အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့်အိမ်ထောင်ဖက်၏ နာကျင်မှုဝေဒနာများကို သက်သာအောင် ဘယ်လိုကူညီပေးမလဲ

အခြားသူတယောက်ကို စောင့်ရှောက်ခြင်း အထူးသဖြင့် နာတာရှည် နာကျင်မှုဝေဒနာကို ခံစားနေရသူကိုစောင့်ရှောက်ခြင်းသည် သင့်အတွက် စိန်ခေါ်မှုတရပ်ဖြစ်နေပါလိမ့်မည်။ ပြုစုစောင့်ရှောက်သူ တယောက်အနေနှင့် နာကျင်မှုဝေဒနာအတွက် ကိုင်တွယ်ဖြေရှင်းရန် အခြေခံကျသောအချက်အချို့ကို သိထားသင့်သည်။   နာကျင်မှုကို ဘယ်လိုတိုင်းတာမလဲ။ လူတဦးနှင့် တဦး နာကျင်မှုပုံစံခြင်းမတူညီသလို နာကျင်မှုကို ခံနိုင်ရည်ခြင်းလည်းမတူညီကြပါ။ ထို့အပြင် နာကျင်မှုကို စက်များ၊ ဆေးစစ်မှုများဖြင့် မတိုင်းတာနိုင်ပါ။ နာကျင်မှုအဆင့်ကို သတ်မှတ်ရန် အကောင်းဆုံးနည်းလမ်းမှာ သင့်လူနာကိုမေးပြီး နာကျင်မှုပြင်းထန်မှုအပေါ်မူတည်ပြီး အနိမ့်ဆုံးအဆင့် ၀ မှ အနာကျင်ဆုံး အဆင့် ၁၀အထိသတ်မှတ်ခိုင်းခြင်းဖြစ်ပါသည်။ သင့်လူနာအပေးကိုယုံကြည်ပါ။ နာကျင်မှုသည် ပြင်ပမှမမြင်နိုင်သောအရာများကြောင့် အများဆုံးဖြစ်နိုင်သောကြောင့် သင့်လူနာ၏နာကျင်မှုအပေါ်တွင် မေးခွန်းထုတ်ခြင်း၊ အငြင်းအခုံပြုခြင်း မလုပ်ပါနှင့်။ သင့်လူနာသည် နာကျင်မှုကို “သက်တောင့်သက်သာမရှိခြင်း” “ကျိန်းစပ်ခြင်း” “ကိုက်ခဲခြင်း” စသည်ဖြင့်အမျိုးမျိုးဖော်ညွှန်းနိုင်သည်။ တခါတရံ မျိုသိပ်ပြီးလည်းနေနိုင်ပါသည်။ သင်သည် သင့်လူနာပြောသောစကားများ ကို လေးထားပြီး သူ့အမူအရာများကို ဂရုစိုက်ရန်လိုအပ်သည်။ မျက်နှာမဲ့သွားခြင်း၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

နှုတ်ခမ်းနီမလေးတွေ သိထားသင့်တဲ့အချက်လေးများ

နှုတ်ခမ်းနီတွေက လူကိုပိုမိုဆွဲဆောင်မှုရှိသွားစေနိုင်တယ်ဆိုပေမယ့် နှုတ်ခမ်းနီ အများစုမှာ ခဲဓာတ်၊ cadmium၊ chromium၊ aluminum နဲ့ အခြားအဆိပ်ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း ၅ မျိုးပါဝင်နေတယ်လို့ ကယ်လ်လီဖိုးနီးယားက သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရသိရပါတယ်။ နှုတ်ခမ်းနီက အမျိုးသမီးအများစုအတွက် အရေးပါလှတဲ့ အလှကုန်တစ်မျိုးဖြစ်သလို အနှစ်သက်ဆုံး အလှပြင်ပစ္စည်း တစ်မျိုးလို့ဆိုလို့ရပါတယ်။ နှုတ်ခမ်းနီ တော်တော်များများ ခဲဓာတ်တွေပါဝင်နေပြီး ခန္ဓာကိုယ်အတွက် အရမ်းအန္တရာယ်များသလို ခန္ဓာကိုယ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ နှုတ်ခမ်းနီ ကြိုက်နှစ်သက်တဲ့ နှုတ်ခမ်းနီမလေးတွေ အနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်စေဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို လက်လှမ်းမီသလောက် စုဆောင်းဖော်ပြပေးလိုက်ပါတယ်။ နှုတ်ခမ်းနီမှာပါတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်ခြင်း နှုတ်ခမ်းနီတွေကို တာရှည်အထားခံအောင် အသုံးပြုထားတဲ့ ဖော်မယ်လ်ဒီဟိုက် နဲ့parabens လိုမျိုးဓာတုပစ္စည်းတွေက မျက်လုံးတွေကို ကျိန်းစပ်စေတာ၊ချောင်းဆိုးတာနဲ့ အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေခံစားရစေနိုင်ပါတယ်။ ခဲဓာတ်က အာရုံကြောစနစ်ကို ပျက်စီးစေနိုင်ခြင်း နှုတ်ခမ်းနီ တော်တော်များများမှာ ခဲဓာတ်က အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိုးရာသီမှာ တွေ့ကြုံရနိုင်တဲ့ အဖြူဆင်းခြင်း ပြဿနာကို ဘယ်လိုကာကွယ်မလဲ

မိုးရာသီက အပူဒဏ်ကို သက်သာစေတယ် ဆိုပေမယ့် မိုးရာသီ ရောက်လာတဲ့ အခါ ရောဂါ အမျိုးမျိုးကို ဖြစ်ပေါ် ခံစားကြရ ပါတယ်။ အအေးမိတာ၊ ချောင်းဆိုးတာတွေနဲ့ ရေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ၊ လေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ အဖြစ်များ ပါတယ်။ မိုးရာသီမှာ ဖြစ်ပေါ်နေတဲ့ စိုထိုင်းမှုက မှိုပိုးတွေကို ပေါက်ဖွား ရှင်သန်စေဖို့ အတော်လေးကို ပြည့်စုံလှပါတယ်။ လေထုက စိုထိုင်းနေတာကြောင့် ရောဂါ ပိုးမွှားတွေ ပေါက်ပွားလာ ကြပါတယ်။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ တွေ့ကြုံရနိုင်တဲ့ အဖြူဆင်းခြင်း ပြဿနာကို ဘယ်လိုကာကွယ်မလဲ ဆိုတာကို ပြောပြပေးချင် ပါတယ်။ မိုးရာသီမှာ မှိုပိုး ကူးစက်တာကြောင့် အရေပြား ဓာတ်မတည့်တာ၊ ဖျားနာတာတွေ ဖြစ်ပေါ် ခံစားရ သလို အမျိုးသမီးတွေမှာဆိုရင် မှိုကြောင့်ဖြစ်တဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ်

လူတော်တော်များများဟာ ကိုယ်လက်လေ့ကျင့်ခန်းတွေကို အကြောင်းအရင်း အမျိုးမျိုးနဲ့ လုပ်ကြပါတယ်။ သက်လုံကောင်းချင်လို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေဖို့၊ ဝိတ်ကျစေဖို့ စတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ပေါ့။ အချို့ကျတော့လည်း ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်ချင်လို့ပေါ့။ လေဒီလေးတွေ အများစုကတော့ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်လှပစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ကြတာ များပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ ကောင်းကျိုးများပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ လေ့ကျင့်ခန်း လုပ်တာကြောင့် အမျိုးသားတွေထက် ပိုပြီး ကောင်းကျိုးများတာတွေ ရှိနေပါသေးတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ လေ့လာလိုက်စို့နော်။ လေဒီလေးတွေနဲ့ လေ့ကျင့်ခန်း လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ တော်တော်လေး အရေးပါပါတယ်။ ကျန်းမာရေး ကောင်းစေသလို ခန္ဓာကိုယ် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘေးထွက်ဆိုးကျိုးများကို ဘယ်လိုထိန်းချုပ်မလဲ

အသည်းကင်ဆာကုသမှုများ မစခင် လူနာအများစုသည် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြပြီး ဘေးထွက်ဆိုးကျိုးများက ဘယ်လိုပုံလဲဆိုတာကို သိချင်ကြ သည်။ လူနာအများစုတွင် ဘေးထွက်ဆိုးကျိုး အနည်းငယ် သာ ရပြီး အချို့တွင် အနည်းအကျဉ်းနှင့် အခြားလူနာများတွင် လုံးဝမရခြင်းတို့ ရှိသည်။ ထို့အပြင် ထိုဘေးထွက်ဆိုးကျိုး များသည် အချို့လူများတွင် ပြင်းထန်ပြီး အချို့တွင် မပြင်းထန် ပါ။   ထိုဘေးထွက်ဆိုးကျိုးတွေက ဘာလဲ။ ကင်ဆာကုထုံးသည် လျင်မြန်စွာ ကြီးထွားနေသော ဆဲလ် များကို သတ်ရန် စီစဉ်ထားသော အလွန်အစွမ်းထက်သော နည်းလမ်းတစ်ခုဖြစ်သည်။ ထိုဆေးများသည် ခန္ဓါကိုယ်အနှံ့ ရောက်ရှိသွားသောကြောင့် ၎င်းတို့သည် ပုံမှန် ကျန်းမာသော ဆဲလ်များကို ထိခိုက်စေနိုင်သည်။ ဘေးထွက်ဆိုးကျိုးအများစု သည် မှန်းထားသလောက် မဆိုးရွားသော်လည်း မတိကျသော ကောလဟာလများကြောင့် လူနာများသည် ဓါတုကုထုံးခံယူ ရန် စိတ်ပူကြသည်။ ဓါတုကုထုံးကြောင့် ထိခိုက်နိုင်သော […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Ovaritis (သားဥအိမ်ရောင်ရောဂါ)

Ovaritis (သားဥအိမ်ရောင်ရောဂါ) ဆိုတာဘာလဲ။ Ovaritis ဟာ သားဥအိမ်ရောင်ခြင်းဖြစ်ပြီး သားဥအိမ်မှာ ရောဂါပိုးဝင်ခြင်းနဲ့ ရောင်ခြင်းတွေကိုဖြစ်စေတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ သားဥအိမ် တစ်ခုတည်းရောင်ခြင်းဟာ အဖြစ်နည်းပါတယ်။ အခြားရောင်ရမ်းခြင်းတွေလိုပဲ သားဥအိမ်ရောင်ခြင်းဟာ ရုတ်တရက် (သို့) နာတာရှည်ဖြစ်နိုင်ပါတယ်။ subacute ရောင်ခြင်းရဲ့ လက္ခဏာတွေဟာ သားဥအိမ် နာတာရှည်ရောင်ခြင်းမှာ တွေ့ရတတ်ပါတယ်။ သားအိမ်နဲ့ သားဥအိမ်ရောင်ခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး မျိုးပွားနိုင်စွမ်းကို ပျောက်ဆုံးစေနိုင်ပါတယ်။ Ovaritis(သားဥအိမ်ရောင်ရောဂါ)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Ovaritis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Ovaritis (သားဥအိမ်ရောင်ရောဂါ)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပုံမှန်အခြေအနေမှာ တကယ်လို့ လူနာဟာ ရုတ်တရက်သားဥအိမ်ရောင်ခြင်း ဖြစ်မယ်ဆိုရင် ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ အခြားလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ နာတာရှည် အခြေအနေတွေမှာတော့ ယေဘုယျအားနည်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်

မီးယပ်ရောဂါဟာ အတော်စိတ်ညစ်ရသလို မသက်မသာလဲ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လို တိတိပပကိစ္စတွေက မီးယပ်ရောဂါကို ဖြစ်စေတာလဲ။ အောက်မှဖော်ပြထားတဲ့ အကြောင်းအရာက မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်အကြောင်း အချက်အလက်တွေကို ပေးပါလိမ့်မယ်။ မီးယပ်ရောဂါအကြောင်း ဘာသိလဲ။ မီးယပ်ရောဂါကို အမျိုးသမီး မျိုးပွားစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် ထင်ထင်ရှားရှား သက်ရောက်မှုရှိတဲ့ စနစ်မကျမှုလို့ မြင်ကြပါတယ်။ မကြာခဏ အမြင်ရဆုံးဖြစ်တဲ့ လက္ခဏာတွေကတော့ ယောနိယားယံခြင်း၊ ရာသီလာခြင်း၊ တင်ပါးဆုံနာကျင်ကိုက်ခဲခြင်း၊ ယောနိမှ မူမမှန်သော သွေးဆင်းခြင်း၊ ရင်သားနာကျင်ခြင်းနဲ့ အကျိတ်ထွက်ခြင်းတို့ ဖြစ်ပါတယ်။ အဲ့လက္ခဏာတွေရဲ့ ပြင်းထန်မှုက ပုံမှန်ဆိုရင် အမျိုးသမီးတွေရဲ့ အသက်ပေါ် မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက္ခဏာတွေက အသက်ကြီးတာနဲ့အတူ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်လာတဲ့အတွက်ပါ။ ဒါ့အပြင် hairsutism သို့မဟုတ် hairiness လို့ သိကြတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး

ရင်သားတွဲကျတာ နဲ့ပတ်သက်ပြီး တချို့တွေက မျိုးရိုးဗီဇကို အပြစ်ဖို့တယ်။ တချို့တွေက ကမ္ဘာ့ဆွဲအားကို ရမယ်ရှာတယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ရင်သားတွဲကျတာ က အမျိုးသမီးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒါပေမယ့် မပူပါနဲ့။ သိပ္ပံနဲ့နည်းပညာတွေ တိုးတက်ထွန်းကားလာတာနဲ့အမျှ ဆေးပညာဟာလည်း ကျွဲကူးရေပါဆိုသလို ခမ်းနားဖွံ့ဖြိုးလာတာမို့ ဒီကိစ္စဟာ ပြဿနာမဟုတ်တော့ပါဘူး။ ကျွန်မတို့အမျိုးသမီးတွေအားလုံးဟာ ပြည့်ဖြိုးပြီးတင်းတင်းရင်းရင်းရှိတဲ့ရင်သားကို အလိုရှိကြတာမို့ ရင်သားကို ပြန်လည်ပင့်တင်ပေးတဲ့ခွဲစိတ်မှုအပါအဝင် တခြားခွဲစိတ်မှုတွေဟာ အလွန်ပဲခေတ်စားလာပါပြီ။ ဒီခွဲစိတ်မှုနဲ့ပတ်သက်ပြီး ပိုမိုသိရှိစေနိုင်ဖို့အတွက် အောက်ပါဆောင်းပါးကို ဖတ်ရှုပေးပါဦး။ ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး ဒီလိုမျိုး ရင်သားတွဲကျခြင်းအတွက် ရင်သားကို ပင့်တင်ပေးတဲ့ခွဲစိတ်မှုကို ဆေးပညာစာလုံးနဲ့ Mastoplexy လို့ ခေါ်ပြီး သူ့ရဲ့အဓိကရည်ရွယ်ချက်က သင့်ရဲ့ရင်သားတွေကို ရှိသင့်တဲ့နေရာ ဒါမှမဟုတ် ပိုပြီးတင်းတင်းရင်းရင်းနဲ့ အပေါ်ရောက်နေအောင်(ငယ်ငယ်တုန်းကလိုပေါ့) နေရာပြန်ချတာပဲ ဖြစ်ပါတယ်။ ဘာလို့ ဒီခွဲစိတ်မှုကို ပြုလုပ်ကြတာလဲ။ အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ကနေ နို့ရည်တွေကို ထုတ်လုပ်တာ၊ သိုလှောင်တာတွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Hirsutism (အမျိုးသမီးအမွေးထူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hirsutism (အမျိုးသမီးအမွေးထူခြင်း) ကဘာလဲ။ အမျိုးသမီး အမွေးထူခြင်း ဆိုသည်မှာ အမျိုးသမီးများ မျက်နှာနှင့် ခန္ဓါကိုယ်တွင် အမွေးများ အလွန်အကျွံပေါက်ခြင်း ကိုဆိုလိုသည်။ မည်းနက်၍ ထူသော အမွေးများသည် အမျိုးသားများတွင် အမွေးပေါက်သော နေရာများဖြစ်သည့် အပေါ်နှုတ်ခမ်း၊ မေးစေ့ နှင့် ပါးသိုင်းမွေး ပေါက်သည့်နေရာများတွင် ပေါက်လာသည်။ Hirsutism (အမျိုးသမီးအမွေးထူခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတွင် အမွေးထူသော ပြဿနာ သည် အလွန်အဖြစ်များပါသည်။ အမျိုးသမီး များ၏ ၅-၁၀ရာခိုင်နှုန်းတွင် ဖြစ်ပွားပါသည်။ များသော အားဖြင့် အန္တရာယ်မရှိသော်လည်း အမျိုးသမီးများ၏ ပုံပန်း သဏ္ဍာန်ကို ထိခိုက်စေနိုင်သည်။ ခန္ဓါကိုယ် အမွေးအမျှင် ထူခြင်းသည် မြေထဲပင်လယ်ဒေသရှိ Cascasian အမျိုးသမီး များတွင် ပုံမှန်ပင်ဖြစ်သည်။ အမျိုးသမီးအများစုသည် ဆေးကု သမှု မလိုအပ်ပါ။ ကုထုံးသည် အမွေးထူခြင်း ကို သက်သာစေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကလေးမွေးဖွားပြီးတဲ့နောက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း

သင်ကလေးမွေးပြီးတဲ့အခါအိမ်မှာရင်သွေးလေးနဲ့နေရတာအသားကျနေပြီးအလုပ်လုပ်နေသေးတယ်ဆိုတာတောင်မေ့တေ့တေ့ဖြစ်နေတဲ့အချိန်မှာရုတ်တရက်သင်သတိရလိုက်တာကမီးဖွားခွင့်ကုန်တော့မယ်ဆိုတာပါပဲ။ ကလေးကတညလုံးငိုနေလို့တညလုံးမအိပ်ရတဲ့နေ့မျိုးမှာမနက်ခြောက်နာရီထရုံးသွားပြီးတနေကုန်အလုပ်လုပ်ရမှာတွေးမိရင်အတော်လေးလန့်သွားပါလိမ့်မယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဖူး။"ဒီမွေးကင်းစကလေးလေးနဲ့ဘယ်လိုများတနေကုန်ခွဲပြီးနေရပါမလဲ" ဆိုတာကိုတွေးလိုက်မိရင်လည်းအပြစ်မကင်းသလိုခံစားရပါဦးမယ်။ အလုပ်ပြန်ဝင်ဖို့အကြာကြီးစဉ်းစားပြီးဘယ်လောက်ပဲခက်ခက်ခဲခဲနဲ့ဆုံးဖြတ်ချက်ချထားချထား၊ဒီလိုဆုံးဖြတ်တာဟာအကောင်းဆုံး၊အမှန်ဆုံးလို့ဘယ်လိုပဲသေချာသေချာတကယ်တမ်းအလုပ်ပြန်လုပ်ရဖို့နီးလာလေလေသင့်မှာအတွေးပေါင်းသောင်းခြောက်ထောင်နဲ့လုံးချာလိုက်လေ ဖြစ်နေမှာပါ။ အောက်မှာဖော်ပြထားတဲ့အချက်ငါးချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင်တော့သင့်ရဲ့လုပ်ငန်းခွင်သို့အပြန်ခရီးဟာ (အဖုအထစ်အနည်းငယ်ရှိကောင်းရှိနိုင်ပေမယ့်) သင်ထင်ထားတာထက်ပိုပြီးဖိအားနည်းနည်းလျော့သွားစေမယ်လို့မျှော်လင့်ရပါတယ်။ ၁။ သင့်ရဲ့အချိန်ဇယားအသစ်နဲ့အသားကျအောင်ကြိုးစားပါ။ ကလေးနဲ့အလုပ်ကြားမှာဟန်ချက်ညီညီနေနိုင်ဖို့အချိန်နည်းနည်းတော့ယူရပါမယ်။ သင့်ရဲ့တနေ့တာအချိန်ဇယားဟာအလုပ်တွင်ပြီးစနစ်တကျစီမံထားမယ်ဆိုရင်တော့သင့်အနေနဲ့အချိန်တိုအတွင်းမှာဟန်ချက်ညီညီနေနိုင်မှာပါ။ ဖြစ်နိုင်ရင်ကလေးထိန်းကိုတပတ်လောက်ဒါမှမဟုတ်ဒီထက်စောပြီးခေါ်ပါ။ ဒါမှသင့်အနေနဲ့အချိန်ဇယားအသစ်အဆင်ပြေမပြေဆန်းစစ်လို့ရမှာဖြစ်ပြီးကလေးနဲ့ခွဲနေရာတာကိုလည်းနေသားကျမှာ ဖြစ်ပါတယ်။ အဆင်မချောတာလေးတွေရှိရင်ကြိုကာထားနိုင်ဖို့အတွက်အလုပ်ပြန်စလုပ်တဲ့ပထမအပတ်မှာပုံမှန်ထရမယ့်အချိန်ထက်စောပြီးနှိုးစက်ပေးထားပါ။ သင့်ကလေးဒါမှမဟုတ်ကလေးထိန်းနေမကောင်းဖြစ်လို့ကသီလင်တ ဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက်လည်းကြိုတင်ပြင်ဆင်စဉ်းစားထားပါ။ ၂။ တတ်နိုင်သမျှအနားယူပါ။ အလုပ်လုပ်နေရတဲ့မိခင်တွေအတွက်အဓိကရန်သူကစိတ်ရောလူပါအလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းပါ။ တချက်လဲသွားပြီဆိုရင် ပြန်ထနိုင်ဖို့မလွယ်ပါဖူး။ ဒါကြောင့်အိမ်အလုပ်တွေထက်အိပ်ချိန်ကိုဦးစားပေးပါ။ လက်တွဲဖော်ရဲ့အကူအညီကိုတတ်နိုင်သမျှယူပါ။ ဘာလို့လဲဆိုတော့သင်ဟာအိပ်ယာကစောစောထရတဲ့အတွက်အိပ်ယာဝင်ရင်လည်းစောစောဝင်သင့်လို့ပါပဲ။ ၃။ ဘယ်အရာကိုမှမလစ်ဟင်းစေနဲ့။ မေမေသူငယ်ချင်းတွေနဲ့အဆက်မပြတ်ပါစေနဲ့။ သင်မီးဖွားခွင့်ရနေတဲ့အချိန်မှာတခြားမေမေအသစ်လေးတွေနဲ့သူငယ်ချင်းတွေ ဖြစ်ကောင်းဖြစ်ခဲ့မှာပါ။ သင်အလုပ်ပြန်လုပ်ချိန်မှာလည်းဒီသူငယ်ချင်းမိတ်ဆွေတွေကိုမေ့မထားပါနဲ့။ တခြားမိခင်တွေနဲ့ပေါင်းသင်းဆက်ဆံနေဖို့ကလည်းစိတ်ပိုင်းဆိုင်ရာခွန်အားအတွက်အရေးကြီးပါတယ်။ ရုံးမှာလည်းအကောင်းဆုံးကြိုးစားပါ။ သင်ရုံးပြန်တက်တဲ့ပထမဆုံးနေ့အလုပ်စားပွဲမှာထိုင်လိုက်တာနဲ့အလုပ်ပေါင်းသောင်းခြောက်ထောင်ကသင့်ကိုကြိုဆိုနေမယ့်အပြင်အိမ်မှာကျန်ခဲ့တဲ့ကလေးကိုလည်းပူပန်နေတဲ့အတွက်သင်ဟာစိတ်ရောလူပါပင်ပန်းပြီးတော်တော်အခြေအနေဆိုးနေမှာပါ။ ဒါပေမယ့်သင်စိတ်ဓါတ်ကျပြီးပင်ပန်းနေတယ်လို့သင့်သူဋ္ဌေးကမယူဆသွားပါစေနဲ့။ သင့်ရဲ့စိုးရိမ်ပူပန်စိတ်တွေကိုကိုယ့်စိတ်ထဲမှာပဲသိမ်းထားပါ။ လုပ်ဖော်ကိုင်ဖက်တွေကိုလိုက်ပြောပြမနေပါနဲ့။ သူတို့မသိပါစေနဲ့။ သင်သိထားရမှာကသင်အခုလိုပတ်ချာရမ်းတိုင်ပတ်နေတာဟာသင့်စွမ်းဆောင်ရည်ပိုမြင့်မားလာပြီးပိုတော်လာဖို့ဖြစ်တယ်ဆိုတာပါပဲ။ အရှုံးမပေးလိုက်နဲ့။ သင်အလုပ်ပြန်တက်တဲ့ပထမလအနည်းငယ်မှာ "ငါတော့ဒီပုံစံအတိုင်းဘယ်လိုမှဆက်မဖြစ်နိုင်တော့ဖူး။ အလုပ်ထွက်မှ ဖြစ်တော့မယ်" လို့တွေးမိတဲ့ရက်တွေမလွှဲမရှောင်သာကြုံလာရမှာပါ။ ဒါပေမယ့်အားတင်းထားပါ။ ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရမိခင်တွေဟာသူတို့ရဲ့အချိန်ဇယားအသစ်နဲ့အထိုင်ကျဖို့အချိန်လိုတယ်လို့ဆိုပါတယ်။ တကယ်လို့လအနည်းငယ်ကြာလာတာတောင်အဆင်မပြေနိုင်သေးဖူးဆိုရင်သင့်အနေနဲ့သူဌေးကိုသွားတွေ့ပြီးတပတ်မှာတရက်နှစ်ရက်လောက်အိမ်ကနေအလုပ်လုပ်ခွင့်ရဖို့ဒါမှမဟုတ်အချိန်ပိုင်းအလုပ်စီစဉ်ပေးဖို့ဆွေးနွေးတောင်းဆိုပါ။ တခုရှိတာကသူဌေးနဲ့သွားမတွေ့ခင်မှာကိုယ်ဖြစ်ချင်တဲ့အစီအစဉ်ကိုကြိုတင်ပြီးသေချာကျနစွာဆွဲသွားပါ။ ဒါပေမယ့်သင့်သူဌေးကသင့်တောင်းဆိုချက်ကိုလိုက်လျောဖို့ ငြင်းဆန်ပြီးအခုလက်ရှိအတိုင်းဆက်လုပ်နိုင်မလားဒါမှမဟုတ်အလုပ်ထွက်မလားဆိုတဲ့ Do or Die မေးခွန်းကိုမေးလာနိုင်တယ်ဆိုတာလည်းစိတ်ထဲမှာတွေးထားပါ။ ဒီလိုအနေအထားရောက်လာပြီဆိုရင်တော့လက်ရှိအလုပ်ဟာသင်နဲ့တကယ်ပဲသင့်တော်ရဲ့လားဆိုတာစဉ်းစားပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့အချိန်တန်ပါပြီ။   ၄။ မိခင်နို့ကိုမဖြစ်ဖြစ်အောင်တိုက်မယ်။ အလုပ်လုပ်နေတဲ့အမေတွေအနေနဲ့မိခင်နို့ကိုဘယ်လိုရအောင်တိုက်မလဲဆိုတဲ့လမ်းညွှန်ချက်တွေကိုလေ့လာပါ။ သင့်အနေနဲ့မိခင်နို့ပဲမဖြစ်ဖြစ်အောင်ဆက်တိုက်ဖို့ရည်ရွယ်ထားတယ်ဆိုရင်အလုပ်ပြန်မလုပ်ခင်မှာနို့ညှစ်ထုတ်တဲ့အချိန်ဇယားကိုအသေအချာ ပြင်ဆင်ပါ။=နို့ညှစ်ထုတ်ပြီးရေခဲသေတ္တာထဲမှာအအေးခံထားကာနို့ဗူးထဲထည့်ပြီးအဲ့ဒီနို့ကိုတယောက်ယောက်ရဲ့အကူအညီနဲ့ကလေးကိုတိုက်စေတဲ့အလေ့အကျင့်ကိုလုပ်ငန်းခွင် ပြန်မဝင်ခင်တစ်လလောက်အလိုကတည်းကလုပ်ပါ။ အလုပ်ခွင်ထဲမှာနို့ညှစ်ထုတ်ဖို့အချိန်ဇယားနဲ့ပတ်သက်ပြီးသူဌေးကိုအကူအညီတောင်းဆွေးနွေးကာနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်လုပ်ပါ။ =နို့ညှစ်ထုတ်နိုင်မယ့်သီးသန့်လုံခြုံတဲ့နေရာကိုရှာဖွေပါ။ ၅။ အသေအချာစဉ်းစားပါ။ သတ်မှတ်ထားတဲ့ရက်မှာအတိအကျရုံးပြန်တက်ပါမယ်လို့စာချုပ်ချုပ်ထားရတဲ့အလုပ်မျိုးတွေကလွဲပြီးသင်အလုပ်ထွက်ဖို့လည်းစဉ်းစားနိုင်ပါတယ်။ အလုပ်ထွက်မယ့်အကြောင်းဘယ်အချိန်မှာသူဌေးကိုအသိပေးရမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့စောစောပြောလေကောင်းလေပါပဲ။ Hello […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)