နေကောင်းလားမေးရင် နေကတော့ကောင်းပါတယ်။ ဟိုနားက တစ်ခုခုဖြစ်လိုက်၊ ဒီနားက တစ်မျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင် အူကြောင်ကြောင်ဖြစ်ရပါတယ်။နေမကောင်းဖြစ်တာလည်း မဟုတ်၊ ဆရာဝန်သွားပြရင်တောင် ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။ လူ့ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ဟာ တစ်ကိုယ်လုံးကို ဖြန့်ကြက်ထားတာမို့လို့ အရမ်းကို အရေးပါပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှု ကြီးမားတာမို့ အာရုံကြောစနစ် ကျန်းမာနေဖို့ လိုပါတယ်။ အာရုံကြောအားနည်း နေပြီဆို လူက တကယ်ကို ပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေ ထိခိုက်ပါလိမ့်မယ်။