backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသမီးများတွင် တွေ့ရသော လိင်မှုဆိုင်ရာပြဿနာများ


Phyo Wai Yan မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသမီးများတွင် တွေ့ရသော လိင်မှုဆိုင်ရာပြဿနာများ

အမျိုးသမီးများဧ။်ဘဝတွင် လိင်မှုကိစ္စသည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လိင်နှင့်ဆိုင်သောပြဿနာများသည် သာယာပျော်ရွှင်မှုကို ထိခိုက်စေရုံသာမက လိင်နှင့်ပတ်သက်သောရောဂါများပါ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် အဖြစ်များသောပြဿနာများကို သိရှိခြင်းဖြင့် မိမိဧ။် ပြဿနာများကို ကိုယ်တိုင်ဆန်းစစ်နိုင်ရုံသာမက လိုအပ်ပါက ကျွမ်းကျင်သူများနှင့် ပြသဆွေးနွေးနိုင်ပါလိမ့်မယ်။

အမျိုးသမီးများတွင်တွေ့ရသော လိင်နှင့်ဆိုင်သောပြသနာများဧ။် လက္ခဏာများ

သင့်ဘဝတစ်လျှောက်လုံးဧ။် မည်သည့်အခြေအနေတွင်မဆို လိင်မှုဆိုင်ရာပြဿနာများကို တွေ့ရနိုင်ပါတယ်။ ထိုပြဿနာများသည် ထပ်တလဲလဲ သို့မဟုတ် မကြာခဏ တွေ့ရနိုင်တယ်။ အဆင်ပြေသော လိင်မှုဆက်ဆံရေးသည် ကိုယ်၊စိတ်၊လိင်ဆက်ဆံဖက်နှစ်ဦးကြား ဆက်ဆံရေး၊ယုံကြည်မှု နှင့် နေထိုင်မှုပုံစံေတွပေါ်မူတည်ပါတယ်။ ထိုအချက်များအနက် တစ်ခုခုတွင် ပြဿနာပေါ်ပါက လိင်မှုကိစ္စတွင်ထိခိုက်နိုင်ပါတယ်။ အမျိုးသမီးများတွင် တွေ့ရများသော လိင်နှင့်ဆိုင်သော ပြဿနာများမှာ…

လိင်ဆက်ဆံလိုစိတ်ကင်းမဲ့ခြင်း

ဒီအခြေအနေတွင် သင်သည်အမျိုးသားနှင့်အတူနေလိုစိတ် ကင်းမဲ့နေတတ်သည်။ အမျိုးသားမှအတူနေရန် ကြိုးစားသည့်အခါတွင်လည်း ငြင်းဆန်နေတတ်သည်။

နာကျင်မှု

လိင်ဆက်ဆံမှုပြုလုပ်သည့် အချိန်တိုင်း နာကျင်နေတတ်ပါတယ်။မိန်းမကိုယ် နှုတ်ခမ်းသား၊အတွင်းသားနှင့် ဆီးခုံတွင် နာကျင်နေတတ်သည်။ နာကျင်မှုသည် လိင်ဆက်ဆံမှုနှင့် ဆက်စပ်နေရုံသာမက ဆီးသွားရာတွင်လည်း ခက်ခဲစေနိုင်ပါတယ်။ ပြီးပြည့်စုံသော စိတ်ကျေနပ်မှုမရခြင်း အတူနေချိန်တွင် ပြီးပြည့်စုံသောစိတ်ကျေနပ်မှု မရရှိခြင်းကို ခံစားရတတ်တယ်။ ထိုအခြေအနေထပ်တလဲလဲ ခံစားနေရတတ်ပါတယ်။ ရာဂစိတ်တက်ကြွမှု ကင်းမဲ့ခြင်းထိုအခြေအနေတွင် သင်သည် လိင်ဆက်ဆံလိုသော်လည်း ရာဂစိတ်တက်ကြွမှုကင်းမဲ့ခြင်း၊ထိန်းထားနိုင်ခြင်းတို့ ကင်းမဲ့နေတတ်ပါတယ်။

လိင်မှုဆိုင်ရာပြဿနာများကို အဖြစ်များစေသော အချက်များ

အမျိုးသမီးများတွင် လိင်မှုကိစ္စပြဿနာများကို ဖြစ်စေသောအကြောင်းအရင်းများစွာရှိပါတယ်။

ယင်းတို့အနက် တချို့ကိုဖော်ပြရသော်

• သင်သည် ကျန်းမာရေးပြဿ နာတစ်ခုခုကို ခံစားနေရခြင်း

(နှလုံးရောဂါကင်ဆာရောဂါဆီးအိမ်ပြဿနာ ကျောက်ကပ်ပျက်စီးခြင်း)

• ဆေးဝါးများကို သောက်သုံးနေရခြင်း

(စိတ်ကျရောဂါပျောက်ဆေး သွေးပေါင်ကျဆေး၊ ဓါတ်ရောင်ခြည်နှင့်ကုသမှုခံယူနေရခြင်း)

အထက်ပါဆေးများသည် လိင်စိတ်ကို ကျစေပါတယ်။

ဟော်မုန်းအပြောင်းအလဲကို ခံစားနေရခြင်

ခန္ဒါကိုယ်တွင်း အီစထရိုဂျင်ဟော်မုန်းပမာဏကျဆင်းပါက အာရုံခံစားမှုကို ကျဆင်းစေတယ်။ ရာဂစိတ်တက်ကြွရန် အချိန်ကိုပိုလိုအပ်စေပါတယ်။

အီစထရိုဂျင်ဟော်မုန်းပမာဏကျဆင်းခြင်းသည် မိန်းမကိုယ်ကိုခြောက်သွေ့စေရုံသာမက မိန်းမကိုယ်နံရံကိုပါးစေပါတယ်။ ထို့ကြောင့် လိင်ဆက်ဆံရာတွင် နာကျင်စေတယ်။

• စိတ်ပိုင်းဆိုင်ရာပြဿ နာများ ခံစားနေရခြင်း

စိတ်ဖိစီးမှုများ နှင့် စိတ်ပူပန်မှုများသည် သင့်၏လိင်စိတ်ကို ကျဆင်းစေပါတယ်။

ကျောက်ကပ်အသည်း၊ နှလုံးရောဂါ (သို့) သွေးကြောရောဂါများခံစားနေရခြင်း

• အတိတ်တွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံစားခဲ့ရခြင်း

ဆရာဝန်နှင့်ဆွေးနွေးရန် လိုအပ်သောအခြေအနေများ

လိင်ပိုင်းဆိုင်ရာပြဿနာများနှင့်ပတ်သက်၍ မိမိနှင့် ဆက်ဆံဖော်ကြားအနှောင့်အယှက်ဖြစ်သည်ဟု ခံစားရပါက ဆရာဝန်နှင့်ပြသရန်လိုအပ်ပါတယ်။

ခံစားနေရသော ပြဿ နာများ ပို၍ဆိုးလာသည်ဟုခံစားရပါကလည်း ဆရာဝန်နှင့်ပြသရန်လိုအပ်ပါလိမ့်မယ်။

ဆရာဝန်နှင့် ကုသမှုမခံယူခင်ကြိုတင်ပြင်ဆင်နိုင်သည့်အချက်များ

ဆရာဝန်နှင့် မဆွေးနွေးခင်တွင် ခံစားနေရသည့် အခြေအနေနှင့် ပတ်သက်ပြီးသေချာဆန်းစစ်ထားရန်နှင့် မေးမြန်းလိုသည့်မေးခွန်းများကို မှတ်ထားရန်လိုပါတယ်။

သင်သည် အောက်ပါအချက်များကို သေချာပြင်ဆင်သင့်ပါတယ်။

• ခံစားနေရသည့်လက္ခဏာများ၊ မည်သည့်အချိန်တွင်ဖြစ်သည်၊ မည်သို့ဖြစ်သည်၊ မည်မျှပြင်းထန်သည်ကို ဆန်းစစ်ထားရပါမယ်။ ဒီအချက်သည် အလွန်အရေးပါတယ်။

• ကျန်းမာရေးအခြေအနေ၊ သင်သည် ဆရာဝန်ကို သင့်ကျန်းမာရေး ပြဿနာများ( ကိုယ်ဝန်ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးရောဂါ စသည်)တို့ကိုသေချာပြောပြရမည့်အပြင် သုံးစွဲနေရသောဆေးများ၏ အကြိမ်ရေနှင့် ပမာဏကိုလည်း သေချာပြောရပါမယ်။

• လိင်နှင့်ပတ်သက်သောရာဇဝင်၊ သင့်အတိတ်တွင် လိင်အကြမ်းဖက်မှုများ၊ အနိုင်ကျင့်ခံရမှုများ ခံစားခဲ့ရလျှင်လည်း ဆရာဝန်ကို ပြောပြရပါမယ်။ ထို့အပြင် အန္တရာယ်များသော လိင်ဆက်ဆံမှုရှိပါက ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ဆရာဝန်ကို မေးမြန်းလိုသည့် မေးခွန်းများကိုလည်း သေချာစာရင်းပြုစုထားသင့်တယ်။ သင့်အခြေအနေ၊ ကုသပုံနည်းလမ်းနှင့် မည်မျှကြာအောင် ကုသသင့်သည်၊ မည်သည့်ဆိုးကျိုးဖြစ်တတ်သည်ကို သေချာမေးရမယ်။ သိလိုသည်များကိုမေးပါ။ ဆရာဝန်မှ ဖြေကြားပေးပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Phyo Wai Yan မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement