ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါက ပြင်းထန်တဲ့ ဝေဒနာပါ။ အထူးသဖြင့် ခဏခဏ ခေါင်းကိုက်တတ်ရင် ပိုခံစားရပါတယ်။ ဘာတွေကများ ခေါင်းကိုက်စေတာလဲ။ ဘယ်လိုကာကွယ် ကုသကြမလဲ။ ခေါင်းကိုက်ခြင်း အမျိုးမျိုးအကြောင်းကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကို ရှာဖွေမည်။

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ကဘာလဲ။ များသောအားဖြင့်မျက်လုံးတဝိုက်ကိုက်ခဲတတ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်တယ်။ အလွန်ပြင်းထန်ပြီး အဆိုးဆုံးခေါင်းကိုက်ခြင်းလည်းဖြစ်တယ်။ ရက်သတ္တပတ်များစွာ (၄ ပတ်မှ ၁၂ ပတ်ခန့်ထိ) ကြာအောင် ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်နေတတ်သော ခေါင်းကိုက်ခြင်းမျိုးလည်းဖြစ်တယ်။ Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သိပ်တော့ဖြစ်လေ့မရှိပါဘူး။ ခေါင်းကိုက်ခြင်းဖြစ်စေတဲ့ အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်တတ်ပြီး အသက် ၂၀ ကျော်ရင်အဖြစ်များပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများCluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့ – ကိုက်ခဲခြင်း – အလွန်ပြင်းထန်ပြီး၊ အချွန်နဲ့ထိုးသကဲ့သို့ ဒါမှမဟုတ် မီးစနဲ့ထိုးသကဲ့သို့ စူးရှပြင်းထန်တဲ့ ကိုက်ခဲခြင်းမျိုးဖြစ်တယ်။ ခေါင်းတစ်ခြမ်းသာဖြစ်လေ့ရှိပြီး ယေဘုယျအားဖြင့်တော့ မျက်လုံးတစ်ဖက်တဝိုက်မှာ စတင်ကာ မျက်နှာ၊ လည်ပင်း၊ ခေါင်း၊ ပုခုံးတွေကို ပျံ့သွားပါတယ်။ ကြိုအချက်မပြဘဲ ရုတ်တရတ်ထကိုက်တတ်တယ်။ ခေါင်းကိုက်ချိန်မှာနေထိုင်မရဖြစ်တတ်၊ စိတ်တိုတတ်တယ်။ မျက်လုံးနီရဲရောင်ရမ်းတတ်တယ်။ ခေါင်းကိုက်တဲ့ဘက်မှာ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ကဘာလဲ။ လူတိုင်းမှာတော့ ခေါင်းကိုက်ဝေဒနာ ရှိကြတာချည်းပါပဲ။ ဒါပေမဲ့ ရက်ပေါင်းများစွာ ကြာတဲ့ထိ မပျောက်သေးရင် ဒါမှမဟုတ် နေ့စဉ်ခေါင်းကိုက်ခြင်းကို ကာလကြာရှည်ခံစားနေရရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ နေ့စဉ်ခေါင်းကိုက်တာက ကာလကြာရှည်ခံစားခဲ့ရမယ်ဆိုရင် ဒီသဘာဝကပဲ အခြားသောခေါင်းကိုက်ခြင်းတွေထက် ပိုဆိုးစေပါလိမ့်မယ်။ အစပိုင်းကုသမှုတွေလုပ်ပြီး ဆက်လက်ကုသမှုခံယူ၊ အချိန်ယူပြီး ထိန်းချုပ်ကာမှ နာကျင်မှုတွေကို လျော့ပါးစေပြီး ခေါင်းကိုက်လည်း သက်သာစေနိုင်မှာပါ။ Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများChronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့အတိုင်းဆိုတော့ ကာလရှည်နေ့စဉ်ခေါင်းကိုက်ခြင်းဟာ ၁၅ရက် သို့မဟုတ် ၁လနဲ့ အထက် ကစလို့ အနည်းဆုံး ၃လလောက်ထိကြာနိုင်ပါတယ်။ အခြေခံအဆင့် နာတာရှည်ခေါင်းကိုက်ခြင်းဟာ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဆယ်ကျော်သက်တွေမှာ နာတာရှည်ခေါင်းကိုက်ခြင်းတွေကို ဘိုတောက်စ်ဘတ်တီးရီးယား နဲ့ ဘယ်လိုသက်သာစေမလဲ

နာတာရှည် ခေါင်းကိုက်ခြင်းတွေဟာ ကြောက်စရာကောင်းပါတယ်။ သူတို့ဟာ သင့်ရဲ့ ပညာရေးနဲ့ အလုပ်ကို ထိခိုက်စေရုံသာမက လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးတွေပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်မှု ရှိပါတယ်။ နာတာရှည် ခေါင်းကိုက်ခြင်းဟာ ကုသရခက်ခဲပြီး ကုသမှုအတော်များများနဲ့ မပျောက်ကင်းနိုင်ပါဘူး။ ဒါပေမယ့် ၂၀၁၀ မှစပြီး သိပ္ပံပညာရှင်တွေဟာ အစွမ်းထက်တဲ့ ကုသနည်းတစ်ခုကို တီထွင်ခဲ့ကြပါတယ်။ Botox injection ပဲ ဖြစ်ပါတယ်။ Botox ဘိုတောက်စ်ဘက်တီးရီးယား ဆိုတာ ဘာလဲ။ Clostridium botulinum ဟာ အစာတွေထဲမှာ ပါဝင်ပြီး သေစေနိုင်တဲ့ အဆိပ်ကို ထုတ်ပေးနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို အနည်းငယ်သာ အသုံးပြုမယ်ဆိုရင် ဒီအဆိပ်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ သူ့ကို Botox နာမည်နဲ့ ထုတ်လုပ်ကြပါတယ်။ Botox ကို အောက်ပါအခြင်းအရာတွေ ကုသဖို့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကဘာလဲ။ နဖူး၊ခေါင်းနဲ့လည်ပင်းနောက်ကျောတစ်ဝိုက် တောင့်တင်းနေမယ်၊ဦးခေါင်းတစ်ခုလုံးတင်းကျပ်ပြီးနာနေမယ်၊ညှစ်ထားသလိုနာနေမယ်ဆိုရင်တင်းအားများခေါင်းကိုက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ တစ်လမှာဖြစ်တဲ့အကြိမ်၁၅ကြိမ်ထက်နည်းမယ်ဆိုရင် လတ်တလောရုတ်တရက် ခေါင်းကိုက်ခြင်းလို့ သတ်မှတ်ပြီးဒီထက်ပိုမယ်ဆိုရင်တော့နာတာရှည်ခေါင်းကိုက်ခြင်းလို့သတ်မှတ်ပါတယ်။ Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေမှာပိုတွေ့ရတတ်ပြီးဘယ်အရွယ်မဆိုဖြစ်ပွားနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတွေကိုလျှော့ချခြင်းဖြင့်ထိန်းချုပ်နိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများTension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေကတော့ ခေါင်းအရှေ့ခြမ်း၊ထိပ်(သို့)ဘေးဘြက်ခမ်းတွေမှာတင်းငြ်္ပီးနာခြင်း အိပ်ရေးမဝခြင်း မောပန်းခြင်း ဆတ်ဆတ်ထိမခံဖြစ်ခြင်း အာရုံစိုက်မရဖြစ်ခြင်း အသံ၊အလင်းဒဏ်ကိုမခံနိုင်ခြင်း ကြွက်သားများနာခြင်း ခေါင်းတစ်ခုလုံးထုံထိုင်းနေခြင်း နဖူးကြောများတင်းနေခြင်း နဖူးနှင့်ဦးရေပြားများအထိမခံနိုင်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါအချက်တွေထဲကတစ်ချက်ချက်ရှိခဲ့မယ်ဆိုရင်သွားပြသင့်ပါတယ်။ သင့်ရဲ့နေ့စဉ်ဘဝကိုထိခိုက်လာမယ်ဆိုရင် တစ်ပတ်မှာနှစ်ကြိမ်ထက်ပိုပြီးခေါင်းကိုက်ပျောက်ဆေးသောက်နေရမယ်ဆိုရင် ခေါင်းကိုက်တဲ့ပုံစံရုတ်တရက်ကြီးပြောင်းသွားမယ်ဆိုရင် ရုတ်ချည်းဆိုးရွားသွားရင် ဖျားတာ၊ဇက်ကြောတက်တာ၊စိတ်ရှုပ်ထွေးတာ၊တက်တာ၊နှစ်ထပ်မြင်တာ၊အားနည်းတာ၊ထုံတာ၊စကားပြောရခက်တာတွေဖြစ်လာမယ်ဆိုရင် ထိခိုက်ဒဏ်ရာရပြီးနောက်မှခေါင်းကိုက်တာမျိုး(သို့)ပိုဆိုးလာတာမျိုးဆိုရင်သွားပြသင့်ပါတယ်။ အကြောင်းရင်းများTension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဘာကြောင့်ဖြစ်ရတယ်ဆိုတာအတိအကျမသိရသေးပါဘူး။ ပြဿနာတွေ၊ အခက်အခဲတွေကိုရင်မဆိုင်နိုင်ခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်အများဆုံးဖြစ်နိုင်ပါတယ်။ အလုပ်၊ကျောင်းစာ၊မိသားစု၊သူငယ်ချင်းဆက်ဆံရေးအဆင်မပြေမှုတွေကြောင့်စိတ်ဖိစီးနိုင်ပါတယ်။ ဦးခေါင်း၊ လည်ပင်းနောက်ခြမ်း တောင့်တင်းခြင်းကိုဖြစ်စေနိုင်တဲ့အခြားအကြောင်းရင်းတွေကတော့ ပြည့်ပြည့်ဝဝအနားမယူရခြင်း ကိုယ်နေဟန်ထားမမှန်ခြင်း စိတ်ဖိစီးမှုများခြင်း၊စိတ်ဓါတ်ကျခြင်း စိုးရိမ်စိတ်များခြင်း မောပန်းနွမ်းနွယ်ခြင်း ဆာလောင်မွတ်သိပ်ခြင်း သံဓါတ်ချို့တဲ့ခြင်း   ဖြစ်နိုင်ခြေများငါ့ဆီမှာ Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အကြောင်းအများကြီးရှိပါတယ်။ အမျိုးသမီးတွေ (အမျိုးသမီးထုရဲ့ ၉၀ရာခိုင်နှုန်းမှာတွေ့နေရပါတယ်။) သက်လတ်ပိုင်းအရွယ်တွေမှာပိုဖြစ်နိုင်ပါတယ်။ ရောဂါအဖြေရှာခြင်းနှင့် ကုသမှုယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) ကဘာလဲ။ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုသည်မှာ ဦးခေါင်းတစ်ဖက် ထဲကို ထိခိုက်စေသော ပြင်းထန်သည့် ခေါင်းကိုက်ခြင်း ဖြစ်ပါ သည်။ ၎င်းသည် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း နှင့် အလင်း အထိမခံနိုင်ခြင်းတို့နှင့် တွဲ၍ဖြစ်ပွားလေ့ ရှိပါသည်။ ခေါင်းတစ် ခြမ်းကိုက်ခြင်းသည် နာရီများစွာမှ ရက်များစွာအထိ ကြာနိုင် သည်။ ထိုရောဂါသည် အချိန်မီ ကောင်းစွာ မကုသပါက အလုပ်လုပ်နိုင်မှုစွမ်းရည် နှင့် နေ့စဉ် လှုပ်ရှားမှုများကို ထိခိုက် စေနိုင်သည်။ မှန်ကန်သော ကုသမှုနှင့် အိမ်သုံးကုထုံးများ၊ လူနေမှု ပုံစံပြောင်းလဲခြင်းများဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။ Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ မည်သူမဆို ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်နိုင်ပါသည်။ သို့ သော် အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ အဖြစ် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဦးနှောက်သွေးကြော ပုံပျက်ခြင်းဟာ ခေါင်းကိုက်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါ

ဦးနှောက်သွေးကြောပုံပျက်ခြင်း ပုံမှန်အားဖြင့် သွေးလွှတ်ကြောများဟာ နှလုံးက အောက်ဆီဂျင်ပါတဲ့သွေးကို ဦးနှောက်ဆီသယ်လာပြီး သွေးပြန်ကြောတွေကတော့ အောက်ဆီဂျင်နည်းတဲ့ သွေးကို ဦးနှောက်ကနေ နှလုံးဆီ ပြန်ပို့ပေးပါတယ်။ သွေးလွှတ်ကြောသွေးပြန်ကြော ပုံစံပျက်ခြင်း (AVM) ဖြစ်ပွားရင်တော့ ဦးနှောက်ထဲမှာ၊ ဒါမှမဟုတ် ဦးနှောက်မျက်နှာပြင်ပေါ်မှာ သွေးကြောတွေ ရောထွေးကုန်ပြီး သွေးလွှတ်ကြောထဲက သွေးတွေဟာ လမ်းကြောင်းပြောင်းပြီး သွေးပြန်ကြောထဲ တိုက်ရိုက်ရောက်သွားပါတယ်။ ဦးနှောက်မှာ သွေးလွှတ်ကြောနဲ့သွေးပြန်ကြော ပုံပျက်ခြင်းဟာ လူဦးရေ ၁ % ထက်လျော့နည်းပြီး ဖြစ်ပွားပါတယ်။ လူ ၂၀၀ ကနေ ၅၀၀ လောက်မှာ တဦးခန့်ဖြစ်ပွားတယ်လို့ ခန့်မှန်းထားကြပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဦးနှောက်သွေးကြောပုံစံပျက်ခြင်း (AVM) ဟာ မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မျီုးရိုးတော့ မလိုက်တတ်ပါဘူး။   ဦးနှောက်သွေးကြောပုံစံပျက်ခြင်း လက္ခဏာတွေက ဘာတွေလဲ ရောဂါလက္ခဏာတွေဟာ ပုံပျက်ခြင်းဖြစ်ပေါ်တဲ့ နေရာပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ဦးနှောက်သွေးကြောပုံပျက်ခြင်းဖြစ်သူများရဲ့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ

ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ က သတိပေးတဲ့ လက္ခဏာတွေဖြစ်တဲ့ ပြိုးပြိုးပြက်ပြက် အလင်းရောင်၊ ခြေလက်ထုံကျဉ်ခြင်း၊ ပျို့အန်ခြင်းနဲ့ အလင်းနဲ့ အသံကို မခံနိုင်ခြင်း စတဲ့ အချက်တွေ အရင်ဖြစ်ပြီးနောက် (သို့) အတူတွဲ ဖြစ်သော ခေါင်းကိုက်မှုတစ်ခု ဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်ပြီးတော့ နာရီများစွာ (သို့) ရက်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ ဒါတွေ ကြိုမဖြစ်ဘဲ တန်းပြီး ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ဦးနှောက်သွေးကြောဖောင်းလာတာနဲ့ ဒီသွေးကြောတွေကို ရစ်ပတ်ထားတဲ့ အာရုံကြောမျှင်တွေကနေ ဓာတုပစ္စည်း ထုတ်လုပ်မှုတို့ကြောင့် ပေါင်းစပ်ဖြစ်ပေါ်ပါတယ်။ ခေါင်းကိုက်နေစဉ်မှာ သွေးကြောဟာ ကျယ်လာပါတယ်။ ဒါဟာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးပြီးတော့ သွေးကြော ကျယ်လာခြင်းကို ထပ်မံဖြစ်စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ sympathetic အာရုံကြောစနစ်ကို တုံ့ပြန်ခြင်းကိုဖြစ်စေကာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်