သံဓာတ်အဆိပ်သင့်ခြင်းကို မကုသဘဲထားလိုက်ရင် ရက်အနည်းငယ်အတွင်း အသည်းပျက်စီးလာနိုင်ပါတယ်။ သွေးယိုခြင်း၊ သွေးခဲခြင်းပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အသည်းပျက်စီးခြင်း မဖြစ်ရင်တောင် အစာအိမ်အူလမ်းကြောင်း အမာရွတ်ဖြစ်လာပြီး အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပေးပါတယ်။ အသည်းတစ်ရှူးတွေ အမာရွတ်ဖြစ်သွားရင်တော့ အသည်းခြောက်တဲ့အဆင့်ကို ရောက်ရှိသွားပါတယ်။
သံဓာတ်အဆိပ်သင့်ခြင်းကို အချိန်မီကုသခဲ့ရင် အမြဲတမ်းထိခိုက်ပျက်စီးခြင်းမျိုး မကြုံရပါဘူး။ သံဓာတ်အများအပြား စားသုံးမိပြီးချိန်မှာ ချက်ချင်းကုသမှုခံယူရင် ဝေဒနာတွေဟာ ၄၈ နာရီအတွင်း သက်သာနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ
ဖော်ပြပြီးခဲ့တဲ့ သံဓာတ်အဆိပ်သင့်ခြင်းလက္ခဏာတွေ ကြုံတွေ့လာရင် ပြသသင့်ပါတယ်။ သံဓာတ်အဆိပ်သင့်ခြင်းကို သေချာစေဖို့ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း ပြုလုပ်ပါလိမ့်မယ်။ ဆရာဝန်နဲ့ တွေ့ဆုံချိန်မှာ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေအကြောင်း၊ အားဖြည့်ဓာတ်စာတွေအကြောင်း ပြောပြသင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
သံဓာတ်အပါအဝင် တခြားဗီတာမင် အာဟာရဆေးဝါးတွေကို မလိုအပ်ဘဲ မသောက်သုံးပါနဲ့။ သံဓာတ်အားဖြည့်ဆေးတွေကို ကလေးများမှ မတော်တဆစားသုံးမိခြင်း မရှိအောင် လက်လှမ်းမီရာမှာ အလွယ်တကူထားခြင်းကို ရှောင်ကြဉ်ရပါမယ်။ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ over-the-counter ဆေးဝါးများကလွဲလို့ ကျန်ဆေးဝါးတွေကို နားလည်တတ်ကျွမ်းသူတွေရဲ့ အကြံဉာဏ်မပါဘဲ သောက်သုံးခြင်းကို ရှောင်သင့်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။