အဆင့် ၄
ခုတင်ပေါ်မှာ လဲလျောင်းပြီး ရင်သားကို စစ်ဆေးကြည့်ပါ။ လက်ချောင်းအနည်းငယ်ကို အသုံးပြုပါ။ လက်ချောင်းတွေကို စုပြီး ပြားအောင် ထားပါ။ ရင်သားပတ်လည်ကို စက်ဝိုင်းပုံစံသဏ္ဍာန်နဲ့ လက်မ လေးပုံတစ်ပုံလောက်စီတစ်ခါ စမ်းသပ်ပါ။ သင့်အရေပြားဟာ စိုနေရင် (သို့) ချောနေရင် ရင်သားတွေကို စမ်းရတာ ပိုလွယ်ပါတယ်။ ဒါကြောင့် ရေချိုးနေရင်း ဒါမှမဟုတ် လိုးရှင်းလိမ်ရင်း စမ်းနိုင်ပါတယ်။
အပေါ်ကနေ အောက်အထိ သေချာစွာစမ်းပါ။ ရင်ညွန့်ရိုးကနေပြီး ဗိုက်အထိ၊ ချိုင်းကြားကနေ ရင်ညွန့်အထိ စမ်းသပ်ပါ။ ဘာလို့လဲ ဆိုတော့ ရင်သားတစ်ရှူးတွေက ထိုနေရာတွေ အထိ ရှိတတ်သောကြောင့် ဖြစ်ပါတယ်။
သင်ရင်သားတစ်ခုလုံးကို စမ်းသပ်တဲ့ပုံစံ တစ်ပုံစံတည်းနဲ့ စမ်းပါ။ နို့သီးခေါင်းကနေစပြီး ရင်သားရဲ့ အပြင်ဘက် အစွန်းကို ရောက်တဲ့အထိ ပိုမိုကြီးလာတဲ့ စက်ဝိုင်းပုံစံနဲ့ စမ်းပါ။ လက်ချောင်းတွေကို မြက်ရိတ်သလိုမျိုး အပေါ်အောက် ကစားပြီးလည်း စမ်းသပ်နိုင်ပါတယ်။ ဒီလို အပေါ်အောက် စမ်းတာက အမျိုးသမီးတွေအတွက် အကျိုးအရှိဆုံးဖြစ်နိုင်ပါတယ်။
ရင်သားတွေရဲ့ အရှေ့ကနေ အနောက်အထိရှိတဲ့ တစ်ရှူးတွေ အကုန်ကို စမ်းသပ်ဖို့သတိရပါ။ အောက်မှာရှိတဲ့ အရေပြားနဲ့ တစ်ရှူးတွေအတွက်ကတော့ အနည်းငယ်ဖိပြီး စမ်းသပ်ပါ။ ရင်သားအလယ်ပိုင်းကို အလယ်အလတ်ဖိစမ်းသင့်ပြီး နက်တဲ့ တစ်ရှူးတွေကို စမ်းသပ်ဖို့ကတော့ အတော်ဖိစမ်းသင့်ပါတယ်။ တစ်ရှူးနက်နက်တွေကို ရောက်ပြီဆိုရင် အောက်က နံရိုးတွေကိုပါ စမ်းမိနိုင်ပါတယ်။
အဆင့် ၅
နို့သီးခေါင်းက ထွက်နေတဲ့ အရည် ရှိ၊ မရှိ နို့သီးခေါင်းကို ညှစ်ကြည့်ပါ။
ပြောင်းလဲမှု အကုန်လုံးဟာ ကင်ဆာ မဟုတ်ပါဘူး။ ဒါပေမယ့် ရင်သားမှာ ပုံမှန်မဟုတ်တာတွေ တွေ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။