backup og meta

သွေးအားနည်းခြင်းအတွက် သင့်တော်သော အစားအစာများ

သွေးအားနည်းခြင်းအတွက် သင့်တော်သော အစားအစာများ

ကိုယ်ခန္ဓာထဲမှာ သွေးနီဥဆဲလ်လုံလောက်စွာ မရတဲ့အခါ သွေးအားနည်းခြင်း ဖြစ်ပေါ်ပါတယ်။ သွေးထွက်ခြင်း၊ သွေးနီဥဆဲလ်များ ပျက်စီးခြင်း၊ သွေးနီဥဆဲလ်များ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း စတဲ့အကြောင်းအရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။

သွေးအားနည်းခြင်း ပုံစံမျိုးစုံရှိပါတယ်။ တွေ့ရအများဆုံးကတော့ သံဓာတ်ချို့တဲ့ပြီးဖြစ်တဲ့ သွေးအားနည်းခြင်း ဖြစ်ပါတယ်။ သံဓာတ်မလုံလောက်ရင် သွေးနီဥတွေမှာ ဟေမိုဂလိုဘင်ပရိုတိန်း နည်းပါးတာကြောင့် အောက်ဆီဂျင်ကို ကောင်းစွာသယ်ဆောင်နိုင်စွမ်း မရှိပါဘူး။

ဖောလိတ်နဲ့ ဗီတာမင် B12 နည်းပါးခြင်းဟာလည်း ကိုယ်ခန္ဓာကနေ သွေးနီဥဆဲလ်တွေ အလုံအလောက် မထုတ်လုပ်နိုင်ဘဲ ဖြစ်စေပါတယ်။

ဒါကြောင့် သံဓာတ်နဲ့ ဗီတာမင်ဘီကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ လူတစ်ဦးဟာ နေ့စဉ် ပျမ်းမျှအားဖြင့် သံဓာတ်ကို ၁၅၀ မှ ၂၀၀ မီလီဂရမ်ထိ လိုအပ်ပါတယ်။ သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးနိုင်သလို သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြသွားမှာကတော့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ အကြောင်းပါပဲ။

၁။ အစိမ်းရောင်ရှိသော အရွက်များ

အစိမ်းရောင်၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များဟာ သံဓာတ်ကြွယ်ဝပါတယ်။ ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီ၊ ပဲသီး၊ ကညွတ် စတာတွေ ဖြစ်ပါတယ်။ အသီးအရွက်တချို့မှာ ဖောလိတ်ဓာတ်လည်း ပါဝင်ပါတယ်။ ဗီတာမင်စီဟာ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ လိမ္မော်သီး၊ ငရုတ်ပွ၊ စတော်ဘယ်ရီ၊ နာနတ်သီး စတာတွေဟာ ဗီတာမင်စီ ကြွယ်ဝပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေနဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ တွဲဖက်စားသုံးနိုင်ရန် ပိုအကျိုးရှိပါတယ်။

၂။ အသား၊ ကြက်၊ ဘဲများ

အသားများ၊ ကြက်သား၊ ဘဲသားများမှာ heme သံဓာတ်ပါဝင်ပါတယ်။ အမဲသား၊ သိုးသား၊ ချေသား၊ ဆတ်သား စတာတွေမှာလည်း သံဓာတ်များစွာ ကြွယ်ဝပါတယ်။ အဆိုပါ အသားများကို အစိမ်းရင့်ရောင်အရွက်များနဲ့ တွဲဖက်စားသုံးရင် ပိုမိုအကျိုးရှိပါတယ်။

၃။ အသည်း၊ ကလီစာ

လူတချို့ဟာ ကလီစာများကို ရှောင်ကြပါတယ်။ တကယ်တော့ ကလီစာများဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အသည်းမှာ သံဓာတ်နဲ့ဖောလိတ်ဓာတ် နှစ်မျိုးလုံးကြွယ်ဝပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ တခြားအစားအစာတွေကတော့ နှလုံး၊ ကျောက်ကပ်၊ အမဲလျှာ စတာတွေ ဖြစ်ပါတယ်။

၄။ ပင်လယ်စာ

အခွံမာရေသတ္တဝါများဖြစ်ကြတဲ့ ကမာ၊ ခုံးကောင်၊ ပုစွန် စတာတွေဟာ သံဓာတ်ကြွယ်ဝပါတယ်။ ငါးအများစုမှာလည်း သံဓာတ်ကြွယ်ဝပါတယ်။ အဆိုပါငါးတွေကတော့ ငါးသေတ္တာ၊ တူနာ၊ ဆယ်လ်မွန်၊ ကကတစ်၊ ဟယ်လီဘတ်ပင်လယ်ငါး စတာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာကတော့ လတ်ဆတ်တဲ့ငါးများကို ဆိုလိုပါတယ်။

ဥပမာ စည်သွတ်ထားတဲ့ ဆယ်လ်မွန်ငါးမှာ ကယ်လ်ဆီယမ်မြင့်မားပြီး သံဓာတ်စုပ်ယူနိုင်မှုကို လျော့ကျစေပါတယ်။ ဒါကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အတူမစားရင် ပိုကောင်းပါတယ်။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ တို့ဖူး စတာတွေ ဖြစ်ပါတယ်။

၅။ ပဲအမျိုးမျိုး

ပဲအမျိုးမျိုးဟာ သံဓာတ်ကြွယ်ဝပါတယ်။ သက်သတ်လွတ်စားတတ်သူတွေအတွက် သင့်တော်ပါတယ်။ ပဲကတ္တီပါ၊ ပဲလွန်း၊ ပဲပိစပ်၊ ပဲစိမ်း၊ ပဲထောပတ် စတာတွေဟာ သံဓာတ်ကြွယ်ဝပါတယ်။

၆။ အခွံမာသီးနှင့် အစေ့အဆန်များ

အခွံမာသီးနဲ့ အစေ့အဆန်အမျိုးမျိုးဟာ သံဓာတ်ကြွယ်ဝပါတယ်။ ဖရုံစေ့၊ သီဟိုဠ်စေ့၊ ဂုန်လျှော်စေ့၊ နေကြာစေ့ စတာတွေ ဖြစ်ပါတယ်။

သတိပြုရန်အချက်များ

သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို သံဓာတ်စုပ်ယူခြင်းကို ဟန့်တားတဲ့ အစားအစာတွေနဲ့ အတူမစားပါနဲ့။ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေတဲ့ အစားအစာတွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုတ်၊ ဥအမျိုးမျိုး၊ oxalate ကြွယ်ဝသော စားစရာများ၊ ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများ စတာတွေ ဖြစ်ပါတယ်။

ဗီတာမင်စီဟာ သံဓာတ်စုပ်ယူမှုကို ပိုမိအားပေးတာကြောင့် လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ စတာတွေနဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို တွဲဖက်စားသုံးရင် ပိုအကျိုးရှိပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/best-diet-plan-for-anemia Accessed Date 13 May 2020

ယခုပုံစံ

04/10/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးအားနည်းရင် ဒါတွေစားပါ

သင်က သွေးအားနည်း တတ်သူလား


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement