အသားစယူခြင်းဟာ ရောဂါအဖြေရှာဖို့ အတိကျဆုံး စစ်ဆေးမှု ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ရိုးရိုးရင်သားအကျိတ်တွေမှာ အသားစယူလိုက်ရင် ကင်ဆာဆဲလ်ရှိတယ်လို့ ပြလေ့မရှိပါဘူး။ အချို့ benign အကျိတ်တွေဟာ နာကျင်မှုနဲ့ သက်သောင့်သက်သာ မရှိမှုတို့ကို ပြတတ်ပေမယ့် အများစုကတော့ လက္ခဏာပြသခြင်းမရှိသလို ကုသဖို့လဲ မလိုအပ်ပါဘူး။ ပုံမှန်စောင့်ကြည့်စစ်ဆေးနေဖို့တော့ လိုပါတယ်။
Benign အကျိတ်တွေဖြစ်စေတဲ့ အကြောင်းရင်းက ဘာလဲ။
ရိုးရိုးရင်သားအကျိတ်တွေဟာ ဖြစ်စေတဲ့ အကြောင်းရင်းရယ်လို့ သပ်သပ်မရှိပါဘူး။ ကိုယ်ခန္ဓာမှာ ရှိတဲ့ ဆဲလ်တွေဟာ ပိုမိုတဲ့ နှုန်းနဲ့ ပွားလာရင် အကျိတ်တွေ ဖြစ်လာတတ်ပါတယ်။ ပုံမှန်ဆိုရင် ကိုယ်ခန္ဓာက ဆဲလ်ပွားနှုန်းနဲ့ ဖွံ့ဖြိုးနှုန်းကို ထိန်းညှိပေးပါတယ်။
ဆဲလ် အဟောင်းတွေ သေရင် ကိုယ်ခန္ဓာက ဆဲလ် အသစ်တွေနဲ့ လဲလှယ်ပေးပါတယ်။ ဒါပေမယ့် ဆဲလ်အဟောင်းတွေက မသေပဲနဲ့ ဆက်ကြီးလာရင်တော့ အကျိတ်ဖြစ်လာတတ်ပါတယ်။
ရိုးရိုးရင်သားအကျိတ်တွေ ဖြစ်ခြင်းကို ဘယ်အရာက မြင့်တက်စေပါသလဲ။
သွေးဆုံးလို့ ဟော်မုန်းကုသမှု ယူတာ၊ ရင်သားကင်ဆာ (သို့) ရင်သားမှာ ရိုးရိုးအကျိတ် ဖြစ်တတ်တဲ့ မိသားစုရာဇဝင်ရှိတာနဲ့ အခြားလူမှုဘဝ နေထိုင်ပုံ အချက်များစွာဟာ ရင်သားအကျိတ်ဖြစ်ခြင်းကို မြင့်တက်စေပါတယ်။
သုတေသန တစ်ခုအရ ဆယ်ကျော်သက်အရွယ်တစ်လျှောက်မှာ စားခဲ့တဲ့ အစားအသောက်တွေဟာလည်း benign အကျိတ်ဖြစ်ပွားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ ဥပမာ ဆယ်ကျော်သက်မှာ အရက်အလွန်အကျွံသောက်ခဲ့ရင် နောက်ပိုင်းမှာ ရင်သားကင်ဆာ ပိုဖြစ်နိုင်ပါတယ်။ ဒီလိုပဲ carotenoid တွေပါတဲ့ အစာတွေဖြစ်တဲ့ melons၊ ဥနီ၊ ကန်စွန်းဥ၊ သစ်သီးဖျော်ရည်၊ သစ်စေ့တွေနဲ့ ပဲတွေဟာ ရင်သား အကျိတ်ဖြစ်နှုန်းကို လျှော့ချပေးပါတယ်။
အဖြစ်များတဲ့ ရိုးရိုးရင်သားအကျိတ်များ
အတွေ့ ရများတဲ့ ရိုးရိုးရင်သားအကျိတ်တွေကတော့
- ရင်သားအရည်အိတ်
- Fibroadenoma အကျိတ် (သူကတော့ အဖြစ်အများဆုံးပါပဲ)
- ရင်သားဆဲလ်တွေ ပွားတာ
- ရင်သားက နို့ရည်ပြုပြွန်တွေ ပွားတာ
- ရင်သားကအဆီတွေ ပုပ်ပြီး အကျိတ်ဖြစ်တာ စတာတွေပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။