။ ခေါင်းထဲမှာ တဆစ်ဆစ်ထိုးကိုက်နေတတ်ပြီး နေ့စဉ်လုပ်ငန်းတွေလုပ်ရခက်သည်ထိ ဖြစ်တတ်တယ်။ ဘာကြောင့်ဖြစ်ရသလဲမသေချာပေမယ့် migraine ဖြစ်ခြင်းကို အားပေးတဲ့အချက်တွေတော့ရှီပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အာရုံကြောလှုံ့ဆော်မှု၊ ကယ်မီကယ်၊ ဦးနှောက်ရှိသွေးကြောများကို ကယောက်ကမဖြစ်စေတဲ့ ဦးနှောက်အလုပ်ပုံမှန်မဟုတ်ခြင်းလို့ ထင်ကြပါတယ်။

    Migraine ခေါင်းကိုက်ခြင်းဟာ မှန်းထားလို့မရပါဘူး။ ကံကောင်းစွာနဲ့ သတိပေးတဲ့အချက်တွေတော့ရှိပါတယ်။ ကြိုတင်ကာကွယ်နိုင်အောင် အချက်ပြတဲ့လက္ခဏာတွေကိုကြည့်လိုက်ရအောင်။

    Migraine အဆင့်များ

    လေးဆင့်ရှိတယ် –

    မတိုင်မီအဆင့် ၊ ခံစားချက်၊ ခေါင်းကိုက်ခြင်း၊ ခေါင်းကိုက်ပြီးအဆင့် တို့ဖြစ်တယ်။ အဆင့်တိုင်းကိုခံစားချင်မှခံစားရမှာပါ။

  • မတိုင်မီအဆင့်
  • ခေါင်းမကိုက်မီအဆင့်ဖြစ်တယ်။ ခေါင်းမကိုက်ခင် တစ်ရက်၊ နှစ်ရက်ခန့်လောက်မှာ လက္ခဏာတွေစပေါ်လာတတ်ပြီး ပြောင်းလဲမှုလေးတွေကြုံရတတ်ပါတယ်။

    · ဝမ်းချုပ်ခြင်း

    · စိတ်ဓါတ်ကျခြင်း

    · အစာတစ်ခုခုတောင့်တခြင်း

    · လှုပ်ရှားမှုမြန်ခြင်း

    · စိတ်ဆတ်ခြင်း

    · ဇက်တောင့်ခြင်း

    · မထိန်းနိုင်လောက်အောင် သန်းဝေခြင်း

    • ခံစားချက်

    ခေါင်းမကိုက်ခင် သို့ ခေါင်းကိုက်နေစဉ်မှာတွေ့ရတတ်တယ်။ အလင်းရောင်များမြင်ခြင်း၊ ထူးဆန်းသောအနံ့ အထိအတွေ့၊ အသံများရခြင်း၊ လှုပ်ရှားမှု စကားပြောခြင်းတို့တွင် ပြောင်းလဲမှုများကြုံရခြင်း။ အများစုကတော့ ခံစားချက်မရဘဲ ခေါင်းကိုက်တတ်ပါတယ်။

    • ခေါင်းကိုက်ခြင်း

    ကုသမှုမရှိပါက ၇၂ နာရီလောက်ထိကြာနိုင်ပါတယ်။ ဒါပေမယ့် အကြိမ်ရေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ လက္ခဏာတွေကတော့-

    · ပျို့ခြင်း

    · မျက်လုံးတစ်ဖက် သို့ နားတစ်ဖက်နောက်တွင် နာကျင်ကိုက်ခဲခြင်း

    · နားထင်တွင်ကိုက်ခဲခြင်း

    · အလင်းရောင်များမြင်ခြင်း

    · အလင်း၊ အသံတို့ကိုဆက်ဆက်ထိမခံဖြစ်ခြင်း

    · ခေတ္တအမြင်ချို့ယွင်းခြင်း

    · အန်ခြင်း

    • ခေါင်းကိုက်ပြီးချိန်အဆင့်

    ခေါင်းကိုက်ပြီးချိန်မှာဖြစ်ပြီး နွမ်းနယ်ပြီးကျန်ခဲ့ပါလိမ့်မယ်။ လက္ခဏာတွေကတော့-

    · စိတ်အခြေအနေကျခြင်း၊

    . စိတ်ဓါတ်ကျခြင်း သို့စိတ်ကြွခြင်း

    · နွမ်းနယ်ခြင်း

    · အာရုံမစိုက်နိုင်ခြင်း

    · စဉ်းစားနိုင်စွမ်းနည်းသွားခြင်း

    ဘယ်လိုကာကွယ်နိုင်မလဲ

    Migraine ခေါင်းကိုက်ခြင်းတွေက ကုသရခက်ပါတယ်။ ဒါပေမယ့် အခြေအနေကိုကိုင်တွယ်နိုင်ပါတယ်။ Migraine မှာကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းနေတတ်ပါတယ်။ ကာကွယ်နည်းတွေမှာဆိုရင်-

    လုံလောက်စွာအိပ်ပါ၊ ဒါပေမယ့် အလွန်အကျွံမအိပ်ပါနဲ့ – Migraine ဖြစ်နိုင်မယ့်လက္ခဏာတွေတွေ့လာရင် အနားယူပါ။ ဖြစ်နိုင်ပါက ခေါင်းကိုက်လာချိန်မှာ တိတ်ဆိတ်မှောင်မိုက်သောအခန်းမှာ အနားယူပါ။ ဇက်နှင့် ကိုက်သောနေရာတွင်ရေခဲအိတ်ကပ်ပြီး အသာအယာနှိပ်နယ်ပေးနိုင်ပါတယ်။

    အစားအသောက်ပုံစံပြောင်းပါ။ ခေါင်းကိုက်စေသောအရာများ ကဖိန်း၊ အယ်လ်ကိုဟောတို့ကိုရှောင်ပါ။

    စိတ်ဖိစီးမှုလျှော့ချပါ။ ကြွက်သားများဖြေလျှော့သော လေ့ကျင့်ခန်းများလုပ်ပါ။

    ခေါင်းကိုက်ခြင်းအကြိမ်ရေနည်းသူတွေမှာတော့ migraine သက်သာစေနိုင်တဲ့ဆေး NSAID ကဲ့သို့ဆေးများ သို့ အတက်ကျဆေး၊ သွေးပေါင်ကျဆေးများကဲ့သို့ ကာကွယ်နိုင်သောဆေးများ သောက်ခြင်းဖြင့် သက်သာနိုင်ပါတယ်။

    ခေါင်းကိုက်ခြင်းကိုမှတ်ထားပါ။ ဆရာဝန်ပြနေစဉ်မှာတင်မှတ်ထားပြီး မိမိခေါင်းကိုက်ခြင်းကိုဘာကဖြစ်စေသလဲ၊ ဘယ်လိုကုသမှုဖြင့်အဆင်ပြေလဲ သိရအောင် မှတ်ထားပါ။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement