အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့်ရဲ့ ဇနီးဟာ မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှု ခံယူပြီးတဲ့နောက်မှာ သင် သူမကို ဘယ်လိုကူညီမလဲ

မိန်းမကိုယ် ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခြင်းဟာ သင့်ရဲ့ ချစ်ဇနီးအတွက် လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ခွဲစိတ်မှုလုပ်ငန်းစဉ် များစွာ ပြုလုပ်ခြင်းခံထားရပြီး ဒီအချိန်မှာ သူမဟာသင့်ရဲ့ အားပေးကူညီမှုကို လိုအပ်တယ်ဆိုတာသိဖို့ အရမ်းအရေးကြီးပါတယ်။ ကုသမှုခံယူပြီးတဲ့နောက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနှင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျစ်လျူမရှုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ သင့်ဇနီးရဲ့ ကျန်းမာရေးနှင့် စိတ်ခံစားမှု အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ မိန်းမကိုယ် ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြီးတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ ၎င်းခွဲစိတ်ခြင်းဟာ သူမကို ငယ်ရွယ်နုပျိုတဲ့အချိန်ကာလသို့ ပြန်ရောက်တဲ့ ခံစားမှုမျိုးကို ပေးနိုင်တဲ့ အတွက်ကြောင့် ကောင်းသော်လည်း သူမကိုထိခိုက်စေမယ့် ဆိုးကျိုးအချို့ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကုသမှုခံယူပြီးတဲ့နောက်မှာ သင့်ရဲ့ဇနီးဟာ ခွဲစိတ်ထားတဲ့နေရာမှ သွေးခြည်ဥခြင်းနှင့် ရောင်ရမ်းခြင်းတွေကို ပထမရက် အနည်းငယ်အတွင်းမှာ ခံစားရပြီးသူမရဲ့ စိတ်ခံစားမှုတွေရော သင့်တွင်ပါ သက်သောင့်သက်သာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိမိဇနီးသည် မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ပြီးနောက် မည်သို့စောင့်ရှောက်ရမည်နည်း

မိန်းမကိုယ်အင်္ဂါ ပြန်လည်ပြုပြင်ခြင်းသည် မိမိ၏ချစ်ဇနီးအတွက် မလွယ်ကူလှပါ။ လုပ်ဆောင်ချက် အဆင်ပြေချောမွေ့သည့်တိုင် မိမိခင်ပွန်း၏ အားပေးထောက်ခံမှုလိုအပ်ပါသည်။ ဖြစ်နိုင်ချေရှိသော အန ္တရာယ်နှင့် ဘေးထွက်ဆိုးကျိုးများကို သိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များမှာ ဇနီးသည်၏စိတ်နှင့် ကိုယ်ခန္ဓါကျန်းမာရေးအတွက် အရေးကြီးသောကြောင့်ဖြစ်ပါသည်။ မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ပြီးနောက် ဘာတွေဖြစ်လာနိုင်သလဲ ခွဲစိတ်ပြီးလျှင် သူမသည် ငယ်ရွယ်နုပျိုခြင်းကို ယခင်ကကဲ့သို့ခံစားနိုင်သည်ဆိုသော်လည်း ထိုအတွက်ဘေးထွက်ဆိုးကျိုးများလည်းခံစားရနိုင်ပါသည်။ ခွဲစိတ်ပြုပြင်ပြီးသော ပထမဦးဆုံးနေ့တွင်လျှင် သွေးခြည်ဥခြင်း၊ ရောင်ခြင်းကြောင့် အနည်းငယ် စိတ်ကသိကအောင့်ဖြစ်စေပါသည်။ စစချင်းတွင် ထိုခံစားမှုမျိုးကို အကျွမ်းဝင်မည်မဟုတ်ပါ။ မိမိနှင့် မိမိဇနီးတို့ အတူနေချိန်တွင်လည်း အနည်းငယ် သက်ရောက်မှုရှိနိုင်ပါသည်။ ထိုသို့သော ခံစားမှုများကိုကျင့်သားရရန် အချိန်တစ်ခုလိုအပ်ပါသည်။ ထိုသို့သောဖြစ်ရပ်များသည် ခွဲစိတ်ပြုပြင်ပြီးဖြစ်လေ့ဖြစ်ထရှိသော အချက်များဖြစ်သည့်အတွက် စိုးရိမ်ဖွယ်မရှိပါ။ သို့သော် ဖြစ်လေ့ဖြစ်ထရှိသော အချက်များကို သိထားခြင်းဖြင့် ထိတ်လန့်မှုမျိုးမရှိတော့ပါ။ ဘယ်လိုစောင့်ရှောက်မလဲ အချို့သောအချက်များသည် ဆေးနှင့် ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်ကို အမြဲလိုက်နာရပါမည်။ ကုသမှုခံယူပြီး ခန္ဓါကိုယ်ကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိမိရင်သားကို ကိုယ်တိုင်ဘယ်လို စမ်းသပ်နိုင်မလဲ

တကယ်လို့ သင်ဟာ ရင်သားကို ဆရာဝန်နဲ့ စမ်းသပ်ဖို့ ရှက်နေတယ် (သို့) အလုပ်ရှုပ်လွန်းတယ်ဆိုရင် အိမ်မှာ ကိုယ်တိုင် စမ်းသပ်နိုင်ပါတယ်။ ကိုယ်တိုင်စမ်းသပ်ခြင်းဟာ အကျိတ်တွေကို ရှာဖွေဖို့ ကိုယ်တိုင် စစ်ဆေးတဲ့နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ပုံမှန် ရင်သားစစ်ဆေးခြင်းဟာ ရင်သားကင်ဆာကို စောစီးစွာ တွေ့ရှိဖို့အတွက် အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ မိမိရင်သားကို ကိုယ်တိုင်ဘယ်လို စမ်းသပ်နိုင်မလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ အခြား အဆင့်မြင့်တဲ့ စစ်ဆေးမှုတွေဖြစ်တဲ့ ပုံမှန် mammogram ရိုက်ခြင်းနဲ့ ယှဉ်ရင်တော့ ကိုယ်တိုင်စမ်းသပ်ခြင်းဟာ အကျိုးရရှိမှု ပိုနည်းပါတယ်။ ဒါပေမယ့် သင့်ရင်သားတွေထဲမှာ ပုံမမှန်မှုကို ကြိုတင် သိရှိနိုင်ခြင်းဟာ ဘယ်တော့မှ အကျိုးမယုတ်ပါဘူး။ ကိုယ်တိုင်စမ်းသပ်ခြင်းကို လုပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရာသီမလာခင်နဲ့ လာပြီး တစ်ပတ်မှာပဲ ဖြစ်ပါတယ်။ သွေးဆုံးပြီးသွားပြီဆိုရင်တော့ တစ်လမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကင်ဆာမဟုတ်တဲ့ ရိုးရိုးရင်သားအကျိတ်

ရင်သားကို ကိုယ်တိုင်စမ်းကြည့်ပြီး အကျိတ်တွေ့ပြီ ဆိုပါစို့။ လူအတော်များများဟာ ဒီလိုအချိန်မှာ ကြောက်လန့်သွားကြပြီး ကင်ဆာလို့ တန်းမြင်ယောင်ကြပါလိမ့်မယ်။ တကယ်တော့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များပါတယ်။ စစ်ဆေးကြည့်ပြီးရင်တော့ အမျိုးသမီးတွေမှာ တွေ့တတ်တဲ့ အကျိတ်တွေဟာ benign လို့ခေါ်တဲ့ ရိုးရိုးရင်သားအကျိတ် ဖြစ်တာများပါတယ်။ သူတို့ဟာ အသက်အန္တရာယ် မရှိပါဘူး။ ရိုးရိုးရင်သားအကျိတ် (Benign အကျိတ်) တွေဟာ ဘာတွေလဲ။ ရိုးရိုးရင်သားအကျိတ် (Benign အကျိတ်) တွေဟာ ရင်သားအတွင်းမှာ ဖြစ်ပေါ်တဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်တွေပဲ ဖြစ်ပါတယ်။ ကင်ဆာ ကျိတ်တွေနဲ့ မတူတာက benign အကျိတ်တွေဟာ ရင်သားကို ထိခိုက်ခြင်း မရှိသလို အခြားနေရာတွေကို ပြန့်ပွားခြင်းလည်း မရှိပါဘူး။ သုတေသနတွေအရ benign အကျိတ်တွေကို သုံးမျိုးခွဲခြားနိုင်ပါတယ်။ နောက်ပိုင်းမှာ အန္တရာယ် မရှိတဲ့၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့်ရင်သားများကို လျော့ရဲစေတဲ့ နေ့စဉ်အမူအကျင့် ၅ရပ်

အမျိုးသမီးများရဲ့ ရင်သားဟာ အသက်အရွယ်နဲ့အတူ လန်းဆန်းခြင်းတွေ လျော့ပါးသွားတတ်ပါတယ်။ ဆိုးတဲ့အချက်က ရင်သားရဲ့ အသားစိုင်များဟာ ကိုယ်ခန္ဓါရဲ့ တခြားတစ်သျှူးတွေထက် နှစ်နှစ်သုံးနှစ်စောပြီး အိုမင်းရင့်ရော်လာတတ်တယ်လို့ Genome Biology မှာ ဖော်ပြထားပါတယ်။ မျိုးရိုးဗီဇပိုင်းကိုတော့ မပြုပြင်နိုင်ပေမယ့် သင့်ရင်သားတွေ စောစီးစွာ ရင့်ရော်တွဲကျမသွားအောင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ တချို့ အမူအကျင့်တွေကို ရှောင်ရှားခြင်းဖြင့် သင့်ရဲ့ရင်သားတွေကို တတ်နိုင်သမျှ နုပျိုနေအောင် ထိန်းထားနိုင်ပါလိမ့်မယ်။ ၁။ မတော်သော ဘရာစီယာဝတ်ဆင်ခြင်း ဒီအကျင့်ဟာ ထင်ထားတာထက် ပိုပြီး လူကြိုက်များပါတယ်။ ဘရာစီယာအများစုဟာ လျော့လွယ်တင်းလွယ်တဲ့ အရာတွေနဲ့ ချုပ်လုပ်ထားပြီး အချိန်ကြာလာတာနဲ့အမျှ ကျယ်ပြီးလျော့ရဲလာပါတယ်။ ဒါပေမယ့် သူ့ရဲ့အဓိကလုပ်ငန်းက ရင်သားကို ပင့်တင်ထိန်းသိမ်းပေးဖို့ပါပဲ။ သိပ်မတော်တဲ့ ဘရာစီယာတွေ ဝတ်ခြင်းကြောင့် ရင်သားတွေဟာ လျော့ရဲလာပါတယ်။ ရင်သားဟာ တုန်လှုပ်မှုများရင် ရင်သားရဲ့အရေပြားကို ဖိအားဖြစ်စေလို့ ဖြစ်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

နို့သီးခေါင်းမှ အရည်များထွက်ခြင်း

နို့သီးခေါင်းမှ အရည်များထွက်ခြင် သားမြတ်(ရင်သား)မှာရှိတဲ့ နို့သီးခေါင်းကနေ အရည်တစ်မျို းမျိ ု ုးထွက်ခြင်းကိုဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင်သည် မဟုတ်တဲ့အမျိ ု းသမီးတွေနဲ့ ကလေးနို့မတိုက်တဲ့ အမျို းသမီးတွေမှာပါ ထွက်တတ်ပါတယ်။ ဖြစ်နိုင်ရင် နို့သီးခေါင်းကနေ အရည်တစ်မျိ ု းမျိ ု းထွက်နေပြီဆိုပါက ဆရာဝန်ဆီသွားပြီး စစ်ဆေးမှုခံယူတာ အကောင်းဆုံးပါပဲ။ အမျိ ု းသားတစ်ယောက်အတွက် နို့သီးခေါင်းကနေ အရည်တွေထွက်နေတယ်ဆိုရင် ကြီးမားတဲ့ ပြဿ နာအကြောင်းခံတစ်ခုခုရှိနေနိုင်ပါတယ်။ အဲ့ဒါကို ဘယ်လိုပုံစံမျိ ု းတွေ့ရတတ်သလဲ ရင်သားတစ်ဖက် သို့ နှစ်ဖက်စလုံးကနေ ထိုအရည်တွေထွက်တတ်ပါတယ်။ အလိုလျောက်သော်လည်းကောင်း ရင်သားကိုလက်နဲ့ ညှစ်လိုက်ရင်သော်လည်းကောင်းထွက်လာတတ်ပါတယ်။ ထိုအရည်တွေဟာ အကြည်ရောင် နို့ကဲ့သို့အရောင်နောက်နောက် သို့ အရောင်တစ်မိ ျု းမျိ ု း ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ သွေးကဲ့သို့အရောင်တွေဖြစ်တတ်ပါတယ်။ ထိုအရည်တွေဟာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများတွင် တွေ့ရသော လိင်မှုဆိုင်ရာပြဿနာများ

အမျိုးသမီးများဧ။်ဘဝတွင် လိင်မှုကိစ္စသည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လိင်နှင့်ဆိုင်သောပြဿနာများသည် သာယာပျော်ရွှင်မှုကို ထိခိုက်စေရုံသာမက လိင်နှင့်ပတ်သက်သောရောဂါများပါ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် အဖြစ်များသောပြဿနာများကို သိရှိခြင်းဖြင့် မိမိဧ။် ပြဿနာများကို ကိုယ်တိုင်ဆန်းစစ်နိုင်ရုံသာမက လိုအပ်ပါက ကျွမ်းကျင်သူများနှင့် ပြသဆွေးနွေးနိုင်ပါလိမ့်မယ်။ အမျိုးသမီးများတွင်တွေ့ရသော လိင်နှင့်ဆိုင်သောပြသနာများဧ။် လက္ခဏာများ သင့်ဘဝတစ်လျှောက်လုံးဧ။် မည်သည့်အခြေအနေတွင်မဆို လိင်မှုဆိုင်ရာပြဿနာများကို တွေ့ရနိုင်ပါတယ်။ ထိုပြဿနာများသည် ထပ်တလဲလဲ သို့မဟုတ် မကြာခဏ တွေ့ရနိုင်တယ်။ အဆင်ပြေသော လိင်မှုဆက်ဆံရေးသည် ကိုယ်၊စိတ်၊လိင်ဆက်ဆံဖက်နှစ်ဦးကြား ဆက်ဆံရေး၊ယုံကြည်မှု နှင့် နေထိုင်မှုပုံစံေတွပေါ်မူတည်ပါတယ်။ ထိုအချက်များအနက် တစ်ခုခုတွင် ပြဿနာပေါ်ပါက လိင်မှုကိစ္စတွင်ထိခိုက်နိုင်ပါတယ်။ အမျိုးသမီးများတွင် တွေ့ရများသော လိင်နှင့်ဆိုင်သော ပြဿနာများမှာ… လိင်ဆက်ဆံလိုစိတ်ကင်းမဲ့ခြင်း ဒီအခြေအနေတွင် သင်သည်အမျိုးသားနှင့်အတူနေလိုစိတ် ကင်းမဲ့နေတတ်သည်။ အမျိုးသားမှအတူနေရန် ကြိုးစားသည့်အခါတွင်လည်း ငြင်းဆန်နေတတ်သည်။ နာကျင်မှု လိင်ဆက်ဆံမှုပြုလုပ်သည့် အချိန်တိုင်း နာကျင်နေတတ်ပါတယ်။မိန်းမကိုယ် နှုတ်ခမ်းသား၊အတွင်းသားနှင့် ဆီးခုံတွင် နာကျင်နေတတ်သည်။ နာကျင်မှုသည် လိင်ဆက်ဆံမှုနှင့် ဆက်စပ်နေရုံသာမက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သား၌ ရောဂါပိုးကူးစက်ခံရခြင်း

နို့အုံရောင်ရမ်းနာဆိုတာဟာ ရင်သား၌ရောဂါပိုးကူးစက်ခံရခြင်း ဖြစ်ပါတယ်။ ရင်သားရှိ တစ်ရှူ း(အသားစ)အတွင်း၌ ဖြစ်ပွားလေ့ရှိပါတယ်။ နို့တိုက်မိခင်တွေမှာ အဖြစ်များပါတယ်။ အကြောင်းမှာ ကလေးအားနို့တိုက်စဉ် မိခင်ရဲ့နို့သီးခေါင်း၌ အနာတရဖြစ်တတ်ပါတယ်။ ထိုအခါ ကလေးငယ်ရဲ့ပါးစပ်ထဲက ဘက်တီးရီးယားတွေဟာ ထိုဒဏ်ရာမှတစ်ဆင့် မိခင်နို့အတွင်းသို့ အလွယ်တကူ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်ခြင်းကြောင့်ဖြစ်တဲ့ နို့အုံရောင်ရမ်းနာအဖြစ်လည်း သိကြပါတယ်။ နို့တိုက်မိခင်မဟုတ်တဲ့ အမျို းသမီး တွေမှာလည်းဖြစ်ပွားတတ်ပါတယ်။ ဒီလိုဖြစ်ပွားမှုကတော့ လူသိမများပါဘူး။ ရောဂါပိုးကူးစက်ခံရပြီဆိုရင် ရင်သားရှိ အဆီတစ်ရှူ း၌ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ အကျိုးဆက်အနေနဲ့ ရောင်ရမ်းခြင်း၊နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရမှုအများစုက ကလေးနို့တိုက်ခြင်း သို့ နို့ပြွန်တွေပိတ်ဆို့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ရာခိုင်နှုန်းအနည်းငယ်ကတော့ ဖြစ်လေ့သိပ်မရှိတဲ့ ရင်သားကင်ဆာအမျို းအစားတွေနဲ့ ဆက်နွယ်နေပါတယ်။ ဘယ်အရာတွေက ရင်သား၌ရောဂါပိုးကူးစက်ခံရမှုကို ဖြစ်စေတာလဲ။ ရင်သားရောဂါပိုးကူးစက်ခံရမှုအများစုကို ဖြစ်စေတဲ့အကြောင်ရင်းကတော့ Staphylococcus aureus (စတက်ဖလိုကော့ကပ်စ် အောရီးယပ်စ်)ဆိုတဲ့ ဘက်တီးရီးယားပဲဖြစ်ပါတယ်။ သူဟာ ရောဂါပိုးကူးစက်ခံရခြင်းမှတစ်ဆင့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားပြည်တည်နာဖြစ်ခြင်း

ရင်သားမှာ ပြည်တည်တာဟာ ဘက်တီးရီးယားပိုးကူးစက်တာကြောင့်ဖြစ်ပြီး နာကျင်မှုကို ခံစားရစေပါတယ်။ အများဆုံး ဒုက္ခပေးလေ့ရှိတဲ့ ဘက်တီးရီးယားကတော့ Staphylococcus aureus လို့ခေါ်တဲ့ ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ သင့်ရင်သား ဒါမှမဟုတ် နို့သီးခေါင်းမှာရှိတဲ့ အရေပြားပွန်းရှကွဲရာ လေးတွေကနေ ဒီဘက်တီးရီးယားတွေက သင့်ခန္ဓါကိုယ်ထဲကို ဝင်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ရင်သားမှာရှိတဲ့ အဆီတစ်ရှူးတွေကိုပါ ဆက်လက်တိုက်ခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် နို့ရည်ပို့ပြွန်တွေကိုပါ ဖိလာစေပါတယ်။ ဒီလိုရောင်ရမ်းတဲ့ ရောဂါကို ဆေးပညာအခေါ်အဝေါ်အရ mastitis လို့ခေါ်ဆိုပါတယ်။ ခုနက ရောင်ရမ်းပြီး ဖိထားခြင်းခံရတဲ့ နို့ရည်ပို့ပြွန်တွေကနေ ထွက်လာတဲ့ ပြည်တွေ နေရာလွတ်တခုမှာ စုပုံလာတာကို ပြည်တည်နာ ဖြစ်တယ်လို့ ရည်ညွှန်းပါတယ်။ ရင်သားရောင်ရမ်းတာ (mastitis) ဆိုးရွားလာတဲ့အခါ ပြည်တည်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုမျိုး ရင်သားပိုးဝင်ပြီး ရောင်ရမ်းပြည်တည်တာဟာ အသက်အရွယ်မရွေး အမျိုးသမီးတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများရင်သားပြောင်းလဲမှု

သင်အသက်ကြီးလာတာနဲ့အမျှ သင့်ရင်သားတွေ တွဲလာမယ်၊ပျော့လာမယ်၊ ပုံစံပြောင်းလာမယ်၊ သေးသွားမယ် ပြီးတော့ အလုံးအကျိတ်တွေ ပိုဖြစ်လွယ်လာမယ်။ ဒါတွေဟာ ပုံမှန်ဖြစ်တတ်တဲ့ သဘောတွေပါ။ အသက် လေးဆယ်လောက်ကစပြီး သင့်ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံတွေ ပြောင်းလဲလာမှာပါ။ အသက်ကြီးလာရင် အဆီတစ်ရှူးတွေပိုများလာတာမို့ သင့်ရင်သားက ငယ်ငယ်တုန်းကလို ပြည့်ပြည့်တင်းတင်း ဖြစ်မနေတော့ပါဖူး။ ဒါ့အပြင် မူမမှန်တဲ့ အလုံးအကျိတ်တွေလည်း ဖြစ်လာမှာပါ။ အများအားဖြင့် အန္တရာယ်မရှိတဲ့ အလုံး၊အကျိတ်တွေ ဖြစ်လေ့ရှိပေမယ့်(ဥပမာ အရည်အိတ်တွေ) သူတို့ဟာ ရင်သားကင်ဆာလိုမျိုး ဆိုးရွားတဲ့အခြေအနေတွေရဲ့ အချက်ပေးခေါင်းလောင်းလည်း ဖြစ်နိုင်ပါတယ်။   •ရင်သားပြောင်းလဲမှုများ သင့်ရင်သား ပုံမှန်နဲ့ မတူဘဲ ထူးထူးခြားခြား ပြောင်းလဲနေတာတခုခုရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဆွေးနွေးပါ။ ပထမဆုံး သတိထားမိချိန်မှာပဲ ပြသတာ အကောင်းဆုံးပါ။ နောက်တခါ ပုံမှန် mammogram နဲ့စစ်ဆေးမယ့် အချိန်ထိ စောင့်မနေပါနဲ့။mammogram ဆိုတာဟာ ဆရာဝန်စမ်းသပ်လို့ မသိနိုင်လောက်အောင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)